အသက်သခင် ရေ။ မြန်မာ မှာ ရေငန်မှ ရေချိုချက် ပြီးသုံးဘို့ လို နေ ပြီ လား

ေ တွးမိ ေ တွးရာ

ရေရေးရာ

စာပဒေသာ (၁)

ရေသည်အသက်

ပင်လယ် ရေငန်ကို ရေချို ချက်၍ ကမ္ဘာ အဝှမ်း မှာ

သုံး နေ နေကြပြီ။

မြန်မာမှာ ရေငန်မှ ရေချိုချက် ပြီးသုံးဘို့ လို နေ ပြီ လား

မိတ် ေ ဆွ အင် ဂျင် နီ ယာတဦး ၏အ မေး အတွက်

ချက်ခြင်း ေ ပါ် လာ မိ တဲ့ မိမိ၏ အ ေ တွးစများ ။

၁။ What ? ဘာလဲ

– Technology ? နည်းပညာ ၊ကမ္ဘာ့ နည်း ပညာ

၂။ Where ? ဘယ် မှာ သုံးမှာလဲ ၊ နေရာ ။

၃။ Why ? ဘာ ေ ကြာင့် သုံးမှာလဲ ၊

– ေ ရချို မရှိလို့ တကယ်လို နေသလား၊

၄။ When ? ဘယ် ေ တာ့ သုံး မှာလဲ ၊

– လုပ် ငန်းကာလ ၊ရေ တို ၊ ေ ရရှည်

၅။ Who ? ဘယ် သူ ေ တွက သုံး ကြမှာလဲ။

– ဘယ်သူ့ အတွက်လဲ

၆။ Financing ? ေ ငွ ေ ကြး သုံး စွဲမှု ၊

– ဘယ်လောက် ကြွယ် ဝ ချမ်းသာ သလဲ။

– Cost vs Benefit ? ကုန်မှာ နဲ့ ရမှာ တွက် ေ ခြ ကိုက်ရဲ့လား ၊

၇။ Alternative Options ? အခြားနည်း မရှိတော့ ဘူးလား ၊

၈။ Environmental Affects ? ပတ် ဝန်းကျင်ရေးရာ

– Advantages vs Impacts ?

ကောင်းကျိုး နဲ့ ဆိုးကျိုး ၊ အနည်း နဲ့ အများ

၉။ Project Feasibility? ဖြစ် နိုင် ေ ခြ ကို ေ လ့ လာပြီး ပြီလား ။

– Information and Data ? အချက် အလက် ေ တွ စုလို့ ရပြီလား။

– Past ? လုပ် ငန်း ဆောင် ရွက်မဲ့ ဒေသရဲ့ ယခင် အ ေ ခြနေ

– Present ? လုပ်ငန်း ေ ဒသ ရဲ့ ယခုအ ေ ခြအနေ

– Future ? လုပ် ငန်းဒေသရဲ့ အနာဂတ် အလားအလာ ။

၁၀။ ရေချို စက် ရုံ မြန်မာ နိုင်ငံအတွက် တကယ် လို မလို ?

– အထက် ဖေါ်ပြပါ ( ၁ မှ ၉ အထိ ) အ ေ ကြာင်း အရာ အချက်အလက် များ ပေါ် အ ေ ခြခံ လျက် စူးစမ်းလေ့ လာ ခါဖေါ် ထုတ် နိုင် ကြ လျှင်

– ရေချိုချက်စက်ရုံ မြန်မာနိုင်ငံအတွက် လိုမလို မေးခွန်း အတွက် အနီးစပ်ဆုံးသော၊ ဖြစ် နိုင် ေ ခြ များနိုင် ေ သာ အ ေ ဖြ ကောင်း တစ်ခုပေါ် ထွက် ရ ရှိ လာနိုင်မည်ဟု ေ မျာ်လင့်ပါသည်.

