နှစ်စဉ် လို လို ၊ မေလလည်ရောက်လာတာနဲ့ ၊
ရန်ကုန်မှာ မိုး ဖြိ ုင်ဖြိ ုင် ရွာပြီ။
ရန်ကုန်မှာရေကြီးနေတတ်တာ
ဘယ်ကာလလောက်အထိ ကြုံ တွေ့နေကြရအုံးမှာလဲ
မစ္ဇျိမ သတင်း ဌာန ရဲ့ ၂၃ ၊ ဇွန်လ ၊ ၂၀၁၇ ခုနှစ် က ထုတ် လွှင့် ပြသ ခဲ့ သော TV Dialogue အစီအစဉ်မှာ မှ ာဆွေးနွေးပြောကြားခဲ့ ကြပြီးနောက်မှာ ၊
ပြည်ပ ပညာရှင် အချိ ု့ က Facebook လူမှ ု ကွန်ယက် စာမျက်နှာပေါ် ်မှာ
အကြံ ပြ ု ပေးပို့လာခဲ့တဲ့ အကြံကောင်း ညာဏ်ကောင်းများကို
အများပြည်သူများ နဲ့ အစိုးရ အဖွဲ့ ဝင် တာဝန်ရှိသူများ သိရှိ အသုံးချနိုင်ရန်
ထပ်ဆင့် ပြန်လည် မျှဝေ ပေး လိုက်ပါတယ် ။
အေးမြင့် ( ညောင်တုန်း )
၂၃ ဇွန်လ ၂၀၁၇ ။
————-
FLOODS IN YANGON
ရန်ကုန်မြိ ု့ ရေကြီးတာကို နှစ်တိုင်း ခံစားနေကြရမှာလား
ရန်ကုန်မြိ ု့ မှာ မိုးရွာတိုင်း ဘာကြောင့် ရေကြီးနေရတာလဲ
ရန်ကုန်မှာ ရေကြီးတာ ဘာလုပ်ကြမလဲ
အမှို ုက်တွေကိုစည်းကမ်းမဲ့ မပစ်ရသလို
ရွာချတဲ့ မိုးရေတွေကိုလဲ စည်းကမ်းမဲ့ လှ ွတ်ပစ်ခွင့်မပေးဘဲ
ခေတ်မီ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံကြီးတစ်နိုင်ငံမှာ
ဥပဒေ နဥပဒေတွေနဲ့ ထိန်း ကွပ်ထားတဲ့ ၊
နည်းစနစ်တစ်ခုပါ။
ရွာချ လိုက်တဲ့ မိုးရေတွေ အလဟသ မဆုံးရှံ ု းစေရေး ၊
မြို့ပြတွေမှာ ရေကြီးမှ ု ရေကြီးရေလျံမှ ုတွေ လျှော့ချရေးနဲ့ ၊
လျော့ကျ နိမ့်ဆင်းနေတဲ့ မြေအောက်က ရေ တွေ ကို ပြန်လည် ဖြည့်တင်းပေးရေး
ဆိုတဲ့ ရည်ရွယ်ချက် ကောင်းတွေနဲ့
တကယ် လုပ်လို့ ရတဲ့
မခက် ခဲ တဲ့
နည်းစနစ်ကောင်း နမူနာတွေပါ။
ဆရာသမား ၊ မိတ်ဆွေတွေရဲ့ လိုက်နာ ဆောင်ရွက်ဘို့ ကောင်းတဲ့
ပညာရပ် ပိုင်းဆိုင်ရာ သတင်းစကားတွေကို
ထပ်ဆင့် ပြန်လည် မျှဝေလိုက်ပါတယ် ။
လုပ် ရင်ဖြစ်တယ်
မလုပ်ရင် မဖြစ်ပါဘူး။
အဓိက လုပ်ရမှာက
ပြည်သူတွေချည်း သက်သက် လုပ်လို့ မရပါဘူး ။ မအောင်မြင်ပါဘူး။
တာဝန်ရှိသူတွေ အဆင့်ဆင့်
သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်း တွေ အဆင့်ဆင့် နဲ့
အဖွဲ့ ဝင်တွေ ကိုယ်တိုင်ကလဲ
လေးလေး နက်နက်
နှစ်နှစ်ကာကာ နား လည်သဘောပေါက် ကြဘို့ လိုအပ်ပြီး ၊
နိုင်ငံတော် အစိုးရက ဥပဒေနည်းဥပဒေတွေပြဌာန်းကာ ၊
ကိုယ် ပြဌာန်းလိုက် တဲ့ ဥပဒေအတိုင်းတကယ်လုပ်မလုပ် ကိုလဲ ၊
စောင့်ကြည့် စစ်ဆေး အရေးယူ ဆောင်ရွက်ပြီး နောက် ၊
ဥပဒေအတိုင်း အားလုံးက လိုက်နာဆောင်ရွက် ကျင့် ကြံကြဘို့ က
အဓိက အရေးအကြီးဆုံး ဖြစ်မယ်လို့ မှတ်ယူမိပါတယ် ။
အေး မြင့် ( ညောင်တုန်း )
ရည် ညွှန်း (၁)
မိုးရွာတိုင်းရေကြီးရေလျှံမှုဖြစ်နေတဲ့ ရန်ကုန်မြို့အခြေအနေကို ဘယ်လိုဖြေရှင်းကြမလဲ (အပိုင်း -၄)
