နေဝင်ချိန် ။ အငြိမ်းစား ပင်စင်စားတို့ ရဲ့ နေဝင်ချိန် ဘဝ ၊ စာစုများ

မှတ်ဖွယ် မှတ်ရာ ၊ စာဒေသာ ( ၄၃ )

တွေးမိတွေးရာ ၊ ရေးမိရေးရာ. ( ၉ ၄ )

( edited and revised 31/3/2021 )

နေဝင်ချီန် ။

အငြိမ်းစား ပင်စင်စားတို့ ရဲ့ နေဝင်ချိန် ဘဝ ၊ စာစုများ

မာတိကာ။

ရည်ညွှန်း (၁). နေဝင်ချိန်ဘဝများ ။

မိုးသစ်ထွန်း(မြင်းခြံ) ၏ ၂၀၁၈ သြဂုတ်လ ၉ ရက် Facebook. Post

ရည်ညွှန်း (၂ ) ၅၀ကျော်သူငယ်ချင်းတို့ရေ ဖတ်ကြည့်ပါ😍

ရည် ညွှန်း ( ၃ ) #မိမိအပါအဝင်နေဝင်ချိန်နီးသူများအတွက်အသိပေးခေါင်းလောင်းသံ#

၆၀ တန်း နှင့် ၇၀ တန်း ဝင်တော့မယ့်သူများ သို့/- ( Facebook post 12/3/2022 )

ရည်ညွှန်း ( ၄ ) အငြိမ်းစား တို့ရဲ့ လွတ်လတ်တဲ့ ဘဝ အရသာ ။

အငြိမ်းစ ား ဖြောင့်ချက် ( တွေးမိတွေးရာ ရေးမိရေးရာ(၇၈) )

D SAN Aye ရဲ့ Facebook post 13 /12/2021

ရည်ညွှန်း( ၅ ) သက်ကြီးပင်စင်စား တစ်ဦးရဲ့ အကြံပေးစကားများ။

ရည်ညွှန်း( ၆ ) ဘဝအနုပညာ ထဲက သရုပ် ဆောင်များ ။

#သုတဂဝေသီ (ဗန်းမော်)။ ( Ref: we chat credit. Aung ko latt acc to)

ရည် ညွှန်း( ၇ ) ရင်ကွဲရဆုံးpostပါဗျာ။ ( Htay Lwin )

————

နေဝင်ချိန် ။

အငြိမ်းစား ပင်စင်စား တို့ ရဲ့ နေဝင်ချိန် ဘဝများ ။

( edited and revised 31 / 3 /2021 )

လူတွေအကြောင်း ကောင်းကောင်းသိတဲ့လူ ကရေးထားတယ်။ သူရေး တာအကုန်မှန်တယ်။

၂၀၁၈ က ရေးတင်ခဲ့တဲ့ မိုးသစ်ထွန်း ( မြင်းခြံ) ရဲ့ တကယ်မှန်တဲ့ အရေးအသားစာတွေ။

ပင်စင်စားတွေရဲ့ဘဝ။

နေဝင်ချိန်ဘဝ။

လူတန်းစားပေါင်းစုံ၊ အလွှာစုံ၊ ၊လူမျိုးစုံ ၊ဘဝစုံ၊ အကြောင်းတွေ ။

သူပြောတာတွေ ကောင်းလွန်းလို့ ၊ မှန်လွန်းလို့ ။

ကိုယ်တိုင် လဲပါတယ်။

သူပြောတာကွက်တိ ဒက်ထိ ။

ကျန်တဲ့ ပင်စင်စားတွေဖတ်ကြည့်ရင် ကိုယ်တိုင်ထိမှာအသေအချာ ။

စာရေးကောင်းသူကို ချီးမွမ်းရပါတယ်။

ကျေးဇူးတင်ရပါတယ်။

နေဝင်ချိန် တတိယအရွယ် အဖိုးအိုတွေရဲ့ဘဝ။

သံဝေဂရစရာ သတိထားစရာတွေပါဘဲ။

ထပ်ဆင့် Share လုပ်ပေးသူ RIT aကျာင်းနေဖက် ကိုကြည်ထွန်းကို ကျေး ဇူးတင်ရတယ် ။

အေးမြင့် ( ညောင်တုန်း)

၂၄/၁၀/၂၀၂၁

——————-

ရည်ညွှန်း (၁)