– ကမ္ဘာပေါ်တွင် နိုင်ငံ တကာ လုပ်ငန်းစီမံကိန်းကြီးများ။ လုပ် ေ ဆာင် ရာတွင် ကျင့် သုံး သောယေဘူယ ေ ခြခံ အချက်များ ဟု ယူဆပါသည်. ။

– ကမ္ဘာ့ဘဏ်တွင် အ င် ဂျင်နီယာ အများစုသာ ရှိ နေမည်ဟု မိမိ အယူမှား ခဲ့ဘူးရာ၊

– စီမံကိန်းအတွက် ကမ္ဘာဘဏ် မှ ေ ငွ ေ ချး သင့် မသင့် ကို ဆုံးဖြတ်ရာတွင် ၊ နယ်ပယ်စုံ၊ ဘာသာရပ်စုံ ၊ ကျွမ်းကျင်သူ ပညာရှင်ပေါင်းများစွာဖြင့် ဘက်စုံလေ့လာ သုံ းသပ် ပြီးမှသာ ေ ငွ သုံးသင့် မသင့် ၊ လုပ်ငန်းလုပ်သင့်မလုပ်သင့် ဆုံး ဖြတ် ေ ကြာင်းကို ဆရာသမားတဦးထံမှ သိရှိခဲ့ ဘူးပါသည်.

မိမိတဦး တည်း ၏ ယေဘူယ မြင် မိတာ ေ တွပါ။

အေ တွး ေ ခါင် လှ တယ် လို့ ေ ပြာ ကြမလားတော့ မသိ.

ေ ရှ့ ဆက် မသွားခင် –

စာဖတ်သူ များ၊ ပညာရှင်များ ၊ အင်ဂျင်နီ ယာများ ၏

အ ေ တွးအမြင် ၊အယူအဆ များကိုလဲ သိလိုပါတယ်။

အေးမြင့် ( ညောင်တုန်း )

၄၊ ၃၊ ၂၀၂၃

ရည် ညွှန်းစာ ( ပူး တွဲ)

Kyaw Oo Facebook post 4 Mar 2023

ရေချို စက် ရုံ မြန်မာ နိုင်ငံအတွက် လို မလို

ရခိုင်ပြည်နယ်ရှိ ဒေသတစ်ခုအတွက် ရေငန်မှရေချိုချက်စက်ရုံ တည်ဖို့ စဉ်းစားသင့်ကြောင်း သတင်းတစ်ပုဒ် ဖေ့စ်ဘွတ်ခ်တွင် ဖတ်ရသည်။ ယင်းသတင်း၏ ကွန်မန့်များကို ကြည့်သောအခါ အတော်များများသည် ရေငန်မှရေချိုချက်နည်းပညာနှင့် ပတ်သက်၍ လွဲမှားစွာ သိရှိနားလည်နေကြကြောင်း တွေ့ရသည်။

ရေငန်မှရေချိုချက်နည်းပညာအကြောင်း ကျွန်တော်ရေးသည့် ရေကြည်တစ်ပေါက်စာအုပ် ပထမအကြိမ် ထုတ်ဝေစဉ် (၂၀၁၂ နိုဝင်ဘာ)ကတည်းက အကျယ်တဝင့် ထည့်သွင်းဖော်ပြခဲ့ပါသည်။ ၂၀၂၀ နိုဝင်ဘာလ စတုတ္ထအကြိမ်ထုတ်တွင်မူ ယင်းနည်းပညာနှင့် ပတ်သက်ပြီး နောက်ဆုံးဖြစ်ထွန်းမှုများကိုပါ ဖြည့်စွက် ရေးသားခဲ့သည်။ ယင်းစာအုပ်ပါ ရေချိုချက်နည်းပညာအကြောင်း လိုရင်းကို ကောက်နုတ်ဖော်ပြရလျှင် –

