ဧရာဝတီမြစ်ဝကျွန်းပေါ်အရေး စိတ်မအေးကြသူများ – ညောင်တုန်းကျွန်းစီမံကိန်း ဘယ်လောက်ကြာကြာရေရှည် တည်တန့်မှာလဲ

ပြနိလည် ကူးယူဖေါ်ပြပါသည်.

တွေးမိတွေးရာ ၊

ရေးမိရေးရာ( ၁၂၃ )

( မြစ် ဝကျွန်းပေါ် အရေး )

ဧရာဝတီ မြစ်ဝ ကျွန်းပေါ် အရေး

စိတ်မအေး ကြသူများ ။

U Win Myo Thu က စိတ်မချလို့ မေးလာတာကို

ယခု လို ပြန် ဖြေပါတယ် ။

မေး

ဆရာရေ ညောင်တုန်းကွင်းစီမံကိန်းက ရေရှည် sustainable ဖြစ်မဖြစ်ကတော့ controversial ပါပဲ ။

ဖြေ

U Win Myo Thu သို့

ပြောစရာတွေကတော့အများကြီး။

Climate Change နဲ့ Sea Level Rise ရာသီဥတု ဖေါက်ပြန် ပြောင်းလဲမှုတွေနဲ့ ပင်လယ် ရေတွေ မြင့်တက် လာမှာ တွေက ဖြစ် နေတာသေချာတယ်

ေ ညာင်တုန်းကျွန်းစီမံက်န်းရဲ့အဓိက အင်ဂျင်နီယာဒီဇိုင်းက မိုးရာသီ မှာ ရေထုတ်ဘို့နဲ့ နွေရာသီမှာ ရေချိုသွင်းဘို့ ဖြစ်တယ် ။

ရေထုတ် ရေသွင်းဒီဇိုင်းက လက်ရှိ ဖြစ် နေတဲ့ ပင်လယ် ရေအတက်အကျပေါ်မှာ နှစ်များစွာကရထားတဲ့ ပင်လယ် ရေမှတ်တွေကိုအခြေခံ ပြီး တွက်ချက်ထားတာ ဖြစ်တယ် ။

ပင်လယ်ရေကပိုတက် ပို မြင့် လာရင် ရေထုတ်ရခက်သွားတော့ မယ် ။

ရေငန်တွေ မြစ်ထဲပိုဝင်လာရင် ရေငန် တွေ ပတ် ခြာ ဝိုင် း ပြီး ရေချို မသွင်းနိုင်တော့ဘူး။

အညာက ရေလှောင် တမံ ၊ ရေလှောင်ကန် ကြီးတွေ ဒီဇိုင်းလုပ်ရင် ရေလှောင်ကန် တွေရဲ့ အာမခံတဲ့နှစ်ကာလအပိုင်းအ ခြား ရှိတယ် ။

အောက်ပြည် မြစ် ဝကျွန်းပေါ် ကအလုပ်တွေလဲဒီသဘောပါဘဲ

ရာသက်ပန် Sustainable ရေရှည် ဒီအတိုင်း ဖြစ် နေရမယ် လို့ အာမ ၊မခံပါဘူး ။

ဖြစ်နိုင်ခြေ Probability တွေအရ အင်ဂျင်နီယာတွေ က အလုပ်လုပ်ကြပါတယ် ။

ပင်လယ်ရေ မြင့် တက်မှု သီအိုရီတွေကလဲ များပါတယ် ။

အမြင်အမျိုး မျိုး ၊တွက်ချက်ပုံ သီအိုရီ အမျိုးမျိုးနဲ့ ၊

အဖြေ မျိုး စုံထွက်တယ် ။

တစ်နှစ်မှာမှ မပြောပလောက်တဲ့ ၁ လက္မ ခန့်သာ ပင်လယ်ရေ တက်မယ် ပြောတာလဲရှိတယ် ။ ၁ လက်မ လေးရေတက်တာ နျစ်အလိုက် အရေးမကြီးဘူး။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ကြီး နောင် နှစ် ၃၀/၄၀/၅၀ အတွင်းပျောက်ကွယ် သွားမယ်ပြောတဲ့ မြန်မာ ပညာရှင် ကြီးလဲ ရှိခဲ့ ဘူးတယ် ။

