အောက်မြန်မာပြည် က ဆည် ေ မြာင်းရေတံခါး သီချင်းများ နှင့် သီချင်းဗိဒီယို ဒါရိုက်တာ ကိုစိန်လင်း၊

• မှတ်ဖွယ်မှတ်ရာ

• မြန်မာ့ ဂီတ ရေးရာ

• စာပဒေသာ (၃)

New item

30 SEP 2022

UAMYINT

အောက်မြန်မာပြည် က ဆည် ေ မြာင်းရေတံခါး သီချင်းများ နှင့်

သီချင်းဗိဒီယို ဒါရိုက်တာ ကိုစိန်လင်း၊

m.youtube.com/watch

ပြန်လည်ကူးယူ ဖေါ်ပြပါသည်။

တွေးမိတွေးရာ ရေးမိရေးရာ ( ၁၄၀ )

( မြန်မာ့ဂီတလောက )

သီချင်းဗိဒီယို ဒါရိုက်တာ ကိုစိန်လင်း၊

နှင့်

ဆည် ေ မြာင်းရေတံခါး သီချင်းများ ။

အေးမြင့် (ညောင်တုန်း)

၁၈ ၊ ၄၊ ၂၀၂၃

သက္ကရာဇ် ၂၀၀၀ ဝန်းကျင်ကာလနဲ့ ၂၁ ရာစုရဲ့ အာရုဏ်ဦးကာလတွေမှာ

ကျွန်တော်တို့တစ်တွေနဲ့အတူ ဆည်မြောင်းရေတံခါးသီချင်းတွေ အတူတကွ တပျော်တပါး နဲ့

မညီးမညူ လုပ်ပေးသွားခဲ့သူ၊ ဒါရိုက်တာ ကိုစိန်လင်း (ပုံရိပ် ေ ရွှ ဗမြ)

ကွယ်လွန်ခဲ့့တာ ကြာခဲ့ပါပြီ ။

ပဲခူးတိုင်း၊ပဲခူးခရိုင် ထဲက ဝေါမြို့နယ် ရှမ်းကိုင်းရွာနှင့် ကပ်လျက်၊

ရှေးနှစ်ပေါင်း များစွာ ၊ နှစ်ပေါင်း ၁၀၀ ကျော် ခန့် ကာလ ကတည်းက ကော သွားခဲ့တဲ့၊

နှစ်ပေါင်းများစွာကတည်းက နုန်းထုတွေ တစ်ဖြည်းဖြည်း ဖုံးလွမ်းသွားခဲ့ခါ လယ် မြေတွေဖြစ် သွားခဲ့တဲ့

စစ်တောင်း မြစ် ဟောင်းကြီးထဲမှာ

တစ်နှစ် အတွင်း

လုပ်ငန်းရာသီ ၂ ရာသီ နဲ့ ကျွန်တော် တို့ ဆည် မြောင်းသားတွေ ခက်ရာခက်ဆစ် တည်ဆောက် ပြီးစီးခဲ့တဲ့

ရှမ်းကိုင်း ရွာဘေးက ရေထုတ် ရေထိန်း ရေတံခါးကြီး တစ်ခုရှိခဲ့တယ်။

ရှမ်း ကိုင်း ရေတံခါး အတွက် အမှတ်တရသီချင်းတစ်ပုဒ် ကို

တေးရေးဆရာ အင်ဂျင်နီယာ တစ်ရုံးထည်းနေ ကိုစံသွင် နဲ့အတူ တိုင်ပင်ပြီး

ကျွန် တော်က သီချင်းအတွက် အကြောင်းအရာတွေနဲ့ ပြောချင်ပြချင် တာတွေကို

ပုံ ကြမ်းဖေါ်ပေးတာကို ၊ တေးရေးဆရာ သူက သီချင်းတစ်ပုဒ်ဖြစ်အောင် ပုံဖေါ် ရေးစပ်ပေးခဲ့ပါတယ် ။

