စီစဉ် ညွန်ကြား သူ – အေးမြင့် ( ညောင်တုန်း )
ဒါရိုက်တာ – စိန်လင်း ( ပုံရိပ် ေ ရွှ မြေ )
တေး ရေး – စံသွင် ( နမ္မတူ )
ဆည် မြောင်း ရေတံခါး သီချင်းများ ။
၁။ ညောင်တုန်းကျွန်း ။ ပန်းလှိုင် ရေတံခါ။ နှင့် ၊ မဲဇလီ ရေတံခါး ။ ရေနက်ကွင်းရဲ့ လင်း ရောင်ခြည် ။ ( ) ပန်း လှိုင် ရေတံခါး ဖွင့် လှစ်သည့် နေ့ – နှစ် ၊ လ ရက် နေ့ ။ မဲဇလီ ရေတံခါး ဖွင့် လှစ်သည့် နေ့ – နှစ် ၊ လ ၊ ရက် နေ့ ။ သီချင်းအမည် – ရေနက်ကွင်းရဲ့ လင်း ရောင်ခြ ည်။ တေးဆို / သရုပ်ဆောင် – စိုင်းထီးစိုင်း ၊ မိမဝင်းဖေ ၊ စံသွင် (နမ္မတူ) ၊
၂။ ညောင်တုန်းကျွန်း ဝါး တော ရေ ထိန်း တံခါဂ နှင့် ထနီး ရေထိန်းတံခါး ။ ထနီး ေ ရတံခါး ဖွင့် လှစ်သည့် နေ့ – ၂၀၀၀ ပြည့် နှစ် ၊ ဒီဇင်ဘာ လ ၂၂ ရက် နေ့ ။ သီချင်းအမည် – တေးဆို – စိုးစန္ဒာ ထွန်း။ သရုပ် ဆောင် – စိုးစန္ဒာ ထွန်း နှင့် ဆည် မြောင်း တည် ဆောက်ရေး(၆)ဝန်ထမ်းများ
၃။ ညောင်တုန်းကျွန်း မိုး မခ ရေတံခါ။ ဖွင့် လှစ်သည့် နေ့ – ၂၀၀၀ ပြည့် နှစ် ၊ ဒီဇင်ဘာ လ ၂၂ ရက် နေ့ ။ သီချင်းအမည် – ရေနက်ကွင်းရဲ့ နှလုံးသား ။ တေး ဆို – ချော စုခင် ။ သရုပ်ဆောင် – ရတနာခင်
၄ ။ တွ့ံတေး မြို့ နယ် ၊ ရွှေ မယင်း ကွင်း ၊ ဇီးဖြူကုန်း ေ ရထိန်းတံခါး ဖွင့် လှစ်သည့် နေ့ – ၂၀၀၀ ပြည့် နှစ် ၊ ဒီဇင်ဘာ လ ၂၂ ရက် နေ့ ။ သီချင်းအမည်- ေ ရွှ မယင်း ရဲ့ အရုဏ်ဦး တေးဆို – / သရုပ် ဆောင် ရတနာဦး
၅ (က) ပဲခူးတိုင်း ၊ ဝေါ မြို့နယ် , ရှမ်းကိုင်း ရေတံခါး။ ဖွင့် လှစ်သည့် နေ့ – ၂၀၀၁ ခု နှစ် ၊ မတ် လ ၂၅ ရက် နေ့ ။ သီချင်းအမည်။ – ဥဿာ တိုင်း ရဲ့ ေ ရွှ ရှမ်းကိုင်း ။ ( မြန်မာ )။ တေးဆို – တင်ဇာမော် ၊ သရုပ် ဆောင် – အေးဝတ်ရည် သောင်း ၊
