မှတ်ဖွယ်မှတ်ရာ
ဘသာရေးရာ
စာပဒေသာ ( ၅ )
လျောင်း ၊ထိုင် ၊ ရပ် ၊သွား
ဝီပသနာ ဘာဝနာ ကမ္မဌာန်းအကျင့် များ။
၂၀၂၃ ခုနှစ်ရဲ့
မှတ်မှတ်ရရ ထူးခြားတဲ့
နေ့တစ်နေ့
၂၂၀၂၂၀၂၃ ယနေ့
၂၂/၀၂/၂၀၂၃
စတုတ္ထနေ့ တရားစခန်း
ယနေ့ရက်စွဲ
ဂဏန်း ၈ လုံးကို
ဂဏန်းတွေဆက်ခါ ပေါင်းလိုက်ရင်
၂+၂+၂+၂+၂+၃=၁၃
၁+၃=၄
နောက်ဆုံးမှာ
၄ ဂဏန်းရပါတယ်
တရားစခန်း
၄ ရက်မြောက်နေ့
ဒီနေ့ပါ။
ထူးခြားနေ့မှာ အမှတ်မထင် တွေရသိရ တဲ့
အမှတ်တရဖြစ်လို့
ဘဝကံ အကျိုးပေး
ဆက်လက် ကံကောင်းမယ်လို့
မျော်လင့်ပါတယ်
လူ့ဘဝသံသရာမှာ
ကိုယ်ပြုသောကံ
ပဲ့တင်သံ
ကိုယ့်ထံပြန်လာစမြဲပါ
ဒီနေ့
၂၂/၀၂/၂၀၂၃
စတုတ္ထနေ့ တရားစခန်း မှာ
တရားနာရင်းလိုက်ရေးမှတ်ထားတဲ့
တရား မှတ်စုများ။
ဒုက္ခိတ ဒုက္ခရောက်နေသူ
အိုနာသေ
ဘုရား က ညာဏ်မျက်စေ့ဖြင့် လူတွေကိုကြည့်
ဒုက္ခငြိမ်းရာ တရားတွေ ဟောာခဲ့
ဗုဒ္ဓစက္ခုဖြင့်ကြည့်
ကျွတ်ထိုက်သူတွေ တွေ့လျင်ကိုယ်တိုင်
ကြွသွား ပြီးတရားဟောကြားခဲ့
ဘုရားရဲ့ လူတွေအပေါ် ဂရုဏာတော်
စမ္ပါမြို့ရောက်ခဲ့
ကပ်ကရာ ရေအိုင်ကိုရောက်ခဲ့ တရားပြခဲ့ တဲ့ နမူနာ
ပုထုစဉ်တွေ သတိပဌာန်တရားတွေကျင့်နေ
ဒါကြောင့်ယဉ်ကျေးသိမ့်မွေ့လာ
တရားကပုံစံသွင်းပေးတာ
ပုံစံပြောင်းပေးလိုက်တာပါ
သတိပဌာန်တရားပုံစံသွင်းပေးသွားတာ
ဘုရားဂုဏ်တော်ထဲမှာပါတယ်
အနုသရောပူရီသ ဘုရားဂုဏ်တော်
ဗုဒ္ဓာနုသတိ
ဆုံးမထိုက်သူကို အသိညာဏ်ပေးပြီးဆုံးမခဲ့
အနုနည်းအကျမ်းနည်းနဲ့မျိုးစုံသုံးပြီးဆုံးမခဲ့ဘူး
ဥပမာ
လုကြမ်းကြီးတွေ သတ္ထဝါကြမ်းတွေ
အင်ဂုလိ မာလ ၊နာဠာဓီရိဆင် ၊စသည်
နတ်တွေလဲပါခဲ့ဘူး
ဆုံးမသင့်သူတွေ ကို ဘုရားက ဆုံးမခဲ့တယ်
အသိညာဏ်ပါတယ်
ညာဏသံပယုတ်
သိ သတိ တရား ပါနေ
ရုပ်ရှိ နာမ်ရှိနေတဲ့သဘော
သတိထားကြည့် ထား သတိရှိမှ သိ
