ဆည် မြောင်းက ထူးခြားနေတဲ့ ရေပိုလွှဲ။

တွေးမိတွေးရာ ၊
ရေးမိရေးရာ ( ၁၁၁ )

( ဆည် မြောင်းလောက )

ဆည် မြောင်းက ထူးခြားနေတဲ့ ရေပိုလွှဲ။

လက်ရှိ ဆည် မြေ င်းအင်ဂျင်နီယာ ဦး စော သက် ခိုင်ဝင်း က မေးလာ လို့ ။
ပြန်တွေး၊ ပြန် ရေးဖြစ်လိုက်ပါတယ် ။

သူက

SEတွေ့ဖူးလားဗျ?
ပဲခူးတိုင်းထဲက ဆည်တခုလို့ပြောတာဘဲ။
မေးလာတယ် ။

အလုပ် စိတ်ဝင်စားသူကို ရှင်းပြခဲ့ပါတယ် ။
ဆည် မြောင်းက ထူးခြားနေတဲ့ ရေပိုလွှဲနဲ့ဆက်စပ်လို့ ရေးဖြစ် ၊ပြောဖြစ်လိုက် တယ် ၊
Slide door gate ကို ထူးထူးခြားခြား ဆေးသုတ်ထားတာပါ။ ။ ပုံမှန် Gated Weir ရေတံခါးတပ် ရေပိုလွှဲတွေလို ၊ Gated Spill way အဖြစ် လုပ်ထားတာကို တွေ့ရပါတယ် ၊
Gate Leaf တွေကို ဆေးသုတ်ထားတော့ ဆည် မြောင်းမှာ အမြင်ဆန်းပြီး ထူးခြားသစ်လွင် လှပ နေလို့ပါ၊ တီထွင်ဆောက် ထားတယ် ထင်တာ၊ မဟုတ်ပါဘူး ။
ဆည် မြောင်းရဲ့ ပုံမှန် ရေထုတ် ,ရေထိန်း အဆောက်အဦ တွေထဲကတစ်မျိုးပါ။ဆည် တမံတွေက ရေပိုလွှဲပါဘဲ။ လုပ်နေကျမဟုတ်ဘဲ တီထွင်ဖန်တိး လုပ်ထားလို့ ၊တွေ့နေကျ Open Type Spill Way အပွင့် သက်သက်အလွတ် ရေပိုလွှဲ မဟုတ် တဲ့ ရေတံခါးတပ်ထားတဲ့ ၊ ဆည် မြောင်းရဲ့ ရေအား အဆောက်အဦ
Hydraulic Structure တစ်ခုပါ။

သန့်ရှင်းသပ်ယပ် လှ ပအောင် လုပ်ထားကြတဲ့ ရေပိုလွှဲ က အမြင်ဆန်းနေတယ် .။
တော်ကြပါပေတယ်။ ခေတ်သစ် ဆည် မြောင်းသားတွေပါ။
မိ ခင် ဆည် မြေ င်း ကို ဒီလို တီထွင် ကြံ ဆ။ လုပ် နေကြ စေ ချင် တာပါ။
ဘယ်နေရာ ကလဲတော့ မသိပါ ၊တည်နေရာ ရေးပြမထားပါ။

ရေတံခါး တပ် နေကျ Gated Weir လိုမျိုးမဟုတ်ဘဲ၊ ၊ ပုံမှန် ရေလွှဲ ဆည် မဟုတ်ပါ။
ဆည် မြောင်း မှာ ရေပိုလွှဲတွေမှာ အလွတ် Open Type free flow weir Type Spill way သာရှိတာများခဲ့ ကြပြီး ၊ တံခါးရွက် တပ်လေ့တပ်ထ မရှိခဲ့ ကြတာပါ၊
ခုမြင်ရတာက ရေတံခါးတပ်ထားတဲ့ ရေပိုလွှဲ Gated Spill Wayပါ.
လုပ်ရိုးလုပ်စဉ် မဟုတ် လို့ဆန်းနေတာပါ။

ပုံ မှန် ရေပိုလွှဲ ေတွက ရေပို ရေလျှံတွေ ထုတ် လွှတ်ဘို့သာ လုပ် ထားတာပါ။
ရေတားပြီးရေထပ် လှောင် ဘို့လုပ်ခဲ့တာ နည်းပါတယ် ။
ခေတ် အဆက်ဆက် မှာ ရေပိုလွှဲပိတ် ပြီး ဆည် တမံထဲ ရေထပ် လှောင်တာ ၊ ရေ လှောင် ကြတာ မရှိ သလောက်ပါ ။ ရှားပါတယ် ။ နည်းပါတယ် ။
နောင်မှာ ဆည်တမံ တွေရဲ့ ရေလွှဲဆည် ပုံစံ Weir Type ရေပိုလွှဲ တွေ မှာ အတော်များများ လုပ်လာကြ, ရေပိုလွှအပေါ် မှာ ရေပိုရေလျှံ မထုတ် တော့တဲ့ ချိန် မှာ ရေ လှောင် နိုင် အောင် လုပ် လာ ကြမယ် ထင်ပါတယ် ။

