အာစီယန် ၊ အာရှ နိုင်ငံများ၏ ရာမ ဇာတ် ကဟန် အမျိုးမျိုး ။ ( 20-24 April , 2016 )နှင့် မြန်မာ အက

မြန်မာရာမဇာတ်တော် (အကျဉ်း)https://youtu.be/z9Ip6XF0Lpg

MYANMAR RAMAYANA

___________________________

မြန်မာတို့သည် ရာမဇာတ်တော်နှင့် ရင်းနှီးသော်လည်း ဇာတ်တော် အစအဆုံးကိုမူ သိသူနည်းပါးလှပါသည်။ထိုကြောင့် ရာမဇာတ်တော်(မြန်မာမူ) ကို အကျဉ်းမျှဖော်ပြအပ်ပါတယ်

နေမာ ဗုဒၶယ

ပဏာမ

______

ကေလာသဖတောင်တွင် ဒသဂီရိ ဘီလူးမင်းသည် အကျင့်ဖောက်လျက်ဂန္ဓဗနတ်သမီးကို မတော်မတရား ပြုရာ

နတ်သမီးက မတရားပြုသည်ကို လက်မခံပဲ ဖြစ်လေရာဘဝတိုင်း ဒသဂီရိကို အနိုင်ရစေသားဟုကြိမ်ဆိုလျက် မီးပုံသို့ခုန်ချကာမိမိကိုယ်ကိုအဆုံးစီရင်သည်

နောင်အခါမီးပုံထက်တွင် ကြာဖူးပေါ်လာသည်

ထိုကြာဖူးကို ဒသဂီရိကြောက်လွန်းသဖြင့် သေတ္တာတွင် ထည့်လျက် သမုဒ္ဒရာသို့မျှောရာ မိတ္ထီလာပြည်သို့ရောက်သွားလေသည်

မိတ္ထီလာပြည့်ရှင်ဇနကမင်းသည် လယ်ထွန်မင်္ဂလာပွဲတွင် ထွန်သွားခတ်မိသောကြောင့် သေတ္တာပွင့်လျှင် အတွင်းမှ ကြာဖူးတွင်သန္ဓတည်သော သီတာမင်းသမီးကိုမြင်လျက် သမီးတော်အဖြစ်မွေးစားသည်

ဒသဂီရိဘီလူးမင်းသည်ဆိုးသွမ်းလှသဖြင့် နတ်တို့သည် ဗြဟာ မင်းထံ ချင်းကပ်လျက်

မည်သို့သောဆု ပေးဖူးကြောင်းလျှောက်တင်ကြတော့သည်

ဗြဟာမင်းက လူမျောက်လေးစင်္ကြ လေးပါးသောဘေးမှတစ်ပါး မည်သည်ဘေးမှမခစေရဟု ဆုပေးဖူးကြောင်းပြောကြားသည်

သိကြားမင်းက နတ်လေးပါးကို ဒသဂီရိဘီလူးအားနှိမ်နင်းရန်တာဝန်ပေးသည်

နတ်လေးပါးတို့သည်ဒသရဌမင်း မိဖုရား ကောသလာတွင်ရာမအဖြစ်လည်းကောင်း သုမိတာတွင်လက္ခဏာနှင့် သတ္တရုဃနကိုလည်းကောင်းကေကေတွင် ဘဒရအဖြစ်လည်းကောင်းဝင်စားလေသည်

တုတိသာနတ်ပြည်ဝယ် တန်ခိုးကြီးသော နတ်မင်းတို့သည် ကိသကိန္ဓာပြည်တွင် ဟန်နုမန် သုချိတ် နှင့် ဗာလီမျောက်မင်းတို့အဖြစ်ဝင်စားကြလေသည်

ဇာတ်တော်

_________

ဟန်နုမာန်သည် နေမင်းကိုကင်းပုံသီမှည့်ထင်လျက် အစာမှတ်ကာ ခူးစားရန်ကြံသည်

သိကြားမင်းက မိမိအားနှောက်ယှက်သည်ထင်ကာ လက်သယမ်းသောမျောက်ခွန်အားယုတ်ပါစေလို့ ကြိမ်စာတိုက်သဖြင့် ဟန်နုမန်သည် မျောက်ပိန်မျောက်သေးဖြစ်လျက်အစွမ်းမဲ့လေသည်

ခမည်းတော်လေနတ်မင်းကသိကြားမင်းအာ့ ကြားဝင်တောင်းပန်သောကြောင့် ရာမမင်း လက်သုံးချက်ဖြင့် သပ်သော်ကြိမ်စာပြေပါစေလို့ ဆိုတော်မူသည်

အယုဒယပြည်တွင် ဂေါ်မံရသေ့ကြီးသည် သားတော်ရာမနှင့် လက္ခဏာမင်းသားတို့အားကာကဝဏ်ကျီးမိုက်ကိုနှိမ်နင်းရန် ဒသရဌမင်းထံတောင်းယူသည်

ရာမနှင့် လက္ခဏာလည်း ဂေါ့မံရသေ့ထံလိုက်လျက် အလုပ်ကျွေးပြုသည်

မိတ္ထီလာပြည်တွင် ဇနကမင်းသည် မဟေသရနတ်ပေးသော နတ်လေးကိုချီမတင်နိုင်သောသူသာလျှင် အရွယ်ရောက်လေသောသီတာဒေဝီကို ရနိုင်ကြောင်း တစ်ရာသောမင်းအပေါင်းအားကြေညာလေသည်

လေးတင်ပွဲအကြောင်းကြေညာသော သီတာဒေဝီပုံမင်းလျှင် ဒသဂီရိဘီလူးမင်းအရူးအမူးဖြစ်လေသည်

လေးတင်ပွဲတွင် တရားသူကြီးအဖြစ်အဆုံးအဖြတ်ပေးရန်ဂေါ်မံရသေ့အားဖိတ်ကြားခံရသောကြောင့် ဂေါ်မံရသေ့သည် ရာမလက္ခဏာညီနောင်နှင့်အတူ မိတ္ထီလာပြည်သို့ကြွမြန်းတော်မူသည်

တစ်ရာသောမင်းတို့သည် နတ်လေးကို ချီမတင်နိုင်ခြင်းမရှိ

ဒသဂီရိသည်လေးကိုမနိုင်သော်လည်း လေးကြိုးကိုမတပ်နိုင်ဖြစ်သည်

လေးတင်နိုင်သူမရှိသဖြင့် ဒသဂီရိကမိမိသည်လေးကို မတင်နိုင်သော်လည်း ချီမ နိုင်သူဖြစ်သောကြောင့် သီတာဒေဝီကိုသိမ်းပိုက်မည်ကြံသည်

မတရားမူကိုမြင်သော ရာမနှင့်လက္ခဏာမင်းသားတို့သည်လေးကိုချီမတင်ကြသည်

လက္ခဏာသည် လေးကို တင်နိုင်သောအစွမ်းရှိပင်သော်ငြားလည်းအကိုတော်အတွက်ငဲ့ကွက်ကာလေးကို အဆုံးထိမတင်ခဲ့ပေ

ရာမမင်းသားသည်လေးကိုတင်လျက် ဒသဂီရိကိုပစ်မည်ပြုရာ ဒသဂိရိ သီဟိုပြည်သိုပြေးလေသည်

ရာမသည်သီတာဒေဝီကို သိမ်းပိုက်လျက်အယုဒယပြည်သို့ပြန်သည်

(လေးတော်တင်ခန်း)

အပြန်လမ်းတွင် ဗသျှူးရာမသည် သိတာဒေဝီအားလုမည်ပြုရာ ရာမမင်းနှင့် စစ်ဖြစ်သည်

ဗသျှူးရာမစစ်ရှုံးသည်

အယုဒယပြည်သို့ပြန်ရောက်သည်

အယုဒယပြည်တွင် မင်းကြီးသည် အိုမင်းမစွမ်းသောကြောင့် သားတော်ရာမအားထီးနန်းလွှဲရန်စီစဉ်လေသည်

ထိုအကြောင်းကိုအပျိုတော် ကုပစိသည်ကေကေမိဖုရားအား ကုန်းချောလေသည်

ကေကေမိဖုရားလည်း မင်းကြီးနာမကျန်းဖြစ်၍ ပြုစုစဉ်က မင်းကြီးကလိုရာဆုတောင်းရန်ကတိပေးဖူးသည်