ရန်ကုန်မြို့မှာ မိုးသည်းထန်စွာရွာသွန်းတိုင်း ရေကြီးရေလျှံမှုပြဿနာနဲ့ ကြုံတွေ့ရလေ့ရှိပါတယ်။ ဒီကိစ္စကို ဖြေရှင်းဖို့အတွက် ရန်ကုန်တိုင်းအစိုးရက ဖြေရှင်းဖို့ကြိုးစားနေပေမယ့် အခုချိန်ထိ မပြေလည်သေးတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီကိစ္စရဲ့ ပြဿနာ အရင်းအမြစ်က ဘာဖြစ်မလဲ။ ရေတို၊ ရေရှည် ဘယ်လိုတွေ ဖြေရှင်းကြမလဲဆိုတာကို မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ရေအရင်းအမြစ် အင်ဂျင်နီယာဌာနမှ တွဲဖက်ပါမောက္ခ (အငြိမ်းစား) ဦးမြင့်သိန်း၊ ရန်ကုန်တိုင်းလွှတ်တော် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ၊ National Engineering and Planning Services က ရေအရင်းအမြစ်အင်ဂျင်နီယာ ဦးအေးမြင့် နှင့် မြို့ပြအင်ဂျင်နီယာ ဒေါ်ခင်အေးမြင့်တို့က Mizzima Dialogue TV Show အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
#MizzimaDialogueTVShow #ရန်ကုန်မြို့ရေကြီးရေလျှံမှု
—————
ရည် ညွှန်း { ၂ )
အမေရီကား နေ မြန်မာ အင်ဂျင် နီယာ တစ် ဦး ရဲ့ အမြင်နဲ့ အ ကြံ ပေးစကား ။
Flood in Yangon
And
Preventing Flood in USA
Interesting post by Ko Chaw, an engineer residing in Houston, Texas.
ရန်ကုန်မှာ တစ်နှစ်ကို ပျမ်းမျှ မိုးရေချိန် လက်မ တစ်ရာကျော် ရွာတယ်။ တစ်နှစ်ကို ရွာတဲ့ မိုး အတိုင်းအတာ ကိုးပေနီးပါး ရှိတယ်။ မြို့တော် စည်ပင်သာယာ နယ်နိမိတ် က 231 square miles လောက်ရှိတယ် လို့ အချက်အလက် အချို့ အရသိရပါတယ်။ ဒီအရွယ် က စင်ကာပူ ကျွန်းမ ကြီး အရွယ်အစား နဲ့ မတိမ်းမယိမ်း ပါ။
တွက်ကြည့်ရင် မြို့တော်စည်ပင် နယ်နိမိတ်အတွင်း မှာတင် တစ်နှစ် ကို မိုးရေ ဂါလံ သန်းပေါင်း သုံးသိန်း ခြောက်သောင်း (ကုဗမီတာ သန်းပေါင်း 1600 ခန့် = 425,163 MILLIONS US GALS) လောက်ရွာတဲ့ မိုးကို လက်ခံရရှိ လေ့ရှိတယ်။ ဒီရေပမာဏ က Olympic Sizes Swimming Pool (အိုလံပစ် အရွယ် ရေကူးကန်ကြီး ပေါင်း ခြောက်သိန်းကျော် ကို ရေဖြည့်နိုင်ပေးနိုင်တဲ့ ပမာဏ ရှိတယ်။) ရန်ကုန် တိုင်း တစ်ခုလုံး အတွက် ကြည့်မယ် ဆိုရယ် ဒီထက် 17-18 ဆ လောက်ပိုမယ်။ မိုးရေတွေ ဒီလောက်ရနေလို့ ရန်ကုန်မြို့ကြီး မှာ Water Reservoir တွေ နဲ့ ပြည့်နေတာ တော့ မဟုတ်ပါဘူး။ ပေါပေါများများ အလွယ်တကူ ရနေတော့လည်း တန်ဘိုးထားစရာ လို့ လည်း သတ်မှတ်ကြဘို့ စဉ်းစားမိကြပုံ တောင်မပေါ်ပါဘူး။ အင်းယား နဲ့ ကန်တော်ကြီး က ရေတွေ ကို ဘယ်လို အသုံးချ သလဲ၊ ဘယ်လိုထိန်းသိမ်း မလဲ ဆိုတာ တောင် မေးစရာ တော်တော်များများ ရှိနေပါပြီ။ ရေပို ရေလွှဲမြောင်းကြီး တွေ ကို လည်း ကွန်ကရိ လောင်းပိတ်ပစ် လိုက်တယ်၊ ပိတ်လိုက် မိတယ် ဆိုလား နားစွန်နားဖျား ကြားဘူးပါရဲ့။
လက်ရှိ မြို့တော်ရန်ကုန် ရဲ့ စည်ပင်သာယာ နယ်နိမိတ် အတွင်း က မိုးရေတော်တော် များများ က တော့ ခုအချိန်မှာ မြောင်းပုပ်ဖြစ်ချင်ဖြစ်၊ မဖြစ်ရင် လည်း အဟောသိကံ ရန်ကုန် မြစ်ထဲ ကို ရောက်မှာပဲ။ ရန်ကုန်မြစ်ထဲ ရောက် တော့ ရေငန် ဖြစ်သွားတာ မို့ သောက်သုံးရေ ပြန်မဖြစ်နိုင်တော့။ ဒီလို မရောက်ခင် စပ်ကြားမှာ ရံဖန်ရံခါ ရေပုပ်လျှံလိုက်။ လမ်းတွေ ပိတ်လိုက်။