ရုပ်နာမ်လက္ခဏာသိမှ နိဗ္ဗာမျက်မှောက်ပြုနိုင်မှာ
ဘုရားဂုဏ် ၉ ပါး ညာဏ်ဖြင့်ကြည့်
မယဉ်ကျေးသူတွေကို
ယဉ်ကျေးအောင် ဗုဒ္ဓဘုရားက ဆုံးမခဲ့
သတိပဌာန်တရား တွေဟောပြောပြပြီး ဆုံးမခဲ့
လူ
တိရစ္ဆာန်
အကျင့်တရား၄ မျိုး ရှိ
မိမိသူတစ်ပါးပူပန်စေ မပူပန်စေ အကျင့် ၄ မျိုး
၁။ ၂။ ၃။ ၄။
မိမိ။ မပူ။ ပူ။ မပူ။ ပူ
သူတပါး။ မပူ။ ပူ။ ပူ။ မပူ
ပညာရှိ သူသည်ပဋိသန္ဓေစိတ်မှာ ညာဏ်ပါ
အလောဘ အဒေါသ အမောဟ
တိဟိတ်ပုဂ္ဂိုလ်
အသိညာဏ်ပါသူ မပါသူ
တိဟိတ်ပုဂ္ဂိုလ်
ကံဆိုးကံကောင်း
လုပ်သင့်တာလုပ် ကံညာဏ်ဝရိယ နဲ့လုပ်
အခွင်အရေးအခွင့်ကောင်းရတုံးရခိုက်ယူ
အကျင့်ကောင်း
သီလ သမာဓိပညာ နဲ့ကျင့်
ဘုရားရှင်လက်ထက်အခြားအကျင့်မျိုးစုံရှိခဲ့
ခန္ဓာညှင်းဆဲပြုကျင့်ကြ တာ ပညာမပါ
သူများတော့ဒုက္ခမပေးတဲ့အကျင့်မိမိမှာပင်ပန်းဆင်းရဲ
ခေတ်ကာလ အခြား သူများလို ဘူရားကလဲ့ကျင့်ဘူးခဲ့
၆ နှစ် ဒုက္ကစရိယာ မိမိကိုယ်ကို ဆင်းရဲစေခဲ့တဲ့
အကျင့် လဲကျင့်ခဲ့ဘူးတယ်
တဖက်သားကိုပူလောင်စေတဲ့
အကျင့်ဆိုးအကျင့် တွေရှိတယ်.
ဥပမာတွေ
ယာဇ်ပူဇော်ပွဲ။ အကျင့်မှားတွေ
သီလသမာဓိသိက္ခာ။ အကျင့်ကောင်း
သတိရှိ ပညာပါလာ
ရုပ်သဘောသိအောင်ကျင့်တယ်
ဝေဒနာမှာစိတ်ရဲ့ခံစားမှု ကြည့် ပြီး ကျင့်
ဝဒေါနုပသနာ
ဝမ်းသာဝမ်းနည်သဘောတရားကိုရှု
ဖြစ်ပြီး ပျက်တဲ့ သဘောသိလာ
စိတ်ထဲ ပေါ်လာ လောဘ ဒေါသ စိတ်တွေ
ရှုစရာတွေ
စိတ်ပျံလွင့် တွေး စိတ် တွေ မကောင်း
ရုပ်တရား
နာမ်တရား
သိအောင်လုပ်
ကိုယ်လုပ်မှကိုယ်ရမှာ
အကျင့် ၄ မျိုး ရှိ
မိမိ သူတပါး ထိ ခိုက် မထိခိုက် လေ့လာ
လျောင်း ၊ထိုင် ၊ ရပ် ၊သွား
ဝီပသနာ ဘာဝနာ ကမ္မဌာန်းအကျင့် များ။
အေးမြင့် ( ညောင်တုန်း)
၂၂၀၂၂၀၂၃
မွေးနေ့
၁၃၁၀ ခုနှစ် တပေါင်းလဆန်း ၁ ရက် တနင်္ဂနေနေ့ ။
ယခုနှစ်