ထိုကတိကိုအသုံးချလျက်မိမိသားတော် ဘဒရမင်းသားအားနန်းတင်လျက်ရာမမင်းအားမှော်ရုံတောပိုရန် မင်းကြီးအားပူဆာလေသည်

မင်းကြီးလည်း ကတိကိုမလွန်ဆန်နိုင်သောကြောင့်

ရာမမင်းကိုမှော်ရုံတောပို့ရလေသည်

အချစ်ကြီးသောသီတာဒေဝီနှင့် လက္ခဏာမင်းသားတို့လည်းတပါတည်းလိုက်ခဲ့လေသည်

ဘဒရမင်းသားကြားသိသောအခါ မိုက်သောကုပစိအပျိုတော်ရဲ့ ကုန်းချောစကားကိုနားယောင်လေခြင်းဟု မိခင်အားဆိုလျက်ရာမမင်းသားအားပြန်ခေါ်ရန်ကြံသည်

သို့သော်ရာမမင်းက ဖခင်ရဲ့ကတိတည်စေလိသောကြောင့် မလိုက်လိုပဲ ၁၂ကြာမှပြန်လာလေမည်ဟုဆိုသည်

သည်ကြားကာလတွင် ဘဒရအားမင်းပြုစေသည်

ရာမမင်းသားတို့သည်ဗာလမိဂရသေ့ထံအလုပ်ကြွေး ပြုလျက်မှော်ရုံတောတွင်နေထိုင်သည်

သုချိပ်မျောက်မင်းနှင့် ဗာလီမျောက်မင်းတို့သည်ညီနောင်ချင့်ရန်ဖြစ်၍ ညီတော်သုချိပ်စစ်ရှုံးရာ ထွက်ပြေးလျက် ကြို့ပင်တွင်ပုန်းနေရလေသည်

တောတွင်၁၂ပြည့်ပြီးဖြစ်သဖြင့် ရာမတို့အယုဒယပြည်ပြန်လာရာ လမ်းခရီးတွင်ဒသဂီရိရဲ့တူတော်များဖြစ်သော ဒုသနှင့် ခရတို့နှင့်ဆုံ၍ စစ်ဖြစ်ရာ ဒုသနှင့် ခရတို့စစ်ရှုံးပြီးအသက်ဆုံးသည်

ဒုသနှင့် ခရတို့အချိန်မီပြန်မရောက်သဖြင့် မယ်တော်ဂမိဘီလူးမသည် အရှာထွက်လာရာ ရာမလေးဒဏ်ရာနှင့်သေဆုံးနေသောသားတော် နှစ်ပါးအားတွေ့လေသည်

အငြိုးထားလျက် ရာမမင်းအားသတ်ရန် အကိုဖြစ်သူဒသဂီရိဘီလူးမင်းထံလျောက်ထားလေသည်

ဒသဂီရိလည်းသီတာဒေဝီကို ရယူလိုသဖြင့် ရာမအားသတ်ရန်အကြံထုတ်လေသည်

ဦးရီးတော်အား ရွှေသမင်အယောင်ဆောင်စေလျက်လှည့်စားဖြားယောင်းစေသည်

ရွှေသမင်ကိုမြင်သောသီတာဒေဝီသည်ရယူလိုကြောင်းရာမင်းအားပူဆာလေသည်

ရာမမင်းက ထိုသမင်သည် အစစ်မဟုတ်နာနာဘဝတို့အယောင်ဆောင်ထားခြင်းဖြစ်ကြောင်းပြောသော်လည်းမရ

နောက်ဆုံးရွှေသမင်အားလိုက်ဖမ်းရလေသည်

ရွှေသမင်အယောင်ဆောင်ထားသောနတ်ဘီလူးသည်ရာမ အသံဖြင့် စူးစူးဝါးဝါးအော်လေသည်

ရာမမင်းသားအသံကိုကြားရသောသီတာဒေဝီသည် စိတ်ပူသဖြင့် လက္ခဏာအားလိုက်ကြည့်စေသည်

လက္ခဏာကထိုအသံသည် အစစ်မဟုတ်အယောင်ဆောင်အသံဖြစ်ကြောင်းပြောသော်မရ သီတာဒေဝီက မိမိကိုယ်တိုင်လိုက်ကြည့်မည်လုပ်ရာလက္ခဏာမင်းလည်းမတတ်နိုင်ပဲဖြစ်လေသည်

စည်းဝိုင်းတားလျက်သီတာအား ထားကာ ရာမမင်းအားလိုက်ရှာလေသည်

ထိုအချိန်တွင်ဒသဂီရိဘီလူးသည် ရသေ့ယောင်ဆောင်လျက် အသီတာဒေဝီထံရေအလှူခံသည်

သီတာဒေဝီလည်းရသေ့အစစ်ထင်လျက်စည်းဝိုင်းကျော်ကာရသေ့အားရေလှူလေသည်

ဒသဂီရိသည် သီတာဒေဝီအားဖမ်းလျက် သီဟိုပြည်သို့ပြေးလေသည်

(သမင်လိုက်ခန်း)

လမ်းတွင် ကြို့ပင်ထက်တွင်ပုန်းနေသောသုချိပ်မျောက်မင်းခေါင်းပေါ် ရထားဖြတ်မိသောကြောင့် သုချိပ်သည် ရထားအား အမြီးဖြင့် ဆွဲထားလေသည်

ဒသဂိရိအားတောင်းပန်သောအခါမှသာလွတ်ပေးသည်

ထိုစဉ်သီတာဒေဝီသည် သုချိပ်မျောက်မင်းအားမိမိ မြပုဝါကိုပေးလျက်ရာမမင်းကိုသိစေသည်

ရာမမင်းသည် သီတာဒေဝီအားအရှာ

ထွက်လာရာ သုချိပ်ရှိသောကြို့ပင်အောက်ရောက်လေသည်

ခရီးပမ်းလှသဖြင့် အနားယူသော်လက္ခဏာမင်းက

မအိပ်စက်ပဲ အကိုတော်ရာမ မင်းအားစောင့်ရှောက်နေပုံကို အပင်ပေါ်ရှိသုချိပ်မြင်သော် မိမိတို့သုချိပ် ဗာလီညီနောင်နှင့်ကွာခြားလေခြင်းဟု ပြင်းစွာငိုလေသည်

ရာမလက္ခဏာ ညီနောင်လည်းရန်ပြုမည့်သူထင်လျက်သုချိပ်အား သတ်မြင်ပြုသည်

သုချိပ်လည်းမိမိသည်ရန်သူမဟုတ် နောင်တော်ဗာလီအားသတိရလျက်ငိုခြင်းဖြစ်ကြောင်းရှင်းပြသည်

ရာမလည်းခွင့်လွတ်တော်မူသည်

ထိုအခါသုချိန်ကရာမထံတပည့်ခံလျက် နောင်တော်ဗာလီအားဆုံးမပေးရန်ပြောသည်

ရာမလည်း ဗာလီမျောက်မင်းအားကူ၍ နှိမ်နင်းရာအောင်မြင်သည်

သုချိပ်မျောက်မင်းလည်းကျေးဇူးတင်ကာသီတာဒေဝီပေးသောမြပုဝါကိုဆက်သသည်

ရာမလည်းသီတာဒေဝီရဲ့ ပုဝါဖြစ်ကြောင်းသိသော်ဖြစ်ကြောင်းကုန်စင်မေးလေသည်

သုချိပ်လည်း ဒသဂီရိဖမ်းခေါ်သွားကြောင်းပြောသည်

ရာမမင်းသားသည် ဒသဂီရိထံတွင် သီတာဒေဝီရှိမရှိသိလို့သောကြောင့် လကာဒီပကိုခုန်ကူးနိုင်သောမင်းကိုရှာလေသည်