စာရေးသူ မိသားစု အခြေအနေ အရ သီဟပူရ ကျွန်း က ခွာလို့ တက္ကဆက် ကို ပြောင်းနေဖြစ်တယ်။ နေတော့ မြို့သစ်၊ ကိုယ့်ခြံ၊ ကိုယ့်ဝန်း၊ လုံးချင်းအိမ်လေးတွေ ရှိတဲ့ ဆိတ်ငြိမ်ရပ်ကွက်။ လော်စပီကာ သံမရှိ။ အိမ်ပြန်ရောက် ရင် မြို့ပြ ဝန်းကျင် နဲ့ မတူတော့။ ပတ်ဝန်းကျင်၊ ရာသီဥတု စိမ်းစိမ်းစိုစို၊ လယ်ကွင်းတွေ နဲ့ ဆိုတော့ ကိုယ့် မွေးရပ် အလွမ်းပြေပေါ့။ ဒီအရပ် က လည်း ပင်လယ် နဲ့ နီးတာ မို့ မိုးများတဲ့ ဒေသပဲ။ ဒါပေမဲ့ မြောင်းတွေ ရေလျှံ တာက ဖြစ်တောင့်ဖြစ်ခဲ။ (ဖြစ်လိုက်ရင် လည်း သတင်းထူး၊ မဖြစ်ခင် ဖုန်းမှာ၊ တီဗီမှာ၊ ရေဒီယို မှာ Emergency Alert ပေးလေ့ရှိပါတယ်။) လမ်းဘေး နှစ်ဘက် မှာ Storm Sewer & Storm Drainage တွေ မြက်ခင်းနဲ့ ဗီ (V) ပုံစံ မြက်ခံ V-Ditch မြောင်းတွေ Culvert Drain တွေ ကို ကို နေရာတိုင်း လို အသုံးချတာ၊ အပြင် ရေစီးအား လျှော့ချဘို့ အတွက် Storm Water Detention / Retention Ponds တွေ စသည် ဖြင့် အမျိုးမျိုး ထပ်တွေ့ရပြန်ပါတယ်။
တက္ကဆက် မှာ Reservoir တွေ ကို လည်း တမင်တကာ တူးထားကြတာ ရှိသေးတယ်။ မိုးရေစုဘို့ နဲ့ ရေကြီးတဲ့ ဒါဏ် ကို ကာကွယ်ဘို့ ပါ။ အရင်တစ်ခေါက် ကားလျှောက်မောင်း ရင်း မျက်စေ့လည် ရောက် သွားဘူးတဲ့ Lake Livingston ဆို Trinity River က ရေတွေ ကို ရေလှောင်ဘို့ တမင် တူးထားတဲ့ ရေလှောင်ကန် တစ်ခု။
ကန် လို့ သာ ပြောတာပါ။ ဟိုဘက်ကမ်း ကို ကောင်းကောင်း မမြင်ရဘူး။ အချက်အလက် ရှာကြည့်တော့ အင်းလေးကန် ထက် သုံးဆလောက် ပိုကြီးတယ်။ အရွယ် က ယူအက်စ် နံပါတ် ၄၂။ ယူအက်စ အကြီးဆုံး ကန် တော့ ပင်လယ် လို့ ခေါ်လို့ ရမယ်။ ဒီကန် ပတ်လည် မှာ လည်း အပန်းဖြေစရာ အမျိုးသား ပန်းခြံ တွေ အများကြီးရယ်။.
ကွန်ကရိ လောင်းတာ ကို မကောင်းဘူးလို့ မကြာမကြာ ပြောကြတာတွေ့မိကြပါလိမ့်မယ်။ အမှတ်မဲ့ ဆင်ခြင်မိချင်မှ ဆင်ခြင်မိပါလိမ့်မယ်။
.
ဘာလို့လဲ။ ဘာလို့ ထင်ပါသလဲ။
.
.
ကွန်ကရိ ရဲ့ runoff coefficient က သဲမြေထက် ဆယ် ဆ က နေ အဆ နှစ်ဆယ် နီးပါး ပိုတယ်။ ဒီအတွက် ဘာဆိုးကျိုး တွေ ဖြစ်နိုင်သလဲ ဆိုတာ ကြည့်ကြရအောင် ပါ။
.
၁). Flash Flood လို့ခေါ်တဲ့ မိုးနဲ့ အတူ ရေကြီး၊ ရေလျှံ တဲ့ ပြဿနာ ကြီးလာတယ်။ (Surface Drainage System Overload ဖြစ်တယ်။) ဒါကြောင့် မိုးကြီးတဲ့ အချိန် လမ်းတွေ ရပ်ကွက်တွေမှာ ရေကြီးရေလျှံတာ၊ Storm Drain မနိုင်တာ တွေ လည်း ဖြစ်လာတယ်။
.
၂) Soil Erosion လို့ခေါ်တဲ့ မြေဆီလွှာ တိုက်စားမှု များလာတယ်။ သီးပင်စားပင် တွေ အတွက် မြေဆီလွှာ ဆုံးရှုံး တယ်။ တစ်ဘက် မှာ လည်း နုန်းများလာတာ မို့၊ မြစ်၊ အင်း၊ အိုင်၊ ကန် တွေ တိမ်ကော တဲ့ ပြဿနာ တွေ လည်း ဆက်နွယ်ဖြစ်ပေါ် စေတယ်။
.
၃) မြေအောက် ရေကြော ကို ရေပြန်ဖြည့်ပေးနိုင်ဘို့ လည်း ခက်လာတယ်။ ဒါကြောင့် မြေပြိုတာ နဲ့ settlement လို့ ခေါ်တဲ့ အဆောက်အဦ မြေကြီးတဲ့ တစ်ဖြေးဖြေး ကျွံဝင်တဲ့ ပြဿနာ လည်း ရှိတယ်။
.
