မှတ်ဖွယ် မှတ်ရာ
ဆည် မြောင်း ရေးရာ
စာပဒေသာ ( ၁၅ )
မြစ်ကမ်းထိန်းနည်း
လုပ်ငန်းများ
ရေ အင်ဂျင်နီယားများ မြစ်ချောင်းထိန်းသူများ အကျိုးငှါ လေ့လာဖတ်ရှုနိုင်ရန်
Face post post မှ ပြန်လည်ကူးယူမျှဝေပါသည်
မြန်မာပြည်ထဲက
ဧရာဝတီ မြစ်ကမ်းထိန်းလုပ်ငန်းနှင့် ဆက်စပ်လျက်
လိုလျင်ကြံဆနည်းလမ်းရခဲ့သော
ဆည်မြောင်းရဲ့ ရေတံခါးမြေင်းထိန်း
လုပ်ငန်းကြီး တစ်ခု ကို ပူးတွဲ့ ဖေါ်ပြပါသည်
မြစ်ကမ်းများရေတိုက်စား ကမ်းပါးပျိုခြင်းများမှ ကာကွယ်ရန် အတွက်
ကမ္ဘအဝှမ်း မြစ်ကြောင်းအင်ဂျင်နီယာများ
အသုံးပြုနေသောနည်းလမ်းတစ်ခုဖြစ်ပါသည်။
Geosynthetic မြေကာ နိုင်လွန် ဖိုင်ဘာ သား အစအမျိုးအစား များဖြင့် တွဲဖက် အသုးပြု ပါသည်
တန်ဘိုးကြီး စျေးကြီးမြင့် သော်လည်း
မြစ်ကမ်းထိန်းရာတွင် ထိရောက်ပါသည်
နိုင်ငံဘတ်ဂျက်အနေအထား ၊သုံးစွဲနိုင်အားတို့အရ
ရေရှည် အကျိုးအတွက် အသုံးပြုရန်
ချင့်ချိန်တိုင်းဆ နိုင်ကြပါသည်
မြန်မာပြည်တွင် Geotextile ပစ္စည်းအမယ်မျိုးစုံ
တင်သွင်းရောင်းချနေသော ဖက်စပ်ကုမ္ပဏီတစ်ခု
၂၀၁၀ ကာလတွင် ယခင်ရှိခဲ့ဘူးသည်။
၂၀၀၉ တွင် ဆည်မြောင်းမှ မိမိတို့ပင်စင်ယူပြီး နောက်
နောင်အခါ ဆည်မြောင်းမျိုးဆက်သစ်အင်ဂျင်နီယာများ သည်
ဆည်မြောင်းအလုပ် အချို့တွင် ဝယ်ယူ အသုံးပြုကြသည်ကိုတွေ့ခဲ့ရပါသည်။
၁၉၈၂/၈၃ နယ်သာလန် နိုင်ငံ IHE Delft
ဟိုက်ဒရောလစ်အင်ဂျင်နီယာနည်းပညာတက္ကသိုလ် ကြီးတွင်
မိမိ ပညာသင်ကြားခဲ့စဉ်က
Geotextile ဘူမိချည်မျှင် ဘာသာရပ်ကို
အထူးအဆန်းဝေါဟာရအဖြစ် စတင် သိရှိခဲ့ရသည်။
၁၉၆၆ RIT တက်စဉ်က ပိသုကာ major မိမိနှင့် အတူ
Textile ချည်မျှင်နှင့်အထည်အထူးပြု သူငယ်ချင်းများနှင့် ပထမနှစ်တွင် အတန်းတူတက်ခဲ့ကြရသည်
Geotextile ဘူမိ ချည်မျှင်ဘာသာကို
နယ်သာလန်နိုင်ငံတွင် အထူးအဆန်း သိခဲ့ရသည် နောက် တွင်
ဘူမိမြေသားနှင့် ရေ တို့ ထိတွေ့ဆက်စပိနေသော