နယ်သာလန်နိုင်ငံကတော့ ပင်လယ် ရေ တွေ တက်ချင်

သလောက်တက် ပင်လယ် ဘေးက ရေငန်တား သူ့တာ

တမံတွေ နှစ် ထောင်/ သောင်းထိ မကျိုးမပေါက် စေရဘူးလို့ ရဲရဲကြီး အာမခံ နေတယ် ။သူ့ Sustainable ရေရှည် တည်တန့် မှု ကာလ က နှစ်ပေါင်းထောင်နဲ့သောင်းနဲ့ပြောတယ်။ယုံချင်ယုံမယုံချင်နေကြဘဲ။သူတို့ ကလဲ အင်ဂျင်နီယာလူတော်တွေမို့ အသေအချာတွက်ကြတယ် ။အခိုင်အမာ ရဲရဲပြောကြတယ် ။အာမခံတယ် ။နှစ်အတိုင်းအတာ တစ်ခုထိပေါ့ ။

ရာသက်ပန်တော့ဘယ်ဟုတ်မလဲ။

Probability ဖြစ်နိုင်ခြေ သဘာဝတွေ နဲ့ပြောနေကြတာ ပါ။

ဦးဝင်းမျိုးသူ အဆို Sustainable ဖြစ်ပါ့မလားရဲ့အ ဖြေကို နှစ် အတိုင်းအတာ တစ်ခုအထိကျွန့်တော့ အတွေ့အကြုံ နဲ့

အသိအမြင် အရ ခန့်မှန်း ကြ ည့် ရရင် ၊ အနည်းဆုံးနှစ် ၂၀

နှစ်၃၀ ခန့်တော့ အာမခံနိုင်ပါမယ် လို့ ပြောနိုင်ပါတယ် ။

မိမိတို့ ခေတ် လုပ် ခဲ့ ဘူးတဲ့ ဆည် မြောင်းအလုပ်

အတွေ့အကြုံတွေအရ ချွင်းချက် တော့ ရှိတယ် ။

နောင်လာနောက်သား အင်ဂျင်နီယာမျိုးဆက်သစ်တွေ ၊အမျော်အမြင် ရှိရှိ နဲ့ညာဏ် ပညာ သုံးပြီး အလုပ်တွေကို လိုအပ် သလို တီထွင်ကြံဆကြပြီး ၊ ညောင်တုန်းကျွန်း မှာ တည်ဆောက်ထားပြီး အလုပ် တွေအားလုံးကို ကောင်းကောင်းပြုပြင် ထိန်းသိမ်းစောင့်ရှောက် နေ တတ် ကြဘို့တော့ လိုတယ် ။

အင်္ဂလိပ်တွေလွန်ခဲ့ သော နှစ်ပေါင်း ၁၀၀ က တည် ဆောက်ခဲ့ကြတဲ့ မြေနိမ့်ဒေသ ဧရာဝတီ မြစ် ဝကျွန်းပေါ်က တာတမံတွေကို ရှေး ဆရာသမားကြီးတွေခေတ်နဲ့အတူ ကျွန်တော်တို့ ခေတ် ၂၀ ရာစုခေတ် တွေ အထိ ၊ လို အပ်သလို တီထွင်ကြံဆ ပြုပြင် ထိန်းသိမ်းခဲ့ကြလို့ ဟင်္သာတ တာကြီးဆိုလျင် ခုထိ ကောင်းနေ တုံး ၊ ရေဘေးကာကွယ် နေ တာ နှစ်ပေါင်း ၁၀၀ ကျော် ရှိနေပါပြီ ။ တစ်ခါတရံ ကျိုး ပေါက်ခဲ့တာအချို့ တော့ ရှိတာပေါ့ ၊ အမြဲမဟုတ် ။ နှစ်တိုင်းမဟုတ်ပါဘူး၊