၄) ရေစီးအတားအဆီး နည်းသွားလို့ ရေစီးအားလည်း ကောင်း၊ ရေစီး လည်း မြန်လာတာ မို့ Time of Concentration နည်းလာတယ်။ (ဆိုလိုတာ က ဒီဇိုင်းမှာ ယူရမဲ့ မိုးရေချိန် ပမာဏ လည်း များလာတယ်။ ဒီအပိုင်း ကို Chart ဖတ်တဲ့ အခါ တွေ့လာပါလိမ့်မယ်။)
.
သို့ပေမဲ့ လူအများစု က ဒီ အချက်တွေ ကို မစဉ်းစား မိဘူး။ ခပ်ပေါ့ပေါ့ ပဲ တွေးတတ်ကြပါတယ်။ ကွန်ကရစ် လောင်းလိုက်မယ်။ ဒါဆို မိုးရွာရင် ခနနေ ရင် ခြောက်သွားမယ်။ ဗွက်မထတော့ဘူး။ ဖုန်မရှိဘူး ဘာဘူး၊ ညာဘူး… ဟုတ်တယ်လေ၊ မြေအောက်ရေ ဆိုတာ မြင်ရတာ မှ မဟုတ်တာ။ ဘာအရေး စိုက်မှာတုန်း…
.
.
ဟူစတန် မှာ တော့ ခွင့်ပြုချက် မရှိပဲ ကွန်ကရိ လောင်းရင် ပြန်ဖျက်ရမှာပါ။ ဒါက ရေကြီးအောင် လုပ်တဲ့ ပြဿနာ ဆိုပြီး။ ဒါကြောင့် မြန်မာဘုန်းတော်ကြီကျောင်း က ကျောင်းထိုင် ဆရာတော်တစ်ပါး ကွန်ကရိ လောင်းမယ် တကဲကဲ လုပ်နေလို့ အာခီတက်ခ် အန်ကယ် တစ်ယောက် က တားပေးထားပေလို့…
.
စကာင်္ပူ မှာ လည်း HDB Flat ဘေးပတ်လည် တွေ မှာ အုတ်စီတာ (သို့) မြက်ခင်းတွေ အများအားဖြင့် တွေ့ရပါလိမ့်မယ်။ ရေရသလောက် reservoir ကြီးတွေ မှာ စုတယ် ဆိုပေမဲ့ မြေအောက် ရေကြော ကို ပြန်ဖြည့်ဘို့ လည်း မေ့မထားပါဘူး။
.
မြို့လယ်ဒေသ အများစု ရဲ့ သဘောသဘာဝ အရ Downtown Ygn ကတော့ ၉၀% လောက် က အပိတ် လို့ ယူဆရပါတယ်။ ဖြစ်နိုင်ရင် ရေစိမ့်တဲ့ ပမာဏ ကို ချဲ့သင့်တယ်။ မြေကျွံတဲ့ ပြဿနာ နှေးသွားအောင်ပါ။
.
. လက်ရှိ အခြေအနေ မှာ မဟာရန်ကုန် ကို ကြည့်ရင် က ရေ အဖြုန်းသက်သက်၊ ရသမျှ အဖိုးတန် မိုးရေ တွေ ဆုံးရှုံးနေတယ်။ စုဆောင်းမှု ဆိုတာ နထ္ထိ၊ ဂျိုးဖြူ၊ ဖူးကြီး မကယ်နိုင်။ ကန်တော်ကြီး နဲ့ အင်ယား က လွဲလို့ သတ်သတ်မှတ်မှတ် မိုးရေလှောင် နိုင်မဲ့ reservoirs တွေ လည်း မရှိ၊ စည်ပင်ဒေသ အပြင် ရန်ကုန်တိုင်း ထဲ မှာ တော့ ရေလှောင်ကန် အသစ်တွေ ရှိလာသလားလို့။
မြေအောက် ရေ တွေ ပြန်ဖြည့်ပေးနိုင်ဘို့ မိုးရေစိမ့်နိုင်တဲ့ မြေ ဧရိယာ အချိုးအစား သတ်မှတ်ချက် လည်း မရှိ၊ မရှိရုံ ပဲလား မဟုတ်သေး၊ မြေအောက် ရေတွေ ကို မဆမတန် ထုတ်ယူသုံးနေကြတယ်။ အခြေအနေ က လည်း ရေမျက်နှာပြင် အဆမတန် နိမ့်သွားလို့ အဝီစိ ရောက်အောင် တူးမှပဲ ရေထွက်တော့ တယ် လို့ ဆိုရတော့မယ်။ အချို့တွင်းတွေ ရေခမ်းကုန်ပြီလို့ လည်း ကြားရတယ်။ (အဓိပ္ပါယ် က မြေအောက်ရေ အကုန်လက်စ ဖြတ်လိုက်ပြီ။)
မိအေးက နှစ်ခါပဲ နာတာ။ မဟာ ရန်ကုန် ခမျာ အဘက်ဘက် က နာနေတယ်။ မြို့တော်ရန်ကုန် ကို ကယ်တင်ဘို့၊ ဝိုင်း အဖတ်ဆယ် ပေးကြ ဘို့ မစဉ်းစား ကြတော့ဘူးလား။
————–
ရည်။ ွှန်း ( ၃)
USA ဆရာသမား တစ်ယောက်ရဲ့ မှတ်ချက်။
This is remarks by Dr Ohn Myint to my MYITZIMA TV Dialogue part 3 .