ထုတ်ယူသုံးစွဲမှု လွန်ကဲ၍ မြစ်ရေ၊ ကန်ရေ၊ မြေအောက်ရေများ လျော့နည်းလာနေခြင်း၊ ရာသီဥတု ပြောင်းလဲသဖြင့် အချို့ဒေသများ၌ မိုးရွာသွန်းမှု လျော့နည်းလာနေခြင်းတို့ကြောင့် သမားရိုးကျမဟုတ်သည့် ရေအရင်းအမြစ်များမှပါ ရေရယူရန်လိုအပ်လာနေရာ ကမ္ဘာတွင်အပေါများဆုံး ဖြစ်သော်လည်း သောက်သုံး၍ မရသည့် ပင်လယ်ရေငန်များကို ရေချိုအဖြစ် ချက်လုပ်ပြောင်းလဲအသုံးပြုမှုများ အရှိန်ရလာလျက် ရှိသည်။

နည်းပညာတိုးတက်လာမှုကြောင့် ရေချိုချက်လုပ်သည့် စရိတ်သည် လွန်ခဲ့သည့် ဆယ်စုနှစ်သုံးခုကနှင့် စာလျှင် ထက်ဝက်ခန့် ကျသွားသည်။ ရေချိုချက်စရိတ် ထပ်မံကျဆင်းနိုင်သည့် အခြားအကြောင်းတစ်ခုမှာ ဆိုလာစွမ်းအင်သုံးရေချိုချက်စက်ရုံများ တည်ဆောက်လာနိုင်ခြင်း ဖြစ်သည်။ ဆိုလာစွမ်းအင်ဖြင့် ရေချိုထုတ်ခြင်း နည်းပညာသည် စီးပွားရေးအရ တွက်ခြေကိုက်လာခဲ့လျှင် အခြားဒေသများတွင်လည်း လက်ရှိထက် ပိုသုံးလာကြမည်မှာ သေချာနေသည်။

ရေချိုချက်စက်ရုံများ၏ပြဿနာမှာ ရေချိုထုတ်လုပ်ပြီးနောက်ကျန်ရစ်သော ဆားပျစ်ရည်များကို ဘေးကင်းစွာ စွန့်ပစ်ရေး ဖြစ်သည်။ ရေငန်နှစ်ဂါလန်ကိုချက်လျှင် ရေချိုတစ်ဂါလန်နှင့် ဆားပျစ်ရည် တစ်ဂါလန်ထွက်သည်။ ပင်လယ်ရေသည် ဆားဓာတ်အလွန်များသောရေဖြစ်သော်လည်း ရေချိုချက်စက်ရုံမှ ထွက်လာသော ဆားပျစ်ရည်များသည် ပင်လယ်ရေထက် အငန်ဓာတ်များစွာပိုနေသောအရည်များဖြစ်ရာ ယင်းတို့ကြောင့် ရေငန်နေသတ္တဝါအချို့ပင် လွန်ကဲသောဆားဓာတ်ကြောင့် သေဆုံးကြရသည်။

ဆားပျစ်ရည်များသည်လွန်ကဲသောဆားဓာတ်ရှိရုံတင် မဟုတ်သေး၊ သာမန်ရေထက်ပူနွေးနေကြသည်။ အာရ်အိုစက်ရုံများမှ ထွက်သော ဆားပျစ်ရည်များ၏ အပူဓာတ်သည် မများလှသော်လည်း အချို့ ရေနေသတ္တဝါတို့အတွက်အန္တရာယ်ရှိသည်။ အပူဓာတ်သုံး ရေချိုချက်စက်ရုံများမှ ထွက်လာသော ဆားပျစ်ရည်များ၏ အပူသည်မူ အာရ်အိုဆားပျစ်ရည်များထက်များစွာပိုမို၍ ရေနေသတ္တဝါတို့ကို ပိုအန္တရာယ် ပေးတတ်သဖြင့် အပူကိုလျှော့ချပြီးမှ ပင်လယ်ထဲသို့ စွန့်ပစ်ရသည်။

ရေကြည်တစ်ပေါက်စာအုပ်မှ ကောက်နုတ်ချက် ဖြစ်ပါသည်။

၂၀၂၀ နိုဝင်ဘာလ စတုတ္ထအကြိမ်ထုတ် ရေကြည်တစ်ပေါက်တွင် ယခင်အကြိမ်ထုတ်များ၌ မပါခဲ့သော အောက်ပါ ဖြည့်စာကိုလည်း ထည့်သွင်းခဲ့ပါသည်။

