
( edited and added 12 November 2022 )
မှတ်ဖွယ် မှတ်ရာ
စာပဒေသာ ( ၄၁-က )
( စက်မှု တက္ကသိုလ် ပညာ ရေး )
၁၉၇၂ RIT ကျောင်းဆင်း နှစ် ၅၀ ၊ ရွှေ ရတု နှစ် အမှတ်တရ.
ဝင်းမြင့်(M 72) က ကဗျာနဲ့ အမှတ်တရ ဂုဏ် ပြုရေးဖွဲ့ပါတယ်.။
“RIT 72 BATCH တဦး၏တမ်းချင်း”
- 72 BATCH
ပြန်ကာတွက်လျှင်
ခွဲသက်နှစ်ပေါင်း
ရှည်ကြာညောင်းပေါ့
နှစ်ပေါင်း၅၀တိုင်ခဲ့ပြီ။ - လဒီဇင်ဘာ
ကျော်လွန်ခါမှ
ပြန်ဆုံရလျှင်
ရွှေရတုနှစ်
ကျော်သည်ဖြစ်ကြောင့်
ဘယ်မှာဝမ်းမြောက်နိုင်မလဲကွယ်။ - ဒါကြောင့်လည်းလေ
ငွေနှင်းကျသည့်
လဒီဇင်ဘာ
ကုန်သွားမှာကို
စိုးရိမ်ပိုသည်
နှစ်ဆန်းမှာကိုစိုးပါသည်။🍁🍁🍁🍁🍁Photo Credit…Eric Fooဝင်းမြင့်(M 72)
၁၉၇၂ RIT ဆင်း
B.E Civil မြို့ပြ အင်ဂျင်နီယာ ဘွဲ့ ရကျောင်းဆင်း များအဖွဲ့ ။
၂၀၂၂ မှာ RIT ကျောင်းဆင်းခဲ့တာ နှစ် ပေါင်း ၅၀ ကြာခဲ့ ပါ ပြီ .။
ကိုဗစ်ကာလ ထဲရောက်နေလို့ ကျောင်းဆင်းနှစ် ရွှေရတုပွဲ နွှဲကြလို့တော့ မရ။
၁၉၇၂ ခုနှစ် မှာ RIT ကျောင်းဆင်း ၁၂၆ ယောက် အင်ဂျင်နီယာဘွဲ့တွေ ရခဲ့ကြတယ်.။



ဒီနေ့မှာ ၊ကျောင်းနေဖက် မိတ်ဆွေ သူငယ်ချင်းတွေ အပေါင်းအသင်းတွေ ကတော့
၃ ပုံ ၁ ပုံ ခနိ့ မရှိကြတော့ ပါ။
၁၉၇၂ RIT ကျောင်းဆင်း ရွှေရတု နှစ် ၅၀ ပြည့် အမှတ်တရ ပြန်ပြောင်း တွေးမိ တဲ့အခါ ၊
၇၀ ကျော်တန်း အဖိုး အရွယ် တွေရောက်နေကြပြီဖြစ် တဲ့
ကျွန်တော်တို့အင်ဂျင်နီယာ အများစုတွေ
နိုင်ငံအတွက် အင်ဂျင်နီယာ အလုပ်တွေ မျိုးစုံ လုပ်ပေး ခဲ့ကြ ပါတယ် ။
နိုင်ငံ့တာဝန်တွေ အတွက် ၊ တာဝန်ကျေခဲ့ကြပြီးပြီ ။
နိုင်ငံအတွက် ထားသင့်တာတွေ ထားခဲ့ကြပြီးပြီ ။
တမလွန်ဘဝကို ယူသွားနိုင် ကြ ဘို့ အလုပ်တွေသာ လုပ်သင့်ကြတော့တယ် ။
သံသရာအတွက် သာ လုပ်ဘို့လိုနေပြီ။
ဘဝမှ ာ နေရချိန်တွေများများမကျန်တော့ ပါ။

ဆရာဇော်ဂျီက
သင်သေးသွားသော် သင်ဖွားခဲ့တဲ့မြေ ၊ သင့်နိုင်ငံအတွက်
သင်ဘာတွေလုပ်ပေးခဲ့သလဲ သဘောဆောင်တဲ့ သံဝေဂ ကဗျာတစ်ပုဒ် ရေးစပ်ခဲ့ဘူးတယ် ။

ဆုံးခဲ့သူတွေလဲ ဆုံး ခဲ့ကြပြီ .