Thanks, KAM forr your part 3 discussions. All points discussed by you about one way sluice gates, pumping drainage, as well as Professor Dr. Thein Myint comprehensive analysis are very good. Should Myanmar media promote such panel interviews quite often. One missing thing left to discuss may be Government’s imposition of drainage disposal to underground (can named also as rain harvest). In US all rain drains from the public buildings in many states are regulated to feed (disposed) to put underground tanks (natural and artificial) to seep to the GW eventually. They are no more allowed to discharge to the surface exacerbating surface runoff. If everyone has such endeavors, the urban flooding can be effectively mitigated.
OM
Shared by
Aye Myint ( Nyaungdone )
—————
ရည် ညွှန်း ( ၄ )
စင်ကာပူနေ မြန်မာ ဘူမိ ပညာ ရှင် တဦးရဲ့ မှတ်ချ က် နှင့် အ ကြံ ပေးစကား ။
ရှင်းပြသွားတာ ပညာရှင် ပီသပါပေတယ်
=======================
ရန်ကုန်ရေကြီးခြင်း ဘေးမှ ကာကွယ်ရန် အကြံပြုစာ ။
စင်ကာပူမှ မြန်မာဘူမိပညာရှင်တဦး ရေးထားတာပါ။
“How To Renovate Our Drainage Systemေ
ရေ နုတ် စနစ်ေ တွ ကောင်း အောင် ဘယ် လို ပြန်ပြု ပြင်ကြမလဲ ။
……………………………………………………….
ရန်ကုန်မြို့တော်လမ်းတွေကို ရေကြီးခြင်း ဘေးမှ ကာကွယ်အောင် ငွေကျပ်သန်းပေါင်းများစွာ အသုံးပြုခဲ့တယ်လို့ .. သတင်းတွေမှာ.. ဖတ်ရပါတယ်။
ဒါပေမယ့် ယခုအချိန်ထိ ရေကြီးခြင်း ပြသနာ ဖြေရှင်းနိုင်တယ် ၊ မဖြေရှင်းနိုင်ဘူးဆိုတာ မြို့နေလူထု အသိဆုံး ဖြစ်မှာပါ ။
ကျွန်တော် စဉ်းစား မိတာက ရိုးရိုးလေးပါ ၊ စဉ်းစားမိတာလေး တခုကို သူငယ်ချင်းတွေကို ပြောပြခြင်းသာ ဖြစ်ပါတယ်။ မည်သူတဦး တယောက်ကိုမှ အပြစ်ပြောလိုစိတ်၊ ဝေဖန်လိုစိတ် မရှိပါဘူး ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မြို့တမြို့ကို ရောက်တိုင်း မြို့အ၀င်မှာ ၊ ကျွန်တော်နေခဲ့ဘူးတဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့ မှာဆိုရင် လွိုင်ကော်မြို့မှ ကြိုဆိုပါ၏ ဆိုတဲ့ စာသား နှင့်အတူ လွိုင်ကော်မြို့ ၊ ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ပေ ၂၉၀၀၀ ဆိုပြီး ရေးသား ထားပါတယ် ။
ပြောချင်တာက ပင်လယ်ရေ မျက်နှာပြင်အထက်၊ အမြင့်ပေ ဘယ်လောက်ဆိုပြီး မြို့တော်တော် များများမှာ ရေးထားတယ်ဆိုတာ တကယ် လိုအပ်လို့ ရေးသားထားတာပါ ။ အမြင့်ပေ ဘယ်လောက်ဆိုတာ သိဖို့အတွက် ငွေသန်းပေါင်း များစွာ အကုန်အကျခံ အချိန်ယူ လေ့လာ Survey တိုင်းပြီးမှ ရလာတာပါ ။