ရေချိုချက်စက်ရုံနှင့်မြန်မာ

ထိုင်းနိုင်ငံ ဖူးခက်၊ စမွီစသည့်ကျွန်းများတွင် မြေပေါ်မြေအောက် ရေအရင်းအမြစ် ကြွယ်ဝသော်လည်း လာရောက်အပန်းဖြေသည့် ကမ္ဘာလှည့်ခရီးသည်အလွန်များလှသဖြင့် ရေလောက်ငစွာပေးနိုင်စေရန် ရေချိုချက်စက်ရုံငယ်များကို တည်ဆောက်လည်ပတ်နေရသည်။

မြန်မာနိုင်ငံတွင်လည်း တနင်္သာရီတိုင်းဒေသကြီး ကမ်းလွန်ကျွန်းတစ်ကျွန်းတွင် တည်ဆောက်မည့် ဟိုတယ် လုပ်ငန်းတစ်ခုအတွက် ရေချိုချက်စက်ရုံတည်ဆောက်ရန် စီစဉ်နေသည်ဟု သိရသည်။ တနင်္သာရီဒေသသည် ထိုင်းကမ်းခြေများကဲ့သို့ပင် ရေအရင်းအမြစ်ပေါများသော်လည်း တစ်ချိန်၌ မလွဲမသွေ ထွန်းကားလာမည့် ဟိုတယ်နှင့်အပန်းဖြေစခန်းများ၏ ရေလိုအပ်ချက်အတွက် ရေချိုချက်စက်ရုံများ တည်ဆောက်ခြင်းသည် မှန်ကန်သောစီမံချက်ဖြစ်သည်။

၂၀၂၀ မေလကထွက်ပေါ်ခဲ့သောသတင်းအရ ထိုင်းနိုင်ငံစက်မှုဇုန်များအားလုံးအတွက် တစ်ရက်လျှင် ကုဗ မီတာသုံးသိန်း(ဂါလန်သန်း ၈၀)ခန့်ထုတ်ပေးနိုင်သည့် ရေချိုချက်စက်ရုံဆောက်ရန်စီစဉ်နေသည်။ ထိုင်းစက်မှုဇုန်တစ်ခု ဖြစ်သည့်မက်တာဖွတ်၌ ရေချိုချက်စက်ရုံအချို့ရှိပြီးဖြစ်သော်လည်း ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးနည်းသောနှစ်များတွင် စက်မှုဇုန်အားလုံး၌ ရေမပြတ်စေရန် ကြိုတင်စီမံခြင်း ဖြစ်သည်။

တည်ဆောက်ရန်စိုင်းပြင်းနေသော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်စက်မှုဇုန်အတွက်လည်း ရေချိုချက်စက်ရုံ မရှိမဖြစ်လိုအပ်သည်ဟု မြင်သည်။ အရှေ့တောင်အာရှ၌ အကြီးဆုံးဖြစ်လာမည့် ထားဝယ် ရေနက် ဆိပ်ကမ်းနှင့် စက်မှုဇုန်အတွက် ရေလိုအပ်ချက်လည်း အလွန်များမည်ဖြစ်ရာ ထားဝယ်ဒေသရှိ မြေပေါ် မြေအောက်ရေများဖြင့် ရေတိုတွင် လုံလောက်သည်ထားဦး၊ ရာသီဥတုပြောင်းလဲလာနေသော အချက်ကို ထည့်တွက်လျှင် ရေရှည်၌အဆင်မပြေနိုင်ပေ။ ဤအချက်ကို စဉ်းစားမထားလျှင် ထားဝယ်ဒေသတွင်လည်း ရေအရင်းအမြစ်များ လျော့နည်း၊ လုပ်ငန်းကြီးများအတွက်လည်း ရေအခက်အခဲ ဖြစ်လိမ့်မည်။