၅ (ခ) ပဲခူးတိုင်း ၊ ဝေါ မြို့နယ် , ၊ ရှမ်းကိုင်း ရေတံခါး။ ဖွင့် လှစ်သည့် နေ့ – ၂၀၀၁ ခု နှစ် ၊ မတ် လ ၂၅ ရက် နေ့ ။ သီချင်းအမည် – Golden Shangaing ဥဿာ တိုင်း ရဲ့ ေ ရွှ ရှမ်းကိုင်း ။ ( အင်္ဂလိပ် ) တေးဆို – တင်ဇာမော် ၊ သရုပ် ဆောင် – အေးဝတ်ရည် သောင်း ၊
၆ .(က) ပဲခူး တိုင်း ၊၊ ကဝ မြို့ နယ်. ပိုင်ကျုံရေတဲခါး။ ဖွင့် လှစ်သည့် နေ့ – ၂၀၀၂ ခု နှစ် ၊ ဖေဖေါ် ဝါရီလ ၂၄ ရက် နေ့ ။ သီချင်းအမည် – ပိုင်ကျုံရေတံခါး ဒို့ စွမ်းအား ( မြန်မာ ) တေးဆို /သရုပ် ဆောင် ၊ရတနာဦး ၊ ချောစုခင် ၊ လေးလေးဝါး
၆ .( ခ ) ပဲခူး တိုင်း ၊၊ ကဝ မြို့ နယ်. ပိုင်ကျုံရေတဲခါး။ ဖွင့် လှစ်သည့် နေ့ ဖွင့် လှစ်သည့် နေ့ – ၂၀၀၂ ခု နှစ် ၊ ဖေဖေါ် ဝါရီလ ၂၄ ရက် နေ့ ။- သီချင်းအမည် – Power of Paine Kyone ပိုင်ကျုံရေတံခါး ဒို့ စွမ်းအား ( အင်္ဂလိပ် ) တေးဆို /သရုပ် ဆောင် ၊ရတနာဦး ၊ ချောစုခင် ၊ လေးလေးဝါး
၇ ။ တာဝ ေ ရထိန်းတဲခါး ။ ဖွင့် လှစ်သည့် နေ့ – ၂၀၀၂ ခုနှစ် ၊ ဒီဇင်ဘာ လ ၃၀ ရက် နေ့ ။ သီချင်းအမည် – သာစွတာဝ ဥဿာအလှ ၊. တေးဆို – လေးလေးဝါး သရုပ် ဆောင် – လေးလေးဝါး ၊ လှ အဥဇလီတင့် နှင့် ဆည် မြောင်း တည် ဆောက် ရေး (၆) ဝန်ထမ်းများ ။
ဆည် ေ မြာင်းရေတံခါး သီချင်းများ နှင့် သီချင်းဗိဒီယို ဒါရိုက်တာ ကိုစိန်လင်း၊
တွေးမိတွေးရာ
ရေးမိရေးရာ ( ၁၄၀ )
( မြန်မာ့ဂီတလောက )
သီချင်းဗိဒီယို ဒါရိုက်တာ ကိုစိန်လင်း၊
နှင့်
ဆည် ေ မြာင်းရေတံခါး သီချင်းများ ။
သက္ကရာဇ် ၂၀၀၀ ဝန်းကျင်ကာလနဲ့
၂၁ ရာစုရဲ့ အာရုဏ်ဦးကာလတွေမှာ
ကျွန်တော်တို့တစ်တွေနဲ့အတူ
ဆည်မြောင်းရေတံခါးသီချင်းတွေ
အတူတကွ တပျော်တပါး နဲ့
မညီးမညူ လုပ်ပေးသွားခဲ့သူ၊
ပဲခူးတိုင်း၊ပဲခူးခရိုင်၊ ဝေါမြို့နယ် ရှမ်းကိုင်းရွာနှင့် ကပ်လျက်၊
ရှေးနှစ်ပေါင်း များစွာ ၊ နှစ်ပေါင်း ၁၀၀ ကျော် ခန့် ကာလ ကတည်းက ကော သွားခဲ့တဲ့၊