ကျန် ခဲံတဲ့ တဲ့သူတွေကလဲ အလှည့်စောင့်နေကြပြီ ။
မှတ်တမ်း တွေ အစုအဆောင်း အမှတ်အသားကောင်းတဲ့ သူငယ်ချင်း လူမှ ုရေးသမားမိတ်ဆွေ ဲကြီး ဆည်မြောင်းရောင်းရင်း ကိုရဲမြင့် နဲ့ တွေ့လို့ထ ပ်ဖြည့် စွက်လိုက်တာ ကွယ်လွန်သွားကြ ပြီဖြစ်တဲ့ ကျောင်းဆင်း သူငယ်ချင်း မိတ်ဆွေ တွေ ၃ ပုံ ၁ ပုံ ခ န့် ပင် ရှိနေပါ ပြီ။
၁၉၇၂ ခုနှစ်မှာ ၁၂၆ ဦး မြို့ပြအင်ဂျင်နီယာ ဘွဲ့ရရှိခဲ့ကြပါတယ် ။

ကျောင်းဆင်းပြီးအများစုက အစိုးရအလုပ် တွေ နိုင်ငံတာဝန်တွေ ထမ်းရွက်ခဲ့ ကြပြီး အ ချို့သောအနည်းငယ် သာ ပြည်ပကိုထွက်ခွါသွားကြ။ ပုဂ္ဂလိက ကိုယ်ပိုင် အလုပ်တွေ လုပ်ကြတာရှိပါတယ် ။

ဘွဲ့ရပြီး နောက် ကျွန် တော်တို့တစ်တွေ အမိနိုင်ငံတော် အတွက်
ကျရာနေရာကနေ ကိုယ် တတ်သိ နားလည်ထားတဲ့ပညာတွေကို အသုံးချပြီး တိုင်းပြည် တာဝန်ကို နိုင်သရွေ့ တစ်တပ်တစ်အား ပါဝင် လုပ်ဆောင်ခဲ့ကြပါတယ် ။

ဆည်မြောင်းလုပ်ငန်းတွေ ဆောက်လုပ်ရေး လမ်းတံတား လုပ်ငန်းတွေ စက်မှုဝန်ကြီးဌာနလို ဌာနတွေက မြို့ပြ အင်ဂျင်နီယာ ဆိုင်ရာ အလုပ်တွေ ရေအားလျှပ် စစ် အလုပ်တွေ စတဲ့ မြို့ပြအင်ဂျင်နှီယာဆိုင် ရာ အလုပ် ေတွ လုပ်ဆောင်ပေးခဲ့ကြပါတယ် ။

အသက်၆၀ ပြည့်လို့ နိုင်ငံ တော်က အနားပေး လိုက်လို့ လုံးလုံး အနားယူ သွားကြသူတွေရှိသလို အနားမယူနိုင်ကြသေးဘဲ ပြင်ပ ပုဂ္ဂလိက အင်ဂျင်နီယာ အလုပ်တွေမှာ စိတ်မကုန်သေးဘဲ ဆက်လုပ်နေကြသူတွေလဲ အများအပြား ရှိနေပါသေးတယ် ။
နှစ်တွေကြာလာ အသက်တွေက ကြီးလာ ကြဆိုတော့
ကျန်းမာရေးက ချို့ယွင်းလာနေကြပါပြီ။
လောကဓံအရ လောကကြီးကို အပြီးအပိုင် စွန့်ခွာ သွားကြသူတွေလဲမနဲတော့ပါဘူး။
အခု အခါမှာ တစ်နှစ်ပြီးတစ်နှစ် ဟောတစ် ယောက် ဟော တစ်ယောက် နဲ့ မမျော်လင့် ဘဲ ကွယ် လွန် သွားနေကြတဲ့ မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းတွေကလဲ မနဲတော့ပါဘူး ။

မှတ်မိသလောက် သွားနှင့်ကြင်္ပြီဖြစ်တဲ့ မိတ်ဆွေ အပေါင်းအသင်း တွေကို ပြန်ကြည့်လိုက်ရင် ။
၁။
ပထမဆုံးကရခိုင်သားကိုညီညီ – ကျောင်းပြီးပြီး ခြင်း ရခိုင်အပြန်လား ရခိုင်က အလာလား သံတွဲ လေယဉ် ပျက်တဲ့ ထဲ့ပါခဲ့ပြီး ဆုံး သွား ခဲ့ရရှာတယ် ။ပညာတတ် လူတော်တစ်ဦးဆုံးရှုံးခဲ့ရတယ် ။ (၁၉၇၃)
၂။
မော်လမြိုင်သား ကိုကင် ကြိုင်း ဘာကြောင့်မသိ အစောဆုံးဆုံးခဲ့တယ် ။ပဆင ဆောက်လုပ်ရေးမှာ ရေသန့် ပိုင်း လုပ်တယ် ထင်တယ် ။ ( ) ကင်ဆာနဲ့လားမသိပါ။
၃။
နောက် ရခိုင်သားတစ်ယောက်က ကိုကျော်ပန်းသာ ။သူ မဆုံးခင် ကျန်းမာရေးမကောင်းခင် ရန်ကုန် ယုဇန အိမ်မှာ သွားတွေ့ ခဲ့ လိုက်သေးတယ်။ ( )
၄။