ထို့ကြောင့် ပေါများနေသေးသော်လည်း အကန့်အသတ်ရှိသည့် ဒေသတွင်း ရေအရင်းအမြစ်များကို ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်အတွက် အတိုင်းအတာတစ်ခု အထိသာ သုံးစွဲခွင့်ပေးပြီး ကျန်သည့် ရေလိုအပ်ချက်အတွက် သုံး၍မကုန် ယူ၍မခန်းနိုင်သည့် ပင်လယ်ရေမှ ရေချိုချက် လုပ်ကြရန် ကြိုတင်ညှိနှိုင်းထားသင့်သည်။

၂၀၂၀ နိုဝင်ဘာထုတ် စာအုပ်ဖြစ်၍ ယင်းအချိန်က အခြေအနေအရ ရေးသားထားခြင်း ဖြစ်ပါသည်။ (မှတ်ချက် – ယင်းစာအုပ် လုံးဝကုန်နေပါသည်။ ရေအကြောင်း နောက်ဆုံးဖြစ်ထွန်းမှုများကို လိုအပ်သလို ဖြည့်စွက် ပြင်ဆင်၍ ပြန်လည်ရေးသားရန် စိတ်ကူးရှိပါသည်။)

ရက်ပိုင်းအတွင်းက ပေါ်လာသည့် ရခိုင်ပြည်နယ်ရှိ ဒေသတစ်ခုအတွက် ရေငန်မှရေချိုချက်စက်ရုံ တည်ဖို့ စဉ်းစားသင့်ကြောင်း သတင်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း မှတ်ချက်ပြုလိုပါသည်။

၁ – ရေရရှိမှုသည် လျှပ်စစ်ရရှိမှုနှင့် အခြေခံသဘာဝချင်း မတူပါ။ ဒေသတစ်ခု၏ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းရန် အခြားဒေသမှ ထုတ်လုပ်သော လျှပ်စစ်ကို သွယ်တန်းပေးဝေနိုင်သည်။ သို့မဟုတ် အခြားဒေသမှ သယ်လာသော လောင်စာတစ်မျိုးမျိုး(ဥပမာ – ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့၊ နျူကလီးယားစသည်)ကို လျှပ်စစ်အဖြစ် ပြောင်းလဲ ထုတ်လုပ်နိုင်သည်။

ဒေသတစ်ခု၏ ရေလိုအပ်ချက်ကို ဖြည့်ဆည်းရန် အခြားဒေသမှရေကို သယ်ယူပေးဝေခြင်းမျိုး ရှိသော်လည်း အလွန်နည်းပါးလှသည်။ စရိတ်အလွန်မြင့်မားသည်။ တည်ဆောက်စရိတ်သာမက ယင်းသို့ပေးဝေနေသော ကာလတလျှောက်လုံး ရေကို တွန်းပို့နေရသော စရိတ် တက်နေမည်။ ရေရယူရာ ပင်မဒေသတွင် ရေရှားသွားခြင်းမျိုး ရှိလာနိုင်သည်ကို ထည့်တွက်ရသည်။ ထို့ပြင် အခြားမည်သည့်အရာကိုမျှ ရေအဖြစ်ပြောင်းလဲထုတ်လုပ်၍ မရပါ။

ထို့ကြောင့် ဒေသတစ်ခု၌ ရေဖူလုံလိုလျှင် ယင်းဒေသရှိ ရေအရင်းအမြစ်များကို အားကိုးခြင်းသည်သာ လက်တွေ့ကျသော ဖြေရှင်းနည်း ဖြစ်သည်။ အဆိုပါဒေသတွင် ရေကောင်းရေချို အရင်းအမြစ် နည်းပါးလျှင် ရေဆိုးကို ရေကောင်းဖြစ်အောင်၊ ရေငန်ကို ရေချိုဖြစ်အောင် ပြောင်းလဲခြင်းဖြင့် အသုံးချရမည်။