၁၃၈၄ ခုနှစ် တပေါင်းလဆန်း ၁ ရက် တနင်္ဂနွေနေ့မွေးနေ့ မှာ
အသက် ၇၄ နှစ်ပြည့်ခဲ့တယ်။
အသက် ၇၅ နှစ်ထဲဝင်လာပြီး
၃ ရက် မြောက်နေ့ ဒီနေ့မှာ
( ၇+၅=၁၂။ ၁+၂=၃) ၃ ဂဏန်းထပ်တူနေတာ
တွေ့ရ ပြန်တယ်။
ထူးပါပေ့။
ရည်ညွှန်း
ယနေ့
၂၂၀၂၂၀၂၃ နေ့ မှာတွေ့ရတဲ့
ဝိပသိာတရားကျင့်ကြံအားထုတ်ကြသူများ
ရွေကညစ် Facebook post
ဇော ခုနစ်ချက် အကျိုးကြီးမား
တစ်နေ့မှာ တစ်နာရီလေးပဲ တရားအားထုတ်ပါ။
ဝိပဿနာ တရား ကို အားမထုတ်ဖူးသေးသော
သူများ အတွက် အထူးသိစေချင်လွန်းလို့
ရေးလိုက်ရတာ ဖြစ်ပါသည်။
တကယ်ချမ်းသာချင် သလားမေးရင်
အားလုံးကဖြေကြမှာပါ ဘယ်နဲ့ပြောပါလိမ့်
ချမ်းသာချင်တာပေါ့လို့ ပြောကြမှာပါ။
ဟုတ်ပြီ တကယ်ချမ်းသာချင်ကြသူများ
ဝိပဿ နာ တရားကို အားထုတ်ပါ
တရားပဲအားထုတ်ပါ တစ်ခြားပဲအားထုပ်နေနေ
အာရုံပြုစိတ်သည် ဇောခုနစ်ချက် ဖြစ်ရပါသည်။
အကုသိုလ်ပြုလဲပဲ ဇောက ခုနစ်ကြိမ် ခံစားပါတယ်
ကုသိုလ်ပြုလဲ ဇောက ခုနစ်ကြိမ် ခံစားပါတယ်
တရား ရှုသူလဲ ဇောဟာ ခုနစ်ကြိမ် ခံစားပါတယ်
ဒီတော့ အကုသိုလ်ဇောတော့
အားလုံးအထိုက်လျောက် သိနေကြပါမယ်။
ဝိပဿ နာ ဇောခုနစ်ချက် ဖြစ်တဲ့ အကျိုးကိုရှင်းပြပါမယ်
ဇော ဆိုတာ မြန်မာလိုပြောရင်
အာရုံကိုစွဲယူခံစားသည့် အားကြီးသော
အရှိန်အဟုန်ပါ။
အဲဒီဇော ခုနစ်ချက်ထဲက ပထမ ဖြစ်သောဇောသည်
ခုနစ်ရက်အတွင်းအကျိုးပေးရင်ပေးမယ်
ခုနစ်ရက်အတွင်းအကျိုးမပေးသေးရင်
ခုနစ်လအတွင်းမှာအကျိုးပေးမယ်
ခုနစ်လမပေးသေးရင် ခုနစ်နစ်အတွင်း
အကျိုးကိုပေးမယ် တဲ့ ဒါဖြင့်
ဒီပထမဇောက ယခုဘဝမှာ အကျိုးပေးမှာ
ဘယ်လိုများအကျိုးပေးမလဲ မေးစရာရှိတယ်
တရားအားထုတ်တော့ စိတ်ထားတွေ
နူးညံ့သိမ်မွေ့လာတယ်
အကုသိုလ်တွေနည်းပါးပြီး
သောကတွေကင်းလာတယ်
စိတ်ထားတွေ ဖြူ စင်လာတယ်
မတရားမှုတွေ ပါးလာတယ်