အရင်းနှီးဆုံး နဲ့ အဆောင်နေ အခန်းဖေါ် ကိုစံလှ ခိုင် ။ပဆင ရဲ့ ဒိတ်ဒိတ်ကြဲ အင်ဂျင်နီယာတွေထဲက တစ်ယောက် ။ဆုံးသွားတာ မမျော်လင့်ဘဲ ကြားခဲ့ရတယ် ။ ( )
၅။
ကိုသိန်း လှိုင်။ ပဆင ရေသန့် အင်ဂျင်နီယာ။သင်္ကြန်မှာ နားထဲရေဝင် ရောဂါဖြစ်ပြီး ဆုံးတယ် ကြားလိုက်ရတယ် ။ကျောင်းနေစဉ် မှာ သူရယ် ကိုစံလှခိုင်ရယ် ကို ခင်မောင်ဆယ်တိုက နေ့လည်ထမင်းစားချိန် ဆို ကျွန်တော့် အခန်းမှာ လာ စု ကြ ဝိုင်းဖွဲ့ စကားဆိုကြသူတွေ ။ကာဘိုး အောင်သိန်းလဲပါတယ် ။ ( )
၆။
ကိုဟုတ်ကြည် နတ္တလင်း သား က ဆည်မြောင်း သားမိတ်ဆွေ ။ငယ်ငယ် နဲ့ဘဲ သန်တုံးမြန်ုံးအရွယ်မှာ ဆုံးသွားတယ် ။သူ့ပုံကို မျက်စေ့ထဲက မပျောက် ။ ( ၂၃/၅/၂၀၁၁)
၇။
မကြာသေးသော နှစ်တွေက ရင်းချာ တဲ့ မိတ်ဆွေတွေ ကိုသိန်းစိုး နဲ့ ကို လှမြင့်တို့ဆုံးပါး ခဲ့ရတယ် ။
ဆိုင်ကလုံး ကိုလှမြင့် ဆိုရင် ကျွန်တော်တို့ နှစ် စဉ် လွတ်လပ်ရေးနေ့ တွေ့ဆုံ နေကျ ညစာစားပွဲကို ဆုံးခါနီးနှစ်တွေမှာ ကျန်မာရေး ချို့ တဲ့နေတဲ့ကြားက မန္တလေးကနေ တကူးတက လာတက်တယ် ။ ( ၁၈/၁/၂၀၁၈ )
၈။
ကိုသိန်း းစိုးက မထင်မှတ်ဘဲ မမျော် လင့်ဘဲ့ ဆုံးသွားရှာတယ်

အလုပ်သံယောဇဉ်ကြီးလွန်းတော့ ကျွန်တော်တို့ညောင်တုန်းမြို့ မြစ်ကမ်းပြို ကိစ္စ တွေ သူက လုပ် လာခဲ့ဘူးသူ ဆိုတော့ နောက်ဆုံးအခြေအနေအထိ ဝင်ပါ ဝင်ပြော ကျွန်တော်နဲ့ အကျယ်တဝင့်ဆွေးနွေးဖြစ်ခဲ့ တယ် ။
သူမှာခဲ့လို့ဆိုပြီး သူဆုံးတော့ သူ့ရဲ့ အရိုးပြာ တွေကို သူ့သမီးတွေက ညောင်တုန်းက ပန်းလှိုင် မြစ် ထဲ သွားမျော ချ ပေးခဲ့တယ်လို့ သူ့ သမီးထံက စိတ်မကောင်းစွာ သိ ခဲ့ရတယ် ။
တွေလိုက် ရင် သူ့ပုံ က အမြဲ ပြုံးရွှင် ရယ် နေတတ် တဲ့ မျက် နှာ ။နှမျောစရာပါ။ ( ၁၉/၁၁/၂၀၁၇ )
၉။
ကိုသိန်းလှိုင်နဲ့ယေက်ဖ ကို ခင်မောင်လတ် ။သူငယ်ချင်းတွေ နှစ်စဉ် တွေ့ဆုံပွဲမှာ တစ်ကြိမ် ပြန်ဆုံခဲ့ တယ် ။ကျောင်းမှာ ရင်းချာ သူတစ်ဦး ။ ( ၁၉၆၆ မှ RIT ပထမ ၃ နှစ်မှာ မြို့ထဲက နေ ရထားစီး ကျောင်းတက်ကြတဲ့ အုပ်စု သူငယ် ချင်း တွေ၊ ကျွန် တော် က ကြည့်မြင်တိုင်ဟံသာဝဝီ ဘူတကနေ ၇ထားစီးတယ် ။
၁၀။
ပုသိမ်သား ကို အုန်းသွင် မရှိတော့ ။ ဆည်မြောင်း စပါး၁ ရုံးမှာ ပြန်ဆုံခဲ့ပြီး အလုပ်တွေအတူတူလုပ်ခဲ့တယ် ။ ၁၉၇၀မေမြို့မြေတိုင်းသင်တန်းမှာ သင်္ကြန် ရက် မှာ မန္တ လေး ဆင်းလည်ကြစဉ် ကုန်ကား ကြီး ပေါ်မှာ သူကခေါင်းဆောင်ပြီး မြနန္ဒာ သီချင်း ကို တိုင် ပေး၊ နောက်ကသူIငယ်ချင်း ေ တွက အုပ်စုလိုက် သံပြိုင် ဝိုင်းလိုက်ဆို ခဲ့ကြတာ မမေ့ပါဘူး။ သူက မယ် ဒလင်တီးတတ်သူ ၊သီချင်းဂီတ ဝါသနာပါသူ။ ဆည် ေ မြာ င်းစပါးစီမံကိန်း၁ရောက်လာ အတူလုပ်ပြီးနောက် သတ္တုတွင်းမှာ အမြဲတန်း ရလို့ ပြောင်း သွား ခဲ့ တယ် ။ ( )