၂ – မြင့်တက်လာနေသည့် ပင်လယ်ရေသည် ကမ်းရိုးတန်း မြေအောက်ရေကြောများထဲသို့ ယခုကပင် စတင်စိမ့်ဝင် ရောနှောနေပြီ ဖြစ်သည်။ နောင်တွင်လည်း ဆက်လက်မြင့်တက်လာရန် သေချာနေသဖြင့် ကမ်းရိုးတန်း မြေအောက်ရေကြောများမှ သောက်သုံးရေချိုရနိုင်သည့် အခွင့်အလမ်းသည် လျော့နည်းလာရန်သာ ရှိသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်သာမက အခြား ကမ္ဘာ့မည်သည့် ကမ်းရိုးတန်း ဒေသတွင် ဖြစ်စေ ရေအသုံးများလာ၊ အခြားမြေပေါ်ရေ အရင်းအမြစ် နည်းပါးပါက ရေချိုချက်စက်ရုံများကို အနှေးနှင့်အမြန် လိုအပ်လာမည်။

နိုင်ငံတကာ အခြေအနေကို သုံးသပ်လျှင် ရေကြည်တစ်ပေါက်စာအုပ် စတင်ရေးသားသော ၂၀၁၂ ခုနှစ်က ကမ္ဘာတစ်ဝန်းလုံးတွင် ရေချိုချက်စက်ရုံ ၁၃၀ဝ၀ ခန့်ရှိသဖြင့် ယင်းအတိုင်း စာအုပ်တွင် ပါရှိခဲ့သည်။ ၂၀၂၀ ထုတ် စတုတ္ထအကြိမ် ရေကြည်တစ်ပေါက်တွင်မူ ကမ္ဘာတွင် ရေချိုချက်စက်ရုံ ၁၆၀ဝ၀ ခန့် လည်ပတ်နေသည်ဟု တိုးပွားလာသည့်အခြေအနေအတိုင်း အမီလိုက် ရေးသားခဲ့သည်။ ယင်းစာအုပ်ထုတ်ပြီး နှစ်နှစ်အကြာ၊ ၂၀၂၂ ၌ ကမ္ဘာတွင် ရေချိုချက်စက်ရုံ ၂၂၀ဝ၀ ခန့် ဖြစ်သွားပါပြီ။ (ပူးတွဲပုံကိုကြည့်ပါ။) နိုင်ငံအနေနှင့်ဆိုလျှင် နိုင်ငံပေါင်း ၁၇၀ ကျော်တွင် ရေငန်မှ ရေချိုချက်လုပ်နေကြပြီ။ ယင်းနိုင်ငံပေါင်း ၁၇၀ ကျော်လုံးသည် ချမ်းသာသောနိုင်ငံများချည်း မဟုတ်ပါ။ ဝင်ငွေနည်းနိုင်ငံအများအပြား ပါဝင်သည်။

ရေသည်အသက်ပင် ဖြစ်ရာ အခြားအရာတို့အတွက် မတတ်နိုင်လျှင်ရှိစေ၊ ရေအတွက်တော့ တတ်နိုင်ရပါမည်။

COMMENTS

– Myint Thein

၂၀၁၀ က ပြစ်ထားသောရေချိုသန့်စင်စက်

ဒီမိုးဝေရန်ပို့မှာအမှတ်မထင် ဖတ်လိုက်ရသည်

( တစ်ချိန်က ဒီမိုဝေယံ ထင်ပါသည် UAM)

-Kyaw Oo

Myint Thein သိသလောက်ပြောရရင် ဒီစက်မျိုးတွေကို ကမ်းခြေတို့ ကျွန်းတို့မှာရှိတဲ့ ဟိုတယ်လို စီးပွားရေးလုပ်ငန်း အတွက် သုံးကြပါတယ်။ ဒါမှမဟုတ် သဘာဝဘေးအန္တရာယ် ကြုံရတဲ့အခါ ကမ်းခြေက ရွာတွေအတွက် အရေးပေါ်သုံးကြပါတယ်။ ဒါပေမယ့် ရွာတွေမှာ ရေရှည် ထိန်းသိမ်းမောင်းနှင်သုံးစွဲဖို့ မတတ်နိုင်ကြပါ။ ပုံမှာပါတဲ့စက်ကလည်း နာဂစ်တုန်းက အရေးပေါ်သုံးဖို့ လှူခဲ့ပြီး ရေရှည်မှာ မသုံးနိုင်တော့တဲ့ စက်ဖြစ်မှာပါ။

