ပင်လယ်ရေ ငန် ဝင်ထွက်နေလေ့ ရှိသောမြစ်ချောင်းများ အနီး တွင်‌ မြေအောက် ရေတွင်းတူး ရန် ၊ ရေ(ချို)အောင်းလွှာ- ဇုံ ရှာဖွေနည်း။

Ground Waters and Wells in Myanmar

U MyintThein ( မောင် ကျေး ရေ)

ပင်လယ်ရေပတ်လည်ဝိုင်းနေသော(သို့)ရေတက်ရေကျ၊ရေငန်ရှိသောမြစ်ချောင်းများဝိုင်းပတ်နေသည့်မြို့ရွာများတွင်‌ရေတွင်းတူးမည်ဆိုပါကရေ(ချို)အောင်းလွှာ- ဇုံ ရှာဖွေနည်း။

ပင်လယ်ရေပတ်လည်ဝိုင်းနေသောကျွန်း(သို့)ရေတက်ရေကျရှိသော၊ရေငန်ရှိသောမြစ်ချောင်းများဝိုင်းပတ်နေသည့်မြို့ရွာများတွင်‌မြေအောက်ရေချိုအလွှာ၏အခြေအနေကိုသိရန်အတွက် (၁၈၈၈) နှင့် (၁၈၈၉) ခုနှစ်များနှင့် (၁၉၀၁) ခုနှစ်၌ဇလဗေဒပညာရှင် ဝီလျံဘဒွန်ဂျီဘန် (Willem Badon-Ghijben) နှင့် အလက်ဇန္ဒား ဟားဘတ် (Alexander Herzberg) တို့ကပင်လယ်ကန်းရိုးတန်းဒေသ၊မြစ်ဝကျွန်းပေါ်ဒေသများ၌မြေအောက်ရေချိုအောင်းလွှာထဲသို့ရေငန် (ပင်လယ်ရေငန်) တိုးဝင်ပုံနှင့်ရေချိုရေငန်ဆက်စပ်၊ဆက်သွယ်ပုံ- ပုံသေနည်း (ညီမျှခြင်း) ဖေါ်မြူလာ (Equation ( Formula) ကိုလေ့လာသုတေသနပြုအဖြေဖေါ်ထုတ်ခဲ့ကြသည်။ဆိုပါဆက်သွယ်မူ့ညီမျှခြင်း (ဖေါ်မြူလာ) ကို (Ghyben–Herzberg relation) ဟုခေါ်သည်။
ဤညီမျှခြင်းကို‌တွက်ချက်ရာတွင်ရေချိုရေငန်နှစ်မျိုး၏သိပ်သည်းဆကိုအခြေခံတွက်ချက်ထားခြင်းဖြစ်သည်။မြန်မာပြည်ရှိစက်ရေတွင်းတူးအဖွဲ့များ၊တွင်းတူးသူများအလွယ်တကူအသုံးပြုနိုင်ရန်အောက်တွင်ရှင်လင်းရေးသားထားပါသည်။


ρရေချို၏သိပ်သည်းဆ (ρf) = ၁.၀၀၀ ဂရမ်/ကုဗစင်တီမီတာ
(density of freshwater) = (1.000 g/cm3)
ရေငံ၏သိပ်သီးဆ (ρs ) = ၁.၀၂၅ ဂရမ်/ကုဗစင်တီမီတာ
(density of Saltwater) = (1.025 g/cm3)
Z = တူးဖေါ်သင့်သည့်အနက်ပေ
h = ကုန်းမြေပေါ်၌ပင်လယ်ရေမျက်နှာပြင်နှင့်တပြေးညီမျဉ်းကြောင်း၏အထက် ပိတ်လှောင်မထားသော‌ရေအောင်းလွှာ (Unconfined Aquifer) ၏ အမြင့် (အထူ)
= [{(ကုန်းမြေပြင်၏အမြင့်ပေ) – (ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ)} – (မြေအောက်ရေချို)အောင်းလွှာ၏အနက်ပေ)]
မှတ်ချက်။ ။စက်‌ရေတွင်းတူးဖေါ်စဉ်မြေအောက်ရေကိုတိုင်းတာရသည့်အနက်ပေနှင့်ပင်လယ်ရေမျက်နှာပြင်တို့နှစ်ခုခြားနားချက်ဖြစ်သည်။
Ghyben–Herzberg relation (Equation) ညီမျှခြင်း အရ
Z = [ (Pf) / (Ps – Pf) ] x h
=[(1.000) / (1.025 – 1.000)] x h
= [1.000/ 0.025] x h
Z = 40h
အထက်ပါညီမျှခြင်းကို အသုံးပြု၍အောက်ဖေါ်ပြပါပုံ နှင့်တွဲဖက်၍နမူနာတွက်ပြထားပါသည်။


(မှတ်ချက်၊။ ရေအောင်းလွာသည်ဖိအားမဲ့ရေအောင်လွာ (Unconfined aquifer) (ရေချို) အတွက်သာဤအဆိုမှန်သည်။အဆိုပါ‌ရေအောင်းလွှာမှရေထုတ်ယူရာ၌ရေမှုတ်စမ်းသပ်ခြင်း (Pumping Test) လုပ်ငန်းကိုသေချာစွာလုပ်ဆောင်ပြီးမှသာရေထုတ်ယူသင့်ပါသည်(သို့) ‌ရေအောင်းလွှာဖွံ့ဖြိုးတိုးတက်အောင်(Well Developing) ဆောင်ရွက်ပြီးရရှိသည့်ရေထွက်၏ (၇၀) ရာခိုင်နုန်းအောက်သာထုတ်ယူသင့်သည်။