အလုံးစုံသောမျောက်တို့သည်မစွမ်းနိုင်ကြပေ

နောက်ဆုံး ဟန်နုမန်ကို ရာမထံသုချိပ်မျောက်မင်းပြသသည်

ရာမက ဒီမျောက်သည် သေးပိန်ချိနဲလျက်အဘယ်ကြောင့်ဖြစ်ရသည်ကိုမေးလေသည်

ဟန်နုမာန်လည်းကြိမ်စာအကြောင်းရှင်းပြလေသည်

ထိုကြိမ်စာကိုပြေစေရန် ရာမမင်းသားသည် ဟန်နုမန်အားလက်တော်ဖြင့် သုံးချက်သပ်တော်မူသည်

ဟန်နုမန်လည်းကြိမ်စာပြေ၍ တန်ခို့ပြန်လည်ကြီးမားလာခဲ့သည်

ရာမမင်းသားအားကျေးဇူးတင်လွန်းသောကြောင့် ရာမထံတပည့်ခံသည်

ရာမလည်း ဟန်နုမန်အား သိဟိုပြည်လွတ်လျက်သီတာဒေဝီရှိမရှိကြည့်စေသည်

ဟန်နုမာန်သည် သေးငယ်သော မျောက်အသွင်ဖန်ဆင်းလျက်ဒသဂီရိ နန်းတော်သိုသီတာဒေဝီအားရှာလေသည်

သီတာဒေဝီကိုတွေ့လျှင် ရာမမင်းက လာကြည့်ခိုင်းကြောင်းပြောသည်

သီတာလည်းဝမ်းမြောက်စွာဖြင့် ခုနှစ်ရက်အတွင်း လာရောက်ခေါ်ယူရန် သို့မဟုတ်ပါကဒသဂီရိကသတ်တော့မည်ဖြစ်ကြောင်းရာမမင်းအားအကြောင်းပြန်စေသည်

ဒသဂီရိ ဘီလူးစစ်သည်တို့သည်ဟန်နုမန်ကိုမြင်လျှင်ဖမ်လျက်သတ်မည်ပြုကြလေသည်

ဟန်နုမာန်လည်း မိမိအားသတ်၍ မရကြောင်းမိမိအမြီးကိုမီးရို့မှသာ သေမည်ဖြစ်ကြောင်းပြောသည်

ဘီလူ့စစ်သည်တို့လည်း ဟန်နုမာန်စကားကိုယုံလျက်အမြီးအားမီရှို့သည်

ဟန်နုမာန်သည် မိမိအမြိုတွင်လောင်သောမီးကိုတန်ခိုးဖြင့် ယူလျက် သီယိုပြည်ကြီးအားမီးရှို့လေသည်

(သီဟိုပြည်မီးရှို့ခန်း)

သီဟိုပြည်တွင်သီတာဒေဝီရှိကြောင်း ဟန်နုမန်အကြောင်းပြန်သည်ကိုရာမမင်းသားကြားသိလျှင်လကာဒီပမြစ်ကိုဖြတ်ရန်ကျောက်တန်းစီသည်

ကျောက်တန်းသည်မြစ်လယ်ရောက်လျှင် ပြိုလေသည်

ဟန်နုမန်သည်အကြောင်းရင်းအား ရေငုပ်ရှာလေရာဂဏန်းမကဖျက်ကြောင်းသိ၍ နှိမ်နင်းတော်မူသည်

မျောက်စစ်သည်များနှင့်အတူ ရာမမင်းစစ်ချီလေသည်

ဒသဂီရိညီတော်ဗိဘီဇနဘီလူးသည် အကိုတော်ဆိုးသွမ်းနေသည်ကိုမနှစ်သက်သဖြင့် ရာမမင်းထံသစ္စာခံသည်

သိဟိုပြည်သို့လာရာလမ်းဝယ်ဒသဂီရိသည် သိကြားမင်းနှင့် နတ်ပြည်အသွင်ဖန်ဆင်းကာဖြားယောင်းလေသည်

နတ်သမီးတို့ရဲ့ ကပုံတီးပုံဆိုပုံများကိုမြင်သောမျောက်စစ်သည်များသည် အငိုက်မိကြလေသည်

ဒသဂီရိသည် နဂါးပတ်ကျော်ကွင်းဖြင့် ပစ်သောကြောင့် မျောက်စစ်သည်နှင့် သုချိပ်မျောက်မင်းတို့သေလေသည်

ဟန်နုမန်မျောက်မင်းသည်အကြီးအကျယ်ဒေါသထွက်ကာ နတ်ပြည်အသွင်ဖန်ဆင်းထားသည်ကိုဖျက်ဆီးလေသည်

ဟန်နုမာန်သည်ဂန္ဓမာဒနတောင်မှ သုဝဏ္ဏပတ္တဆေးပင်ကိုယူလျက် သုချိပ်ကို ဆေးကုလေသည်

ဆေးနံ့ရသောသုချိပ်သည်အသက်ရှင်လေသည်

ဒသဂီရိလည်းသားတော်ဃ္နစိတ္တကိုစေလွှတ်လျက်ရာမနက်ခင်းတို့အားတိုက်ခိုက်စေသည်

ဃ္နစိတ္တသည်ကိုယ်ဖျောက်နိုင်သောအစွမ်းရှိသည်

၁၂နှစ်တာကာလပတ်လုံးသီလစောင့်ထိန်းသူသာမြင်လလေသည်

ထိုအခါလက္ခဏာက မြင်လေသောကြောင့် ညွှန်ပြရာဝယ်ရာမကလေးဖြင့်ပြစ်၍ ဃ္မစိတ္တစစ်ရှုံးလေသည်

တဖန် ဒသဂီရိသည်ညီတော်ကဏဘီလူးကိုစေလွှတ်ပြန်သည်

ကဏဘီလူးလည်းစစ်ရှုံးလေသည်

သမုဒ္ဒရာသည်ခါတိုင်းနှင့်မတူခြင်းခြင်းနီနေသည်

အဘယ်ကြောင့်နည်းဟု ရာမမင်းကမေးမြန်းရာ ဗိဘိဇနဘီလူးကသူရာဂုမာန် ဘီလူး သန်လျက်သွေးနေသောကြောင့်ဖြစ်သည်

ထိုသန်လျက်သည်တန်ခိုးကြီးသည် မသွေးဖြစ်အောင် အပုပ်နံ့ဖြစ်နှောက်ယှက်ရမည်ဟုလျောက်တင်လေသည်

ဟန်နုမာန်လည်းခွေးသေပုပ်အသွင်ဆောင်လျက်နှောက်ယှက်ရာ သန်လျက်သည်အစွမ်းမထက်တော့ပဲရာမအနိုင်ရပြန်သည်

တဖန်ဒသဂီရိသည် မှန်ပြဘီလူ့အားစေလွှတ်ပြန်သည်

မှန်ပြဘီလူးသည်တန်ခိုးကြီးသည်

သူ့မျက်စောင်းထိုးသမျှပြာဖြစ်စေနိုင်သည်

ဘီလူးတို့အားနည်းချက်ကိုသိသောဗိဘိဇန ဘီလူးကမှန်ကြီးတစ်ချပ်ပြုလုပ်လျက်ကာကွယ်နိုင်ကြောင်းရာမမင်းအားလျောက်တင်သည်

မှန်ပြဘီလူးသည် မှန်တွင်မြင်သော မိမိအရိပ်ကိုမျက်စောင်းထိုးမိပြီးစစ်ရှုံးလေသည်

တဖန် ယခနီယဘီလူးမသည် သီတာဒေဝီအသွင် နာနာရုပ်ဆောင်လျက် ရာမထံချင်းကပ်လေသည်

သို့သော် ရာမမင်းကအဖြစ်မှန်ကိုသိမြင်နိုင်စွမ်း ရှိသောကြောင့် ယခနီယစစ်ရှံ့ရပြန်သည်

ဟန်နုမာန်သည် ရာမမင်းသားနှင့် လက္ခဏာတို့ကိုစိတ်မချသဖြင့် ညအချိန်တွင် မိမိအာခံတွင်းတွင်ငုံလျက်အိပ်သည်

မိုးလင်းမှသာအပြင်သို့ထုတ်သည်

ထိုအကြောင်းကိုသိသောဂုမဒီပ

ဘီးလူးသည် ညအချိန် အားလုံးအိပ်ပျော်နေချိန်လာလျက် ဟန်နုမာန်မျက်စိတွင်နံနက်အသွင်ဖန်ဆင်းကာရာမမင်းအားထုတ်စေလျက်ရာမမင်းအားဖမ်းဆီးခေါ်ဆောင်လေသည်