နှစ်ပေါင်းများစွာကတည်းက နုန်းထုတွေ တစ်ဖြည်းဖြည်း
ဖုံးလွမ်းသွားခဲ့ခါ လယ် မြေတွေဖြစ် သွားခဲ့တဲ့
စစ်တောင်း မြစ် ဟောင်းကြီးထဲမှာ
လုပ်ငန်းရာသီ ၂ ရာသီ နဲ့ တစ်နှစ် အတွင်း မှာ
တည်ဆောက် ပြီးစီးခဲ့တဲ့
ရှမ်းကိုင်း ရေထုတ် ရေထိန်း ရေတံခါး တစ်ခုရှိခဲ့တယ်။
ရေတံခါး အတွက်
အမှတ်တရသီချင်းတစ်ပုဒ် ကို
တေးရေးဆရာ အင်ဂျင်နီယာ
တစ်ရုံးထည်းနေ ကိုစံသွင် နဲ့အတူ
တိုင်ပင်ပြီး သူက သီချင်းတစ်ပုဒ် ရေးစပ်ပေးခဲ့ပါတယ် ။
ကျွန်တော်က သီချင်းဂီတတွေ နားထောင်ရတာ ဝါသနာပါလို့ ၊
မကြာခန နားထောင်ဖြစ်ခဲ့ ၊ Youtube mtv မှာ ကြည့်ဖြစ်နေခဲ့တဲ့
ထိုင်း တယောပညာရှင်မလေး Venesa Mae ရဲ့
တယောလက်သံတွေ ကိုနှစ်ချိုက် သဘောကျမိခဲ့ရာက ၊
တယောပညာရှင် ဆရာကြီး
တယော ဦးတင်ရီအဖွဲ့ကိုခေါ်ယူခါ
ဒါရိုက်တာကိုစိန်လင်းနဲ့တိုင်ပင်ပြီး
ရေတံခါးသီချင်း တစ်ပုဒ် လုပ်ဖြစ်ခဲ့လိုက်တယ် ။
။
ရေတံခါးသီချင်းနာမည် တွေအပေးကောင်းတဲ့
တစ်ရုံးထဲသား ရုံးအုပ်ကြီး ကိုဇော်မင်းအောင်က
ဥဿာတိုင်းရဲ့ ရွှေရှမ်းကိုင်း လို့
သီချင်းနာမည်ကို ကောင်း ကောင်း ပေးခဲ့ပါတယ် ။
ခေတ် ကာလနာမည်ရနေတဲ့ အဆိုတော် တင်ဇာမော်နဲ့အတူ
ခေတ်ကာလနာမည်ကြီး နေတဲ့ သရုပ်ဆောင် အေးဝတ်ရည် သောင်းတို့ ကိုဇော်မင်းအောင်က ချိတ်ဆက် ခေါ်လာပြီး mtv သီချင်းဗီဒီယို ရိုက်ဖြစ်ခဲ့လိုက်ပါ တယ်။
တယောဆရာကြီးဦးတင်ရီက နောက်နေ့မှာသူကမအားဘူး
ပြန်ရမှာမို့ ညတွင်းကြီး သန်းခေါင်သလွဲ ညကြီးမင်းကြီး ထဲမှာ
ကိုစိန်လင်းနဲ့ အတူ ဗီဒီယိုတွေ ရိုက်ဖြစ်ခဲ့ကြတယ် ။
မိမိပြချင် ပြောချင် ဖြစ်ချင်တာတွေ ကို
ဒါရိုက်တာ ကိုစိန်လင်း ု့ကို ပြောပြ တိုင်ပင်ပြီး
သီချင်းဗီဒီယို ကို အပြီး ရိုက်ခဲ့ကြရတယ် ။
ကွယ်လွန်သွားလေသူ ဒါရိုက်တာ ကိူစိန်လင်းက ခေတ်အဆိုတော် တင်ဇာမော်နဲ့ ရိုက်ကွင်းအတွက် ဆွေးနွေးနေစဉ် ကျွန်တော်နဲ့ တေးရေးဆရာကိုစံသွင်တို့ကလဲ ရေတံခါး သရုပ် ဖေါ် ရိုက်ကွင်း ကောင်းတွေရဘို့အရေး ဆွေး နွေး ညှိနှိုင်းခဲ့ကြတယ်။