နိုင်ငံရဲ့ စနစ်နဲ့ လူတွေအပေါ် မှာ လဲ မူတည် ပါလိမ့် အုံးမယ် လို့ ၊နှစ်များစွာ ဖြတ်သန်းလာခဲ့ဘူးတဲ့ အတွေ့အကြုံ ၊ အတွေ့

အမြင် တွေအရ ပြောလိုပါသေးတယ် ။

အေးမြင့်( ညောင်တုန်း)

17/ 8/ 2022 – 4:04 am .

၁၈/၈/၂၀၂၂ ( Edited )

ရည်ညွှန်း ။

Facebook post

ဘဝသံသရာ

မှတ် ဖွယ် မှတ်ရာ

စာပဒေသာ။ ( ၄၉ )

( Revised 16 August 2022)

ဘဝသံသရာ ထဲက၊

နိုင် ငံတော် ပြည်အရေး ၊

တတ်တဲ့ပညာမနေသာ ။

၁၉၇၄ မှ ၂၀၀၉ အထိ ၊

ဆည် မြောင်းဌာနမှာ

နိုင်ငံအနှံံ့ ဆည်မြောင်း အလုပ်တွေ လုပ်ခဲ့တယ် ။

အသက် ၆၀ ပြည့် တော့ အိုလာလို့ ၊

၂၀၀၉ ခုနှစ်မှာ နိုင်ငံတော်က အနားပေး ခဲ့တယ် ။

မိမိကိုယ် တိုင်က အိုတယ် လို့ မထင် ၊

စိတ်မကုန် သေး လို့ ၊

နိုင်ငံတော် ပင်စင် အနား စယူချိန် ၂၀၀၉ မှ

ယခု ၂၀၂၂ အထိ တိုင် ၊ တတ်တဲ့ပညာမနေသာ ၊

အလုပ်တွေဆက်လုပ်နေခဲ့တယ်။

နယ်သာလန် နိုင်ငံကို ၁၉၈၂/၈၃ မှာ

အတူ ပညာတော်သင်သွားခဲ့သူ

အင်ဂျင်နီယာ မိတ် ဆွေ တည်ထောင်လုပ် နေတဲ့

အင်ဂျင်နီယာ ကုမ္ပဏီ NEPS မှာ သူနဲ့အတူ ဝင်လုပ် နေခဲ့တာ ၊

ဒီနေ့အထိ အလုပ် တွေ လုပ်ကောင်း နေတုံး။

သူကိုယ်တိုင်လဲ မိမိ သိထားတတ်ထားတာတွေနဲ့

မနားတန်း အလုပ်တွေ လုပ်နေသူ။

သူက အင်ဂျင်နီယာအလုပ်တွေအဓိကလုပ်တယ် ။

ကျွ န် တော်က စက်ရုံ တွေ၊စီမံကိန်းတွေ ၊အလုပ်တွေအတွက်

ပတ်ဝန်းကျင် ထိခိုက်မှု ရှိမရှိ ဆန်းစစ်တဲ့အလုပ်တွေ ကို

အဓိကလုပ်နေတယ်.။

လုပ် ရင်းသင်၊သင် ရင်း လုပ် နေရင်း ၊

နိုင်ငံတကာက ၊နော် ဝေ ပညာရှင် တွေ၊

ဖိလစ်ပိုင်က လူမှုပတ်ဝန်းကျင်ပညာရှင် တွေနဲ့ပါ

ပူးပေါင်း ခါ၊လုပ် ခဲ့တယ် ။

မသိသေးတဲ့ပတ်ဝန်းကျင်ရေးရာပညာတွေရခဲ့တယ်။

မိမိတို့ကိုယ် တိုင်ကလဲ ဘတ်မှတ် လေ့လာ

Life long Learning လုပ် ခဲ့တယ်။

မြန်မာ နိုင်ငံအတွင်း

မြေ ပေါ် မြေအောက် ,

ရေပေါ် ၊ ရေအောက် ၊နေရာစုံ ဒေသစုံမှာ

မြန်မာပြည် တောင်ဘက်အဆုံး

မြန်မာ့ ပတ်ဝန်းကျင် ပင်လယ် ရေပိုင်နက်ထဲက

ပင်လယ် ငါးသတ္တဝါတွေလေ့လာခဲ့ဘူး တဲ့အထိ

ပတ်ဝန်းကျင် ထိခိုက်မှု လေ့ လာရေးတွေနဲ့

ထိခိုက်မှု အနည်းအများအရ လျော့အောက် ပျောက်အောင်

နည်းလမ်းတွေကြံဆ ရှာပေးတဲ့အလုပ်တွေလုပ်ဖြစ်နေပါတယ်.

၂၀၂၂ မှာ

၁၂ နှစ်ကြာခဲ့ပြီ.