၁၁။
မမျော်လင့်ဘဲ မထင်မှတ်ဘဲ သွားသွားလာလာ မာမာချာ ချာ နဲ့ ရုတ်တရက် ဆုံးသွားသူက ဆည်မြောင်း က
နတ္တလင်းသား ကိုအေးသိန်း ။ခုထိ မြင်နေသေး ရှိနေသေးတောင်ထင်မိတယ် ။အမြင်မှာ ကျန်းမာလို့နေသူ။ ( ၂၃/၁၀ /၂၀၁၅) ၊ နှလုံ း ရော ဂါပြသနာ ထင် တယ် ။
၁၂ ။
နောက်သတိရသူတွေက ဆုံးခါနီး အချိန်တွေမှာ ဆုံဖြစ်ခဲ့တဲ့ ကိုဖေသန်း ။ ( ) မင်းသားစိုးဝင်း( တပ်ထဲဝင်သွားသူ ) နဲ့ ကိုသန်းအောင်းတို့ ရဲ့ ကျောင်းတုန်း က ရင်းချာကြတဲ့သူငယ် ချင်းတွေ ။
၁၃။
စမ်းချောင်းမှာ နေတဲ့ ပဆင ကိုကျော် မင်းစိန် ။ ( )
၁၄။
ရီလိုက်ရင် မျက်စေ့ မှေးမှေးနဲ့ ပိန်ပိန်ပါးပ်း ကိုလှကျော်မင်း ။ ( ၉/၂/၂၀၁၃ )
၁၅။
နောက်တစ်ယောက်က ကျောင်းမှာ သူက အရပ်ရှည်ပြီး ၊အရပ်တိုတို နဲ့ တွဲ နေခဲ့ အိမ်ထောင်ပြုခဲ့တဲ့
ကို မြင့်စိုး ဦး , ကျော်င်းမှာ သူ့ကို ခေါ် ကြတာ ဖိုးကြွက် ။ ( ၃/၁၂/၂၀၁၁)
၁၆။
တပ်ထဲဝင်သွားသူ ကို ဘသန်း အေး ခေါ် ကို မျိုး မြင့် က ကိုအောင်သိန်း မင်္ဂလာ ဆောင်အသွား ကား မတော်တဆဖြစ်ပြီး ဆုံး ခဲ့ ။ ( )
၁၇။
ကင်းတားဆည် မှာ တာဝန်ကျခဲ့တဲ့ ကိုစိုးန်ုင် ခေါ် ဗိုလ်ပန်လို့ ခေါ်ကြသူလဲဆုံးသွားပြီဖြစ်တယ် ။ (၁၄/၁/၂၀၁၁ )
၁၈။
စောစောစီးစီး ရောဂါ နဲ့ ဆုံးသွားတဲ့ ကို ဘိုဝင်း ။ ( )
ကျွန်တော်က သိသလောက်ရေးချပြီး နောက် ၊ ကိုရဲမြင့်နဲ့တွေ့တော့မှ ဆုံး ပါး သွားခဲ့ ကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေ အများကြီး ထပ် ပေါ် လာတယ် ။
၁၉။
နောက်ဆုံး နှစ် အရောက် မှာ ဆုံးသွား ခဲ့ တဲ့ ကျောက်ဆည် သား တံတားဦး ကိုတင်စိုး ( ၁၉၇၂)
၂၀။
ပြီး တော့ ကိုသန့် စင် ။ တပ်ထဲဝင်သွားသူ ,ရန်ကုန် စည်ပင်မှာ လုပ် သွား သူ ။ ကိုယ် ထဲမှာ ကျည်ဆန် ရှိနေတာ ထုတ်လို့ မရခဲ့ ။
ဆုံးတော့ ကင်ဆာနဲ့ ဆုံး တယ် သိလိုက်ရ ။( )
၂၁။
ကို ဌေး အောင် က အိုးအိမ်မှာ လုပ် တာသိထားတယ်။သူလဲ ဆုံးပြီ။ စကားပြောရင် ကျောင်းထဲက အထစ်အထစ်နဲ့ ။( )
၂၂ ။
မေ့နေတာ ကိုရဲမြင့် ပြော တော့မှ ကိုဘိုလေးထွန်း အညာသားကို သွားသတိရတယ် ။
ဆည်မြောင်း အောက်ပြည် အောက်ရွာ မြစ်ဝကျွန်ူးပေါ် ဒေသ အလုပ် တွေ လုပ်တဲ့ ဆည်မြောင်း တဆရ (၆) မှာ အတူ လုပ်ခဲ့ ရင်း လည်ချောင်း ကင်ဆာနဲ့ ဆုံးခဲ့ တယ် ။
အညာသားဖြစ်လို့ အောက် ပြည် က က ဒီရေအကြောင်း သူမသိဘူး ။
ဖျာပုံ ဘက် ကွင်းဆင်းရင်းအသွားမှာ တံတား အောက် က ချောင်းထဲ က ရေတွေ အပြည့်ရှိပြီး အပြန်မှာ ရေတွေ မတွေ့တော့လို့ ဘယ်ပျောကိသွားလဲ တပည့်တွေကို မေးတာ ကြားခဲ့ဘူးတယ် ။
ပင်လယ် ဒီရေအတက်အကျ ကို သူ ပထမဆုံးတွေ့ခဲ့ဘူးတာကိုး ။ ( )
၂၃။