မြေကြီးပေါ်တွင်ဖုံးအုပ်ရန် ကပ်ထားရန် အတွက်
ရေစိုခံ ၊ နှစ်ရှည်ခံ ၊ ရေငန်ခံ နိုင်လွန်သား
ဖိုင်ဘာ ချည်မျှင်တို့ဖြင့်ယက်လုပ်ထားသည် ကို
Geotextile ဘူမိချည်မျှင်ဟု
စကားလုံးအသစ်ထွင်ထားကြောင်းလေ့လာသိရှိခဲ့ရပါသည်
၁၉၈၀ ပတ်ဝန်းကျင် ကာလများသည်
Geotextile ပစ္စည်းများ
ကမ္ဘာတွင် ကျယ်ကျယ်ပြန့်ပြန့်စတင်သုံးနေကြသော
ကာလများ ဖြစ်သည် ဟု ဆိုနိုင်သည်။
နယ်သာလန် နိုင်ငံ တွင် ရေနှင့်ဆက်စပ် သော
မြစ်ကြောင်း အလုပ်များနှင့်ဆက်စပ်လုပ်ငန်းများ ၊
ပင်လယ်ဝ / မြစ်ဝ နှင့် ရေအောက်လုပ်ငန်းများတွင်
Geotextile နည်းပည,များကို
ကောင်းစွာ တွင်တွင်ကျယ်ကျယ် အသုံးချနေကြသည်များကို ကွင်းဆင်း လေ့လာရေးများတွင် တွေ့ခဲ့ရဘူးပါသည်။
သက္ကရာဇ် ၂၀၀၀ ကျော်ကာလ
ဝေါမြို့နယ် အနီးလက်ရှိ စစ်တောင်းမြစ်အနီး တွင်
လွန်ခဲ့သောနှစ် ၁၀၀ ေကျာ် ကာလမှစတင်၍
နုန်းတင် တိမ်ကောသွားခဲ့သော စစ်တောင်မြစ်အဟောင်းကြီးထဲတွင် ရှမ်းကိုင်းရေတံခါး ကိုမိမိတာဝန်ယူတည်ဆောက် ခဲ့စဉ် ၊ရေတံခါးမြောင်းအဝင်အထွက် ဖြစ်သော ရှမ်းကိုင်းချောင်း ကမ်ပါး ပြိုနိုင်သဖြင့် Geotextile/ Geosynthetic ဘူမီအံစာတုံး Geotube နိုင်လွန်စများဖြင့် ပုံဖေါ်ထားသော ကျောက်များထည့်ရန် အံစာပုံး များ ကို ဝယ်ယူ အသုံးချလိုခဲ့သေည်လည်း
ရန်ပုံငွေဘတ်ဂျက်မရှိသဖြင့်
မူလGeotube ပုံစံကိုနမူနာကြည့်ခါ
မိမိကိုယ်တိုင်တီထွင်ဖန်တီးခဲ့သော
တန်ဘိုးမများသည့် တန်ဘိုးမကြီးသည့် မြန်မာ Geotube ကို စတင်စမ်းသပ်တီထွင် ခါ ရေတံခါးတူးမြောင်း ၏
မြစ်ကမ်းပါး ထိန်းရာတွင်အသုံးချခဲ့ရာ
အောင်မြင်ခဲ့ဘူးပါသည်။
မြစ်ကမ်းထိန်းနည်းမှာ –
Geotextile ဘူမိချည်မျှင် ဖိုင်ဘာ နိုင်လွန်စကာများဖြင့်
ယက်လုပ် ထားသော Geotube ဘူမိအံစာပုံနိုင်လွန်စကာများကို အံစာတုံးပုံဖေါ်ခါ မြစ်ကမ်းပါးအစောင်းပေါ်တွင် လှေခါး
ထစ်ပုံ ပထမချခင်းပါသည်။
မြေကြီးသားနှင့် ချထား သော အဲစာပုံစကာအိမ်ကြားတွင်
