ဝိပသနာ ဘာဝနာ ဆရာတော်ကြီးများ၏ အဆုံးအမများ

Mya Than San Appamada

Personal blog

More

HomeGroupsReviewsVideos

Like

Mya Than San Appamada

6h  · 

ဝိပဿနာသမားများအတွက်ဆရာတော်ကြီးများ၏ …တန်ဖိုးကြီးလွန်းသောအဆုံးအမများ 🙏၁။ #မြစိမ်းတောင်ဆရာတော် တရားကို ပေါ့ပေါ့ဆဆ လုပ်တဲ့သူဟာ ပျားအုံကို တုတ်နဲ့ ထိုးနေသလို ကိလေသာကို တူးဆွ, နေတာနဲ့ အတူတူပါပဲ။🙏၂။ #မိုးညှင်းဆရာတော်ဤဘဝတွင် မဂ်ဖိုလ်ကို လိုချင်တောင့်တသော သူမြတ်တို့သည် နောက်နောင်ဘဝနှင့် ဆက်စပ်၍ ဘာတစ်ခုကိုမျှ တောင့်တလိုချင်ခြင်း စသော နိကန္တိတဏှာ တို့ကို ဖြတ်ကြမှသာလျှင် ဤဘဝတွင် မဂ်ဖိုလ်ကို ရနိုင်၏။နောက်ဘဝအတွက် တဏှာ စွဲကပ်ပါမူ, ၎င်း တဏှာက မဂ်ဖိုလ်ကို တားမြစ်နိုင်သည်ကို အထူး သတိရှိကြစေ။🙏၃။ #ညောင်လွန့်ဆရာတော်ဘုန်းကြီးတို့, ဦးပဉ္ဇင်းတို့၊ တရားတော်၏ အရသာ ဆိုတာ အလွန်တရာ မွန်မြတ်တယ်။ ပစ္စုပ္ပန်, သံသရာ ချမ်းသာနှစ်မျိုးလုံးထက် သာလွန်တယ်။ဒိဋ္ဌိ မကွာသေးလျှင် အမြီးကလေးတွေ, အမောက်ကလေးတွေ, ချိုကလေးတွေနဲ့ စသော အပါယ်ဘဝတို့မှ မလွတ်ကြရသေးဘူး။ ထို အပါယ်ဘဝတို့ကိုသာ ရှေ့ရှု နေကြရတယ်။သို့အတွက် ငါ, ငါ့ကိုယ် ဟု ထင်နေသော ဒိဋ္ဌိကွာအောင် မနေမနား သံတုံးကြီးကို အပ်ဖြစ်အောင်သွေးသော ယောကျာ်းကောင်းကဲ့သို့ ကြိုးစားအားထုတ် ကြရမယ်။🙏၄။ #တော်ကူးဆရာတော်ဘုရားကြီးဘုန်းကြီး ဝိပဿနာတရား စတင်ပြီး ရှုစက ဝေဒနာတွေ အကြီးအကျယ် ပေါ်ပါတယ်။ တချို့ ဝေဒနာတွေက ပြင်းထန်လွန်းလို့ ဘုန်းကြီး မျက်ရည်တောက်တောက် ကျပါတယ်။ အသံထွက်တဲ့အထိ အော်ပာစ် ညည်းညူရတာလည်း ရှိပါတယ်။ဒါပေမယ့် ဘုန်းကြီး လယ်သမားဘဝမှာ ကင်းကိုက်လို့ အော်ငိုရတဲ့ ဝေဒနာ၊ လည်ပင်းကို နွားဝှေ့လို့ ၂၁-ရက်လုံး အစား, စားမရ၊ အိပ်လည်းမရ ကြိတ်မှိတ်ခံစားရတဲ့ ဝေဒနာတွေနဲ့ စာရင် တရားအားထုတ်လို့ ခံစားရတဲ့ ဝေဒနာဟာ အသေးအမွှားပဲ လို့ နှလုံးသွင်းပြီး သည်းခံ ရှုမှတ်ခဲ့ပါတယ်။ပြီးတော့ ဆင်းရဲတဲ့ ဝေဒနာ ပေါ်လာတာဟာ ဘုရားဟောခဲ့တဲ့ ဒုက္ခသစ္စာတရားကို တစ်နည်းအားဖြင့် ဖော်ပြပေးရာ ရောက်လို့ စိတ်မဆိုးတဲ့အပြင် ဝမ်းတောင် သာမိပါတယ်။🙏၅။ #သဒ္ဓမ္မရံသီဆရာတော်ကျားလိုက်လို့ ပြေးနေရတဲ့သူဟာ ရှေ့က ခွေးပောင်သံကြားလို့ နောက်ပြန်လှည့်မယ် ဆိုရင် နောက်ကလိုက်လာတဲ့ ကျားရဲ့ ဝါးမျိုခြင်းကို ခံရလိမ့်မယ်။အိုခြင်း, နာခြင်း, သေခြင်း, အပါယ်လေးပါး ကျရောက်ခြင်း စတဲ့ ဘေးတွေနဲ့ ပြည့်နှက်နေတဲ့ သံသရာကြီးကို ကြောက်လို့, လွတ်မြောက်ချင်လို့ ကမ္မဋ္ဌာန်း ရှုမှတ်နေတဲ့ ယောဂီဟာ ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေ, ကိလေသာတွေကို သည်းခံပြီး မရှုမှတ်နိုင်ရင် သံသရာဘေးက မလွတ်မြောက်နိုင်ပါဘူး။ဆင်းရဲကြီးက လွတ်မြောက်ချင်ရင် ဆင်းရဲလေးတွေကို ကြိုးစားပြီး သည်းခံရပါမယ်။🙏၆။ #ချမ်းမြေ့ဆရာတော်ဣရိယာပုတ်ကြောင့် ဖြစ်တဲ့ ဒုက္ခဝေဒနာကို လေးလေးနဲ့ မှန်မှန် စိတ်ကလေး အသာလျော့၍ သည်းခံပြီး ရှုမှတ်ပါ။ ဘယ်လိုမှ မတတ်နိုင်တဲ့အခါ ပြင်ချင်တဲ့ စိတ်ကလေးကို စမှတ်ပြီး အမှတ်ကလေးနဲ့ ပြင်ပါ။ဒါပေမယ့် ခဏ, ခဏ မပြင်နဲ့။ အကျင့် ပါသွားလိမ့်မယ်။ ၂-ကြိမ်ထက် ကျော်လာရင်တော့ ထပြီး စင်္ကြန်လျှောက် ရှုမှတ်ပါ။ဝေဒနာ ဆိုတာ နိဗ္ဗာန်တံခါးကို ဖွင့်တဲ့ သော့ပါပဲ။🙏၇။ #ဝေဘူဆရာတော်ရုပ်နဲ့ နာမ်ကို မတွေ့ချင်ပေါင် ဆိုပြီး ရှောင်လို့, တိမ်းလို့များ ရနိုင်ပါမလား။ ဝင်လေ, ထွက်လေ ၂-ရပ်ဟာ မွေးကတည်းက ရှိနေတာ။ဘုရားဆုံးမတဲ့အတိုင်း ရုပ်ပေါ်, နာမ်ပေါ် ထားရတာ ပင်ပန်းသလား။ ပိုက်ဆံရော ကုန်သလား။ ငှားရ, ချေးရ သေးသလား။ အချိန်ကော ကုန်သလား။ တစ်ပါးသူရော သိသလား။ ထားတာက ” ဝီရိယ၊ ” ထားတဲ့အတိုင်း နေတာက ” ဝီရိယိဒ္ဓိပါဒ်။ ” အခုထား, အခုနေ၊ အခု ပစ္စုပ္ပန် ချမ်းသာ။ ဒီချမ်းသာ ဆိုက်လာတော့ ဝီရိယရှင် သိတယ်။သူများမေးစရာ မလိုဘူး။ တစ်နေ့ထက်, တစ်နေ့ မတိုးတက်ပဲ နေပါမလား။ ဘယ်လူ, ဘယ်နတ်, ဘယ်ဗြဟ္မာ ကမှ တားဆီး ပိတ်ပင်လို့ မရပါဘူး။🙏၈။ #လယ်တီဆရာတော်လောကမှာ အသုံးအဆောင်တွေ, အဆောက်အအုံတွေ မဆန်းကြယ်ဘူးလား။ ဒီထက် တိရစ္ဆာန်တွေက ပိုပြီး ဆန်းကြယ်တယ်။ သဏ္ဌာန် အမျိုးးမျိုး, အရောင်အဆင်း အမျိုးမျိုး, စွမ်းရည် အမျိုးမျိုးနဲ့ ရှိကြပါတယ်။အဲဒီ ဆန်းကြယ်တာတွေ အားလုံးကို စိတ်က ဖန်ဆင်းတာ။ စိတ်ကြောင့် ဖြစ်ရတာ။ ဒါကြောင့် စိတ်က လောကမှာ အဆန်းကြယ်ဆုံး ပဲ။တစ်လောကလုံး သူ, ခြယ်လှယ်တာ ခံနေကြရတယ်။ သူပဲ အုပ်စိုးနေတာမို့ သူ့အလိုကျ အကုန် လိုက်နေကြရတာ။ ဒါကြောင့် ဒီ စိတ်တစ်လုံးကို နိုင်ရင် ကိုယ်ဖြစ်ချင်တာ အကုန် ဖြစ်တယ်။ ဒီလောက် တန်ခိုးကြီးတယ်။ ပိုင်ပါစေနော်။🙏၉။ #မဟာဗောဓိမြိုင်ဆရာတော်မြတ်စွာဘုရားက ငါမရှိ, သူမရှိ ဆို၏။ အားလုံးက ငါ, သူ သတ်မှတ်လျက် ပေါင်းဖော် နေကြကုန်၏။ဘုရားက မမြဲ, ဆင်းရဲ ဟု ဆို၏။ အားလုံးက အစွဲအမြဲ ထားကြကုန်၏။ အနှစ်ပြည့်, အချစ်ပြည့်နဲ့ တွေ့ဆုံမိသမျှကိုလည်း မိမိအပိုင် ဟူ၍ လက်ခံထားကြကုန်၏။ဘုရားရဲ့ တပည့်က ဘုရားနှင့်မျှ မတည့်လျှင် ဘုရားသား, ဘုရားသမီး အမည်ခံဖို့ပင် မကောင်းပါ။🙏၁၀။ #မိုးကုတ်ဆရာတော်အိုခြင်း, နာခြင်း, သေခြင်း တို့က လွတ်ချင်ရင်၊ ဝေဒနာကို အမြဲ ဖြစ်ပျက်ရှု။အကျိုးဖြစ်တဲ့ တဏှာကို သတ်မနေနှင့်။ အကြောင်း ဝေဒနာ ကိုသာ သတ်။ ဝေဒနာကို အမြဲ ဖြစ်ပျက်ရှု။ နေ့တိုင်း ရှု။ အမြဲ ရှု။🙏၁၁။ #ဆရာတော်အရှင်ဇနကာဘိဝံသ လောကီအာရုံ ကာမဂုဏ် ဆိုတာက ” မရခင် အထင်ကြီး၊ ရပြီးတော့ နှလုံးနာ၊ မုန်းစရာတွေက အဖြစ်သည်း၊ အော်ငိုကာ နှလုံးကွဲ၊ နောက်ဆုံးမှာတော့ ရှင်ခွဲ, သေခွဲ ” ဆိုတာ တွေပါ၊ အထင် မကြီးကြပါနဲ့။တစ်ခုမှ ထင်သလို ဖြစ်မလာနိုင်တဲ့ အရာတွေပါ။🙏၁၂။ #သဲအင်းဂူဆရာတော်သေခါနီးလေ အရေးကြီးလေ ပဲ။ အရေးကြီးဆုံး အလုပ်က ခန္ဓာကို လုပ်ကျွေးဖို့ မဟုတ်။ခန္ဓာကို အသုံးချပြီး ဝိပဿနာကို ရှုဖို့ပါ ပဲ။🙏၁၃။ #မဟာစည်ဆရာတော်ပါရမီကိုတော့ တွက်မနေနဲ့။ သင် နဂိုက ပါရမီ မရှိသေးရင်လည်း အခု အားထုတ်တာက ပါရမီ ဖြစ်လာလိမ့်မယ်။ နဂိုကတည်းက ပါရမီ ပါလာရင်လည်း အခု ပေါ်လာလိမ့်မယ်။ပါရမီ ရှိ, မရှိ မသိလို့ အားမထုတ်ဘူး ဆိုရင် သင် ဘယ်တော့မှ မရနိုင်ဘူး။🙏🙏🙏🙏🙏ဆရာတော်ကြီးများရဲ့ အဆုံးအမ သြော်ဝါဒများနဲ့တရားထူးများရနိုင်ကြပါစေ🙏မူရင်းရေးသားပူဇော်သူအားရိုသေစွာ.Crd🙏🙏🙏မေတ္တာဖြင့်ပြန်လည်ဓမ္မဒါနပြုပါသည်