နေဝင်ချိန်ဘဝများ ။

မိုးသစ်ထွန်း(မြင်းခြံ) ၏ ၂၀၁၈ သြဂုတ်လ ၉ ရက် Facebook. Post

************

ဝန်ထမ်းဘဝမှာကျင်လည်

ခင်တွယ်စွာနေလာရင်း ၊

ပျင်းတခါပျော်တလှည့်၊

အဆင်ပြေတဲ့အခါပြေ မပြေတဲ့အခါမပြေ၊

တနေရာကတနေရာပြောင်း

အကောင်းတွေလဲကြုံ ၊ အဆိုးတွေလဲတွေ့ ။

တရွေ့ရွေ့နဲ့အချိန်တွေကုန်၊

အတွေ့အကြုံတွေများများလာရင်း၊

အသက်၆၀ တင်းတင်းအပြည့်မှာပင်စင်သွားကြရ။

ပင်စင်စားဘဝ၊

အခြေတကျနေရသူတွေလဲရှိ ၊

ဘယ်မှာနေလို့နေရမှန်းမသိတဲ့သူတွေလဲရှိနဲ့၊

ဘဝရဲ့နေဝင်ချိန်တွေမှာအချိန်တွေနဲ့သာမိတ်ဖွဲ့၊

အတိတ်ရဲ့ပျော်ရှ ွင်ခြင်း’ ဝမ်းနည်ခြင်းတွေကိုမေ့ထား၊

သားတွေသမီးတွေ မြေးတွေမြစ်တွေနဲ့အတူ၊

အေးအတူပူအမျှ နေကြရတဲ့သူတွေလဲရှိ။

ဘုရားရိပ်တရားရိပ်ကျောင်းရိပ်မှာခို၊

ဗမာအိုတော့ ကျောင်းကြိုကျောင်းကြား၊

ဆိတ်ငြိမ်တဲ့ နေရာသွားပြီး၊

တရားစခန်းဝင်သူကဝင် ၊

ရဟန်းအသွင်နဲ့သာသနာ့ဘောင်တက်သူကတက်၊

သံသရာခရီးအတွက် ဓမ္မတစ်လက်နဲ့၊

တရားဖက်နေသူတွေလဲရှိရဲ့။

အိမ်စောင့်ခြံစောင့်၊

ကျီးစောင့်ကြက်နှင်ဘဝနဲ့၊

လာသမျှ လူ ဧည့်ခံ၊

ဟိုအကြံပေးသည်အကြံပေး၊

မြေးထိန်းလိုက် ခွေးထိန်းလိုက်၊

အမှိုက်ကောက်လိုက် လမ်းလျှောက်လိုက်နဲ့၊

ကိုယ့်အသိုက်လေးထဲမှာဘဲပျော်ပိုက် ၊

နှစ်ခြိုက်စွာနေနေကြတဲ့ဘဝတွေလဲရှိ။

ိမိတ်ရင်းဆွေရင်း ဖေါ်တသင်းနဲ့၊

မနက်ခင်းမရှောင် ညနေခင်းမရှောင်၊

နေပူမရှောင်မိုးရွာမရှောင်၊

ဂေါက်ကွင်းမှာဂေါက်ရိုက် ၊

အော်လိုက်ဟစ်လိုက် ငြင်းလိုက်ခုံလိုက်၊

သောက်လိုက်စားလိုက် ပျော်လိုက်ပါးလိုက်နေကြရင်း၊

ကြွင်းကျန်တဲ့အချိန်လေးတွေကိုဖြတ်သန်း၊

သက်တမ်းစေ့နေနိုင်အောင်ကျိုးစားနေကြသူတွေလဲရှိ။

နေဝင်ချိန်တိမ်မျှင်တန်းသလို၊

လူအိုပြီဆိုရင်လဲအတွေးတွေကအမျှင်တန်းတတ်၊

အရေးအဖတ်ဝါသနာပါသူတွေကလဲ၊

ကဗျာလေးစာလေးတွေရေးပြီးအတွေ့အကြုံတွေမျှဝေခြင်လို့၊

face book ပေါ်ရေးတင်သူကတင်၊

ရင်ထဲကခံစားချက်တွေဖွင့်သူကဖွင့်ကြနဲ့၊

ဘဝအဘိဓမ္မာဆန်နေသူတွေကလဲတပုံတပင်။၊

ကြုံရင်ကြုံသလို၊

ဆရာလိုလိုသမားလိုလို၊

ဟိုစာအုပ်ဖတ်ဖူးလား ဒီစာအုပ်ဖတ်ဖူးလား၊

ဟိုနိုင်ငံဝေဖန် ဒီနိုင်ငံဝေဖန်၊

ဟိုအဖွဲ့ကော်ဆဲ ဒီအဖွဲ့ကော်ဆဲ၊

သူဘဲသိ သူဘဲတတ်တဲ့ အချိုးတွေနဲ့၊

နိုင်ငံရေးဘိုးအေဂိုက်ဖမ်းနေသူတွေကလဲဒုနဲ့ဒေး။

မြို့ထဲ ရပ်ထဲ၊

ဟိုနေရာလဲပါသည်နေရာလဲပါ၊

နေရာတကာပါလိုက်ရမှကြေနပ် ၊

ပါလေရာငါးပိချက်လုပ်နေရာက၊

အမ်ားသေဘာက်လို့၊

ဘုရားဂေါပကလုပ်နေကြသူတွေကလဲမနဲလှ။

ဘဝအသိအရ၊

ပရဟိတစိတ်ထားနဲ့၊

ပင်စင်စားတွေအချင်းချင်း၊

ပင်စင်စားအသင်းအ ဖွဲတွေ ဖွဲ့သူကဖွဲ့၊

လူမှုကူညီရေအသင်းအဖွဲ့တွေ ဖွဲ့သူကဖွဲ့ကြ၊

ဘဝရဲ့နေဝင်ချိန်မှာ ဒုက္ခရောက်နေသူတွေကိုရှာဖွေရင်း၊

ရိုင်းပင်းကူညီနေသူတွေလဲရှိရဲ့။

ပင်စင်သာသွားခဲ့ရ၊

အအားမနေခြင်ကြတဲ့သူတွေကလဲ၊

ကုမ္ပဏီတွေထဲဝင်လုပ်သူတွေကလုပ်၊

ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းတွေလုပ်သူကလုပ်ကြ၊

ပင်စင်လစာလေးမလောက်မငှနဲ့၊

သားသမီးထောက်ပံ့ရဝေးလို့၊

ကိုယ့်ဝမ်းတစ်ထွာ ကိုယ့်ဝမ်းစာအတွက် ၊

အလုပ်နဲ့လက်နဲ့မပျက်ဆက်လုပ်နေကြရရှာတဲ့၊

ပင်စင်သွားပေမဲ့မနားရတဲ့သူတွေကလဲများလှ။

မနက်ခင်းဆို၊

အဖေါ်တသင်းနဲ့လမ်းလျှောက်၊

တုတ်ကလေးတထောက်ထောက်နဲ့၊

ဟိုရောက်ဒီရောက်စကားတွေပြော၊

တသောသောနဲ့အမောဖြေ၊

ညနေခင်းရောက်ရင် သောက်ခြင်တဲ့စိတ်ကထိန်းမရ၊

ခွက်ကလေးတဆဆ အရက်ကလေးတမျမျနဲ့၊

ဇရက်မင်းစည်းစိမ်’လဒမင်းစည်းစိမ်တွေခံစား၊

စမ်းတဝါးဝါး လမ်းမှား လျှောက်နေသူတွေလဲရှိ။

တစ်ချို့ကြပြန်တော့၊

အတိတ်ကံကြမ္မာအမှားကြီးတွေကြောင့်လား၊

တိရိစ္ဆာန်သာသာ သားသမီးတွေကြောင့်လားမသိ၊

သောင်ပြင်လွှတ်သည့်ခွေးပမာ၊

ဟိုမှာနားရမလိုလို ဒီမှာစားရမလိုလို၊

ဟိုသားသမီးကမကြည်ဖြူ ဒီသားသမီးကမကြည်ဖြူ နဲ့၊

သည်းအူပြတ်မျှခံစားနေရရှာသူတွေလဲရှိကြ။

အော်…

နေဝင်ချိန်ဘဝတွေရဲ့ပုံရိပ်များ၊

ဆေးသားလွင့်ပျယ် ပိတ်သားဆွေးမြေ့သွားတဲ့၊

ပန်ချီကားချပ်တွေပမာ ၊

မသေချာမရေရာတဲ့ သင်္ခါရတရားတွေနဲ့သာအဖေါ်ပြု၊

အနောက်ဘက်ဆီကိုမျှော်ရှုလိုက်တော့၊

ဖျော့တော့တော့ မိုးကုတ်စက်ဝိုင်းကြီးရဲ့အောက်၊

တောင်စွယ်တောင်တန်းတွေရဲ့အနောက်မှာ၊

နေလုံးကြီးတောင်ပျောက်ကွယ်လုနီးပြန်ပေါ့။

နုနယ်ရုပ်ဆင်း၊

ပျိုမြစ်ခြင်းကား၊

အိုခြင်းနောက်ဆုံးရှိခြေ၏။

ခန္ဓာယိုယွင်း၊

အိုမင်းခြင်းကား၊

သေခြင်းနောက်ဆုံးရှိခြေ၏။

စာဖတ်သူတို့ကိုအစဉ်လေးစားလျှက်

မိုးသစ်ထွန်း(မြင်းခြံ)