ဆည် ထဲ မှာ ရေကျ ချိန် နွေမှာ ရေထပ်လှောင် လို့ ရအောင် ၊ရေ ထပ် ရနိုင်အောင် ရေပိုလွှဲ တွေမှာ ရေတံခါးတပ်ထားလို့ ရပါတယ် ။

ကျွန်တော် ကိုယ် တိုင် ၁၉၉၆.၉၇ ခန့်က ၊ ချင်းပြည်နယ် မှာတာဝန် ကျစဉ်က၊ ချင်း တောင် လိုင်ဗားဆည် မှာ မိုး ကုန် တာနဲ့ ဆည် ထဲ ရေဝင် နည်းလာ လို့ ၊
ရေပိုလှေ ာင်နိုင်အောင် ညာဏ် နီ ၊ ညာဏ် နက် ထုတ်ပြီး ၊ Hydraulic Head ရေပို လှောင် နိုင် အောင် ၊ရေအမြင့် ထပ်ပြီး ပိုရအောင် ၊ ရေအားလျှပ် စစ် ရနိုင်သလောက် ပိုပြီး ထပ်ထုတ်နိုင်အောင် ၊ ဘယ် သူမှ မခိုင်းဘဲ ၊မိမိဘာသာ ကြံဆ လုပ်ခဲ့ဘူးတယ် ။ ဘယ်သူမှ မသိခဲ့ကြပါဘူး။ ခုမှ ကြုံ လို့ပြန်ပြေပြတာပါ။ လိုင်ဗားဆည် ရေပို လွှဲအပေါ် မှာ ၊ ၍ငြမ်းဆင်ပြီး တုတ်တန်းတွေ နဲ့သဲအိတ်တွေချပြီး , နောင်တဖြည်းဖြည်း ဝင်လာနေမဲ့ နောက်ထပ် ရေရအောင်၊ ရေအမြင့်၂ ပေခန့် ရေပို လှောင် နိုင် ရအောင် ၊လုပ်ခဲ့ဘူးပါတယ် ။ နောင်မှာ အခိုင် အမာ ရေတံခါး လုပ်ကြမယ် ယူ ဆရပါတယ် ။

၁၉၉၀ ဝန်းကျင် ကာလတွေမှာ မြန်မာ တပြည်လုံး နွေစပါးစတင် စိုက်ခဲ့ကြပါတယ် ရေကြီးတဲ့ ၊ရေများ တဲ့ အောက်ပြညိ အောက် ရွာတွေမှာ ေတွ့တဲ့ချောင်းတွေ အကုန် နီးပါး ၊ လိုက် ပိတ် ဆို့ ခါ ၊ နွေစပါးစိုက် ပျိုးရေရဘို့ ၊ တစ်ခါ သုံး ယာယီ ချောင်းပိတ် တမံတွေ တည်ဆောက်,ခါ ရေလှောင်ခဲ့ကြပါတယ် ။
ရေသာ ရရင် နွေစပါးစိုက်နိုင်ပါတယ် လို့ အပြော ကြွယ် ကြ တဲ့ မိတ် ဆွေ စိုက်ပျိုးရေး ပညာရှင် ကြီးတွေကို, အပြောမခဲဘဲ ၊ စိုက်ပျိုး ရေရအောင် ဆည် မြောင်းသားတွေ က ၊ မြန်မာပြည် အနှံ့မှာ နွေစပါး အတွက် ရေရရှိ ရေး နည်းလမ်း မျိုးစုံကို လက်ငင်းလက်တွေ့ ကြံဆ လုပ် နိုင် ခဲ့ကြပါတယ် ။ လက်တွေ့ လုပ် ပြခဲ့ကြပါတယ် ။

၁၉၉၃/၉၄ ခန့်မှာ သံလျင် ခရိုင် မှာ ကျွန်တော် တာဝန်ကျပြန် တောာ့ သံလျင် ၊ကျာက်တနိးသွားကားလမ်းဘေးမှာရှိ တဲ့ ၊ ဘန့်ဘွေးကုန် ဆည် မှာ ၊ရေပို လွှဲပေါ် သံအိတ်တွေဆင့်ပြီး ရေပိုရအောင် လုပ် ခဲ့တယ် ၊ ပိုရတဲ့ ရေတွေ နဲ့ အဲဒီခေတ် ကာလ နွေစပါး အတွက် ရေအလုံ အလောက်ပေးစိုက်နိုင်ခဲ့ပါတယ် ။