ကျွန်တော်က သီချင်းဂီတတွေ နားထောင်ရတာ ဝါသနာပါလို့ ၊မကြာခန နားထောင်ဖြစ်ခဲ့ ရာက ၊ Youtube mtv မှာ ခနခန ကြည့်ဖြစ်နေခဲ့တဲ့ထိုင်း တယောပညာရှင်မလေး Venesa Mae ရဲ့ တယောလက်သံတွေ ကိုနှစ်ချိုက် သဘောကျ နေမိ ခဲ့တဲ့အချိန် နဲ့ ကိုယ်တိုင်စီမံကွပ်ကဲတည် ဆောက်ခဲ့တဲ့ ရှမ်းကိုင်း ရေတံခါး ပြီးချိန် တွေနဲ့ တိုက်ဆိုင်နေတဲ့ကာလလဲဖြစ် နေတယ်. ။

.တယော သံတွေနားထောင်၇တာ သဘော တွေ့နေ မိခဲ့ရာက ၊တယောပညာရှင် ဆရာကြီး တယော ဦးတင်ရီအဖွဲ့ကို တစ်စ်ရုံးထဲနေ အနုပညာသမား ဒရမ် တီးခတ် ပညာရှင် ရုံး အုပ်ကြီး ကိုဇော် မင်းေ အာင်က ဆက်သွယ် ခေါ်ယူ ပေးခဲ့တယ်.။

တေးသံရှင် နဲ့ ရုပ်သံ ဗီဒီယို ဿရုပ် ဆောင် တွေကို ဆည် မြောင်း က အနုပညာဝါသနာပါသူ တစ်ရုံးထဲနေ ကျွန်တော်တို့ ၃ ဦးက တိုင်ပင် ေရွး ခြယ် ခဲ့ ကြတယ်။ ကိုဇော်မင်းအောင်ကဘဲ နာမည်၇ နေပြီဖြစ်တဲ့ တက်သစ်စ တေးသံရှင် တင်ဇာမော်နဲ့ ရုပ်သံအတွက် ဗီဒီယို သရုပ်ဆောင် အေးဝတ်ရည် သောင်းကို သွားရောက် ညှိနှိုင်း ခေါ် ယူ ပေးခဲ့တယ် ။

ဒါရိုက်တာကိုစိန်လင်းနဲ့တိုင်ပင်ပြီး ရေတံခါးသီချင်း တစ်ပုဒ် လုပ်ဖြစ်ခဲ့လိုက်တယ် ။

အောက်မြန်မာပြည် မြစ်ဝကျွန်းပေါေ ဒသအတွက် ရေတံခါးတွေ ကို ဆည် မြောင်း မှာ ကျွန်တော်တို့ အင်ဂျင်နီယာ တွေ တစ်ခုပြီးတစ်ခု တည် ဆောက် နေသလို ေ၇တံခါးကြီး တွေ အောင်မြင်စွာ ပြီးသွား လို့ ရေတံခါး ဖွင့်ပွဲတွေအတွက် အမှတ်တရ ေ၇တံခါး ဂုဏ်ပြု သီချင်း တွေ ရေတံခါးသီချင်း တွေကိုလဲ တစ်ပုဒ်ပြီး တစ်ပုဒ် လုပ်ဖြစ်ခဲ့ကြတယ် ။

ရေတံခါး သီချင်း နာမည် တွေအပေးကောင်းတဲ့တစ်ရုံးထဲသား ရုံးအုပ်ကြီး ကိုဇော်မင်းအောင်က ရှမ်းကိုင်းရေတံခါး အတွက် ဥဿာတိုင်းရဲ့ ရွှေရှမ်းကိုင်း လို့ သီချင်းနာမည်ကို ကောင်း ကောင်း ပေးခဲ့ပါတယ် ။