၂၀၁၈ သြဂုတ်လ ၉ ရက်

photo-crdရ

——-

ရည်ညွှန်း (၂ )

၅၀ကျော်သူငယ်ချင်းတို့ရေ ဖတ်ကြည့်ပါ😍

*********************************

(၁) ဘဝကို စွမ်းနိုင်တုန်းအချိန်မှာ ပျော်အောင်နေပါ။

အိုမင်းမစွမ်းလို့ လမ်းတောင်မလျှောက်နိုင်တော့တဲ့အချိန်ထိ မစောင့်ပါနဲ့။

(အဲ့ဒီအခါကျ ပူဆွေးနောင်တရစရာတွေပဲဖြစ်ပါလိမ့်မယ်)

စိတ်သွားတိုင်း ကိုယ်ပါတုန်းအချိန်မှာ ဘယ်ကိုသွားချင်လဲ။ သွားလိုက်ပါ။

(၂) အခွင့်အရေးပေးတုန်းမှာ ငယ်ပေါင်းကြီးဖေါ်တွေနဲ့

တွေ့ပါ။ ငယ်ငယ်တုန်းက အတန်းဖေါ်တွေ၊ အလုပ်ထဲကသူငယ်ချင်းတွေ၊ ကြီးမှတွေ့တဲ့မိတ်ဆွေတွေရောပေါ့။ တွေ့ဆုံပွဲဟာ အစားစားကြရုံသက်သက်မဟုတ်ဘဲ

အချိန်သိပ်မကျန်တော့မှန်း သိကြအောင်လို့ပါ။

(၃) ခုချိန်မှာ ဘဏ်အပ်ငွေတွေဟာ သိမ်းထားရုံသက်သက် မဖြစ်သင့်တော့ဘူး။ သုံးဖို့အချိန်ရောက်ပါပြီ။ သုံးပါ။ လှူပါ။အိုမင်းလာတဲ့ကိုယ့်ကိုယ်ကို အဲ့ဒီငွေတွေနဲ့ သက်တောင့်သက်သာဖြစ်အောင် ပြုစုပါ။

(၄) စားချင်စိတ်ဆန္ဒပေါ်လာရင် စားလိုက်ပါ။

စိတ်ချမ်းသာဖို့က အရေးကြီးပါတယ်။

ကျန်းမာရေးအတွက်သင့်တော်တဲ့အစာဆိုရင် မကြာခနများများစား။ မသင့်တဲ့အစာဆိုရင်တော့ ကြုံတောင့်ကြုံခဲမှ

နည်းနည်းပဲစားပေါ့။ (လုံးဝရှောင်ရမယ် မဟုတ်ပါဘူး)

(၅) ဝေဒနာတွေအပေါ်အကောင်းမြင်ပေးပါ။

ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ လူတိုင်းဟာ ဇာတိ၊ဇရာ၊ဗျာတိ၊မရဏကို ဘယ်သူမှရှောင်လွှဲလို့မရဘူး။

ဒါကြောင့် နေထိုင်မကောင်းဖြစ်တဲ့အခါ အလွန်အမင်း ထိတ်လန့့်ပြီး သောကပွားတာမျိုးမဖြစ်ပါစေနဲ့။ ဘဝကို နောင်တကင်းကင်းနဲ့ထွက်ခွာသွားနိုင်ဖို့ မသေခင်ရှင်းသင့်တာတွေကို ကြိုရှင်းထားလိုက်ပါ။

(၆) ယိုယွင်းလာတဲ့ခန္ဓာကိုယ်ကို သမားတော်လက် အပ်ပါ။ သူကုပါစေ။ ဘဝကူးအတွက်တော့ ဘုရားရှင်နဲ့

ကံကြမ္မာကို ဦးဆောင်ခိုင်းလိုက်ပေါ့။

ကိုယ်က (ကုသိုလ်/အကုသိုလ်)တွေအတွက်ပဲ

တာဝန်ယူလိုက်ပါ။ ဒါဆို ခေါင်းပေါ့သွားပါလိမ့်မယ်။

(၇) တကယ်လို့ စိုးရိမ်သောကဟာ ရောဂါကို ပျောက်မယ်ဆိုရင်တော့ သောကပွားကြတာပေါ့။သောကကြောင့်

အသက်ပိုရှည်မယ်ဆိုရင်လည်း သောကပွားပါ။

သောကဟာ စိတ်ချမ်းသာစေမယ်ဆိုရင်တောင် ဆက်ပြီးသောကပွားပေးလိုက်ပါ။

(အဲ့လိုမှမဟုတ်ရင်တော့ သောကကိုဖျောက်ပေါ့)

(၈) သားသမီးတွေအတွက်လည်း မပူနဲ့။

ကလေးတိုင်းဟာ သူတို့ကံကြမ္မာ သူတို့ဖန်တီးနိုင်ကြပါတယ်။ ကိုယ့်အတွက်ပဲ ကိုယ်ပူပါ။

ခုချိန်မှာ ဂရုတစိုက်စောင့်ရှောက်ရမယ့်

အဖိုးထိုက်ရတနာကြီး(၄)ခု ရှိတယ်။ အဲ့ဒါတွေက .