နောက်ရက်မှာ မြို့ထဲက တေးသံသွင်းစတူဒီယိုတစ်ခုမှာ
ကိုစိန်လင်းနဲ့အတူ ကွန်ပြူတာစားပွဲထိုင်ပြီး သီချင်းအတွက် ညလုံးပေါက် မိုးလင်းသည် အထိ ရုပ်သံ သီချင်းဗီဒီယိုကို
၂ ယောက်သားတိုင်ပင် ညှိနှိုင်းပြီး
သူက ကွန်ပြူတာပေါ် မှာ တည်းဖြတ်ခါ
ကျွန်တောစိတ်ကြိုက် သီချင်းတစ်ပုဒ် ဖြစ်အောင်
ဖန်တီး စီစဉ် လုပ်ပေး ခဲ့ပါတယ် ။
၁ နာရီ ကျော် ကြာ ၂ နာရီခန့် ရေတံခါးပေါ်မှာ သူရိုက်လာခဲ့တဲ့ ရိုက်ကွက်တွေထဲက ကောင်းတာတွေရွေးထုတ်ပြီး ၊ မြန်မာ့အသံ ခွင့်ပြုချက်အရ ၆ မိနစ် ကျော်ခန့် သာ ကြာရ မဲ့ သီချင်းဗီဒီယို တစ်ခု ဖြစ်အောင် ဖန်တီး ခဲ့ကြရတာ အလွန် ပညာသားပါလှပါတယ် ။
ကျွန် တော်က ဖြစ်ချင်တာတွေ ၊ပါသင့်တာတွေ ၊ ပြောချင်တဲ့အကြောင်း အရာတွေ အစုံ အကုန်ပါအောင် အနုပညာသားပါပါ ကိုစိန်လင်းနဲ့ ၂ ယောက် သား တိုင်ပင် လုပ်ခဲ့ကြရတာ မမေ့စရာပါ။
ကိုစိန်လင်းက ကျွန်တော်လိုအင်ဆန္ဒ အတိုင်း မညီးမ ညူ စိတ်ရှ ည် ရှည် နဲ့ လုပ်ပေးခဲ့ပါတယ် ။
ဆည် မြောင်းမှာ တာဝန်ကျခဲ့စဉ် ၊
ကိုစံသွင် ကိုဇော်မင်းအောင်တို့နဲ့အတူ ဆည် မြောင်း ရေတံခါးသီချင်းတွေ ကျွန်တော်တို့ စုပေါင်း လုပ်ခဲ့ကြရာမှာ မြန်မာ( ၇) ပုဒ် အင်္ဂလိပ် (၃) ပုဒ် စုစုပေါင်း ၁၀ ပုဒ််လုပ်ဖြစ် ခဲ့ကြတယ် ၊
ရှမ်းကိုင်ရေတံခါးင်းချင်းက တော့
တယောသံတွေ မြိုင်မြိုင်ဆိုင်ဆိုင် နဲ့
အကောင်း ဆုံး ရေတံခါးသီချင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ် ။
ပူးတွဲပုံထဲမှာ
ရှမ်းကိုင်းရေတံတံခါးပေါ်မှာ ရိုက်ကွင်းအတွက်
အလုပ်များ နေတဲ့ တဲ့ ဂီတ ရုပ်ရှင်သမား၂ ယောက် ဒါရိုက်တာ ကိုစိန်လင်းနဲ့ အဆိုတော် တင်ဇာမော်တို့ဖြစ်ကြပြီး ၊
