ဖိုးပြုံးချို အဆင့်မြင့် ဒရာမာ မြန်မာ ရုပ်ရှင် ဇာတ်ကားကောင်းတစ်ခု

www.facebook.com/573223149/posts/pfbid02LYf7uAyhZ3hCJTiYQxabRqJ38ayAaWf3wzw6VeK5ELsksYKCoPB22uWnWbdduCXbl/

မြန်မာ့ ရုပ်ရှင် လောက

ဖိုးပြုံးချို

အဆင့်မြင့်

ဇာတ်ကားကောင်းတစ်ခု

၁၉၅၅ ခုနှစ် အကောင်းဆုံးမြန်မာရုပ် ရှင် အကယ် ဒမီ ဆုရ ဇာတ်ကား

လူရွှင် တော် သရုပ်ဆောင်

ဖိုးပါကြီးက

အေဝမ်းမျိုးဆက်သစ်

ခလေးသရုပ် ဆောင်

(ယခု ဆရာဝန်မကြီးဖြစ် နေသူ)

ဝင်းမာလေးနဲ့အတူ

မြန်မာရုပ် ရှင်ကြည့်သူ

အသဲနုသူ

ရုပ် ရှင် ဝါသနာအိုးတွေကို

ရင်နင့်ပြီး မျက် ရည်စို့ စေအောင်

ရီုက်ပြနိုင်ခဲ့တဲ့

တစ် ခေတ်တစ်ခါ က

ခေတ် ဟောင်း ခေတ် ကောင်းချိန်က

ပေါ်ခဲ့တဲ့

မြန်မာရုပ်ရှင် ကား ကောင်း ကြီးတစ်ခု ၊

ရုပ် ရှင် မင်းသားကြီး ဦးဘချစ်၊ ရီုးရိုးကြီး ဇေယျ တို့နဲ့

ရုပ် ရှင် မင်းသမီး အကျော်အမော် တင်တင်မူတို့က

ရုပ် ရှင် ကြည့်ပရိသတ် တွေ ရင် ထဲပို ထိ အောင်

ဇာတ်ပို့ပေးခဲ့ကြတယ် ။

ဖိုးပြုံးချို ဇာတ်ကားပါ

မင်းသား မင်းသမီးကြီး တွေ

ဇာတ်ပို့ ဇာတ်ရံတွေ

အများအပြားက ယခု မရှိကြတော့ပါဘူး။

ခလး သရုပ် ဆောင်

ဝင်းမာလေးက တော့ ရှိ နေသေးတယ်

မှတ်ယူရပါတယ်။

ရုပ်ရှင် ထဲမှာ ခလေးဘဝ တွေ့ဘူးပြီးကတည်းက

တစ်ခါ မှ မတွေ့ဘူးတော့ပါ။

နိုင်ငံတကာရုပ် ရှင် လောကမှာ တော့

ကြိုက်ခဲ့ဘူးတဲ့

တေးသံသွင်းသီချင်း ရုပ် ရှင် ကား ကြီး The Sound of Music

ကားထဲမှာ ပီ ပြင်စွာ သရုပ် ဆောင်ခဲ့ကြတဲ့

ခလေးသရုပ် ဆောင် တွေ ၇ ယောက်ကတော့

နစ်ပေါင်း၅၀ အကြာ လူကြီး တွေဖြစ်လာကြတဲ့အခါ

သက်ကြီးရွယ်အို အဖိုးအဖွား အရွယ် ရောက် ေနကြတဲ့

မင်းသားကြီး Christopher Plummer (ယခု ကွယ် လွန် )

မင်းသမီး ကြီး Julie Andrew (ယခု သက် ရှိ)

တို့နဲ့ အတူ ပြန်လည် ဆုံတွေ့ကြ ၊ စကားတွေပြောခဲ့ ကြတာ

နှစ် ၅၀ ရွှေရတု အမှတ်တရ တွေ့ဆုံပွဲမှာ တွေ့ ခဲ့ ရဘူးတာ

ကြည်နူးစရာ ကောင်းလိုက်တာ ။

သူများနိုင်ငံက ရုပ် ရှင် လောကသားတွေနဲ့

မြန်မာ ရုပ်ရှင် လောက တွေပါ။

ကျွန် တော်တို့ ငယ် စဉ် လူငယ် ကျောင်းသားဘဝ

တစ် ချိန်က မြန်မာနိုင်ငံမှာ

ရင်ကိုထိစေခဲ့တဲ့

အဆင့်မြင့် မြန်မာ ရုပ်ရှင်

ကားကောင်းကားသန့် တွေ အများအပြား ပေါ်ထွက်ခဲ့ပါတယ်

ဖိုးပြုံးချို ရုပ်ရှင်က

ဟာသကားမဟုတ် ဘူး၊

ဟာသမင်းသားကြီး ခေါင်းဆောင်ပါဝင်ထားတဲ့

Drama အလွမ်း အဆွေးကား ရုပ် ရှင် တစ်ကားပါ။

မြန်မာ ရုပ်ရှင် လောကမှာ

ရုပ်ရှင်ကြည့်သူတွေ

ရင်ဆို့ စေခဲ့ရတဲ့

မြန်မာဇာတ်ကားကောင်းတစ်ကားပါ။

ဝင်းမာ လေး သရုပ် ဆောင်မှု က

ခလေး အရွယ် နဲ့ မလိုက် အောင်

တော်လိုက် တာ ။

ကွယ်လွန်သူ အေဝမ်း ရုပ် ရှင် မင်းသမီး

စန္ဒာနဲ့ ညီအစ်မ တွေ။

အေဝမ်း ရုပ် ရှင် မျိုးဆက် သစ် တွေ ။

မြန်မာ ဇာတ်ကားကောင်းတစ်ခုကို

မပျောက် မပျက် ထိန်းသိမ်း ပေးထားကြသူများကို

ဂုဏ်ယူ ဝမ်းသာ ကျေးဇူးတင် ရပါတယ်.။

အောက်ပါ YouTube video link မှာ

MRTV ကထုတ်လွှင့်ခဲ့တဲ့ ရုပ် ရှင်ကားအစအဆုံး

ကြည့်ရှု နိုင်ကြပါတယ်. ။