မြို့တွေ ပုံမှန်ရေပေးရေးအတွက်ကတော့ ပုံပါစက်တွေထက် အဆင့်မြင့်ပြီး ထိန်းသိမ်းမောင်းနှင်စရိတ် ပိုနည်းတဲ့ နည်းပညာတွေ ပေါ်နေပါပြီ။

-Myint Thein

ဟုတ်မှာပါ။ အခုလို ပြစ်ထားတာအမှတ်မထင်တွေ့ရတော့ အန့်အားသင်သွားတယ်။ ၂၀၁၀ က ဆိုတော့ အတော်ကြာနေပြီ။

-Aung Mkhaing

ရေချိုချက်လုပ်ခြင်းနည်းပညာလိုအပ်နေပါပြီ။အခုဆိုရင်ပင်လယ်နဲ့နီးတဲ့ဒေသတွေမှာအဝိစိတွင်းတွေရေငန်လို့ပြန်တူးရတာတွေရှိလာပါပြီဆရာ။ရေချိုထုတ်ယူမှုများလာပြီးrefilမလုပ်နိုင်တော့ရေငန်ဝင်လာတာပါ။အကယ်၍သာရေငန်ကိုရေချိုချက်ရင်စွန့်ပစ်ရေငန်ကနေအိမ်သုံးဆားထုတ်လို့ရ/မရလေးတော့သိချင်မိပါတယ်ဆရာ

Kyaw Oo

Aung Mkhaing စွန့်ပစ်ရေငန်က အိမ်သုံးဆား ထုတ်လို့ရမရကို ဓာတုဗေဒသမားတွေကပဲ ပြောနိုင်ပါလိမ့်မယ်။ တကယ်လို့ စီးပွားဖြစ် ထုတ်နိုင်မယ်ဆိုရင်တော့ စွန့်ပစ်ရေငန်ပြဿနာကိုလည်း ရှင်းပြီးဖြစ်၊ အိမ်သုံးဆားလည်း ရဆိုတော့ အတော်အဆင်ပြေမှာပဲ။

Than Oo

Aung Mkhaing ရေချိုချက်မည့်ေရသည် ၂ % ဆားပါတယ်ဆိုပါတော့။ စွန့်ပစ်ရည်မှာ ၄% ဆားပါလာနိုင်ပါသည်။မိုးရာသီမဟုတ်ရင် နေလှန်းဆား(အတော်သန့်မယ်။)ထုတ်လို့ရပါမည်။ စက်ရုံ အနီးမှာပဲဆားကွင်းထဲအထိ စက်ရုံစွန့်ပစ်ရေကို ပို့နိုင်ပါသည်(စွန့်ပစ်ရေ၏ pressure သည် အနည်းဆုံး ၁၀ bar လောက်ရှိသည်)စွန့်ပစ်ရေပမာဏ သည် ရေချိုပမာဏထက် ၁၂၅ % လောက်ထွက်နိုင်ပါသည်။မိုးရာသီဆို ပင်လယ်ထဲပြန်ထည့်ပေါ့။

-U Ba Kyu

ရေချိုချက်န်စက်အရင်းအနှိးကြီးမည် ပြုပြင်ထိန်းသ်မ်းမှုကြီးမားမည်ထင်ပါတယ် မိုးဪေချိန်ရာကျော်ပြီးတနှစ်ပတ်လုံးရေစီးဆင်းနေသောချောင်းများရဇိသောအရပ်ဒေသတွင်လွယ်လွယ်နှင့်လြပ်နိုင်သည့်နေရာတွေရဇိပြီးသားပါ။ လေ့လာမှု့တွေလည်းရဇိပြီးသားပါ။ မလုပ်ဖြစ်ကြလို့ပါ