(၁) အိုမင်းမစွမ်းခန္ဓာ။

(ကျန်းမာအောင် ပိုပြီးဂရုစိုက်။ဒီခန္ဓာကြီးအတွက်

ကိုယ့်ကိုယ်ကိုပဲ အားကိုးရပါမယ်။)

(၂) စုဆောင်းငွေ။

(တစ်သက်လုံးရှာဖွေ စုဆောင်းလာတဲ့ ငွေကြေးကို

ကိုယ့်အတွက် ဦးစားပေးသုံးပါ/လှူပါ)

(၃) အိုဖေါ်အိုဖက် ဘဝကြင်ဖေါ် ။

(ကိုယ့်ကြင်ဖက်ကို တာဝန်တစ်ရပ်ပမာ တန်ဖိုးထားဂရုစိုက်ပါ။ (၂)ယောက်ထဲက တစ်ယောက်

အရင်ကွယ်လွန်သွားနိုင်တယ်ဆိုတာ မမေ့ပါနဲ့)

(၄) မိတ်ဆွေဟောင်းများ ။

(အခွင့်သာတိုင်းတွေ့နိုင်အောင် ကြိုးစားပါ။

ဆုံနိုင်ခွင့်တွေ နည်းလာနေပြီဆိုတာကို အမြဲနှလုံးသွင်းပါ)

နေ့တိုင်း လုပ်သင့်တာက ပြုံးပါ။

ပြီးတော့လှိုက်လှိုက်လှဲလှဲ ရယ်မောပါ။

စီးဆင်းနေတဲ့ရေဟာ ဘယ်တော့မှ နောက်ပြန်မဆန်ဘူး။

အရွယ်လွန်လာတဲ့ခန္ဓာဟာလည်း ပြန်ပြီးတော့

မနုပျိုနိုင်တော့ပါဘူး။

ဒီတော့ ရင့်ကျက်လာမှုနဲ့အတူ ဘဝကိုစီးမျောရင်း

နေ့တိုင်းကိုပျော်အောင် ကြိုးစားနေထိုင်ပါ။

🔰မူရင်းရှင်-Credit

Kyaw Win Facebook post 19/2/2022

———

ရည်ညှ ွန်း ( ၃ )

မိမိအပါအဝင်နေဝင်ချိန်နီးသူများအတွက်အသိပေးခေါင်းလောင်းသံ#

၆၀ တန်း နှင့် ၇၀ တန်း ဝင်တော့မယ့်သူများ သို့/-

( Facebook post 12/3/2022 )

လူကြီးတော်တော်များများဟာ

သူတို့အကုန်လုံးသိတယ် တတ်တယ်ဆိုပေမယ့် အိုလာရင် ရင်ဆိုင်ရမှာတွေကို

အဆင်သင့် မဖြစ်ကြသေးပါဘူး။

-လူဟာ အသက်၆၀ထဲ ဝင်လာပြီဆိုရင်

စအိုပါပြီ။ နောက်လာမယ့် အချိန်တွေကို

သတိရှိနေရမယ်၊ ပြင်ဆင်ထားရမယ်၊

ဒါမှ မတုန်လှုပ် မခြောက်ခြားမှာပါ။

– ပထမဆုံးနေဝင်ချိန်

အဖော်တွေ တဖြည်းဖြည်း နည်းလာတော့မယ်၊

ပြီးတော့ ကိုယ့်အထက် လူကြီးတွေက အရင်သွားနှင့်တာတွေ ကြုံရပါပြီ။

ဘော်ဒါတွေကလဲ ကိုယ့်ဟာကိုယ် အနိုင်နိုင်ဖြစ်နေကြပါပြီ။

ကိုယ့်ထက်ငယ်တဲ့လူတွေကတော့ သူ့အလုပ်နဲ့သူ ရှုပ်နေကြတာ တွေ့ရပါမယ်။

ဇနီး၊ ခင်ပွန်း တို့ကလဲ သွားနှင့်တဲ့သူ သွား

နှင့်ကြတာ ဖြစ်လာနိုင်တယ်။

အဲဒီအချိန်မှာ ကိုယ့်အဖို့ကတော့ အထီးကျန်ရက်တွေပဲ ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ ကိုယ်လုပ်ရမှာကတော့ တယောက်တည်း နေထိုင်တတ်ဖို့နဲ့ အထီးကျန်ဘဝကို ရင်ဆိုင်နိုင်ဖို့ပါပဲ။

– ဒုတိယလာမယ့်နေဝင်ချိန်

ပတ်ဝန်းကျင်က ကိုယ့်ကိုသတိထားနေမယ့်ရက်တွေ တဖြည်းဖြည်း နည်းလာတော့မယ်။

အရင်လုပ်ငန်းကြီးတွေ ဘယ်လောက် အောင်မြင်ခဲ့ (အောင်မြင်ခဲ့)ဘယ်လောက်ပဲ နာမည်ကြီး (ကြီး) အိုလာရင် ကိုယ်ဟာ သာမာန်အဖိုးကြီး၊အဖွားကြီး နေရာရောက်သွားပါပြီ။

နောက်ပြီး…

ဒေါင့်တဒေါင့်မှာ အေးအေးဆေးဆေး နေတတ်အောင်လည်း ကျင့်ရပါ့မယ်။

လူစုံတက်စုံနဲ့ ပျော်ပျော်ပါးပါး ပွဲတွေလဲ ကျဲလာတော့မယ်။

ပြီးတော့..

နောက်ပေါက်ကလေးတွေရဲ့ ပျော်ရွှင် ဆူညံ

သောင်းကျန်းမှုတွေကို မနှစ်မြို့ခြင်း၊အပြစ်တင်ခြင်းမျိုး မလုပ်မိအောင် စိတ်ကိုထိန်းရမယ့် အချိန်ပါ။

– တတိယလာမယ့်နေဝင်ချိန် ရှုခင်း

တတိယလာမယ့်လမ်းကတော့ အန္တရယ်တွေနဲ့ပါ။

အရိုးကျိုးနိုင်တယ်၊နှလုံးသွေးကြောတွေ ပိတ်သွားနိုင်ပြီး မှတ်ဉာဏ်တွေ အားနည်းကာ သတိတွေမေ့လာမယ်။

ပြီးတော့…

ကင်ဆာအမျိုးမျိုးကလည်း ကိုယ့်ကို လာပြီး မိတ်ဆက်နေနိုင်တယ်။

ရောဂါတွေနဲ့ သွားရမယ့်ဘဝကို ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပြီး၊ အရင်သူငယ်ချင်းတွေရဲ့နေရာမှာ ခုရောဂါတွေက ဘော်ဒါတွေ ဖြစ်နေတော့မှာ။

ငါဘာရောဂါမှ မရှိဘူး၊ ငါဒေါင်ဒေါင်မြည်ပဲလို့လည်း အတွေးတိမ် မနေပါနဲ့တော့။

အတတ်နိုင်ဆုံး အားကစားလေးတွေ လုပ်ပြီး… ကိုယ့်ဟာကိုယ် စိတ်နဲနဲလျှော့ထားလိုက်ဖို့က အဓိကပါ။

– စတုတ္ထလာမယ့်နေဝင်ချိန်

ဘဝကို ကုတင်ပေါ်မှာ ဖြတ်သန်းရတော့မယ်လို့ ကြိုတွေးထားရမယ်။

အမေ ပထမဆုံးခေါ်လာတဲ့ ကုတင်ပေါ်က ဘဝကို ခုပြန်စရတော့မယ်လို့ ပြောလို့ရပြီ။

ဘဝတလျှောက်လုံး အပျော်တွေ၊အခက်အခဲတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး နောက်ဆုံး နဂိုနေရာ ပြန်ရောက်သွားတာပါ။

(အဲဒါကတော ကုတင်ပေါ် ပါပဲ) ။

ပြီးတော့..