နိုင်ငံတကာမှာ ပင်လယ်ရေ မျက်နှာပြင် အမြင့်ပေ သိဖို့အတွက် တိုင်းတာတဲ့နေရာမှာ ၊ Low Tide (ဒီရေ အနိမ်ဆုံးအချိန်) ၊ Middle Tide (ဒီရေ ပုံမှန်အချိန်) ၊ High Tide (ဒီရေ အမြင့်ဆုံးအချိန်) ဒီအချိန်သုံးခုကို နှစ်ပေါင်းများစွာ၊ လေ့လာ တိုင်းတာပြီးမှ သတ်မှတ်ကြပါတယ် ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ကျိုက်ခမီ ကမ်းခြေမှာ ၊ စနစ်တကျ စတင် တိုင်းတာပြီး ၊ တနိုင်ငံလုံးကို .. Level .. စက်ဖြင့် အမြင့်ပေ ကူးပြီး မြို့တမြို့ရဲ့ အမြင့်ပေကို သတ်မှတ် ကြပါတယ်။ ရန်ကုန်မြို့မှ ဆိုရင် မြေတိုင်းဦးစီးဌာန က အမြင့်ပေ ဘယ်လောက် ဆိုပြီး သတ်မှတ်ထားတဲ့ .. benchmark (BM) ..ခုံလေး တွေကို ရွေတိဂုံဘုရား နှင့် ပန်းဆိုးတန်းလမ်း မှာ အလွယ်တကူ တွေ့နိုင်ပါတယ် ။
မြို့တမြို့ကို ရေးစီးရေလာ ကောင်းမွန်ဖို့အတွက် လုပ်တဲ့နေရာမှာ ၊ ဘယ်လိုလုပ်မယ် ဆိုတဲ့ စနစ်ဟာ အရမ်းကို အရေးကြီးပါတယ် ။
ရေမြောင်း တူးတာဘဲ ရေမလျှံအောင်လုပ်တာ လွယ်လွယ်လေးပါကွာ ၊ ရေမြောင်းထဲမှာ ပိတ်နေတဲ့ အမှိုက်တွေ ဆယ်လိုက်မယ် ၊ ဒါမှမဟုတ် မြောင်းချဲ့လိုက်မယ် ဆိုတဲ့ အတွေးအခေါ် လောက်နဲ့တော့ ရေကြီးတဲ့ ပြသနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး ။
တချို့တွေက ပြောကြတယ် ၊ အစိုးရက လုပ်ပေးနေတာဘဲ လူတွေကိုယ်က စည်းကမ်း မရှိတာ ။ အမှိုက်တွေ မြောင်းထဲ ပစ်ချမှတော့ မြောင်းပိတ်ပြီး ရေလျှံမှာပေ့ါ .. စသဖြင့် ကိုယ်ထင်တာ ကိုယ်ပြောကြတယ် ။
သူတို့ ပြောတာလည်း မှားတော့ မမှားပါဘူး ။ ဒါပေမယ့် သူတို့ကို ပြန်မေးချင်တာလေး တခုက ၊ မြောင်းထဲ ပစ်ချလိုက်တဲ့ အမှိုက်တွေ ပြန်ဆယ်လိုက်ရုံ နှင့် ရေမလျှံ တော့ဘူးလား ။ လူတွေ အမှိုက်မပစ်တော့တာနဲ့ ရေမလျှံ တော့ဘူးလား ။
သေချာ တွေးကြည့်ရင် လူတွေ မြောင်းထဲ အမှိုက်ပစ်တယ် ဆိုတာက ဒုတိယ ပြသနာပါ ။ပထမပြသနာ က .. ဘာလည်းဆိုတော့ မြောင်းကို ဘယ်လို တည်ဆောက်ခဲ့တာကလည်း ။
မြို့တမြို့ရဲ့ ရေမြောင်းတွေ လုပ်တော့မယ်ဆိုရင် ၊ မဖြစ်မနေ ထည့်စဉ်းစားရမယ့် အချက်တွေ အများကြီး ရှိပါတယ် ။ ဒါပေမယ့် တချို့တွေက မြောင်းတခု တည်ဆောက်တဲ့နေရာမှာ.. Systematic .. စနစ်တကျ လုပ်ဆောင်ဖို့ .. မစဉ်းစားဘဲ ၊ အလွယ်တကူ စဉ်းစားပြီး အဆင်ပြေသလို လုပ်ကြပါတယ် ။ Project Plan သေချာ သတ်မှတ်ထားခြင်း မရှိပါဘူး။
ဒီစကားကြောင့် တချို့တွေက ပြန်ပြောကြမယ် ၊ မင်းရူးနေလား ဘာလို့ Plan မရှိရမှာလည်း ဆိုရင်တော့ –
မိတ်ဆွေတို့ လုပ်ထားတဲ့ Plan မှာ ကျွန်တော် ဆက်ရေးသွားမယ့် အချက်တွေ ပါမပါ ပြန်စစ်ကြည့်လိုက်ပါ။
ကျွန်တော် ပြောတဲ့ အချက်တွေထဲက ၊ တခုခု မပါခဲ့ဘူး ဆိုရင်တော့ ၊ မိတ်ဆွေတို့ ချထားတဲ့ Plan က ရေကြီးခြင်းကို ရာနှုန်းပြည့် မကာကွယ်နိုင်ပါဘူး ။
မြို့တမြို့ရဲ့ Drainage System ကို စတင် စဉ်းစားတဲ့နေရာမှာ -Drain direction & Drain Mapping Plan က အရေးကြီးဆုံးပါ ။
ကျွန်တော်တို့ တူးလိုက်မယ့် မြောင်းက ၊ ဘယ်မြို့နယ်တွေကို ဖြတ်သန်းသွားမယ်၊ ပြီးရင် ဘယ်ထဲကို စီး၀င်သွားမယ်ဆိုတဲ့ Plan က အရမ်းကို အရေးကြီးပါတယ် ။
ဖြတ်သန်းသွားမယ့် မြို့နယ်တွေကို သိတော့မှ ၊ တခါထပ်ပြီး Drain ဖြတ်သန်းသွားမယ့် မြို့နယ်တွေဟာ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ အမှတ် ဘယ်လောက်မှာ ရှိတယ် ဆိုတာထည့် စဉ်းစားလို့ရမှာပါ ။