(ဂုမဒီပဘီလူး ရာမဖမ်းခန်း)

ဂုမဒီပဘီလူးသည်ရာမမင်းအားခေါင်းဖြတ်သတ်မည်

ပြုရာ ရာမမင်းအားခေါင်းငုံ့ခိုင်းလေသည်

ရာမမင်းက ခေါင်းမငုံ့တတ်ကြောင်းပြောသောကြောင့် ဂုမဒီသည် အစမ်းငုံ့ပြရာ ဟန်နုမန်

ရောက်လာပြီးရာမမင်းအားကယ်လေသည်

နောက်ဆုံးတွင် ဒသဂီရိကိုယ်တိုင်စစ်ချီရာ ရာစုသစ်မင်းကလေးစကြာဖြင့် နှိမ်နင်းသဖြင့် ဒသဂီရိကျဆုံးလေသည်

ထိုအခါသီတာဒေဝီကို ကယ်ထုတ်လေသည်

သီတာဒေဝီသည် ရာမမင်းမိမိအပေါ်တွင် သံသရရှင်းစေရန် မီးပုံတွင်ခုန်ချကာသစ္စာဆိုလေသည်

သီတာဒေဝီရဲ့ သစ္စာသည်မှန်ကန်သဖြင့် မီးမလောင်ပဲရှိလေသည်

ရာမမင်းသည် သီတာဒေဝီလက္ခဏာတို့နှင့်အတူ အယုဒယပြည်ပြန်ကာနန်းသိမ်းပွဲခံလေတော့သည်

Credit-Simon Htoo Thant

Yama Zatdaw

6 languages

From Wikipedia, the free encyclopedia

This article needs additional citations for verification. Please help improve this article by adding citations to reliable sources. Unsourced material may be challenged and removed.
Find sources: “Yama Zatdaw” – news · newspapers · books · scholar · JSTOR (July 2022) (Learn how and when to remove this template message)Yama Zatdaw

  • Part of a series on 
    Dance-drama of 
    Southeast Asia
     

Burma

Cambodia

Indonesia

Laos

Malaysia

Philippines

Thailand

Vietnam

Rama (Yama) and Sita (Me Thida) in Yama Zatdaw, the Burmese version of Ramyana

Yama Zatdaw (Burmese: ရာမဇာတ်တော်, pronounced [jàma̰ zaʔ tɔ̀]), unofficially Myanmar’s national epic, is the Burmeseversion of the Ramayana and Dasaratha Jataka. There are nine known pieces of the Yama Zatdaw in Myanmar. The Burmese name for the story itself is Yamayana, while zatdawrefers to the acted play or being part of jataka tales of Theravada Buddhism.

Headgears of Ramayana Jataka

The Yama Zatdaw was introduced by oral tradition during King Anawratha’s reign although it was not known clearly whether the story was Valmiki’s Sanskrit epic Ramayana or not. In the Nathlaung Temple, the Visnu temple, within the walls of old city Bagan, there are some stone sculptures, one of which is Ramachandra. Based on Burmese literature, at least, Hanuman has been known in Burma definitely before 1527 AD.

The Burmese Ramayana was influenced greatly by Ayutthaya, during which various Konbaung Dynasty kings invaded the kingdom. The invasions often brought back spoils of war, including elements of Ramakien (Thai version of Ramayana) into the epic. Rama sā-khyan, one of the well known literature in Burma, is believed to be composed in 1775 by U Aung Phyo which begins with Bala kanda and ends at Yudha kanda as in Valmiki‘s Ramayana. There are also important Burmese literature and classical music related to the Ramayana which were developed in that era such as U Toe‘s Yama yakan (Rama’s song, ရာမရကန် and Thida yakan (Sita’s song, သီတာရကန်), both written in 1784; Yama pyazat (Ramayana ballet, ရာမပြဇာတ်) in 1789; and Kalay Yama wuthtu (Young Rama’s life, ကလေးရာမဝတ္ထု) in 1800.[1]

The ethnic Mon adaptation of Ramayana is known as “Loik Samoing Ram” which was written in 1834 AD by a Buddhist monk named Uttama. It is evident that “Loik Samoing Ram” is mainly derived from Burmese version as the author of the Mon version stated in his preface that due to the popularity of Burmese version in the capital. However, Mon version also exhibits the connections with Thai, Javanese and Malayan versions and has own unique episodes, not found in Thai, Burmese or Malayan versions.[2]

Characters[edit]

The characters of Yama Zatdaw share the same features and characteristics as those in the original story. However, in acting, the costumes are a mixture of Bamar and Thai elements. The names of the characters, in general, are Burmese transliterations of the Sanskrit names. 

  • Rama is known as Yama (ရာမ).
  • Sita is known as Thida (မယ်သီတာ).
  • Lakshmana is known as Lakhana (လက္ခဏ).
  • Hanuman is known as Hanuman (ဟနူမာန်).
  • Parashurama is known as Pashuyama (ပသျှူးရာမ).
  • Ravana is known as Yawana (ရာဝဏ) or Datha-giri (ဒဿဂီရိ).
  • Vali is known as Bali (ဘာလိ).
  • Maricha is known as Marizza(မာရဇ).
  • Vibhishana is known as Bibi-thana (ဘိဘိသန).

References[edit]

  1. ^ “Ramayana, the old ancient wonder of the world was one center of a romantic powerful empire”
  2. ^ “Salient features of Mon Rama story” by Toru Ohno

External links[edit]

show

Hindu deities and textsshow

Ramayana

Categories

ရာမာယဏ

၁၁၁ ဘာသာစကားများ ၁၁၁ ခု

ဝီကီပီးဒီးယား မှ

Indischer Maler von 1780 001.jpg

ရာမာယဏ (ဟိန္ဒီ: रामायण) သည် သက္ကတ ဘာသာဖြင့်ရေးသားခဲ့သော စွန့်စားခန်း ကဗျာရှည်ကြီးဖြစ်ပြီး ဘီစီ ၄၀၀ နှင့် ၂၀၀ ကြားတွင်ပြန်လည် ပေါင်းစည်း တည်းဖြတ် ထားသည်ဟု ယူဆရသည်။ ရာမာယဏဆိုသည်မှာ “ရာမ”နှင့် “အယာဏ” ဟူသော စကားလုံး နှစ်လုံးကို ပေါင်းစည်း ထားခြင်းဖြစ်ပြီး “ရာမ၏ခရီး” ဟုအဓိပ္ပာယ် ရသည်။ အစဉ်အလာမှတ်တမ်းများ အရရေးသားစီရင် ခဲ့သူမှာ ပညာရှိကြီး ဝမ္မီကိရသေ့ကြီး Valmiki ဖြစ်သည်ဟု ယုံကြည်ကြပြီး ဟိန္ဒူဘာသာ၏ အရေးပါလှသော ကျမ်းဂန်တစ်ခုဖြစ်သည်။ ဝမ္မီကိရသေ့ကြီး၏ ရာမယဏသည် ကမ္ဘာပေါ်တွင် ပုံစံအမျိုးမျိုးဖြင့် ပြန့်ပွားလျက် ရှိသော ရာမယဏ ဇာတ်လမ်းများ၏ မူရင်းလည်းဖြစ်သည်။