သူများပြုစုတာကို လက်ခံရတော့မှာပါ။

ဒါပေမယ့်..

အမေပြုစုတာနဲ့တော့ တူနိုင်မယ် မထင်ဘူး။

ကိုယ်လာတုန်းကတော့ အမေ့ပြုစုမှုအောက်မှာ ကြီးပြင်းခဲ့ရပေမယ့်…

ကိုယ်သွားရမယ့်အချိန်ကျရင် ကိုယ့်အနားမှာ ပြုစုမယ့်သူက ဆွေမျိုးသားချင်းတွေဖြစ်မှာ မသေချာသလို၊ ရှိခဲ့ရင်လည်း..

အမေပြုစုခဲ့သလို နွေးထွေးမှာမဟုတ်ဘူးလို့ လက်ခံထားပါ။

ဖြစ်နိုင်ခြေအများဆုံးကတော့..

မျက်နှာက အပြုံးလေးနဲ့စိတ်ထဲကကျိန်ဆဲနေမယ့် လူနာပြုစုတဲ့ လူနဲ့မတွေ့နိုင်ဘူးလို့ ပြောလို့မရပါ။

ဒါပေမယ့်..

ကိုယ်က ခေါင်းငုံ့ သည်းခံပြီး ပြုစုပေးမယ့်သူကို ကျေးဇူးတင်နေ ရမှာပါ။

– ပဉ္စမလာမယ့်နေဝင်ချိန်ရှုခင်း

ဒီတခါကတော့ လူလိမ်တွေ စတွေ့ရတော့မယ်။

လိမ်မယ့်သူတွေက လူကြီးတွေမှာ အိုစာမင်းစာတော့ရှိမယ် ဆိုတာသိပြီး ဖုန်းနဲ့တမျိုး၊စာတိုက်ကနေတဖုံ နည်းမျိုးစုံနဲ့ လိမ်ဖို့ ကြိုးစားမှာပါ။

မအိုဆေး မနာဆေး၊ယတြာ‌ ချေ မယ် စတာတွေနဲ့ ပိုက်ဆံကို ကလော်ထုတ်ဖို့ ကြိုးစား ကြအုန်းမှာ…။

ဒါကြောင့်..

မိမိ အိုစာမင်းစာကို သတိနဲ့ မြဲမြဲဆုပ်ကိုင်နိုင်အောင် ကြိုးစားပါ။

နောက်ဆုံး ညမမှောင်ခင်…။

လူ့ဘဝရဲ့ နေဝင်ချိန်လမ်းဟာ အလင်းရောင်တဖြည်းဖြည်းနဲ့ လျော့ပါးလာပါပြီ။

လမ်းဟာ တဖြည်းဖြည်းလည်း လျှောက်ရ ခက်လာမယ်။ ၆၀ကျော်တာနဲ့ အရာရာကို လက်လွှတ်ဖို့ အဆင်သင့်လုပ်ထား ရပါမယ်။

ကျန်ရှိနေတဲ့ ကိုယ့်အပေါ်ကောင်းတဲ့လူတွေကို တန်ဘိုး ထားတတ်ရပါမယ်။

ဘဝကြီးကို အာရုံကောင်းလေးတွေနဲ့ ခံစားသွားရမယ်။

ပတ်ဝန်းကျင်နဲ့သွားပြီး အငြင်းပွားတာတွေ မလုပ်တော့ပဲ၊ သားသမီး မြေးမြစ်တွေနဲ့ပါ အငြင်းအခုံမဖြစ်မိအောင် နေရပါမယ်။

အဆိုးဆုံးကတော့…

ကိုယ့်ကိုကိုယ် မောက်မာ မနေဘို့က အဓိကပါ…။

အိုတာကို လက်ခံလာရမှာ ဖြစ်ပြီး၊ စကားပြောဆိုရာမှာလည်း အမိန့်ဆန်ဆန် မပြောမိဖို့ သတိထားရမှာပါ..။

အဲဒီမှာ စကားလုံး အဓိပ္ပါယ်တွေက သူတပါးကို ထိခိုက်စေမယ့် စကားလုံးတွေကို ရှောင်ကျဥ်တာ အကောင်းဆုံးပါ။

အသက်ကြီးလာရင် တဖက်သားကို”ပိုလို့” တောင် သနားညှာတာသင့်ပြီး…။

နောက်ဆုံးရက်ကျန်လေးတွေကို ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်ကျော်နိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်…။

Credit # အောင်နန္ဒာစေတီတော်

Credit #Mya Mya Hrwe

Edited #

photo G o o g l e

ရည်ညွှန်း ( ၄ )

အငြိမ်းစား တို့ရဲ့ လွတ်လတ်တဲ့ ဘဝ အရသာ။

အငြိမ်းစ ား ဖြောင့်ချက် ။

( တွေးမိတွေးရာ ရေးမိရေးရာ(၇၈) )