ဆည် မြောင်းရေပိုလွှဲတွေရဲ့မူလ ရည်ရွယ် ချက် က ဆည် ထဲမှာ ရေကြီးရေလျှံလာ ရင် ဆည် တမံ ရေကျော် မကျိုးပေါက် ရအောင် ရေလွှဲပေါက် ရေလျှံပေါက် တစ်ခု ထားပေးရတာပါ၊ ရေထုတ် ဘို့ သက်သက် သာ လုပ် ရိုး ထုံး စံပါ။

နောင်မှာ နွေစပါးစိုက်ပျိုးရေး ပေါ်လာပြီးနောက်မှာ Gated Spillway ရေတံခါးတပ် ရေပိုလွှဲတွေ ပေါ် ပေါက်လာခဲ့ပါတယ် ။ ရေထုတ်နေကျ ပု့မှန်အမြင့်ထက် ၃ ပေ နဲ့ ၃ ပေအထက် ၅ ပေခန့် အထိ ပုံမှန် ေရ ပိုလွှဲ ကို ထပ်မြှင့် ကြပါတယ် ။ မူလ ဒီဇိုင်း ရေလှောင် ပမာဏ မှာ ရှီရမဲ့ ဆည် ရေ လှောင် အမြင့်ကို အနည်းငယ် ထပ်တိုး ခဲ့ကြပါတယ် ။
ဒီးဇိုင်​ေခြခံသဘောအရ ေ၇အနြင့်ကို များများတိုး လှောင် လို့ တော့ မရပါဘူး ။ ဆည် တမံမှာ အန္တရာယ် ရှိပါတယ် ။

နောက်ပိုင်းမှာ
ဆည် မြောင်းဆည် တွေအားလုံးမှာ ရေပိုလွှ အထက် မှာ ပေအနည်းငယ်တိုးမြှင့် နိုင်တဲ့ ယဦယီ သိုမဟုတိ ဖြုတ် တပ်လို့ရတဲ့ေ၇ပိုလှောင်နိုင်မဲ့ ရေမြှင့် အဆောက်အဦ အငယ်စား Fallen Shutter လို ရေတံခါးရွက် တွေလဲ လိုရင် ေထာင် သုံး နိုင် အောင် တပ်ဆင်၈ကြပါတယ် ။ လုပ်လို ရပါတယ် ။ ဆည် တမံရဲ့ ဘေးအန္တာယ်ကိုလဲ ဂရုစိုက်ပြီး လိုအပ်သလို လုပ် ကြ စေချင်ပါတယ် ။

မိုး အလွန်များတဲ့ ပဲခူး မှာ ၂၀၀၂ မှ ၂၀၀၇ ထိ ခန့် မှာ ကျွန်တော် တာဝန်ကျစဉ် ကလည်း၊
မိုးယွန်းကြီး ကန် ထဲ မှာ တစ်မိုး တွင်းလုံးမှာ ရေပို ရေလျှံတွေကို ထုတ် ပစ်နေရပါတယ် ။ မိုးကုန် ပြန်တော့ ၊ မိုးကုန်ခါနီးမှာ ရေထုတ်လွန်ပြီး မိုးယွန်း ကြီးကန်ထဲ မှာ ရေ နည်း သွားမှာ လဲ စိုးရိမ်နေရပြန်တယ် ။ ကန် ရေ နည်း သွားမှာစိုး လို့ ၊ရေ ပို ရေ လျံ ရေတွေ ထုတ် နေရချိန်မှာ ၊ မိုးကုနိခါနီးတာနဲ့ ၊ ကန် ရေကို အချိန်နဲ့အမျှ ၊နာရီနဲ့ အမျှ စောင့်ကြည်ံ နေ ရပါတယ် ။
မိုးယွန်းကြီး တာနဲ့ ဇွဲဘတ်တာ မကျိုးပေါက်အောင် စောင့် ရှောက် နေကြရပါသေး တယ် ။ ခေတ်အဆက်ဆက်ပါဘဲ။

ရေလှောင်ထားပြီးတဲ့ ၊ တာတွေ အန္တရာယ် မရှိ တော့တဲ့အချိန် ၊ ရေလှောင် ဘို့ အခွင့်သာတဲ့အချိန် ရောက် လာတော့မှ ၊ မိုးယွန်းကြီးကန် က ၊ ဇွဲဘတ် တာရေတံခါး လို ရေထုတ်ပေါက် တွေမှာ ၊ ရေထိန်း ဘို့အတွက် ရေတံခါးတွေ ချပိတ် ထားလိုက် ပါတော့ တယ်။ရေတံခါးအောက်ပိုင်းက လယ် တွေ ရေ လို လာချိန် ရောက် လာမှသာ ၊ ရေတံခါးတွေ ဖွင့် ပေးပြီး ရေတွေ ဖွင့်ချ ပေးခဲ့ ပါတယ် ။