ယနေ့ထိ အလုပ်တွေ မနေမနား ၊

လုပ်ကောင်းနေတုံး။

ခုတော့

အသက်တွေက အိုလာပြီ။

နာလာပြီ။

ပြီးတော့၊

လူအများမလွန်ဆန်နိုင်တော့ မဲ့အဖြစ်၊

တစ်နေ့ နေ့ ၊တစ် ချိန် ချိန်

တစ်နေရာရာ မှာ

လူတိုင်း ဘဝကူး ကြရတော့ မယ် ။

အို၊နာ၊သေ

ဘယ်သူမှ ရှောင်ပြေးလို့မရ ။

တိုတောင်းလှတဲ့လူဘဝ

ခနတာ ရောက်လာကြသူ လူသား တွေ ပါ။

တိုတောင်လှတဲ့

လူ့ဘဝမှာ

ဘာကြောင့် များ

တစ်ဦးပေါ်တစ်ဦး

ရန်လိုမုန်းထား

ရန်သူတွေလုပ်၊

ခိုက်ရန် ဒေါသတွေဖြစ်

နေကြတာ ပါလိမ့် ။

အချင်းချင်း

မေတ္တာစေတနာတွေ နည်းပါးကြ၊

လောဘ ၊ဒေါသ ၊မောဟ မီးတွေ

အမိုက်မှောင်တွေက

ဘာကြောင့်များ ဖုံးလွမ်းနေကြ ပါလိမ့် ။

လူ့လောကထဲက

လူတွေမဟုတ်သလို လို ။

မြန်မာဗုဒ္ဓ ဘာသာဝင် တွေမဟုတ်ကြသလို ။

မိမိအဖို့ကေတာ့

သူတဖက်သားမပေါ်

အများအားဖြင့် ၊

ရန်လိုမုန်းထားမရှိခဲ့ဘူး ။

ကိုယ့်ပဲ့တင်သံ ၊

ကိုယ့်ထံ ပြန် ဆိုစကားကို ယုံတယ် ။

ဆရာဇော်ဂျီရဲ့

သင်သေသွားသော် ကဗျာ ကို အမှတ်ရမိလိုက် ပါတယ်။

လူ့ဘဝမှာ ခနတာ သင်ရောက်လာတုံး၊

သင်မသေခင် ၊

လူ့ဘဝကောင်းကျိုး၊

လူတွေကောင်းကျိုး၊

သင့်မိသားစုကောင်းကျိုး ၊

သင့် နိုင်ငံကောင်းကျိုး ၊

သင် လုပ်ခဲ့တဲ့ ၊ သင် တာဝန်ကျခဲံတဲ့ အစိုးရဌာနကောင်းကျိုး ၊

သင် က ရော ဘာတွေ လုပ်ခဲ့ လို့ ၊

ဘာတွေ လုပ်ထားခဲ့ပြီး ပြီလဲ။

လူ့ဘဝမှာ လူတွေအတွက် ၊

သင်ဘာတွေ ချန်ထားခဲ့ပြီးပြီလဲ။

မနေ့ကဘဲ

မိမိဘဝ ကို မိမိ ဘာသာ

ပြန်လည် သုံးသပ် ဝေဖန် ကြည့်မိခဲ့ပါသေးတယ်။