နောင် အခါ
မြေမကျွံအောင် Geotextile Mattress နိုင်လွန်သားဖျာကို
ပုံ၎ျန်အားဖြင့် ကြားခံ ခင်း ပေးရပါသည်။
ကျှန်တော်ကမူ ဘူမိ ဇျာ Geotextile mattress နိုင်လွန်ဖျာ ကို ဝယ်မသုံးနိုင်သဖြင့် မခင်းခဲ့ပါ။
ကမ်းထိန်း ကျောက်ကြီးမား ထည့်ရန်
နိုင်လွန်အဲစာခွက်များ အစား ၊
အိမ်များတွင်သုံးသော သံစကာလိပ် ကို ဝယ်ယူခဲ့ ပြီး
ဖြတ်တောက်ခါ
နိုင်ငံခြားမှတင်သွင်းသော သူတို့ပုံစံနှင့်တူအောင်
အံစာ ပုံ၃ ပေပတ်လည်ပုံး များ တွဲ ဆက် ဆင်ခါ
မြောင်း အစောင်းမြေသား ပေါ်တွင်
လှေခါးထစ်ပုံစံ မြောင်းအစောင်း ပြုလုပ် ပါသည်။
ရေတံခါး မြောင်း အဝင် အထွက် ဘေး ဝဲယာပေ ၁၀၀ခန့် အထိ သံစကာ ဖြင့် အဲစာပုံပုံးများတစ်ခုနှင့်တစ်ခုတွဲဆက်လျက်
ပုံးများ ကို အတန်းလိုက် လှေခါးထစ်ပုံ စီခါ ချထားပါသည်
ပြီးလျင် စစ်တောင်းမြစ်တစ်ဖက်ကမ်းရှိ
မုတ်ပလင်မှထွက် သော ဂဝံများသွားဝယ်ပြီး
၃ ပေပတ်လည် သဲစကာ အံစာခွက် ပုံးများထဲ ဖြည့် ခါ
စစ်တောင်းမြစ်ဟောင်းကြီးထဲမှ
အလွယ် တကူ ရေတိုက်စားနိုင်သ ည့်
နုန်းတင် သဲနုန်း များ ဖြင့်ပြည့်နေသော
ရေနုတ်မြောင်းမကြီး ဘေးဝဲယာ အတွက်
မြောင်းထိန်း အလုပ်ကိုလုပ်ခဲ့ပါသည် ။
နှစ်ပေါင်း ၂၀ ကျော် အကြာ ယနေ့ထိတိုင်
ရှမ်းကိုင်းရေတံခါး အဝင်အထွက် မြောင်းကမ်းပါးများ တွင် ထည့်သွင်း ချထားတည်ဆောက်ခဲ့သော
မြန်မာ့နည်းမြန်မာ့ဟန် မြန်မာGeotube ဘုမိအံစာတုံးပုံစံ များဖြင့် ကျောင်စီထားခဲ့သော မြောင်းကမ်းပါးများသည်
မပျက်မစီး ရှိနေသည်ကို မိမိ ၂၀၀၉ ပင်စင်ူပြီးနောက်
၂ ကြိမ်ခန့် ကွင်းဆင်း လေ့လာ ခဲ့ ရာတွင်
ဝမ်းမြောက်စဘွယ် တွေ့ရှိခဲ့ရပါသည် ၊
ယ ခုအခါ ဂဝံကျောကိများ ထည့်ထားခဲ့သော ၊
လှေခါးထစ်ပုံ အတန်းလိုက် စီချထားခဲ့သည့်
ခြံစည်းရိုးသုံး သံစကာ အံစာပုံးပုံစံများသည်
ရေ၊လေ တိုနှင့် နှစ်များစွာ ထိ တွေ့ သောနေရာများတွင်
သံချေးတက် ဆွေးမြေ့ နေနိုင် လောက် ပြီဟု ယူဆရပါသည်.