D SAN Aye ရဲ့ Facebook post 13 /12/2021

#အငြိမ်းစားဆိုလာပြီးအထင်မသေးနဲ့ပေါ့သေးသေးမထင်နဲ့ခေသူမဟုတ်

#အငြိမ်းစားဖြောင့်ချက် ။

~~~~~~~~~~~~

အစည်းအဝေးတက်စရာမလို

ခရီးဝေးထွက်စရာမလို

ခုမှသက်သာသလို

ခေါ်ထူးစရာလဲမလို

မော်ဖူးစရာလဲမလို

အတွေးများစရာမလို

အလေးထားစရာမလို

ဘယ်သူ့မှကြောက်စရာမလို

ဘယ်သူ့မှငေါက်စရာမလို

ဘယ်သူ့မှထောက်စရာမလို

ဘာမှဆူစရာငေါက်စရာမရှိ

ဘာမှလူတကာကြောက်စရာမရှိ

ဖုန်းလဲဆက်စရာမလို

ရုံးလဲတက်စရာမလို

စာရင်းဇယားပေးစရာမလို

သတင်းစကားပေးစရာမလို

ခုချက်ခြင်းမရှိ

အလောသုံးဆယ်မရှိ

အလန့်တကြားမရှိ

ပရော်ဗလန်ဆော့လ်ဗင်းမရှိ

ဘရိန်းစထရောင်းမင်းမရှိ

လိမ္မာပါးနပ်စွာကိုင်တွယ်စရာမရှိ

ဒေါသမရှိ၊လောဘမရှိ၊မောဟမရှိ

မာနမရှိ

စားချင်ရင်စား၊သွားချင်ရင်သွား

နားချင်ရင်နား

လမ်းတွေလျှောက်ချင်လျှောက်

ပန်းတွေကောက်ချင်ကောက်

စမ်းရေသောက်ချင်သောက်

ကမ်းခြေရောက်ချင်ရောက်

တိမ်ပေါ်တက်ချင်တက်

အိမ်ပေါ်တက်ချင်တက်

တွေးချင်ရင်တွေး၊ငေးချင်ရင်ငေး

ဆွေးချင်ရင်ဆွေး

တရားထိုင်ချင်ထိုင်၊ဂစ်တာကိုင်ချင်ကိုင်

စာအုပ်ဖတ်ချင်ဖတ်၊မီးစတဖက်ရေမှုတ်တဖက်၊ကုသိုလ်တပဲ

ငရဲတပိဿာမရှိ

ပစ္စည်းလေးလည်းသိမ်းချင်သိမ်း

ချစ်မြေးလေးလည်းထိန်းချင်ထိန်း

လွတ်လပ်ခြင်း၊ငြိမ်းချမ်းခြင်း၊

လန်းဆန်းခြင်း၊ပျော်ရွှင်ခြင်းအတိ

အငြိမ်းစားတယောက်ရဲ့ဘဝဟာ

စိတ်ချမ်းသာကိုယ်ကျန်းမာ

ပူပင်သောကဗျာပါဒမရှိ

အရသာရှိလိုက်ပါဘိ။

Crdး###

ရည်ညွှန်း( ၅ )

သက်ကြီးပင်စင်စား တစ်ဦးရဲ့ အကြံပေးစကားများ

+++++++++++

သင်ပင်စင်စားပြီဖြစ်စေ၊ အလုပ်လုပ် နေသေးသည်ဖြစ်စေ၊ အသက် ၆၀ နီးသူတိုင်း ဒီစာလေးတော့ ဖတ်ကြည့်စေချင်ပါတယ်။

၁။ ရေဆိုတာ အစုန်ပဲစီးဆင်းပါတယ်၊ အဆန် စီးဆင်းရိုး မရှိပါ။ သားသမီးများ ကို အနားမှာ တစ်သက်လုံးခေါ်ထားဖို့ အားမထုတ်သင့်ပါ။ သူတို့မှာ ယော့က္ခ ထီး ယော့က္ခမ တွေရှိပါသေးတယ်။

သူတို့ အလုပ်တွေ ရှိသေးတယ်။ သူတို့ဘဝတက်လမ်းအတွက် သူတို့ ရုန်းကန်ရသေးတယ်။ သူတို့သားသမီး နဲ့ လွတ်လွတ်လပ်လပ်နေချင်ကြသေး တယ်။

၂။ ဒီအချိန်မှာ သားသမီးအပေါ် ချစ်တယ်ဆိုရင် သူတို့ကို ပြဿနာ လျှော့ပေးပါ။ စိတ်သဘောထား

ကြီးပေးပါ။ စိတ်ပျော်အောင်နေပေးပါ။ ကျန်းမာအောင်ဂရုစိုက်ပါ။အပြစ်တင်တာ၊ ညည်းတွားတာ ရှောင်ကျဉ်ပါ။

ဖြစ်နိုင်ရင် လက်ဖြန့်မတောင်းရပါစေနဲ့။

၃။ အသက်ကြီးလာရင်သုံးဖို့၊ဆေးကုဖို့ အိုစာတော့ လုံလုံလောက်လောက် ချန်ထားသင့်ပါတယ်။ အမွေအကုန်လုံး မခွဲပေးသင့်ပါ။ကလေးနားပြန်တောင်းရင် လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါ။

၄။ ပိုင်ဆိုင်မှုလျှော့ဝယ်ပါ။ အသုံး အဆောင်လျှော့ဝယ်ပါ။ပစ္စည်းများလေ ဝန်ထုတ်ဝန်ပိုး များလေ ဖြစ်တယ်။

၅။ အိမ်ပုန်းမလုပ်ပါနဲ့၊ လမ်းများများ လျှောက်ပေးပါ။မနက်တိုင်းမှာ လေ့ကျင့် ခန်းလုပ်တဲ့ အဖွဲ့တွေနဲ့ ဝင်ရောပါ။ အကကပါ။ ငါးစာကျွေးပါ။အင်တာနက် တက်တတ်ရင် စိတ်ဝင်စားတာ ဝင်ကြည့်ပါ။ စာဖတ်ပါ။

၆။ ပင်စင်စားခါစ၊အလုပ်မှ အနားယူခါစ ကျန်းကျန်းမာမာ ရှိနေသေးပေမဲ့ တစ် ရက်ရက်တော့ သတိမေ့လာမှာပါ။ အိုစာ ကြောင်လာမှာပါ။အဲဒီတော့ ရှင်းရှင်း လင်းလင်း သတိရတုန်း ချန်စရာရှိတာ ချန်၊ ခွဲစရာရှိတာ ရှင်းရှင်းလင်းလင်းဖြစ် အောင် ခွဲထားပေးလိုက်ပါ။ သားသမီး တွေ ပြသနာနဲ့ ဝေးတာပေါ့၊