ခေတ် ကာလနာမည်ရနေတဲ့ အဆိုတော် တင်ဇာမော်နဲ့အတူ ခေတ်ကာလနာမည်ကြီး နေတဲ့ သရုပ်ဆောင် အေးဝတ်ရည် သောင်းတို့ ကို ရုံးအုပ်ကြီး ကိုဇော်မင်းအောင်က ချိတ်ဆက် ခေါ်လာပြီး mtv သီချင်းဗီဒီယို ေ တွ ရိုက်ဖြစ်ခဲ့လိုက်ပါ တယ်။

ညှိနှိုင်း ခေါ်လာခဲတဲ့ တယောဆရာကြီးဦးတင်ရီက နောက်နေ့မှာသူကမအားဘူးဖြစ်နေတယ်. ပြန်ရမှာမို့ ညတွင်းကြီး သန်းခေါင်သလွဲ ညကြီးမင်းကြီး ထဲမှာကိုစိန်လင်းနဲ့ အတူ ဗီဒီယိုတွေ ရိုက်ခဲ့ကြရ တယ် ။

ကျွန်တော်က ေ၇တံခါးအတွက် မိမိပြချင် ပြောချင် ဖြစ်ချင်တာတွေ ကိုဒါရိုက်တာ ကိုစိန်လင်းကို ပြောပြ တိုင်ပင်ပြီးသီချင်းဗီဒီယို ကို အပြီး ရိုက်ခဲ့ကြရတယ် ။

ကွယ်လွန်သွားလေသူ ဒါရိုက်တာ ကိူစိန်လင်းက ခေတ်အဆိုတော် တင်ဇာမော်နဲ့ ရိုက်ကွင်းအတွက် ဆွေးနွေးနေစဉ် ကျွန်တော်နဲ့ တေးရေးဆရာကိုစံသွင်တို့ကလဲ ရေတံခါး သရုပ် ဖေါ် ရိုက်ကွင်း ကောင်းတွေရဘို့အရေး တိုင်ပင် ဆွေး နွေး ညှိနှိုင်းခဲ့ကြရတယ်။ တစ်နေ့လုံးနဲ့ သန်းခေါင် ညာဉ့်နက်ချိန်အထိ တစ်ညလုံး ရုပ်သံဗီဒီယို တွေ ရီုက်ခဲ့ကြပြီး နောက်ရက်မှာ မြို့ထဲက တေးသံသွင်းစတူဒီယိုတစ်ခုမှာ ကျွန်တော်က ကိုစိန်လင်းနဲ့အတူ ကွန်ပြူတာစားပွဲထိုင်ပြီး သီချင်းအတွက် ညလုံးပေါက် မိုးလင်းသည် အထိ ရုပ်သံ သီချင်းဗီဒီယိုကို ၂ ယောက်သားတိုင်ပင် ညှိနှိုင်းပြီးသူက ကွန်ပြူတာပေါ် မှာ တည်းဖြတ်ခါ ကျွန် တော့်အလိုကျ ကျွန်တော့်စိတ်ကြိုက် သီချင်းတစ်ပုဒ် ဖြစ်အောင်ဖန်တီး စီစဉ် လုပ်ပေး ခဲ့ပါတယ် ။

၁ နာရီ ကျော် ကြာ ၂ နာရီခန့် ရေတံခါးပေါ်မှာ သူရိုက်လာခဲ့တဲ့ ရိုက်ကွက်တွေထဲက ကောင်းတာတွေ ရိုက်ချက် ကောင်းတွေကို နှစ် ယောက်သားတိုင်ပင် ရွေးခြယ်ပြီး စိတ်ကြိုက် ရွေးထုတ်ခါ၊ မြန်မာ့အသံ ခွင့်ပြုချက်အရ ၆ မိနစ် ကျော်ခန့် သာ ကြာရ မဲ့ သီချင်းဗီဒီယို တစ်ခု ဖြစ်အောင် ဖန်တီး ခဲ့ကြရတာ အလွန် ပညာသားပါလှပါတယ် ။ ကျွန် တော် ဖြစ်ချင်တာတွေပြကွက် တွေရိုက်ချက် တွေ ကို စနစ်တကျ စီကာစဉ်ခါ ပါအောင် မညီးမညူ လုပ်ပေးခဲ့တဲ့ ကိုစိန်လင်းကို အထူး ကျေးဇူးတင် နေရပါတယ်. ဆည် မြောင်းရေတံခါးသီချင်းတွေ အများကြားမှာ အကြိုက်ဆုံ ရေတံခါးသီချင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်