နိုင်ငံတော် ပြည်အရေးမှာ

ရေအရေး၊ရေရေးရာ ၊ရေကိစ္စ တွေအတွက် ၊

တတ်ကျွမ်းသရွေ့ပညာတွေ အသုံးချပြီး ၊

မိမိနိုင်သရွေ့၊လုပ်ခဲ့တယ်။

မိမိဇာတိမြေအတွက်ရော ဘာတွေလုပ်ခဲ့ဘူးသလဲ ။

ကွယ်လွန်သူ ဆရာသမား ဦးထွေးမြင့်၊

ဝါရင့် စီနီယာ အင်ဂျင်နီ ယာ ကြီး

အမြဲတင်စားပြောတတ်တဲ့၊

စင်ကာပူလောက်ကျယ်ဝန်းတဲ့

ဧရီယာ ဧကပေါင်း ၂ သိန်းကျော်ရှိတဲ့ ၊

မအူပင်ခရိုင် ထဲက ညောင်တုန်းမြိ့နယ် နဲ့ မအူပင် မြို့နယ် ထဲက

ညောင်တုန်းကျွန်း လယ်ယာမြေဖေါ်ထုတ်ရေး အလုပ် နဲ့

ညောင်တုန်းကျွန်းထဲက စပါးစိုက်လယ် ယာမြေတွေ အတွက်

မိုးအခါ ရေကြီးနစ်မြုပ်မှုသက်သာစေရေး ၊ ရေထုတ် ရေနုတ် အလုပ်တွေ နဲ့ ၊

နွေအခါ နွေစပါး စိုက်ပျိုးနိုင်ရေး ရေချို သွင်း တဲ့ အလုပ်တွေကို ,

ဆရာသမား ဦးထွေးမြင့်ရဲ့ နည်းပေး လမ်းပြမှု တွေ အောက် မှာ

ဆရာတွေ ၊ တပည့်တွေ အင်ဂျင်နီယာတွေ ပူးပေါင်းပြီး ဆယ် နှစ်ဆယ် မိုးခန့်ကြာအောင် တတ်သည့်ပညာမနေသာ အသုံး ချပြီး ၊

ဒေသဖွံ့ဖြိုးရေးအတွက် ဆည်မြောင်း မှာ လုပ်ပေးခဲ့ဘူးတယ် ။

ညောင် တုန်းကျွန်း ရေနက် ကွင်းလယ်ယာမြေ ဖေါ်ထုတ် ရေး စီမံ ကိန်း အလုပ်ကြီးကို ၊

၁၉၉၁။ ခု နှစ် ခန့်မှ ၊ ၂၀၀၁ ခုနှစ် ခန့် ထိ၊ ဆည် မောင်း အင်ဂျင်နီယာပညာရှင် တွေက ဘယ် နိုင်ငံခြား အကူအညီ ဘာမှမပါဘဲ၊ ဆယ် နှစ်ဆယ် မိုးခန့် ကြာအောင် ၊ မိမိတို့ စွမ်းအားနဲ့ လုပ်နိုင်ခဲ့ကြပါတယ် ။

ယခုအခါ ဒေသခံပြည်သူတွေ တောင် သူလယ်သမားတွေ လက်ငင်းလက်တွေ့ အကျိုးတွေခံစားနေကြရပါတယ် ။