၇။ လောကကြီးမှာ မင်းကို အချစ်ဆုံးဟာ မင်းရဲ့ အိုဖေါ်ပါ။ အခုအချိန်မှာ အချင်းချင်း တန်ဖိုးထားတတ်ဖို့ အရေးကြီးဆုံး အချိန်ဖြစ်ပါတယ်။

၈။ သားသမီးများအတွက်အကောင်းဆုံး ချန်ထားသင့်ခဲ့တဲ့ အမွေအနှစ်ကတော့ မေတ္တာထားတတ်ခြင်း၊သဘောထားာကြီးခြင်း၊ဖြောင့်မတ်မှန်ကန်ခြင်း၊အလုပ်ကျိုးစားခြင်းနဲ့ မှန်မှန်ကန်ကန် နေထိုင်

တတ်ခြင်း ဆိုတဲ့ နာမည်ကောင်းပါ။

သားသမီးများ နောင်အခက်အခဲ၊အကြပ်အတည်း ကြုံခဲ့ရင် ဖေဖေဆိုရင် ဒီအနေအထားမှာဘယ်လိုတုန့်ပြန်မလဲ၊ မေမေသာ ဒီလိုကြုံခဲ့ရင် ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့ အတွေးမျိုး သားသမီးမှာ ရှိစမြဲပါ။

၉ ။ မျော်လင့်ချက်မထားထားရင် စိတ်ပျက်တာတွေ နည်းပါးတာပေါ့၊ မိမိက အိုလာလို့ မိမိရဲ့ စိတ်ချမ်းသာမူကို သားသမီးအပေါ် ပုံအပ်မထားသင့်ပါ။ ကိုယ့်တတ်နိုင်တဲ့ ဘောင်အတွင်းကနေပြီး ကိုယ်တိုင်ရဲ့ အိုဘဝကို စီမံသင့်ပါတယ်။

၁၀။ နာတာရှည် လဲလျောင်းနေတဲ့ မိဘလူနာများအတွက် တာဝန်ကျေပွန်တဲ့ သားကောင်းသမီးကောင်း ရှားပါးပါတယ်ဆိုတဲ့ စကားပုံရှိပါတယ်။ အဲဒီစကားပုံကို သတိရပါ။

၁၁။ ထိုက်သင့်တဲ့ အကွာအဝေးဆိုတာ မေတ္တာကို ပိုမိုနွေးထွေးစေတတ်ပါတယ်။ သားသမီးနဲ့လည်း ထိုက်သင့်တဲ့ အကွာအဝေး ရှိသင့်ပါတယ်။မေတ္တာ ဝန်ထုတ်ဝန်ပိုး လျှော့တာပေါ့။

၁၂။ သားသမီးအရေးမှာ မဆိုင်တာ သိပ်ဝင်မရူပ်တော့ဘူး၊နားထိုင်းသင့်ရင်နားထိုင်းတော့မယ်၊ပါးစပ် “ အ” သင့်ရင်လည်း၊ “ အ” လိုက်တော့မယ်။

၁၃။ လောကကြီးကို သင်ပိုင်ဆိုင် ပါတယ်။ကျွန်တော်လည်းပိုင်ဆိုင် ပါတယ်။ဒါပေမဲ့အဆုံးမှာတော့

ကျန်းမာပြီးအသက်ရှည်တဲ့လူတွေက ပိုပြီးပိုင်ဆိုင်ပါတယ်။

၁၄။ ကိုယ့်ကိုယ်ကို အချိန်ပိုပေးတော့ာမယ်။ကိုယ်စိတ်ပျော်တဲ့ အလုပ်ကို ပိုလုပ်တော့မယ်၊ သူများအတွက်နဲ့ သိပ်အနစ်နာမခံတော့ဘူး၊ကိုယ့်အတွက်ာနဲ့ကိုယ်အသက်ရှင်ဖို့ အချိန်ဖြစ်သင့်ပါပြီ။

၁၅။ သားရေး သမီးရေးမှာ ကိုယ်တို့ အစွမ်းကုန်ကြိုးစားပမ်းစား ပျိုးထောင် ခဲ့ပြီးပြီ၊ မြေးတွေအလှည့်မှာတော့ အပျော်ထိန်းလောက်ပဲ ဝန်ဆောင်မူ ပေးတော့မယ်။ မျိုးဆက်ကျော်ပျိုး ထောင်မှုမျိုး မလုပ်တော့ဘူး၊

၁၆။လူ့လောကကိုရှင်းအောင်မြင်တတ်ပြီ၊ လွှတ်ချတတ်အောင် စိတ်ထားတတ်ပြီ၊ ဘာသာရေးမှာအာရုံဝင်စားပြီ၊သက်ရှိ သက်မဲ့ အားလုံးအပေါ် မေတ္တာထား

တတ်နေပါပြီ။

ရည်ညွှန်း( ၆ )

ဘဝအနုပညာ ထဲက သရုပ် ဆောင်များ ။

Ref: we chat / credit. Aung ko latt acc to #သုတဂဝေသီ (ဗန်းမော်)

အမေရိကန်သမ္မတဟောင်းဘုရှ် (အငယ်)ဟာ သမ္မတရာထူးကအနားယူပြီးတဲ့နောက် တစ်ယောက်တည်း အိမ်နားကဆိုင်တစ်ဆိုင်မှာ မကြာခဏဈေးသွားဝယ်တတ်တယ်လို့ဆိုတယ်။ တစ်နေ့မှာ မိန်းမက ဓာတ်ခဲသွားဝယ်ခိုင်းလို့ အဲဒီဆိုင်ကို ဘုရ်ှရောက်သွားပြန်တယ်။

ဆိုင်ဝန်ထမ်းတစ်ယောက်က ဘုရ်ှပခုံးကို တစ်ချက်ပုတ်ပြီး “ဟေ့.. ဖရန့် ခင်ဗျားဒီမှာ ဈေးလာလာဝယ်တာ တချို့က ခင်ဗျားကို သမ္မတဟောင်းဘုရ်ှနဲ့ သိပ်တူတယ်လို့ ပြောနေကြတယ် သိလား..” လို့ တိုးတိုးလေးကပ်ပြောတယ်။

ဘုရ်ှက ပခုံးတစ်ချက်ကျုံ့ပြီး ရယ်ကျဲကျဲနဲ့ .. “ဟေ့ ဘရားသား.. ကျုပ်က ဘုရ်ှအစစ်ပဲလေကွာ” လို့ဆိုတယ်။

ဆိုင်ဝန်ထမ်းက “ဟာ….” တစ်ခွန်းအော်ပြီး အံ့သြတွေဝေသွားတယ်။

အဲဒီနောက် နှစ်ယောက်သား တဟားဟားအော်ရယ်ကြတယ်။

ဘုရ်ှရဲ့ဦးနှောက်က လှည့်ပြောင်းတာတကယ်မြန်တယ်။ နေရာကလည်း ပြောင်းလဲတာမြန်တယ်။ ရာထူးမြင့်မြင့်သမ္မတနေရာကနေ လျှပ်တစ်ပြက် လူ့အသိုင်းအဝိုင်းထဲကတစ်ယောက် ဖြစ်သွားတယ်။