ဆက်လက် တာဝန်ယူ ထိန်းသိမ်း နေကြသည့် ၂၁ ရာစုမျိုးဆက်သစ်ာဆည် မြာင်း အင်ဂျင်နီယ,များ အနေဖြင့် ဘိုအပ်သဘို ပြင်ဆင် ပြပြင် ထိန်းသိမ်း သင့်ကြပါသည် .
ရေ အင်ဂျင်နီယားများ မြစ်ချောင်းထိန်းသူများ အကျိုးငှါ
လေ့လာဖတ်ရှုနိုင်ရန်
Face post မှ ရရှိသည့် ACE Geosynthetics နည်းစနစ် များ ကို ပြန်လည်ကူးယူမျှဝေပါသည်
အေးမြင့် ( ညောင်တုန်း)
၁၅/၁/၂၀၂၃
ရည်ညွှန်း
Asia | 2015-2019
Irrawaddy Riverbank Protection, Myanmar
Products:ACEFormer™
Application: Revetments

Background
Irrawaddy River, the mother river that feeds Myanmar and nourishes the beautiful Buddhist country, is 2,173 kilometers long and runs through Myanmar from north to south. Numerous, of both, urban and rural areas are located along the river, making the watercourse the cradle of Myanmar’s civilization and brilliant history from ancient times to the present. The river basin alone accounts for 60% of the country’s total area, and with an average of 9m depth, the mainstream does not only serve as a commercial waterway, but also as a main agriculture crops irrigation source.
During the rainy season, usually from May to October, as a result of the wet monsoon, heavy rainfall, and the destroyed adjacent catchment area, the Irrawaddy River witnesses frequent large-scale inundations every year. In addition to the rainy season, and from the beginning of this decade, the construction industry in Myanmar took off from 2010, and the need of construction materials led to an increase in sand and gravel mining, yielding in riverbank erosion and sandbars loss.
Different structures built along the river, from houses to historical sites to temples are flooded each year. A historic village, adjacent to the river in central Myanmar was collapsed and ruined by the effect of the flood. The government, has thereby, invested a considerable budget to relocate the village. However, this relocation does not fix the problem. Consequently, the country’s government is actively cooperating with international donors to formulate river system management policies and fund the plan to implement riverbank protection projects which cover this case.
Problem / Task
Solution/ Design & Construction
Result

Revetments
Revetments
River embankment defenses are regularly upheld by artificial revetments. Several cost-effective ACE geosynthetic options exist that frame riverbanks, curtailing…
Related Products
ACEFormer™
ACEFormer™
Similar Case Studies






Protection of Pier Foundation of Zhongsha Bridge at Zhuoshui River, Changhua, Taiwan
Protection of Pier Foundation of Zhongsha Bridge at Zhuoshui River, Changhua, Taiwan
Taiwan | 2015-2019

Products:ACETube® – hydraulic structures, ACEFormer™
Application:Revetments, Pier Scour Protection System
Riverbank Erosion Protection, Belawan, Indonesia
Riverbank Erosion Protection, Belawan, Indonesia
Asia | 2015-2019

Products:ACEFormer™
Application:Revetments
Reinforced Soil Slope for Revetment Project, Pingtung, Taiwan
Reinforced Soil Slope for Revetment Project, Pingtung, Taiwan
Taiwan | 2010-2014
Products:ACEGrid® GG, ACESandbag™ EC
Application:Revetments
More Case Studies
Add to MyACEI want to know more
Phone: +886-4-26595926
Fax: +886-4-26595935
Email: marketing@geoace.com
Locations
Privacy Policy
Terms & Conditions
ECOPark
© 2020 ACE Geosynthetics. ALL RIGHTS RESERVED. Designed by Weya.
GEOACE website uses cookies for best service. If you continue surfing, then you agree with our policy. If you want to know more, please click PRIVACY POLICY
Agree