မထင်မှတ်တဲ့ ၊ အဓိကထား ထည့် မတွက် ထားခဲ့တဲ့ ၊အဓိက အကျိုးရလဒ်က

ညောင်တုန်းကျွန်းထဲမှာ ငါးမွေမြူရေး လုပ်ငန်း ၊

ကြီးထွားအောင်မြင်ခဲ့တယ် ။

ရှေးအခါက ညောင်တုန်းကျွန်ရေနက်ကွင်းထဲမှာ

ရေကြီးနေတတ်လို့ ငါးကန် တည်လို့မရလို့ ၊ ငါးကန်တွေ

မရှီသလောက် နည်းခဲ့ပါတယ် .။

ဒီနေ့မှာ ဧရာဝတီတိုင်းကြီး တစ်တိုင်းလုံးရဲ့ ငါးမွေးမြူရေး ကန် စုစုပေါင်း ဧရိယာရဲ့ ၇၀ ရာခိုင်နှုန်းခန့် ဟာ ညောင်တုန်းကျွန်းထဲမှာရှိနေတယ် ။

ညောင်တုန်းကျွန်းကြီးထဲမှာ ရေနက်ကွင်းတွေလျော့လာ ၊

ကုန်းတွေပေါ်လာ ။ စပါးစိုက်ကွင်းတွေ ၊ငါးမွေးမြူရေးကန်တွေ တိုးလာခဲ့ပါတယ် ။

ညောင်တုန်းကျွန်းကြီးထဲမှာ ၊

ရေနက်ကွင်း လယ်ယာမြေ တွေ ၊ဖေါ် ထုတ် ခဲ့တာတွေရဲ့ ၊လက်ငင်း လက်တွေ့ အကျိုးရလဒ်၊အကျိုးဆက်တွေပါ။

ပတ်ဝန်း ကျင် သဘာဝကို ပြောင်းလဲပြီး လုပ်ခဲ့ရင် ,

ကမ္ဘာ့ဘဏ်မှာလုပ်နေတဲ့ ဆရာသမား တစ်ဦး

သင် ပြ ပြောပြ ပေး ခဲ့တဲ့

‘ဘာလုပ်လုပ် ၊ လုပ်သမျှ ဒုက္ခ” ဆိုတဲ့ ဗုဒ္ဓ အဘိဓမ္ဗာ အတိုင်း၊

ဘာမဆို ကောင်းကျိုး၊ဆိုးကျိုး ဒွန်တွဲနေမြဲမို့ ၊

လုပ်ငန်းတွေရဲ့ အကျိုးဆက်က

ညောင်တုန်းကျွန်းအတွင်းရေနက်ကွင်းတွေ ၊ရေအိုင် တွေ နဲ့ ချောင်းမြောင်းတွေထဲ မှာ ကူးလူး သွားးလာနေကြတဲ့

ရေချိုငါးတွေ လျော့နည်းသွား ခဲ့ပါတယ် ။

မူလ ရှေးအခါက ချောင်းမြောင်းတွေထဲ မှာ ပိုက်ကွန်ပစ်ပြီးငါးဖမ်းတဲ့ ငါးဖမ်း လုပ် ငန်း ဓလေ့ Catch Culture ပျောက်သလောက်ဖြစ်သွားတယ် ။

ချောင်းမြောင်းတွေပိတ် ငါး ဖမ်းတဲ့ စနစ်တွေလဲ မရှိသလောက် နည်းသွားတယ် ။

ဒါပေမဲ့တဖက်က ကန်နဲ့ ငါး မွေးမြူရေး လုပ်ငန်း Aquaculture ဓလေ့ က အစားထိုးဝင် ရောက်လာခဲ့ပါတယ် ။

ညောင်တုန်းကျွန်းထဲမှာ အဓီက စီးပွါးရေး လုပ်ငန်းကြီးတစ်ခု ဖြစ်လာခဲ့တယ် ။နှစ်ပေါင်းများစွာ ငါးကန်တွေတဘ် ငါးမွေး ကန် တွေ လုပ်လာခဲတာ ယနေ့ထိတိုင်ပါဘဲ။