ကိုရဲမြင့် ပြန်သတိပေးလို့ နာဂအောငိခင် ရဲ့ အဖြစ်ဆိုးကို ပြန်သတိရတယ် ။ကလေး တက္ကသိုလ် ဘက်ကို သူ့သမီး ဆီ အသွား ကားမတော်တဆဖြစ်ပြီး လင်မယားနှစ်ယောက်စလုံးဆုံးပါးသွားခဲ့တာ ကြားကြားချင်း စိတ် မကောင်း ဖြစ်မိလိုက်တာ ။ ( )
ကမ္မမြို့ က သူနေတဲ့အိမ်ကို အုတ်ရှစ်ပင်ကမ္မ လမ်းအူကြောင်းတိုင်းတာရေးမှာ သူလဲပါတော့ တိုင်း တာရေး သူတို့နား ရောက် တော့ သူ့အိမ် ဝင်လည် ခဲ့ ဘူးသေးတာမှတ်မိတယ် ။
သူ့ဇနီးက ကျွန်တော့ဇနီးနဲ့ကလဲ BEd တတန်းတည်းသား ။
၂၄။
ကျွန်တော် တို့ အထဲမှာ စိုးမြင့် တွေ အများကြီး ရှိတဲ့ ထဲက မန္တလေး က အဂျလာ စိုးမြင့်။မကွေးက မကွေးစိုးမြင့် ။ သံလျင်က ညာဏ်ကျယ်စိုးမြင့် ။စိုးမြင့် ၃ ယောက်ထဲက မကွေး စိုးမြင့် ဆုံးတယ် ။ ( )
၂၅။ ၂၆။
မျိုးမြင့် ၄ ယောက် ရှိရာမှာ
သာယာ ဝတီက နထိုင်းမျိ ုးမြင့် ၊ ( ၂၄/၂၀၁၅)
ပခုက္က ူ က ပသိုင်းမျိ ုးမြင့် ။
မုံရွ ာ ကနီဘက်က ကနီ မျိ ုးမြင့်။
ဘသန်းအေး ခေါ် ဝက်ခြံ ကိုမျိ ုးမြင့်တို့ ရှိကြရာမှာ
နထိုင်းနဲ့ ဝက်ခြံ မျိ ုးမြင့် ( ) ၊
ပသိုင်းမျိုးမြင့် ၃ ယောက်က ဆုံး သွားပြီ ။
၂၇။
လှမြင့် ၂ ယောက် ရှိရာမှာ အရှည်ကြီး လှ မြင့် နဲ့ လေကြီးလို့
ဆိုင်ကလုံး လှမြင့်လို့ခေါ်ခဲ့တာ ဆိုင်ကလုံး လှမြင့် က ဆုံးနှင့်ပြီ။(၁၈/၁/၂၀၁၈)
၂၈။
ပြီးတော့ ကိုသောင်းရှေ ွ ။ ဂေါက် ရိုကိ ကပြန် လာပြီး
အိမ်ရောက်တော့ မကြာခင် ဆုံးခဲ့ တယ် ။ကျွန်တော်တို့နဲ့ အတူ
အုတ်ရှစ်ပင် /ကမ္မ လမ်း အဖွဲ့မှာ ပါခဲ့သေးတယ်။( )
၂၉။
ကိုဝင်းကျော် လက်ပတန်းသား ။ဆုံးခါနီးမှာ လေဖြန်းနေခဲ့ပြီး လမ်းကောင်းကောင်းမလျောက်နိုင် ၊ဆုံး သွားခဲ့တယ် ။ပြည်မှာနဝင်း ဆည် အင်ဂျင်နီယာ ပေါက်စဘဝ အုပ်စုတွေ ထဲမှာ သူ့ကို ဘရိုက်ဆန်းလို့ လူသိများကြတယ် ။လမ်းထွက်ရင် ဆံပင်ကိုကျော့နေအောင့်ဖြီးတတ်လို့ ပါ။စပါး (၁) စီမံကိန်း ဝါးခယ်မမှာ တာဝန်ကျခဲ့သူ ။( )
၃၀။
နောက်တစ်ယောက်က ကိုထွန်းအောင်လွင် ။ပြည် နဝင်းဆည် စီမံကိန်းတွေမှာ စံချိန် တင်နိုင် လောက်အောင် AE အင်ဂျင်နီယာ အငယ်ကနေ SE ရာထူးအမြင့် နဲ့ ရာထူးမျိုးစုံ နဲ့ အကြာဆုံးတာဝန် ယူ လုပ်သွားသူ ။( ၂၈/၁၁/၂၀၁၁)
၃၁။
နောက်တစ်ယောက်က ကိုခင်သောင်း ကြံခင်းသား ။ (၅/၅/၂၀၁၂)
လျှပ်စစ် က ကို ကြည်စိုးနဲ့ မိတ်ဘက် ။
၃၂။
အရင်းနှီးဆုံး ဖြစ်ပြီး ကျောင်း ပြီးကတည်းက မတွေ့တာ ကြာခဲ့ တဲ့ ပခု က္ကူသား ကိုစိန်ဝင်း။ ကျောင်းတုံးက ကျန်ကျန်းမာမာ နဲ့ လူ ။ရွှေပြည်သာမှာ အိမ်မှာ တစ်ယောက်ထဲ နေရင်း ဆုံး သွားခဲ့တာ ကြားတော့ စိတ်မကောင်း လိုက်တာ ။(၂/၄/၂၀၁၄)
၃၃။
နိုင်ငံခြားမှာ သွားနေပြီး ဆုံးသွားခဲ့တာ ပု သိမ်သား ကိုဝင်းနိုင်။ ဆည်မြောင်းမှာ လုပ်ခဲ့သေးတယ်။( )