နောက်တခုက ကျွန်တော်တို့ တူးလိုက်တဲ့ မြောင်းဟာ ၊ ဘယ်ထဲကို စီး၀င်သွားမှာလည်း။ ရန်ကုန်မြစ်ထဲကို စီး၀င်သွားမှာလား ၊ ပုဇွန်တောင်ချောင်းထဲကို စီး၀င်သွားမှာလား ဆိုတဲ့ Drain direction ကလည်း အရေးကြီးပြန်တယ် ။
ဒါတင်ဘဲလား ဆိုတော့ မဟုတ်သေးဘူး ။ မြောင်းစီး၀င် သွားမယ့် ရန်ကုန်မြစ် ၊ ပုဇွန်တောင်ချောင်းရဲ့ Low Tide & High Tide အနေအထားက ဘယ်လိုရှိလည်း ။ပို့ချ အနယ်အနှစ်တွေကြောင့် သောင်ထွန်းမှု၊ တနှစ်ကို ဘယ်လောက် ရှိလည်း ဆိုတဲ့ အချက်အလက်တွေ ကိုလည်း မဖြစ်မနေ ထည့်စဉ်းစားဖို့ လိုအပ်ပါတယ် ။
တကယ်လို့များ မြေတိုင်း ဦးစီးဌာနက မြို့နယ်တိုင်း ရဲ့တိကျတဲ့ ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ပေ ဘယ်လောက် ရှိတယ်ဆိုတဲ့ Elevation တွေ ပေးခဲ့ရင် တောင်မှ ၊ တကယ်တည်ဆောက်တဲ့ အင်ဂျင်နီယာတွေက Elevation ကို follow မလုပ်ခဲ့ရင်၊ ရေကြီးတဲ့ ပြသနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး ။
များသောအားဖြင့် ကျွန်တော်တို့ မြန်မာ အင်ဂျင်နီယာတွေက ဆိုဒ်တခုရဲ့၊ မြေမျက်နှာပြင် အနိမ့် အမြင့် Level elevation ကို မိမိသဘောဖြင့် Assume သတ်မှတ်ပြီး
လုပ်ကြပါတယ် ။
ယခုလက်ရှိ ရန်ကုန်မှာ လုပ်နေကြတဲ့ Construction Site တော်တော် များများမှာ ၊ Ground level မြေမျက်နှာပြင် အမြင့်ပေ သတ်မှတ်တဲ့ နေရာမှာ မြေတိုင်းဦးစီးက သတ်မှတ်ထားတဲ့ အမြင့်ပေတွေကို Follow မလုပ်ဘဲ ၊ မိမိသဘောဖြင့် ဥပမာ – ( အမြင့်ပေ = ၁၀၀ ) စသဖြင့် အလွယ်တကူ သတ်မှတ်ပြီး လုပ်ကြပါတယ် ။
မိမိဆိုဒ်နေရာကို မိမိ သဘောဖြင့် အမြင့်ပေ = ၁၀၀ လို့ သတ်မှတ်ထားပေမယ့် ၊ တကယ်တမ်း မြေတိုင်းဦးစီးက သတ်မှတ်ထားတဲ့ ပင်လယ်ရေ မျက်နှာပြင် အမှတ်က ၅၀ ပေ လည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ် ။
ယခုလို ဆိုဒ်တခုစီက အမြင့်ပေ တမျိုးစီဖြင့် ၊ အဆင်ပြေသလို လုပ်ခဲ့ ကြတဲ့အတွက် ဆိုဒ်တခုနှင့် တခု ရေမြောင်းခြင်း ချိတ်ဆက်တဲ့ နေရာမှာ ပြသနာ အများကြီး ရှိနိုင်ပါတယ် ။
ဥပမာ – မိတ်ဆွေက .. လှည်းတန်းမှာ ရေမြောင်း စတူးမယ် ၊ ဆင်မလိုက်ကို ဖြတ်သွားမယ် ။ နောက်ဆုံး ကြည်မြင့်တိုင် ကို ဖြတ်သွားပြီး ၊ ရန်ကုန်မြစ်ထဲ မိတ်ဆွေ တူးခဲ့တဲ့ ရေမြောင်း က စီး၀င်သွားမယ် ဆိုပါတော့ ။
မိတ်ဆွေက မြောင်း စတင်လုပ်တဲ့ လှည်းတန်း မြို့နယ်ရဲ့ Actual Ground level ကို၊ မြေတိုင်း ဦးစီးဌာနက ပေးထားတဲ့ အမြင့်ပေ အတိုင်း မသုံးဘဲ ၊ မိမိသဘောဖြင့် Assume (အမြင့်ပေ =၁၀၀) သတ်မှတ်ပြီး သုံးခဲ့တယ် ။
Gradient ရေဆင်း အစောင်းကိုလည်း တစ်မိုင်ကို တစ်ပေနိမ့် သတ်မှတ်ပြီး ၊ဆင်မလိုက် နှင့် ကြည်မြင့်တိုင် ကို ဖြတ်သန်းပြီး ရန်ကုန်မြစ်ထဲ ကို စီး၀င်သွားအောင် ရေမြောင်း ဖေါက်လုပ်ခဲ့ မယ်ဆိုရင် ၊သေချာပါတယ် မိတ်ဆွေ ဖေါက်ခဲ့တယ့် မြောင်းထဲက ရေတွေ ရန်ကုန်မြစ်ထဲ စီး၀င်သွားမှာပါ ။
ဒါပေမယ့် တကယ်လို့များ မြေနီကုန်းဘက်က ဖေါက်လာတဲ့ ရေမြောင်းတွေက ၊ မိတ်ဆွေ မြောင်း နဲ့ အတူလာပြီး ချိတ်ဆက်ချင်တယ်ဆို ဘယ်လို ချိတ်ဆက်မလည်း ။