ရာမာယဏအား အပိုဒ်ပေါင်း နှစ်သောင်းလေးထောင်၊ အခန်းကဏ္ဍပေါင်း ငါးရာနှင့် ကျမ်းခုနှစ်ကျမ်းတို့ဖြင့် ဖွဲ့စည်းထားပြီး ၃၂ လုံးစပ် ဟန်ဖြင့် ရေးဖွဲ့ထားသည်။ ရာမာယဏသည် အိန္ဒိယ စာပေယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းအား များစွာလွှမ်းမိုးရုံ သာမက မဟာဗြရတ္တ ကဲ့သို့ပင် ဟိန္ဒူဂုရုကြီးများ၏ သွန်သင်ဆုံးမမှု ဓမ္မအား ညွှန်ပြသည့် ဘာသာရေး ကျမ်းတစ်စောင်လည်းဖြစ်သည်။ ဤဇာတ်လမ်းပါ ဇာတ်ကောင်များ ဖြစ်သော ရာမ၊ လက္ခဏ၊ သီတာ၊ ဟာနုမာန် စသည်တို့မှာ စံပြ သားယောက်ျား၊ စံပြလင်ယောက်ျား၊ စံပြဘုရင်၊ စံပြဇနီး၊ စံပြနောက်လိုက်၊ စံပြအမှုထမ်း စသည့် ဂုဏ်ပုဒ်များ ဖော်ကျူးလျက် ရှိပြီး အိန္ဒိယ လူ့အဖွဲ့အစည်း အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်လျက် ရှိသည်။

ရာမာယဏသည် တမီလ်၊ ဟိန္ဒီ၊ ဘင်္ဂါလီ စသည့် ခေတ်သုံး စာပေတိုင်အောင် ဩဇာလွမ်းမိုး သည်သာမက အရှေ့တောင်အာရှသို့ပါ အေဒီ ၈ ရာစုခန့်တွင် ရောက်ရှိ ပြန့်နှံခဲ့သည်။ အရှေ့တောင် အာရှနိုင်ငံများ၏ စာပေ၊ ဂီတ၊ အက၊ ရုပ်သေး၊ ပန်းချီ၊ ပန်းပု အစရှိသည့် အနုပညာရပ်များတွင် ရာမာယဏကို အထင်အရှားတွေ့ နိုင်သည်။ ကမ္ဘောဒီးယား၏ (Reamker)၊ ထိုင်း၏ (Ramakien)၊ မြန်မာ၏ ရာမဇာတ်တော်ကြီး၊ မလေးရှား၏ (Hikayat Seri Rama)၊ လာအို၏ (Phra Lak Phra Ram)၊ အင်ဒိုနီးရှား ဘာလီကျွန်းနှင့် ဂျာဗားကျွန်းတို့၏ ရာမာယဏ၊ မွန်တို့၏ (Loik Samoing Ram) တို့မှာ ဘာသာ၊ ယဉ်ကျေးမှုဓလေ့ အသီးသီး ဖြင့် ပြန်လည် ဖန်တီးအသက်သွင်း ထားခြင်းဖြစ်သည်။

နှိုင်းယှဉ်ချက်[ပြင်ဆင်ရန်]

သက္ကတစာပေဝယ် သူရဲကောင်းစွမ်းရည်ပြ လင်္ကာကြီး နှစ်စောင်ရှိရာ၌ ရာမယဏသည် တစ်စောင်ဖြစ်ပေသည်။ ရာမာယဏဟူသည် ရာမမင်း၏ခြင်းရာထုပ္ပတ် ဖြစ်၍ မြန်မာတို့အဖို့မူ နန်းတွင်း ရာမဇာတ်တော်ကြီးဟု လွယ်လွယ်ခေါ်နိုင်ရာပေသည်။


လင်္ကာကြီးနှစ်ဆူအနက် အခြားတစ်ဆူဖြစ်သည့် မဟာဘာရတကဲ့သို့ ရာမာယဏသည် ထင်ရှားလှသော်လည်း အဘက်ဘက်တွင် ကွာခြားသည်ကို တွေ့ရပေသည်။ မဟာဘာရတသည် ရှေးဟောင်းပုံပြင် ပုရာဏ်အသွင် ဖြစ်သော်လည်း ရာမာယဏမှာမူ အကြောင်းအရာထက် အဖွဲ့အနွဲ့နှင့် တန်ဆာဆင်မှုကို အသားပေးသော ကဗျာစာရင်းတွင် ပါဝင်ပေသည်။ စင်စစ်သော် ရာမာယဏသည် ကဗျာအဖွဲ့အနွဲ့များတွင် ရှေးအကျဆုံး ဖြစ်သည့်အလျောက် အာဒိကာဗျဟူ၍ပင် အမည်တွင်ရသည့် လင်္ကာဖြစ်ပေသည်။ မဟာဘာရတသည် စာဆိုတစ်ဦး တည်း၏ လက်ရာဖြစ်သည်။ ထိုစာဆိုမှာလည်း ဝမ္မီကိရသေ့ကြီးဟု အတိအကျ သိရှိရသည့်ပြင်၊ ထိုစာဆိုရသေ့ကြီးမှာ အာဒိကဝိ ဟူ၍ပင် အမွှမ်းတင်ခြင်းခံရသူ ဖြစ်ပေသည်။ ပမာဏအားဖြင့်ကား ရာမယဏသည် မဟာဘာရတထက် တိုလှသည်။

မဟာဘာရတတွင် ဂါထာပုဒ်ရေ တစ်သိန်းရှိသော်လည်း ရာမာယဏတွင် ၂၄ဝဝဝ မျှသာ ရှိလေသည်။ အကြောင်းအရာအားဖြင့်လည်း ထိုနှစ်စောင်လုံးမှာ သူရဲကောင်းတို့၏ စွမ်းရည်ကို သီကျူးကြသည်ချည်း ဖြစ်သော်လည်း မဟာဘာရတသည် သူရဲကောင်းစွမ်းရည်ပြ အကြောင်းအရာတို့မှာ လင်္ကာတစ်စောင် လုံး၏ ငါးပုံတစ်ပုံထက်မပိုဘဲ ကိုယ်ကျင့်တရားများဆိုင်ရာ ဟင်းလေးအိုးပမာ ရှိနေ၍ ရာမာယဏမှာမူ အချစ်စွန့်စားခန်းများ ပါဝင်သည့် တကယ့်သူရသတ္တိကို မှတ်တမ်းတင်ထားသည့် လင်္ကာဖြစ်ပေသည်။ သို့သော် မဟာဘာရတတွင် လူလူချင်း တိုက်ခိုက်သည့် စစ်ပွဲများအကြောင်း ပါဝင်၍ ရာမာယဏတွင်မူ လူသား၊ မျောက်နှင့်ဘီလူးတို့ တိုက်ခိုက်သည့်စစ်ပွဲများအကြောင်း ပါဝင်ပေရာ၊ မူရင်းတိုက်ပွဲများအကြောင်းကို မသိရဘဲ တစ်ဆင့်စကားဖြင့် ဒဏ္ဍာရီပုံပြင်များသဖွယ် ဖြစ်နေပေသည်။ ထိုလင်္ကာကြီး နှစ်စောင်၏ ခြားနားမှုတစ်ရပ်မှာ မဟာဘာရတသည် အိန္ဒိယမြောက်ပိုင်းတွင် ပေါ်ထွန်းခဲ့၍ ရာမာယဏမှာမူ ဂင်္ဂါမြစ် အရှေ့မြောက်ဘက်တွင် တည်ရှိဖူးသည့် ရှေးဟောင်းကောသလတိုင်းတွင် ဖွားသန့်စင်ခဲ့ပေသည်။


လက်ရှိအသွင်ဝယ် ရာမာယဏသည် ခုနစ်တွဲသာရှိ၍ ပထမတွဲနှင့် နောက်ဆုံးသတ္တမတွဲတို့မှာလည်း နှောင်းလူတို့ ထည့်သွင်းဖြည့်စွက်ချက်များသာ ဖြစ်သည့်ဟု သက္ကတပညာရှင်တို့ ယူဆကြလေသည်။ မူရင်းအားဖြင့် ဗင်္ဂလားမူ၊ ဘုံဘိုင်မူနှင့် အနောက်အိန္ဒိယမူဟူ၍ သုံးစောင်ရှိပေရာ ဘုံဘိုင်မူမှာ ရှေးအကျဆုံး ဖြစ်သည်ဟု တွေ့ထင်ကြရပေသည်။