၃၄။
ပဆင ရေသန့် ကို မျိုးညွန့် ။ဆုံးတာ ခုမှ ကိုရဲ မြင့် ပြောမှ သိရတယ် ။ပျော်ဘွယ် မျိုးညွန့် အနေနဲ့ မှတ်ထားတယ်။ ( ၁၃/၉/၂၀၁၆ )
၃၅။ ၃၆ ။
နောက်ဆုံး နှစ်အောင်တဲ့ အမျိုးသမီး စုစုပေါင်း ၂၀ န့် ရှိတဲ့ ထဲ က ဆုံး တာ မတင်တင်အုန်း နဲ့ ကယားက ဝတုတ် ကြီး မ မာ ။ နှစ်ယောက်ဘဲ ရှိသေး တယ် ။
ထပ်ဖြည့် /
၃၇ ။
ကိုဗစ်လိုင်းမှာ ၂၀၂၁ မှာ ပါသွားသူများ
တစ် တန်းတည်းသူ ထားထားညွန့် ခင်ပွန်း ကိုငွေထွန်း ပဆင သုဝဏ္ဏ မှာလုပ်ခဲ့သူ။
၃၈။
ဖြူးသား ကို စိုင်းလှမောင် သူ့မိတ်ဆွေ ကိုကျော်ဝင်းကိုလဲကူပေးပါအုံးဆိုလို့ ကျွန်တော်တို့ EIA အဖွဲ့ မှာ public Health ထိခိုက်မှု ရှိမရှိ ဝင်ကူလုပ်ပေးဘို့ သူ့ကိုခေါ်ပြီး အလုပ်တွေ အတူလုပ်နေပါတယ်။ကိုလှ မောင်က မရှိ တော့ ၊
၃၉။
ရွှေတိဂုံဘုရားမှာ ဂေါပက အဖွဲ့ဝင်လုပ်ခဲ့ဘူးတဲ့ ကိုမောင်ပီ ဆုံးတာ လဲ ကြားလိုက်ရတယ် ။
ကျွန် ေတာ် တို့ နှစ်စဉ် လွဝ် လပ် ရေး နေ့ တိုင်းမှာ ဆုံတွေ့နေကျ ညစာစား တွေ့ဆုံပွဲကို အမြဲလိုလို လာ နေကျ။ RIT ကျောင်းတက်စဉ်က ကျွန် တော့် အနာဂတ် ဟောကိန်း ဗေဒင် ဟောပေးခဲ့သူ ၊ RIT နေ့စဉ် မှတ်တမ်း စာအုပ်တွေထဲမှာ ရှိနေသေးတယ် ။
၄၀ ။
ကိုတင်ထွတ်ကြီး ၊ပြည်သား ၊ ပဆင ရခိုင်မှာ အချိန် တော်ကြာ သွား လုပ်နေခဲ့သူ။ ပင်စင်ယူပြီး ရခိုင်မှာ ဘဲနေရာက နာမကျန်းဖြစ် လို့ ပြည် မှာဆေးကုနေစဉ် ဆုံးပါး ခဲံတယ်. မဆုံးပါးခင် သူနဲ့ပို ရင်းနှီးတဲ့ ေရွှတောင်သား ကိုဌေးဝင်းကစောင့် ရှောက် ပြုစု ပေးခဲ့ တာ သိရတယ် ။
၄၁ ။
ကို ေ အာင် ေ ကျာ် ဝင်း ။

RIT ပထမနှရောက်စမှာ စာကြည့်တိုက် ခန်းထဲမှာ မာမား မတ်မတ်ထောင်ထောင်မောမောင်းသူ့ကို မကြာခတွေ့ ရတတ်တယ် ၊ သူနဲ့အတန်းမတူဘူး . သူကကြီးတယ် ၊ ဘယ်လောက် ကွာလဲမသိခဲ့ ။ ဒုတိ ယ နှစ် ရောက်တော့ သူနဲ့လာဆုံတယ် ။နောင်မှာ ကိုသိန်းစိုးဇ နီး ဖြစ်လာတဲ့ . မစွမ်တီနဲ့လဲ လာ ဆုံတယ် ။ ကျောင်း ပြီး တော့
ပြည် ေ မြာက် နဝင်းစီမံကိန်းမှာ သူနဲ့ ထပ် ထွေ့ ရင်းနှီး ခဲ့ပြန်တယ် ၊ ချူထိုးနဲ့တွဲဖက်၊ ပင်စင်ယူပြီးနောက် NEPS ရုံး ကိူမကြာမကြာရောက် လာတတ် တယ် ။ မဆုံးခင် က ဆည် ေ မြာင်း က စက်မှု ဦးမျိုးသွင် နာရေး ကို ေ ရဝေး သွား ရာ မှာ သူက ကျန်းမာ ရေး ကောင်းတာမဟုတ် ၊ သူ့မှာ ကင်ဆာ ဖြစ် နေတာသူလဲသိထား တယ်၊ . ဘာလိုနေ မကောင်း တာ လာရတာလဲမေး တဲ့ သူနဲ့ရင်းနှီးသူ ေ တွကို ကိုဗစ် ကာလမို့ ၊ သူ့ အလှည့်ကျ မလာကြမှာစိုးလို့ဆိုပြီး ေ နာက် ေ ပြာင် ေ ပြာ ခဲ့ တယ် ။ မကြာ ဘူး ၊ ဘန်ကောက် ဆေး သွားစစ် သေးတယ်၊ ရန် ကုန် ပြန် လာ ပြီး မကြာ ခင် မှာ ဆုံးသွားခဲ့တယ် .