ကျွန် တော်က ဖြစ်ချင်တာတွေ ၊ပါသင့်တာတွေ ၊ ပြောချင်တဲ့အကြောင်း အရာတွေ အစုံ အကုန်ပါအောင် အနုပညာသားပါပါ ကိုစိန်လင်းနဲ့ ၂ ယောက် သား တိုင်ပင် လုပ်ခဲ့ကြရတာ မမေ့စရာပါ။

ကိုစိန်လင်းက ကျွန်တော်လိုအင်ဆန္ဒ အတိုင်း မညီးမ ညူ စိတ်ရှ ည် ရှည် နဲ့ လုပ်ပေးခဲ့ပါတယ် ။

သက္ကရာဇ် ၂၀၀၀ ပတ်ဝန်းကျင် နှစ်တွေနဲ့ ၂၁ ရာစုရဲ့ အစပိုင်း ကာလ ၂၁ ရာစု အရုဏ်ဦး အချိန် တွေမှာ ဆည် မြောင်းမှာ ကျွန်တော် တာဝန်ကျခဲ့စဉ် ၊ကိုစံသွင် ကိုဇော်မင်းအောင်တို့နဲ့အတူ အောက်မြန်မာပြည် ဆည် မြောင်း ရေတံခါးသီချင်းတွေ ကျွန်တော်တို့ စုပေါင်း လုပ်ခဲ့ကြရာမှာ မြန်မာဘို သီချင်း ( ၇) ပုဒ် အင်္ဂလိပ် လို သီချင်း (၃) ပုဒ် စုစုပေါင်း ဆည် မြေ င်း ရေတံခါး သီချင်း ၁၀ ပုဒ််လုပ်ဖြစ် ခဲ့ကြတယ် ၊

ရေတံခါးသီချင်းတွေများစွာထဲ မှာ ရှမ်းကိုင်ရေတံခါးသီ ချင်းက တော့တယောသံတွေ မြိုင်မြိုင်ဆိုင်ဆိုင် နဲ့အကောင်း ဆုံး ရေတံခါးသီချင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ် ။

ဆည်မြောင်းသီချင်းရိုက်ကွက် မျတ်တမ်းဓာတ်ပုံတစ်ခုမဝါ ပုံတစ်ပုံထဲမှာ) ရှမ်းကိုင်းရေတံတံခါးပေါ်မှာ ရိုက်ကွင်းအတွက် အလုပ်များ နေတဲ့ တဲ့ ဂီတ ရုပ်ရှင်သမား၂ ယောက်က ဒါရိုက်တာ ကိုစိန်လင်းနဲ့ အဆိုတော် တင်ဇာမော်တို့ဖြစ်ကြပြီး ၊အနားမှာ က အင်ဂျင်နီယာ အနုပညာသမား တွေဖြစ်ကြတဲ့ တေးရေးဆရာ ကိုစံသွင်နဲ့ မြစ်ဝကျွန်းပေါ် အင်ဂျင်နီယာကျွန်တော်တို့ ၂ ယောက် အလုပ်များနေကြပုံ ဖြစ်ကြပါတယ်။

အင်ဂျင်နီယာအလုပ် ဖြစ်တဲ့ စစ်တောင်းမြစ်ဟောင်းင်္ကြးထဲမှာ ရေတံခါးကို ဆောက်ခဲ့ရာမှာ အင် ဂျင်နီယာနည်းပညာတွေ မျိုးစုံ ကို ကျွန်တော် သုံးခဲ့ရ ပြီးဆည်မြောင်းအင်ဂျင်နိယာငယ် တွေနဲ့အတူ မိမိကိုယ် တိုင် အင်ဂျင်နီယာ ပညာသားပါပါ တာဝန်ယူ တည် ဆောက်ခဲ့ရ သလို ၊ အမှတ်တရ ရေတံခါးသီချင်းကိုလဲ တေးဂီတ အနုပညာရှင် တွေ ရုပ်ရှင် ဒါရိုက်တာတွေနဲ့ ပေါင်းပြီး အနု ပညာမြောက်စွာ ပညာ သားပါပါ မိမိကိုယ် တိုင် တာဝန်ယူ ဖန်တီး လုပ်ဖြစ်ခဲ့ လိုက် ပါတယ် ။