ရာမာယဏကို ဝမ္မီကိရသေ့ကြီးက စီကုံးရေးသားသည်ဟုဆိုသော်လည်း ဇာတ်လမ်းအနေနှင့်မူ ဝမ္မီကိရသေ့ကြီး မတိုင်မီကတည်းက တည်ရှိပြီး ဖြစ်သည်ဟု အချို့ပညာရှင်တို့က ဆိုလေသည်။ ရာမဇာတ်လမ်းသည် ရှေးပဝေဏီကပင် ရှိခဲ့သော်လည်း ဝမ္မီကိရသေ့ကြီး လက်ထက်ရောက်မှသာ ရသေ့ကြီးက ကဗျာအဖွဲ့အနွဲ့ဖြင့် မွမ်းမံတန်ဆာဆင်ကာ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုလေသည်။ မည်သို့ဆိုစေ ရာမာယဏသည် လင်္ကာတစ်စောင်တစ်ဖွဲ့အနေဖြင့် တည်ရှိခဲ့သည်မှာ အနည်းဆုံး နှစ်ပေါင်း ၂,ဝဝဝ မျှ ကြာမြင့်ပြီဟု ခန့်မှန်းရလေသည်။ မဟာဘာရတနနှင့် စာပြန်လျှင်လည်း မဟာဘာရတ လင်္ကာအဖွဲ့ အနွဲ့တစ်ရပ်အဖြစ်သို့ မရောက်မီ ကာလကပင် ရာမာယဏ၏ မူရင်းတည်ရှိပြီးဖြစ်သည်ဟု မှတ်ယူကြလေသည်။ ထိုသို့ မှတ်ယူကြရာတွင် ထင်ရှားသည့် အကြောင်းခံတစ်ရပ်မှာ မဟာဘာရတ၏ ပုံပြင်များကို ရာမာယဏတွင် မတွေ့ရဘဲ၊ ရာမ၏အကြောင်းအရာအချို့ကို မဟာဘာရတ၌ တွေ့ရခြင်း ဖြစ်ပေသည်။

ရာမဇာတ်ကို မြန်မာတို့ အများအပြားပင် သိရှိကြပြီး ဖြစ်သော်လည်း နှိုင်းယှဉ်လေ့လာနိုင်ရန် သက္ကတကဗျာ(မူ)လာ အကြောင်းအရာကို တတ်နိုင်သမျှ အကျဉ်းချုံးကာ ဖော်ပြပေအံ့။

ဇာတ်လမ်းအကျဉ်း[ပြင်ဆင်ရန်]

အယုဒ္ဓယပြည် ဒသရထမင်းကြီး၌ ကောသလ္လာ၊ ကေကေယီနှင့် သုမိတ္တာဟူ၍ မိဖုရားသုံးပါးရှိသည်တွင် ကောသလ္လာမှ ရာမ၊ ကေကေယီမှ ဘရတနှင့် သုမိတ္တာမှ လက္ခဏ နှင့် သတ္တုဃနဟူ၍ မင်းသားလေးပါး ဖွားမြင်လေသည်။ မင်းကြီးသည် သားတော်ကြီးရာမမင်းသားအား အမြတ်နိုးဆုံးဖြစ်၍ လက္ခဏမင်းသားကလည်း နောင်တော်ရာမမင်းသားကိုပင် အတွယ်တာဆုံး ဖြစ်လေသည်။ သားတော်များ အရွယ်ရောက်လျှင် ဝိဿမိတ္တရသေ့ကြီးသည် ရာမနှင့် လက္ခဏတို့အား ဝိဒေဟတိုင်း ဇနကမင်းကြီးထံ ခေါ်သွားရာ ဇနကမင်းကြီးသည် သမီးတော် သီတာမင်းသမီးအဖို့ ကြင်ယာရွေးရန် လေးတင်ပွဲ ကျင်းပနေခိုက် ဖြစ်လေသည်။ လေးတင်ပွဲဝယ် ရာမမင်းသား အနိုင်ရပြီးနောက် သီတာမင်းသမီးကို ရရှိ၍ ပြည်တော်ပြန် လာကာ ပျော်ရွှင်စွာ ပေါင်းသင်းနေထိုင်ကြလေသည်။

ဒသရထဘုရင်ကြီးသည် ဇရာဒုဗ္ဗလအရွယ်သို့ ရောက်လာပြီ ဖြစ်သည်နှင့် တစ်နေ့တွင် သားတော်ရာမမင်းသားအား ထီးမွေနန်းမွေခံအဖြစ် ကျေညာရန် စီစဉ်လေသည်။ သို့သော် ကေကေယီ မိဖုရားသည် မိမိ၏သားတော် ဘရတသာလျှင် မင်းဖြစ်သည်ကို မြင်လိုသောကြောင့် တစ်ရံခါက မိမိအား ဒသရထမင်းကြီး ပေးအပ်ထားသည့် ဆုနှစ်ရပ်ကို တောင်းခံလေသည်။ ထိုနှစ်ဆုမှ ဘရတမင်းသားကို အရိုက်အရာဆက်ခံ စေရန်နှင့် ရာမမင်းသားကို ပြည်တော်မှ ၁၄ နှစ်ကြာ နှင်ထုတ် ရန်တို့ ဖြစ်လေသည်။ အခြားဆုများ တောင်းခံရန် ဘုရင်ကြီးက အမျိုးမျိုး ပန်ကြားသော်လည်း မရသဖြင့် ရာမမင်းသားအားခေါ်၍ အကျိုးအကြောင်း ပြောပြရာ ရာမမင်းသားသည် သားတော် အလိမ်မာဖြစ်သည်အားလျော်စွာ မိမိ၏သဘောအလျောက် ကြင်ယာတော် သီတာမင်းသမီး၊ ညီတော် လက္ခဏတို့နှင့်အတူ ဒဏ္ဍကတောသို့ အေးချမ်းစွာပင် ထွက်ခွာသွားလေသည်။ ခမည်းတော်မင်းကြီးလည်း စိတ္တဇဖြင့် နတ်ရွာစံလေသည်။ ဘရတမင်းသားသည်လည်း မိမိ၏နောင်တော်ကို ကျော်လွန်၍ ဘုရင်မလုပ်လိုသောကြောင့် နောင်တော်အား လိုက်ရှာရာ၊ ဒဏ္ဍတောတွင် တွေ့ရှိ၍ နေပြည်တော်သို့ ပြန်လည် လိုက်ပါရန် ခေါ်ဆောင်လေသည်။ ရာမမင်းသားလည်း ညီတော်ဘရတ၏ သဘောထားကြီးမားပုံကို သိရှိရသော်လည်း မိမိ၏ကတိအတိုင်း ခမည်းတော်၏ ဩဇာကို နာခံလိုသောကြောင့် နေပြည်တော်သို့ ပြန်မလိုက်ဘဲ ခြေနင်းကိုသာ ပေးအပ်လိုက်လေသည်။ ဘရတမင်းသားလည်း ရွှေခြေနင်းကို ယူကာ ရာဇပလ္လင်ထက်တွင် တင်၍ နောင်တော်၏ ကိုယ်စားတိုင်းပြည်ကို အုပ်ချုပ်လေသည်။