ဖြစ် ပုံက သူ ့ကို ဘန်ကောက်ထီ လိုက်ပို့့ခဲ့ တဲ့ ကို သောင်းထွန်း က ကိုဗစ်နဲ့ ဆုံး ခဲ့ တ ယ် ၊ သူတို့ ၂ ယောက်ကို လေဆိပ်ကို လိုက် ပို့ ပေးခဲ့သူ ကိုသိန်းဝင်း လဲ နောင် မှာ မကြာခင် ဆုံးသွားခဲ့တယ် .
RIT. မှ ၁၉၇၂ မှာ ေ ကျာင်းဆင်းလာပြီး နှစ် ပေါင်း ၅၀ အကြာ မှာ
စုစုပေါင်းဆုံး သွားပြီး လေသူ ( ၄၁ ယောက် ရှိသွားပါပြီ ,
RIT ေ ကျာင်းဆင်း ၁၂၆ ဦး အနက် ၃၂.၅ % ဆို တော့ ။ အား လုံးရဲ့ ၃ ပုံ၁ ပုံခန့် က ဘဝ တပါးကို ပြောင်း သွားခဲ့ကြပါပြီ။

ကျန်တဲ့ သူ ၈၅ ဦး ခန့် ၊ ၃ ပုံ ၂ ပုံ က သူတို့ နောက်လိုက်ဘို့ အလှည့်ကျ စောင့်ဆိုင်း နေကြဆဲပါ။

ကျန် ရှိသူ အများ အပြားက ၇၃ နှစ် ေ ကျာ် ေ တွ ၊ ၇၅ နှစ် ေ ကျာ် ေ တွ အသက် ၈၀ တန်း ချ ဉ်းနေ ကြ သူ ေ တွ ဖြစ် ေ န ကြ ပါ ပြီ ၊
အသက် ေ တွ လဲ ကြီးလာနေကြ၊ အိုလာနေကြ၊ နာလာနေကြ ပါပြီ ။

ဇာတိ ဇရာ ၊ ဗျာတိ မရဏာ ။
မှတ်မိသလောက် တွေပါ ။ ဆုံးသွားသူတွေ မသိလို့ ကျန် နေနိုင်ပါသေးတယ်. ပြောစရာ ကျန်နေပါသေး တယ် ။
ရင်းနှီးခဲ့တဲ့ သူငယ်ချင်တွေထဲက အ ချိ ု့ပါ။
ကျန်တဲ့သူတွေထဲ ကျန်းမာရေးတွေ လဲ ချို့ တဲ့လာနေကြပြီ။
အများစုက ခေါင်းဖြူစွယ် ကျိုး ဖြစ် နေကြပြီ။
အရင်က ကိုကို မမ အရွယ်တွေကနေ ခု တော့ ဖိုးဖိုးဖွားဖွား တို့ အရွယ် တွေ ရောက်ကုန်ကြပါပြီ။
မျိုး ဆက်သစ် သားတွေ သမီးတွေ မြေးတွေ မြစ်တွေ လဲ ရနေကြပါပြီ။
အလှည့်ကျ ကံစီမံရာ အတိုင်း ကျွန်တော်တို့ တစ်တွေလည်း သွားနှင့်လေသူ မိတ်ဆွေများနောက် ကို တစ် ယောက် ပြီး တစ် ေ ယာက် ဆက် လိုက်ကြရမှာပါ။
ဆရာ ဇော်ဂျီရဲ့ သင်သေသွား သော် ကဗျာ လေးကို အမှတ်ရမိ လိုက် ပါတယ် ။
သင် မကွယ် လွန် မီ နိုင်ငံ အကျိုးမိသားစုအကျိုး ၊
ကိုယ့် ပတ်ဝန်ကျင်ကောင်း ကျိုး ၊
လောက ကောင်းကျိုး တွေ
သင်ဘာတွေ လုပ်ခဲ့သလဲတဲ့ ။
သင့် ရဲ့ ကောင်းတဲ့လုပ်ရပ်တွေ အများအတွက် ကျန်ရစ်ခဲ့စေချင်တယ်တဲ့ ။
ဆရာဇော်ဂျီက ဆုံးမသွန် သင် ဩဝါဒပေးခဲ့ပါတယ် ။
သတိပြုစရာတွေ ပါ ။
ဘဝသဲသရာ တစ် ေ ကွ့ မှာ လာ ဆုံ ေ တွ့ကြ တဲ့
RIT ေ ကျာင်းနေ ဖက် မိတ် ေ ဆွ အ ပေါင်း အသ င်း ေ တွ ။
RIT 1972 ဆင်း မိတ်ဆွေ သူငယ်ချင်း အပေါင်းတွေနဲ့အတူ ကွယ်လွန် သွားကြ လေဿူ သူငယ် ချင်းများကို သတိရစွာဖြင့် ……………
ကွယ်လွန် သူသူငယ် ချင်းအပေါင်း ကောင်းမွန်ရာ ဘုံ ဘဝမှာ ရောက် နေကြပါစေ ။