အဲဒါကြောင့် ချက်ခြင်းပဲ စိတ်အေးချမ်းလာသလို
မကောင်းမှုတွေ မပြုကျင့်လို့
မိမိစီးပွားဟာ မဆုပ်ယုတ်တော့ဘူး။
သမာအာဇီဝဖြစ်လာလို့ စီးပွားဟာတိုးသာလာစေတယ်
မကောင်းမှုတွေရှောင်လာလို့
မိမိပတ်ဝန်းကျင်ကပါ ကြည်ညိုရိုသေလေးစားလာမယ်
ပတ်ဝန်းကျင်ကပါ သူတော်ကောင်းအရိပ်ကို
ခိုလွုံရလာတာ
ဒါပထမဇော လက်ငင်းခံစားရသည့်ကောင်းကျိုး
နောက်ဆုံးဖြစ်တဲ့ သတ္တမမြောက် ဇောက
ဒုတိယဘဝကစပြီးအကျိုးကိုပေးမယ်
မစွန့်မအ မကျိုး မကန်း မနူ မဝဲ
အမျိုးမြတ်မှာသာဖြစ်ရမယ်
ဒါ သတ္တမမြောက် ဇောအကျိုး
အဲတော့ အားလုံးဟာ ဒီဘဝကသေရင်
ဒုတိယဘဝဆိုတာလာမှာပဲရကြမှာ
အဲတော့ ဝိပဿနာ အားထုတ်ထားသူမှာ
ဒုတိယ ဘ ဝ ဒီအကျိုးထူးတွေ ရရှိမယ်
ဒုတိယ တတိယ စတုတ္တ ပဉ္စမ ဆဋ္ဌမ
ဒီအလယ်ဇော ငါးချက်ကတော့
တတိယဘဝကနေ နိဗ္ဗာန်အထိ
အကျိုးပေးမည်ဆိုတော့
တရားလေးမှ အားမထုတ်ဖြစ်ဖူးဆိုရင်
နောက်ဘဝ ဘာမှ စိတ်မချရဘူး
ဒါကြောင့် တရားကို အားထုတ်ဖြစ်အောင်
အားထုတ်ကြစေလိုပါတယ်
အလုပ်မအားတာ အကြောင်းပြပြီး မလုပ်အားတာနဲ့
အိုသွား နာသွား သေသွားမည်ဆိုရင်ဖြင့်
ဘုရားပွင့်တော်မူတာ ကိုယ်နင့်လားလားမှ
မဆိုင်ဖြစ်တော့မယ်
သေမင်းကတော့ မအားလဲ မထားဘူးနော်
မအားတဲ့ ကြားက ကို သေနေတာပဲ
ဒါကြောင့် ယခုလဲချမ်းသာ
နောင်လဲချမ်းသာချင်သူများ ကြိုးစားပြီး
မအားသည့်ကြားက တရားအားထုတ်ကြပါ
ငါတို့ဖြစ်ရ ဤလောက ခဏအသက်ရှည်
မည်သူကြိုက်ကြိုက် မကြိုက်ကြိုက်
ဘုရားအကြိုက်နေ
ဘုရားကြိုက်မှ လူဘဝ မုချအရတော်ပေ
နေကောင်း သေကောင်း နောင်လဲကောင်း
အကောင်းဆင့်ကာဝေ
ဘုရားရှင်လေးသင်္ချေ ကမ္ဘာတစ်သိန်း
ပါရမီဖြည့်ကျင့်တော်မူခဲ့ခြင်းသည်
သစ္စာလေးပါးကို သိဖို့အတွက်သာဖြစ်ပါသည်
သစ္စာလေးပါးကို သိအောင် အားထုတ်ပါ။
#crd🙏
#ရိုသေစွာဖြင့် 🙏