-Kyaw Oo

U Ba Kyu မိုးရေနဲ့ လုံလောက်ရင်တော့ အကောင်းဆုံးပါ။ မိုးရေချိန် များပေမယ့်လည်း တကယ်ဖွံ့ဖြိုးလာရင် ရေအသုံးများလာတဲ့အတွက် မိုးရေနဲ့ မလုံလောက်တဲ့နေရာတွေ ရှိနေပါတယ်။

-Myint Thein

ရွှေပြည်ကြီးမှာ လုပ်မယ်ဆိုလုပ်လို့ရပါတယ်။ လုပ်နိုင်တဲ့သူတွေ။ သဘာဝအခြေအနေကို အသုံးချ ပြီလဲလုပ်လို့ရတယ် လုပ်တတ်တဲ့သူတွေရှိတယ်။ ဒါပေတဲ့ရွှေပြည်ကြီး ဇာတ်ခုံကလုပ် လိုင်းကပုတ်နဲ့ ဆိုတော့

-Ba Kyu

ရှိပြီးသားအရင်းအမြစ်တွေကိုရနိုင်သလောက်သုံးပြီးမှ လောက်မှစဉ်းစားသင့်ပါတယ်။ ရှိနေပြီးသားအရင်းအမြစ်တွေကိုဘာကြောင့်မသုံးကြသလဲဆိုတာ ပြသနာပါ ဒေသခံတွေအများစုကအစိုးရလညပ်ပေးရမည်လတာဝန်လို့သဘောထားကြ တယ်။ သူတို့က ရေရင်ခတ်သောက်လိုက်မယ်။ လမ်းရရင်လျှောက်လိုက်မယ်လို့ပဲတွေးနေကြသူပါ

– လင်းေ ရာင်တင်

– ဒီနိုင်ငံမိုးရေချိန်နဲ့ဆို ရှေးသမားရိုးကျရိုးရာနည်းဖြစ်တဲ့ မိုးရေလှောင်ကန် သျှိုပိတ်ဆည်တို့ လုပ်ဖို့ က ငွေကုန်ကြေးကျ ပိုသက်သာနိုင်ပါတယ်။

-A-Win Ko

👍🏾 နိုင်ငံနှင့်လူမျိုးနေထိုင်စားသောက်မှု ဘဝနေရေးအတွက် ၊ အလွန်အရေးကြီး မြင့်မြတ်သော သုတအသိပညာပေး

( စာ တစ်ပုဒ်) ဖြစ်ပါတယ် … 👌🏾❗️

🥺 သို့ပေမဲ့ ~

လက်ရှိ ဘဝအဖြစ်အပျက်အခြေနေပုံစံအရ ၊

[ လေထဲ တိုက်ဆောက် ]• စိတ်ကူးယဉ်အဖြင့် – မျှော်ရင်း / မျှော်နေရင်း-

ဘဝ နိဂုံးချုပ်ရက်

ကိုသာ စောင့်ကျန်ရှိနိုင်ပါတော့မယ် …။

🥺 ဥပမာ – စင်္ကာပူနိုင်ငံကိုတောင် မျက်ခုံးလှုပ် နှလုံးတုန်သွားစေဖူးတဲ့-“ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ” ကိစ္စ ။

စာချွန်လက်မှတ်အရ ၊ ၈. နှစ်နှင့် အကောင်ထည်ဖော် မယ်တဲ့ -! သိပ်ဝမ်းနည်းဖွယ်ကောင်းလွန်းတယ် ~

ဒီနေ့အထိ ဘယ်လိုအခြေနေ ပုံစံရှိနေပါသလဲဆိုတာ —

သွားကြည့်ရှုလေ့လာကြစေလိုပါတယ် -/:

( ကြိုဆိုပါသည် ) ဆိုသော ဆိုင်းဘုတ်တောက် { ထင်း} ဖြစ်နိုင်တဲ့ ရေစက်မျိုး မခံစားလိုက်ရနိုင်ဘဲ ဆွေးပျောက်သွားတာကြာပြီး …. အင်းပေါ့လေ ! ဗမာလူမျိုးဖြစ်တော့ ကံနှင့်

ဆုတောင်းရုံပေါ့ -🤏🏾