အနားမှာ က အင်ဂျင်နီယာ အနုပညာသမား တွေဖြစ်ကြတဲ့ တေးရေးဆရာ ကိုစံသွင်နဲ့ မြစ်ဝကျွန်းပေါ် အင်ဂျင်နီယာ
ကျွန်တော်တို့ ၂ ယောက် ဖြစ်ကြတယ် ။
အင်ဂျင်နီယာအလုပ် ဖြစ်တဲ့
စစ်တောင်းမြစ်ဟောင်းင်္ကြးထဲမှာ ရေတံခါးကို ဆောက်ခဲ့ရာမှာ
အင် ဂျင်နီယာနည်းပညာတွေ မျိုးစုံ ကို ကျွန်တော် သုံးခဲ့ရ ပြီးဆည်မြောင်းအင်ဂျင်နိယာငယ် တွေနဲ့အတူ မိမိကိုယ် တိုင် ပညာသားပါပါ တာဝန်ယူ တည် ဆောက်ခဲ့သလို ၊
အမှတ်တရ ရေတံခါးသီချင်းကိုလဲ တေးဂီတ အနုပညာရှင် တွေ ရုပ်ရှင် ဒါရိုက်တာတွေနဲ့ ပေါင်းပြီး အနု ပညာမြောက်စွာ
မိမိကိုယ် တိုင် တာဝန်ယူ ဖန်တီး လုပ်ဖြစ်ခဲ့ ပါတယ် ။
နုန်းတက် ကောသွားခဲ့တဲ့ စစ်တောင် မြစ်ဟောင်းကြီးထဲမှာ တည် ဆောက်ထားခဲ့တဲ့ရှမ်းကိုင်းရေတံ ခါးကတော့
ယနေ့ ထိ တိုင် မပျိမပျက် ရှိနေပါတယ်။
မိုးရာသီရာသီမှာ လယ် ကွင်း တွေထဲက ရေကြီးရေလျံ ပိုလျံ ရေတွေကို ရေတံခါးအောက် မှတစ်ဆင့် စစ်တောင်း မြစ် ထဲကို ပုံမှန် ထုတ်ပေးလျက် ရှိ နေင်္ပြး ၊ နွေရာသီ မှာ ရေတံခါးအထက် အတွင်းပိုင်း က ရှမ်းကိုင်းချောင်းထဲမှာ မှာ ရေချို တွေ ကို ထိန်းသိမ်းသိုလှောင် ထား ပေး လျက် ရှိနေပါတယ် ။
ဇာတိ ၊ဇရာ
ဗျာတိ မရဏာ
ယခုတော့
သီချင်း ဗီဒီယို ဒါရိုက်တာ စိန်လင်းလဲမရှိတော့၊
တယောဦးတင်ရီလဲမရှိ တော့ ၊
သူတို့ရဲ့ အနုပညာ လက်ရာတွေ ကတော့
နိုင်ငံအတွက် ကျန် ရစ်ခဲ့ပါတယ် ၊
ကျွန်တော်တို့တစ်တွေလဲ
ဇရာ အရွယ် တွေ ရောက်လို့ နေကြပါပြီ။
အေးမြင့် ( ညောင်တုန်း )
၂၉ ၊၉ ၊၂၀၂၂
ရည် ညွှန်း ။
၁။ youtube video :Twilight of Twenty First Century:Dawn over wetlands ( 5 /1 ) and ( 5/2 )
( ၂၁ ရာစုရဲ့ အရုဏ်ဦး ၊ရေနက်ကွင်းရဲ့ လရောင် ခြည် ) ဆည် ေ မြာင်းရေတံခါး သီချင်းများ။
ရှမ်းကိုင်းရေတံခါး သီချင်း ၊ ဥဿာတိုင်းရဲ့ ေ ရွှရှ မ်းကိုင်း၊ ( မြန်မာ ၊ English