ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ

တွေးမိတွေးရာ
ရေးမိရေးရာ (၁၀၅ )

သမိုင်း ထဲက မြန်မာ

ဒါ တို့ပြည်
ဒါ တို့ မြေ
တို့ ပိုင်တဲ့မြေ

တို့အားလုံးရဲ့
အမိ မြန်မာပြည်

သမိုင်းမတင်မီ
ကျော်ဆည် ဒေသ
လယ်တွင်းကိုးခရိုင်အနီး
ပန်းလောင်မြစ်ဖျားထိပ်နားက
ပြဒါးလင်းဂူနေ လူသားတို့ရဲ့
ကျောက်ခေတ်မှသည်
ပုဂံအနော်ရထာခေတ်
ဘုရင့်နောင် အလောင်းဘုရားခေတ်
လွတ်လပ်ရေးကြိုးပမ်းမှု ကာလ
ဗိုလ်ချုပ်အောဆန်းတို့ခေတ်
ဒီမိုကရေစီခေတ်ဦး ကာလ ဦးနုအစိုရခေတ်
ခေတ်တွေအဆက်ဆက်မှာ

ရှေးနှစ်ပေါင်းများစွာကတည်းက
ပညာရပ်နယ်ပယ်စုံမှာ
ရဟန်းရှင်လူ ပညာရှင်တွေ
ပညာတတ်လူတော်တွေ
အသိပညာပညာရှင် တွေ အတတ်ပညာရှင် တွေ
လူတော်တွေ ပေါင်း မြောက်များစွာ ပေါ်ထွန်းခဲ့တဲ့
အမိမြေ
မြန်မာနိုင်ငံ ကြီးပါ
မြန်မာတွေအများစုက
လူညံ့တွေမဟုတ်ကြပါ

မြန်မာဆိုတာ
ကမ္ဘာမှာ
မျိုးရိုးဂုဏ်ရှိန် မြင့်မားကြသူတွေ
များကြပါတယ်

ခလေးဘဝငယ်ငယ်က ဖတ်မှတ် ကြားဘူးခဲ့တဲ့
မိရိုးဖလာ မြန်မာစကားပုံအရ
ဆွမ်းဆန်ထဲ ကြွက်ချေး တွေလဲ
ရောနေနိုင်တာပေါ့

ခေတ်အဆက်ဆက်
သမိုင်းကြောင်းရှည်လျားပြီး
သမိုင်းနဲ့ ယဉ်ကျေးမှု တန်ဘိုး
အလွန်တရာ ကြီးမား ကြွယ်ဝတဲ့
မြန်မာပြည်ကြီးပေါ်ထွန်းလာကတည်းက
တိုင်းရင်းသား လူမျိုးပေါင်းစုံ
စုပေါင်းနေထိုင်လာခဲ့ကြတဲ့
ပြည်ထောင်စု မြန်မာနိုင်ငံကြီးပါ

ယနေ့ ကမ္ဘာပေါ်ကနိုင်ငံတွေမှာ
လူမျိုးတစ်မျိုးထဲ သာ နေထိုင်ကြတဲ့
နေရာဒေသများရှိရင် သိရင်
ထောက်ပြ ပြောပြကြပါ

ယနေ့ ခေတ်ပြောင်းကာလ
၂၁ ရာစြခေတ်သစ်ကမ္ဘာကြီးက
နေရာတိုက်းမှာလူမျိုးစုံနေထိုင်ကြတဲ့
ကမ္ဘာရွာကြီး Global Village ဖြစ်နေပါပြီ
အတူနေတိုင်းရင်းသားတွေကို
ဖယ်ရှားသုတ်သင် နေရာမပေးတဲ့ နိုင်ငံတွေ
ပမ္ဘာပေါ်မှာမရှိသလောက်ရှားသွားပါပြီ

အရာတိုင်းမှာချွင်းချက်ရှိသလိူ
ရှာမှရှားနိုင်ငံတွေလဲ ရှိနိုင်ပါသေးတယ် မှတ်ပါတယ်

ဒါတွေကိုတွေးမိရင်း

တို့နိုင်ငံကြီး မပျက်စီးစေရေး
ထာဝရ စည်ပင်သာယာဝပြောဘို့အရေး တွေက
မိမိတို့ရဲ့
မျိုးရိုးအစဉ်အလာတွေကို
ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ကြရင်း
အမိမြန်မာနိုင်ငံ တိုင်း ပြ ည်ကြီး
မပျက်စီးစေရေးက
အမျိုး ဘာသာ သာသနာချစ်ကြသူ
ပြ ည်ထောင်စုဖွား တိုင်းရင်းသားတွေ အားလုံးမိမိနိုင်ငံကိုချစ်မြတ်နိုးကြသူ အားလုံးတို့ အပေါ်မှာ
လုံးဝ ဥသုံ တာဝန်ရှိနေကြပါတယ် ခင်ဗျား

အေးမြင့် ( ညောင်တုန်း)
၁၁၊မေလ ၊ ၂၀၂၃

ရည်ညွှန်း

၁ ။ အမှတ်မထင်ပေါ်လာတဲ့ YouTube video ကြ ည့်ရင်း တွေးမိရေးမိလိုက်တာပါ

၂ ။ ဒေါက်တာတိုးလှ၏ လယ်တွင်းကိုးခရိုင်ကျောပ်ဆည်ဒေသ ဆည်မြောင်းသမိုင်းစာအုပ်ထဲက မြေပြန့်ဆင်းပြီး ဝမ်းရေး အသက်ရှင်ရေးအတွက် သားရှာငါးရာ စိုက်ပျိုးရေးပါ လုပ်နေကြမယ် ထင်ရတဲ့ ယနေ့ကင်းတားဆည်တည်ရှိရာ ပန်းလောင်မြစ်ဖျား ယနေ့ရွာငန်နယ် ပြဒါးလင်းဂူနေ ရှေးရှေးက ကျောက်ခေတ်လူသားမြန်မာတွေ အကြောင်း