မိတ်ဆွေက မြေတိုင်းဦးစီးက တရား၀င် သတ်မှတ်ထားတဲ့ ၊ ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ပေ ဘယ်လောက် ဆိုတဲ့ Actual Ground Level ကို Follow မလုပ် ခဲ့တဲ့အတွက်၊ မြောင်းနှစ်ခု ဆုံတဲ့ နေရာဟာ ပင်လယ်ရေ မျက်နှာပြင် အထက် ၊ အမြင့်ပေ ဘယ်လောက်မှာ ရှိတယ်ဆိုတာ မိတ်ဆွေ မသိ နိုင်တော့ပါဘူး ။
အကျိုးဆက် ကတော့ မြောင်းရဲ့ အတွင်း အောက်ခြေ အမြင့် Invert level အနိမ်အမြင့် မတူညီတဲ့ အတွက်၊ ရေဟာ ကိုယ်သွားစေချင်တဲ့ direction အတိုင်း မသွားနိုင်တော့ဘဲ တန့်နေပြီး ၊ မြောင်းဟာ ရေလှောင်ကန် တခုလို ဖြစ်သွားနိုင်ပါတယ်။
တကယ်လို့များ ဒီလောက်က အရေးမကြီးပါဘူး ဆိုပြီး ၊ မိတ်ဆွေက မိမိစိတ်မှန်းဖြင့် ဆက်ဖေါက် သွားမယ် ဆိုရင်တော့ ၊ အခတ်မသင့်ရင် မိတ်ဆွေရဲ့ ရေမြောင်းဟာ ရန်ကုန်မြစ်ရဲ့ ( High Tide) ဒီရေအမြင့်ဆုံး အချိန်မှာရှိတဲ့ Water level ထက် နိမ်သွားခဲ့ မယ် ဆိုရင်တော့၊ သေချာပါတယ် ရန်ကုန်မြစ်ထဲက ရေတွေ မိတ်ဆွေ ဖေါက်ခဲ့တဲ့ မြောင်း အတိုင်း စီး၀င်သွားပြီး ၊ မြောင်း ဖြတ်သန်းခဲ့တဲ့ ရပ်ကွက်တိုင်း ရေကြီးနိုင်တယ် ဆိုတာ မိတ်ဆွေ မစဉ်းစားမိခဲ့ဘူး ထင်တယ် ။
လက်ရှိအချိန်မှာ ရေမြောင်း ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေတာ နေရာတိုင်းမှာ တွေ့ရပါတယ် ။ လုပ်နေတဲ့ အလုပ်သမား တွေလည်း သနားဖို့ ကောင်းပါတယ် ။ အညစ်အကြေးတွေ ကြားထဲမှာ ဖိနပ်မပါ ၊ လက်အိပ်မပါ နဲ့ အများအတွက်မရွံ မရှာ လုပ်ပေးကြတာ ကျေးဇူးတင်ပါတယ် ။
ဒါပေမယ့် ကျွန်တော်တွေ့ဘူးသမျှ မြောင်း ပြင်ဆင် တူးဖေါ်ခြင်း လုပ်ငန်းခွင်မှာ အံသြဖို့ ကောင်းတာတခုက ၊ အမြင့်ပေ တိုင်းတာတဲ့ Level စက်တွေ သုံးနေတာ တခါမှ မမြင်ခဲ့ရဘူး ။
နောက်တခုက မြောင်းမှာ Top Level လို့ခေါ်တဲ့ Ground level ထက်၊ အောက်ခြေ အတွင်းက မြောင်းမျက်နှာပြင် အမြင့်ပေ Invert Level က ပို အရေးကြီးပါတယ် ။ Invert level မှန်တော့မှ မိမိ သတ်မှတ်ထားတဲ့ Gradient ရေဆင်း အတိုင်း ရေစီးသွားမှာပါ ။ နည်းနည်းလေးတော့ ပြန်စဉ်းစား သုံးသပ်ဖို့ လိုနေပြီ ထင်ပါတယ် ။
ကျွန်တော့် အကြံပြုချင်တာက ၊ တိုးပွားလာတဲ့ လူဦးရေနှင့်အတူ Renovation က မဖြစ်မနေလုပ်ဖို့ လိုအပ်နေတဲ့ အခြေအနေတခုပါ။ ဒါကြောင့်
၁။ အရင်ရှိခဲ့တဲ့ မြို့ပြ Drainage System ပေါ်မှာ System အသစ်ကို Upgrade လုပ်ဖို့ အစပျိုး သင့်ပါပြီ ။
၂။ တိုက်တာ အဆောက်အဦးတွေရဲ့ ပုံစံပြောင်းပြီး လူနေ သိပ်သည်းမှု များတာကြောင့် Drain တွေရဲ့ ရေလက်ခံနိုင်မှုနဲ့ ရရှိ မိုးရေပမာဏ က မညီတော့ပါဘူး။
၃။ ရေထွက်ပေါက်ဆီထိ ရောက်ဖို့အတွက် သင့်တင့်တဲ့ အချိန်နဲ့ ရေ Volume ကို ၀င်ဆံ့မယ့် အခြေအနေ တွေ မပေးတော့ပါဘူး။
၄။ ခေတ်မှီ တိုးတက်လာတာနဲ့အမျှ Chemical Envoriment ဖြစ်လာတာနဲ့ အညီ၊ ထွက်လာတဲ့ Drain ကရေတွေ မြစ်ထဲ တန်းစီးတာထက်စာရင်၊ Sector တွေ ခံပြီး လိုအပ်တဲ့ စစ်ထုတ်မှုတွေနဲ့ ဖြတ်စီးစေသင့်ပါတယ်။
ဒါကြောင့် ခိုင်မာတဲ့ Drain System တစ်ခုကို နောင် နှစ် ၁၀၀ စီမံကိန်းလောက်ထိ တွက်ဆပြီး Development မဖြစ်မနေ စလုပ်သင့်တယ်ဟု .. ထင်မြင်ယူဆ မိပါသည်။
#ကိုပြည့် ( 99 – Geology )
Photo-credit
via Nyi Nyi Tun
@K