ရေတံခါးအောက်ပိုင်း၊ ပဲခူးစစ်တောင်းတူးမြောင်း တောင် ပိုင်းမှာ , ရေကျ နောက်စိုက် စပါးနဲ့အတူ နွေစပါး တွေပါ စိုက်ကြတယ် ။

ပဲခူးစစ်တောင်းတူးမြောင်းတစ်လျောက် ၊အောက်ပိုင်း မှာက နွေ စပါးစိုက်ဘို့ ဧက ၃၀၀၀၀ ကျော်ခန့် ရှိပါတယ် ၊ နွေစပါး
စိုက်ပျိုးရာသီ ရောက် လာ တာနဲ့ စိုက် ပျိုးရေကို စောင့်နေကြတယ် ။ဆည် မြောင်းသားတွေကလဲ စပါးစိုက် ရေ လိုတဲ့အချိနိ မှာ ရေကို အချိန်မီ ရအောင်ပေးကြပါတယ် ။

ဆည် မြောင်း ပညာရှင် အင် ဂျင်နီယာတွေအားလုံးလိုလို က မညံ့ ကြပါဘူး။ ကိုယိ့အလုပ် ကို ယ် တာဝန်ကျေ ပြွန်စွာ ဘယ်သူမှ မခိုင်း ဘဲ လုပ် နိုင်ကြပါတယ် ၊
ပြောမဲ့ ၊စာရေးပြမဲ့ ၊လူ တွေ မရှိကြလို့ သာ လူတွေမသိကြတာပါ။
ဆည် မြောင်းသားတွေ ဘယ် လောက် လုပ်ကြရတယ် ဆိုတာ သုတ ရသ စာရေးနိုင်တဲ့ စာ ရေး ဆရာ ဆည် မြာင်းအင် ဂျင်နီယာတွေက မရှိသလောက် ရှား တယ် .။ရှားရှားပါးပါး ပေါ်လာတဲ့ ဆည် မြောင်းအင်ဂျင်နီယာ စာရေးဆရာ ကိုဘုန်းတင် တစ်ယောက် ပပါ်ထွန်း လာ ပြန် တော့လဲ ၊ မမျော်လင့်ဘဲ ၊ စောစော စီးစီး လူ့ဘဝ ကိုခွဲခွါ သွားခဲ့ ပြန်တယ်။

ခေတ်အဆက်ဆက်မှာ ဆည် မြောင်းသားတွေဟာ ၊ နာမည် တစ်လုံးနဲ့ နိုင်ငံအတွက် ဆည် မြောင်း အလုပ် တွေ မျိုးစုံကို တီထွင် ကြံဆ လုပ် လာနေခဲ့ကြတာပါ။

ဆည် မြောင်းက သမိုင်း ရှိကြောင်း ၊ ပုဂံ ခေတ် လယ် တွင်းကိုးခရိုင် ကစလို့ မြန် မာနိုင်ငံမှာ အနော်ရထာမင်းကြီးက ဆည် မြောင်းအလုပ် တွေကို ၊ ကိုယ် တိုင်တီထွင် ကြံဆ ကြီးကြပ် လုပ် နေခဲ့ကြကြကြောင်း ကို သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာတိုးလှ ရေးပေးတဲ့ ရှေး မြန်မာမင်းတို့တည် ဆောက် ခဲ့သော ဆည် မြောင်းများ သမိုင်း စာအုပ် ကို
ကျွန် တော် ကိုယ် တိုင် သမိုင်းစီတ်ဝင်စားလို့ ၊ လူ တွေသိလေ ပိုကောင်းလေ ဖြစ်အောင်၊ ဆည် မြေ င်းသမိုင်းစိတ်ဝင်စားသူတွေ ဖတ်မှတ်နိုင် အောင် ၊
၂၀၁၅ ခုနှစ် နောက်ပိုင်းမှာ ကျွန်တော် စတင် တာဝန်ယူခါ ၊ ထုတ် ဝေ ဖြန့်ချီ ပေးထား နိုင် ခဲ့ပါသေး တယ် ။

အေးမြင့် ( ညောင်တုန်း )
၉.၇/၂၀၂၂

ရည် ညွှန်း ။

ဆည် မြောင်း အင်ဂျင်နီယာ ဦး စောသက်ခိုင်ဝင်းရဲ့ Facebook post
ပဲခူးက ဆည် ရေပို လွှဲတစ်ခု ဓာတ်ပုံ ။