နုန်းတက် ကောသွားခဲ့တဲ့ စစ်တောင် မြစ်ဟောင်းကြီးထဲမှာ တည် ဆောက်ထားခဲ့တဲ့ရှမ်းကိုင်းရေတံ ခါးကတော့ယနေ့ ထိ တိုင် မပျိုမပျက်ဘဲ ေ၇တံခါးတာဝန်တွေအလုပ် တွေကို ဆက်လက် ထမ်း နေမြဲ ရှိနေပါတယ်။ မိုးရာသီရာသီမှာ ဒေသတွင်း ပတ်ဝန်းကျင် လယ် ကွင်း တွေထဲက ရေကြီးရေလျံ ပိုလျံ ရေတွေကို ရေတံခါးအထက် ရှမ်းကိုင်းချောင်း ထဲ မှတစ်ဆင့် ရေတံခါး ကိုဖြတ်ခါ ရေတံခါး အောက် မှတစ်ဆင့် အနီး က စစ်တောင်း မြစ် ထဲကို ပုံမှန် မိုးရေ တွေ ထုတ်ပေးလျက် ရှိ နေင်္ပြး ၊ စစ်တောင်းမြစ် နဲ့ဆက်နေတဲ့ ရှမ်းကိုင်း ချောင်းအဝ ရေငန် ဒေသမှာ နွေရာသီ မှာ ရေတံခါးအထက် အတွင်းပိုင်း က ရှမ်းကိုင်းချောင်းထဲမှာ ရေချို တွေ ကို စိုက် ေ၇း ပျိုးေ၇း နဲ့ ကျွဲ တွေနွား တွေ သောက်သုံးေ၇ ေ တွ အတွက် ေ၇ ချို တွေ ကို ထိန်းသိမ်းသိုလှောင် ထား ပေး လျက် ရှိနေပါတယ် ။

ဇာတိ ၊ဇရာ ဗျာတိ မရဏာ

ယခုတော့ သီချင်း ဗီဒီယို ဒါရိုက်တာ စိန်လင်းလဲမရှိတော့၊ တယောဦးတင်ရီလဲမရှိ တော့ ၊

သူတို့ရဲ့ အနုပညာ လက်ရာတွေ ကတော့ နိုင်ငံအတွက် ကျန် ရစ်ခဲ့ပါတယ် ၊

ကျွန်တော်တို့တစ်တွေလဲ ဇရာ အရွယ် တွေ ကိုယ်တိုင် ရောက်လို့ နေကြပါပြီ။

အေးမြင့် ( ညောင်တုန်း )

၂၉ ၊၉ ၊၂၀၂၂

၁၈၊၄၊၂၀၂၃ ( edited )

ရည် ညွှန်း ။

၁။ youtube video :Twilight of Twenty First Century:Dawn over wetlands ( 5 /1 ) and ( 5/2 )

( ၂၁ ရာစုရဲ့ အရုဏ်ဦး ၊ရေနက်ကွင်းရဲ့ လရောင် ခြည် ) ဆည် ေ မြာင်းရေတံခါး သီချင်းများ။

ရှမ်းကိုင်းရေတံခါး သီချင်း ၊ ဥဿာတိုင်းရဲ့ ေ ရွှရှ မ်းကိုင်း၊ ( မြန်မာ ၊ English )

၂။ ayemyint.blog အင်တာနက်စာမျက်နှာပေါ်က ဆည် မြောင်း ရေတံခါး သီချင်းများ ။