ဒဏ္ဍက တောတွင်းဝယ် ရာမမင်းသည် ကြင်ယာတော်၊ ညီတော်တို့နှင့်အတူ နေထိုင်စဉ် ဘီလူးတို့၏ဘေးမှ ကြောက်လန့်နေကြသူတို့ ခိုဝင်လာကြရာ ရာမမင်းသည် ဘီလူးတို့၏ ရန်ကို တွန်းလှန်ရလေသည်။ သုပ္ပနခါ ဘီလူးမသည် ရာမမင်းကို မြင်လျှင် တပ်မက်ကြောင်း ထုတ်ဖော်သော်လည်း ရာမမင်းသားက လက်မခံသဖြင့် စိတ်နာ၍ မောင်တော်ခရဘီလူးကိုခေါ်၍ စစ်သည်တို့ဖြင့် တိုက်ခိုက်လေသည်။ သို့သော် ခရဘီလူးနှင့်တကွ စစ်သည်တော်တို့သည် ရာမမင်းသား၏ လက်ချက် ဖြင့် ပျက်စီးကြသည်ရှိသော် သုပ္ပနခါဘီလူးမသည် သီဟိုဠ်ကျွန်းသို့ကူး၍ မောင်တော်ဘီလူးမင်း ရာဝဏ (ဒသဂီရိ)ထံ တိုင်တန်းလေသည်။ ရာဝဏဘီလူးမင်းလည်း အမျက်ကြီးစွာဖြင့် ဂလဲ့စားစေချေရန် လိုက်လာပြီးနောက် မိမိ၏ နောက်ပါတစ်ဦးအား ရွှေသမင်အဖြစ် ဖန်ဆင်းကာ သီတာမင်းသမီးအား မြှူစေလေသည်။ မင်းသမီးလည်း ရွှေသမင်ကို လိုချင်၍ မောင်တော်အား ပူဆာရာ ရာမမင်းသားသည် ညီတော်နှင့်အတူ သမင်ဖမ်း ထွက်ရလေသည်။ ထိုအခိုက် ရာဝဏသည် ရသေ့ယောင်ဆောင်၍ သီတာအား ရထားပျံပေါ်တင်ကာ ကောင်းကင်ခရီးဖြင့် ခိုးပြေးလေသည်။ သီဟိုဠ်သို့ ရောက်လျှင် ရာဝဏသည် သီတာ၏ မေတ္တာကို တောင်းခံသော်လည်း မရသဖြင့် အကျဉ်းချထားလေသည်။ ရာမမင်းသား ညီနောင်တို့လည်း ရွှေသမင်ကို လိုက်၍မရဘဲ ပြန်လာသည်တွင် သီတာမင်းသမီးအား မမြင်သဖြင့် မင်းသမီးအား အရှာထွက်ပြန်လေသည်။ လမ်းတွင် ခေါင်းပြတ်ဘီလူးတစ်ကောင်နှင့် တွေ့ရှိလေရာ သုဂ္ဂီဝ(သုဂြိတ်) မည်သော မျောက်မင်းနှင့် မိတ်ဖွဲ့၍ ရှာရန် ထိုဘီလူးက အကြံပေးလေသည်။

ရာမသည် သုဂ္ဂီဝနှင့် တွေ့သောအခါ သုဂ္ဂီဝက မိမိမှာ ကြင်ယာနှင့်တကွ ထီးနန်းကိုပါ ညီဖြစ်သူဗာလီ၏ လုယက်ခြင်း ခံရကြောင်း ပြောပြကာ မဟာမိတ်ဖွဲ့လေသည်။ ထို့နောက် ရာမသည် ဗာလီအား တိုက်ခိုက်ပြီးသော် သုဂ္ဂီဝအား နန်းပြန် အပ်လေသည်။ သုဂ္ဂီဝတွင်ရှိသော မျောက်အမတ်များအနက် ဉာဏ်အရှိဆုံးနှင့် စိတ်အချရဆုံးသောသူကား ဟာနုမာန်ပေတည်း။ ထို့ကြောင့် သီတာမင်းသမီးကို ရှာဖွေရာ၌ ဟာနုမာန်အား ရာမမင်းသားက လွှဲအပ်လေသည်။ ဟာနုမာန်လည်း သီတာမင်းသမီး ရှိရာ အရပ်ကို သတင်းရရှိသဖြင့် မျောက်ဗိုလ်ပါတို့နှင့်အတူ လင်္ကာကျွန်းသို့ကူးရန် ကြိုးစားလေတော့သည်။

ဟာနုမာန်သည် မဟိန္ဒတောင်သို့ တက်၍ ဝေဟင်ခရီးဖြင့် လေးရက်တိုင်တိုင် ခက်ခက်ခဲခဲ ကူးခဲ့သည့် နောက်တွင် လင်္ကာကျွန်းသို့ ရောက်ရှိလေသည်။ ထို့နောက် မြို့တော်ကို အကဲခတ် ပြီးလျှင် မိမိ၏အရွယ်ပမာဏကို သေးငယ်အောင် ဖန်ဆင်းကာ မြို့တော်တွင်းသို့ ဝင်လေသည်။ ရာဝဏ၏နန်းတော်၊ ရထားပျံ၊ မောင်းမမိဿံတို့၏ အဆောင်များ စသည်တို့သို့ တိတ်တဆိတ် လှည့်လည်စုံစမ်းပြီးနောက် သီတာမင်းသမီးအား တောအုပ်တစ်ခုအတွင်းဝယ် တွေ့ရှိလေသည်။ မင်းသမီးအား အကျိုးအကြောင်းပြောပြပြီးသော် ဟာနုမာန်သည် ရာမရှိရာသို့ ပြန်လာကာ သီတာမင်းသမီးအား တွေ့ရှိရပြီ ဖြစ်ကြောင်းကို လျှောက် ထား၍ သီတာမင်းသမီး၏ စကားလက်ဆောင်ကို ပါးလေသည်။

ရာမလည်း သီတာမင်းသမီးအားပြန်လည်ရယူရန် ကြိုးစားလေတော့သည်။ သုဂ္ဂီဝက လင်္ကာကျွန်းသို့ တံတားသွယ်ပေးလျှင်ပင် မျောက်စစ်တပ်ကြီး ချီတက်လာလေသည်။ ထိုအခါ ရာဝဏ၏ ညီတော်ဗီဘီသနက သီတာအား ရာမမင်း၏လက်သို့ ပြန်လည်အပ်နှင်းရန် အကြံပေးလေသည်။ သို့သော်လည်း ရာဝဏက မလိုက်နာရုံမက စော်ကားမှုပြုသည်ရှိသော် ဗိဘီသနသည် ရာမမင်းဘက်သို့ ခိုဝင်လေသည်။ ထို့နောက် စစ်ပွဲကြီးများ ဖြစ်ပွားလေတော့သည်။ ရာဝဏ၏သားတော်သည် လက္ခဏ၏လက်ချက်ဖြင့်၎င်း၊ ရာဝဏကိုယ်တိုင်မှာမူ ရာမမင်း၏ လက်ချက်ဖြင့်၎င်း အသက်ဆုံးရှုံးပြီးနောက် ရာမမင်းအဖို့ အောင်ပွဲရရှိလေသည်။ သို့သော် ရာမမင်းသည် သီတာမိဖုရားအား သင်္ကာမကင်းဖြစ်၍ ကြင်ယာတော်အဖြစ် ပြန်လည်သိမ်းပိုက်ခြင်း မပြုသဖြင့် မီးပုံအတွင်း ခုန်ဆင်းလေသည်။ 