ဒေသအတွက် ၊မိမိဇာတိမြေအတွက် ရော ကိုယ်တိုင်က ဘာတွေ လုပ်ပေးခဲ့သလဲလို့ ပြန် တွေးမိရာက လုပ်ခဲ့တဲ့အလုပ်တွေများစွာထဲက အဓီက အလုပ်ကြီး တစ်ခု ပြန် ပေါ်လာတာပါ။

ဆရာတွေ တပည့်တွေအားနဲ့ အောက်မြန်မာ ပြ ည် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ မြေနိမ့်ပိုင်း ရေနက်ကွင်းဒေ သမှာ မှတ်မှတ်ထင်ထင် စုပေါင်းလုပ်ခဲ့ကြတဲ့

အဓီက အထင်ကရ ဆည် မြောင်းအလုပ်ကြီးပါ။

ဦးဆောင် လမ်းပြပေးခဲ့သူ ကွယ်လွန်သူဆရာသမား ကြီး ဦးထွေး မြင့်ကို အထူးကျေးဇူးတင်နေရပါတယ် ။ တပည့်တွေကို ကွင်းထဲ မကြာမကြာ ခေါ်သွားပြီး ရေနက်ကွင်းလယ်ယာမြေဖေါ် ထုတ်ရေးအလုပ်တွေ ၊ ရေ တံခါး ကြီးတွေ တည်ဆောက်ရေးအလုပ်တွေ ကို သင်ရင်းလုပ် ၊လုပ်ရင်းသင်နဲ့ နည်းပေးလမ်းပြ လုပ်ခဲ့သူ ၊ရှာမှရှား ဝါရင့် မြစ်ဝကျွန်းပေါ် အင်ဂျင်နီယာကြီး တစ်ယောက် ပါ။

အတိတ်က လုပ်ခဲ့တဲ့အလုပ်တွေပြန်သတိရလို့ပါ။

မိမိတို့အဘို့ လူ့ပြည်လောက လူ့ဘဝမှာ

ချန်ထားခဲ့ မဲ့ ဒေသကောင်းကျိုးတွေ လုပ်ခဲ့တဲ့

ဒေသဖွံံံ ဖြိုးရေးအလုပ်တွေ ဖြစ် ပါတယ် ။

မိမိအဘို့မှာ တော့ ၊

သံသရာကိုယူသွားဘို့ တော့

ကောင်းကောင်းမလုပ်ရသေးဘူး။

အချိန်တွေက တော့ နည်း လာနေပါ ပြီ။

လူ့လောကရဲ့

လူ့ဘဝသံသရာ။

အေးမြင့် ( ညောင်တုန်း )

၃၀/၄/၂၀၂၂

၁၆/၈/၂၀၂၂ ( Edited and Revised )

ရည် ညွှန်း ၊

၁၉၃၅ ခုနှစ်က ရေးခဲ့တဲ့

ဆရာဇော်ဂျီရဲ့ ကဗျာ

“သင်သေသွားသော်”

ဪ…..

လူ့ပြည် လောက ၊လူ့ဘဝကား၊

အိုရ၊နာရ,သေရဦးမည်၊

မှန် ပေသည် တည့်။

သို့တပြီကား

သင်သေသွား သော်၊

သင်ဖွား သော မြေ၊ သင်တို့မြေသည်၊

အခြေတိုးမြင့် ၊ ကျန် ကောင်းသင့်၏။

သင်၏မျိုးသား၊စာစကားလည်း၊

ကြီးပွါးတက်မြင့် ၊ ကျန်ကောင်းသင့်၏။

သင်ဦးချ ၍၊အမျှဝေရာ၊

စေတီသာနှင့်၊ သစ္စာအရောင်၊

ညာဏ် တစ်ဆောင်လည်း၊

ပြောင်လျက် ,ဝင်းလျက် ၊ကျန်စေသတည်း။

ဆရာ ဇော် ဂျီ

အိုးဝေ မဂ္ဂဇင်း

အတွဲ ၅၊ အမှတ် ၁၊ ဒီဇင်ဘာလ၊ ၁၉၃၅။