သာမန်လူတန်းစားအဖြစ်နဲ့ သူကိုယ်တိုင်တင်မက သူ့ဘေးကလူတွေကိုပါ ပျော်ရွှင်မှုတွေပေးနိုင်တယ်။

အမေရိကန်သမ္မတနောက်တစ်ဦးဖြစ်တဲ့ ဂျင်မီကာတာကို သတိရလိုက်မိတယ်။

ဂျင်မီကာတာက ငယ်ရွယ်စဉ်မှာ လက်သမားတစ်ဦးဖြစ်ခဲ့ဖူးတယ်လို့ဆိုတယ်။ လက်ရာကောင်းတယ်။ သမ္မတရာထူးကနေ အငြိမ်းစားယူပြီးတဲ့နောက် ရပ်ကွက်ထဲမှာ လေကြောင့်မိုးကြောင့် အိမ်ပျက်စီးသွားရင် သူက အရင်လက်ဦးပြီး သွားပြင်ပေးတတ်တယ်။ ခြံစည်းရိုးကာတာ၊ အိမ်ပြင်တာတွေကို စိတ်လိုလက်ရလက်ပေးတတ်တယ်။ လူတွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံပြီး ခင်မင်ဖော်ရွေတာကြောင့် လူတွေရဲ့ရင်ထဲမှာ သူ့ကို တစ်ချိန်ကအိမ်ဖြူတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတဟောင်းလို့မမြင်ဘဲ အိမ်နီးနားချင်း ဘကြီး၊ အဘိုးလို့ပဲမြင်ခဲ့ကြတယ်။

ဘဝဟာ ပြဇာတ်တစ်ခုပါ။ လူတိုင်းဟာ ဇာတ်ခုံပေါ်မှာ အမျိုးမျိုးသရုပ်ဆောင်နေကြတယ်။ ဒီကနေ့မှာ သင်ဟာ ဝန်ကြီး၊ ဌာနမှူးဆိုပေမယ့် မနက်ဖြန်မှာအငြိမ်းစားယူပြီးရင် မဟုတ်တော့ပါဘူး။ ဌာနမှာ သင်ဟာ ဌာနမှူး၊ ကုမ္ပဏီမှာ သင်ဟာ မန်နေဂျာ.. ရပ်ကွက်ထဲပြန်ရောက်ရင်တော့ သင်ဟာ ရပ်ကွက်သားပါ။

အိမ်ပြန်ရောက်ရင်တော့ သင်ဟာ သင့်မိဘရဲ့ကလေး၊ သင့်သားသမီးရဲ့ မိခင်ဖခင်၊ သင့်အမျိုးသမီးရဲ့ လင်ယောက်ျား၊ သင့်လင်ယောက်ျားရဲ့ ဇနီးဖြစ်ပါတယ်။

အခန်းကဏ္ဍနေရာပြောင်းလဲတာနဲ့ သရုပ်ဆောင်မှုကလည်း ပြောင်းလဲသွားတာကိုတော့ လျစ်လျူရှုလို့မရပါဘူး။ အပြောအဆို အမူအရာတွေပါ ကျရာနေရာနဲ့ကိုက်ညီအောင် ပြောင်းလဲရပါတယ်။ တကယ်လို့ သရုပ်ပြောင်းပေမယ့် အမူအရာ အပြောအဆိုမပြောင်းဘူး၊ အကျင့်နဲ့ စကားလုံးတွေမပြောင်းလဲရင် ကိုယ်ကိုယ်တိုင်ကို အဆင်မပြေရုံ ဒါမှမဟုတ် ဒုက္ခရောက်စေရုံမက တစ်ခါတလေ အခြားလူတွေရဲ့ ဖယ်ကြဉ်၊ ဝေဖန်တာကို ခံရနိုင်ပါတယ်။

ပြဇာတ်က အနုပညာဖြစ်သလို ဘဝဟာလည်း အနုပညာဖြစ်တယ်။ လူ့ဘဝတစ်သက်မှာ ဘယ်အခန်းကဏ္ဍနေရာမှာပဲ သရုပ်ဆောင်ရပါစေ အဓိက ဇာတ်ဆောင်ပဲဖြစ်ဖြစ်၊ အရံပဲဖြစ်ဖြစ် အသိဉာဏ်ဆိုတာလိုအပ်ပါတယ်။

( တချို့တွေများ ရာထူးက အနားယူပြီးရင် လူကြားမတိုးတော့ဘူး။ မတိုးရဲတော့ဘူး။ တချို့ကလည်း ရပ်ကွက်သားသာပြန်ဖြစ်သွားတယ်၊ အိမ်မှာနေရတဲ့ အပိုလူသာဖြစ်သွားပေမယ့် ရာထူးရှိခဲ့တုန်းကလို လေသံ၊ အပြောအဆို၊ အပြုအမူနဲ့ လူတွေကိုဆက်ဆံတယ်။ လူတွေရဲ့ ရှောင်ဖယ်တာကိုခံရတယ်။

ဒီလိုလူတွေဟာ တစ်သက်မှာ တစ်ကွက်ပဲသရုပ်ဆောင်တတ်တဲ့ လူ့အန္ဓတွေဖြစ်တယ်။ မြန်မာနိုင်ငံမှာ ပိုတွေ့ရပါတယ်။)

#ကျွန်‌တော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ…

Copy from Nine Nine Sanay

ရည် ညွှန်း( ၇ )

ရင်ကွဲရဆုံးpostပါဗျာ။ ( Htay Lwin )

🚂 တနေ့ငါ ပင်စင်ထိုင်ခဲ့ရင် ငါ့ကိုခေါ်ပါ ပြောပါ နှုတ်ဆက်ပါကွာ၊

ဌာနမှာ ငါရိုးသားစွာလုပ်ခဲ့တာပါကွာ၊

လမ်းမှာတွေ့ခဲ့ရင် လက်ဖက်ရည်တစ်ခွက်က ငါကိုယ်တိုင်ဝယ်သောက်နိုင်ပါတယ် ဒါပေမဲ့ ငါတို့ချစ်တဲ့ဌာနကလူတွေတိုက်တာဆိုတဲ့ ပီတိလေးတော့ လိုချင်တာ ပေါ့၊

🚂 တနေ့ ငါဆေးရုံတက်လာခဲ့ရရင် ငါ့ကို လာမေးကျပါ လက်ဆောင်ပကာသနမလိုပါဘူး လူလာမေးရင်ကို ငါအားရှိပါတယ်ကွာ၊

တနေ့ ငါသေသွားရင် ငါ့အကြောင်းဆိုတာ သာမာန်လူလိုပဲ သမိုင်းမတွင်ပါဘူးကွာ ဒါပေမဲ့ ငါ့ကြိုးစားမှုလေးတော့အသိမှတ်ပြုပေးပါကွာ၊

Credit original uploader.