ထိုအခါ မီးလောင်ခြင်းမရှိသဖြင့် သီတာမိဖုရား၏ သစ္စာဖြူစင်ပုံကို သိရှိကာ၊ ရာမမင်းသည် ကြင်ယာတော်အဖြစ် သိမ်းပိုက်၍ အယုဒ္ဓယပြည်ဝယ် တရားနှင့်လျော်စွာ မင်းပြုလေသည်။ သို့သော် ဤမျှနှင့် ဇာတ်လမ်းမဆုံးသေး။ သီတာမင်းသမီးအား ပြန်လည်ဆောင်ယူခြင်းကို တိုင်းသူပြည်သားတို့က မကျေ မနပ်ဖြစ်ကြလေသည်။ ဤသို့ ပြန်လည်ဆောင်ယူခြင်းသည် တိုင်းသူပြည်သားတို့အဖို့ ဆိုးရွားသော နမူနာတစ်ရပ် ဖြစ်သည် ဟု ယူဆကြလေသည်။ ထိုအခါ ရာမမင်းလည်း မလွှဲမရှောင် သာသဖြင့် သီတာမိဖုရားအားခေါ်ဆောင်၍ စွန့်ပစ်ရန် လက္ခဏ အား အမိန့်ထုတ်လေသည်။ လက္ခဏလည်း မရီးတော်အား ဂင်္ဂါမြစ်ကမ်းသို့ ခေါ်ဆောင်ကာ အကျိုးအကြောင်းပြောပြ လေသည်။ ထိုအခါ သီတာမိဖုရားလည်း မိမိတစ်ဦးတည်းပင် ဝမ္မီကိရသေ့၏ ကျောင်းသင်္ခမ်းသို့ သွားရောက်လျှင် ရသေ့ကြီး သည် သီတာမိဖုရားအား မိန်းမဖော်များနှင့် လွှဲအပ်ထားလေ သည်။ မကြာမီ သီတာမိဖုရားတွင် ကုသနှင့် လဝအမည်ရှိသော သားတော်နှစ်ပါး ထွန်းကားလေသည်။ သားတော်များသည် အရွယ်ရောက်၍ ရသေ့ကြီး၏ တပည့်များ ဖြစ်လာကြပြီးနောက် ရသေ့ကြီးနှင့်အတူ ရာမမင်း၏ မြင်းယဇ်ပွဲသို့ လိုက်ပါသွားကြ လေသည်။ မိမိစီကုံးသည့် ရာမာယဏလင်္ကာကို ရသေ့ကြီးက ထိုညီနောင်နှစ်ပါးအား သီဆိုစေရာ၊ ကြားရသူတို့မှာ နှစ်သက် ကြည်နူးကြရလေသည်။ ရာမမင်း သိလျှင် သီတာမိဖုရားအား ခေါ်ဆောင်စေ၍ ကျမ်းသစ္စာကျိန်ခိုင်းလေသည်။ ရသေ့ကြီးက သီတာမင်းသမီး၌ အပြစ်လုံးဝကင်းစင်၍ ကုသလနှင့် လဝ တို့မှာ ရာမမင်း၏ သားတော်အစစ်အမှန် ဖြစ်ကြောင်း ပြောဆို လေသည်။ ရာမမင်းလည်း ရသေ့ကြီး၏စကားများကို ယုံကြည် သော်လည်း သီတာအား ကျမ်းကျိန်ခိုင်း၍သာ နေလေသည်။ ထိုအခါ သီတာမိဖုရားက မိမိသည် တစ်ပါးသောယောက်ျားနှင့် ဖောက်ပြန်ရန် စိတ်နှင့်ပင် မပြစ်မှားမိကြောင်း၊ ထိုစကားမှန် ပါက မိမိအား မြေနတ်မယ်သည် ယူဆောင်ပါစေသတည်းဟု အဓိဋ္ဌာန်ပြုလျှင်ပင် မြေနတ်သည် ထွက်ပေါ်လာကာ သီတာ မိဖုရားအား ပွေ့ယူကွယ်ပျောက် လေတော့သည်။ ထိုအခါကျမှ ရာမမင်းလည်း နောင်တရကာ သီတာမိဖုရားအား ပြန်လည် တောင်းယူသော်လည်း ဗြဟ္မာမင်းက နတ်ပြည်တွင် ပေါင်းရမည် ဖြစ်ကြောင်း ပြောပြလေသည်။ ရာမမင်းလည်း မကြာမီ တိုင်းပြည်အား သားတော်များအား လွှဲအပ်ကာ နတ်ရွာ စံလွန် လျှင် ဗိဿနိုးနတ် ဖြစ်လာပြန်တော့သည်။

ပါဠိပိဋကတ်တော်လာ ဇာတကကျမ်း[ပြင်ဆင်ရန်]

ဗုဒ္ဓအယူဝါဒီတို့၏ ပါဠိပိဋကတ်တော်လာ ဇာတကကျမ်း တွင်လည်း ဒသရထဇာတ်ဟူ၍ ရှိရာ ထိုဇာတ်ကား ရာမမင်း အား အလောင်းတော်အဖြစ် ပြဆိုထားပေသည်။ ဒသရထမင်းကြီး နတ်ရွာစံသောအခါ နောင်တော်ရာမမင်းသားက ညီတော်များ အား နှစ်သိမ့်သည့်စကားများကို ဂါထာ ၁၂ ပိုဒ်ဖြင့် ဖော်ပြ ထားပေရာ၊ ထိုဂါထာ ၁၂ ပိုဒ်အနက် တစ်ပိုဒ်မှာ သက္ကတ ရာမာယဏ လင်္ကာကြီးတွင် ပါဝင်သည်ကို တွေ့ရပေသည်။ သို့သော် ဂါထာ ၁၂ ပိုဒ်အနက် တစ်ပိုဒ်သာလျှင် တူညီသည် ကို ထောက်သော် ရာမမင်းသားမိန့်ဆိုသော ပါဠိဇာတကလာ ဂါထာများသည် ရာမာယဏလင်္ကာကြီးကို မှီးသည်မဟုတ်ဘဲ၊ ရာမမင်း၏ အကြောင်းအရာကို ဖော်ပြသည့် ရှေးဟောင်းပုံပြင် တစ်ရပ်ရပ်ကို မှီးသည်ဟူ၍သာ ဆိုနိုင်ဖွယ်ရှိပေသည်။ (ပါဠိ ရာမဇာတ်တော်၌ကား ရာဝဏအကြောင်း ပါဝင်ခြင်းမရှိပေ။) ရာမာယဏ လင်္ကာကြီးကို ကြည့်ပြန်လျှင်လည်း ဗုဒ္ဓအယူဝါဒ စိုးစဉ်းမျှမတွေ့ရ။ ရာမာယဏလာ မာတြာမှာ ပါဠိဂါထာများ တိုးတက်လာပြီးသည့်နောက်မှ ပေါ်ပေါက်လာဟန် ရှိသည်ဟူ၍ ပညာရှင်အချို့က ဆိုလေသည်။ ဤအချက်ကို ထောက်ပြန်သော် ရာမာယဏ၏ မူရင်းအဖွဲ့အနွဲ့သည် ဗုဒ္ဓအယူဝါဒ ထွန်းကားလာ ပြီးမှသာလျှင် ပေါ်ပေါက်ရမည်ဟု ဆိုနိုင်ပြန်လေသည်။

ရာမာယဏသည် အာရှအရှေ့တောင်ပိုင်း နိုင်ငံများတွင် လူသိများသော ဇာတ်လမ်း ဖြစ်ပေသည်။ အင်ဒိုနီးရှား၊ ကမ္ဗော ဒီးယား၊ ယိုးဒယား၊ မြန်မာ စသော နိုင်ငံများ၏ သဘင်ပညာ ဖြင့် ရာမဇာတ်လမ်းကို သရုပ်ဖော် ကပြကြသည်မှာ အထူး လူကြိုက်များသည်ကို အကျယ်ဖွင့်ဆိုရန် လိုအံ့မထင်ပေ။ ထို နိုင်ငံများတွင် ကပြကြသော ရာမဇာတ်လမ်းမှာ အသေးစိတ် အကြောင်းအရာများတွင် တစ်မူနှင့်တစ်မူ အနည်းငယ် ကွဲလွဲ မှုများ ရှိတန်ရာသော်လည်း ခြုံ၍ဆိုရသော် တစ်သဘော တည်းပင် ဖြစ်ပေမည်။ မြန်မာတို့၏ ရာမဇာတ်လမ်းသည် အိန္ဒိယမှ တိုက်ရိုက်ရောက်ရှိဟန် မတူ၊ ယိုးဒယားမှတစ်ဆင့် ရောက်ရှိဟန်တူလေသည်။ တောင်ငူခေတ် ဘုရင့်နောင် လက်ထက်တွင် ယိုးဒယားပြည်အလုံးကို သိမ်းရုံးအောင်မြင် တော်မူ၍ ယိုးဒယားမှ လက်မှုနှင့် အနုပညာသည်များကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်လာလေရာ ထိုအနုပညာသည်တို့တွင် ရာမဇာတ်ကို ကပြတတ်သည့် သဘင်ပညာသည်တို့ ပါဝင်ကြ မည်ဟု ခန့်မှန်းရပေသည်။ သို့သော် ရာမဇာတ်ကို မြန်မာ နိုင်ငံ၌ ပို၍ လူသိများသည်ကား ကုန်းဘောင်ခေတ် ဘိုးတော် ဘုရားလက်ထက်တွင်ဟု ယူဆနိုင်ဖွယ်ရှိပေသည်။ မြဝတီမင်းကြီး က ယိုးဒယားသီချင်းသွားများကို ယူကာ မြန်မာမှု ပြုရာတွင် ရာမမင်း၏ ဇာတ်လမ်းမှ ဇာတ်ကြောင်းအချို့ကိုပါ ဖွဲ့ဆိုခဲ့လေ သည်။ ဦးတိုးကမူ ရကန်သွားဖြင့်ပင် ဖွဲ့ဆိုလေရာ ဦးတိုး၏ ရာမရကန်ဟူ၍ ယနေ့တိုင် ကျော်ကြားလျက်ရှိပေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1.  မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)

ကဏ္ဍ