အေးမြင်ိ့ ( ညောင်တုန်း )
၁၆/၃/၂၀၁၉
( Edited and Added on 16/3/2022 and 12 /11 /2022 )
ရည် ညွှန်း
၁။ ၁၉၇၂နော က် ဆုံးနှစ် ၊ ေ ကျာင်း မ ပြီး မီ ၊ ကျွ န်တော် တို့ခေတ်က ဓာတ် ပုံ ဆရာ၊ဓာတ် ပုံ ပညာရှင်မောင်မောင် ညှပ် ကိုခေါ် ပြီး ၊ ၁၉၇၂ ေ ကျာင်းနေ ဖက် များ အမှတ် တရ စုပေါင်း ရိုက် ခဲ့တဲ့ ဓာတ် ပုံ ။
မှတ်မှတ်ရရ
ကျွန်တော်တို့နှစ်မှာ ကျောင်းပြီးခါနီး အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့ကြစဉ် ထူးခြားတဲ့ဖြစ်ရပ် လေးရှိခဲ့တယ် ။
စုပေါင်းဓာတ်ပုံထဲမှာ ကျောင်းသားတွေရဲ့ ဝတ်စားဆင်ယင် ပုံကိုသတိပြုမိသူများတွေ့နိုင်ပါတယ် ။
ကျွန်တော်တို့လို သာမန် အဝတ်အစားနဲ့ဓာတ်ပုံရိုက် ကြသူများပါတယ် ။
ဓာတ်ပုံမရီုက်ခင် တစ်နေ့မှာ အချင်းချင်းသိထားတာက အချို့ က အနောက်တိုင်းဝတ်စုံ နဲ့ရိုက်ကြမယ် ဆိုတာကို သူငယ်ချင်းတွေအချင်းချင်းကြို သိထားကြတယ် ,
. သူတို့က အနောက်တိုင်းနက်ကတိုင်နဲ့ရိုက်ရင် ဒို့က မြန်မာ့ ကြက်သရေခေါင်းပေါင်းနဲ့ရိုက်မယ် ဆိုတဲ့ အဖွဲ့ ပေါ်လာ တယ် ။
ကျိတ်ပြီးလူစုကြစည်းရုံး ကြတယ် ။
ဓာတ်ပံရိုက်တဲ့နေ့မှာ မြန်မာဝတ်စုံတွေ နဲ့ မောင့်ကြက်သရေခေါင်းပေါင်းတွေနဲ့ ကျောင်းသားအုပ်စု တွေ ကို ဓာတ်ပုံရိုက်ခါနီးမှာ ဘွားကနဲ ပေါ် လာပြီး ၊ မားမား နဲ့ အုပ်စုလိုက် ဝင်လာတာ တွေ့ လိုက်ကြတော့ အချင်းချင်း လက်တို့ပြီး သဘောကျ အံ့ဩ ကုန်ကြတယ် ။
ဥရောပ ဝတ်စုံနဲ့ စမတ်ကျကျ ဝတ်စားထားကြတဲ့ ကျောင်းသားတွေနဲ့အပြိုင် မြန်မာဝတ်စုံ ပြည့်နဲ့ ကျောင်းသား တွေပါ ဓာတ်ပုံထဲမှာ မှတ်မှတ်ရရ ဖြစ်သွားတယ် ။
လွန်ခဲ့သော အနှစ် ၅၀ က ကျွန် တော်တို့ လူငယ် ချာတိတ် အင်ဂျင် နီယာ လောင်းတွေရဲ့ မခံချင်လို့ ပြိုင်ခဲ့ကြတဲ့
အမှတ်တရ စုပေါင်းဓာတ်ပုံထဲက မှတ်မှတ်ရရ
Group Photo တွေပါဘဲ ခငိဗျား ။
ကျွန်တော်တို့ခေတ်မှာ ပေါ်လာတဲ့ ဓာတ်ပုံဆရာ မောင်မောင်ညှပ်ကလဲတော်သလားမပြော နဲ့ ။
လူ၁၀၀ ခန့်. ဒီလောက်များတဲ့ကျောင်းသားတွေ အားလုံး ကိုမြင်ကွင်းထဲ အကုန်ဝင်အောင် RIT ကျောင်းတော်ကြီးနောက်ခံထားပြီးရိုက်ပေးနိုင်ခဲ့တယ် ။
၂ ။ ဆရာဇော်ဂျီ၏ သင်သေသွားသော် ကဗျာ ။
နှင့် အတူ

၃။ လွန်ခဲ့သော နှစ် ၅၀ ခန့် ကကျွန်တော် ကျောင်းသားဘဝမှာ ရေးခဲ့တဲ့ အို/နာ/သေ သရုပ်ဖေါ် ပန်းချီ ၊ နှင့်
၄ ။ သက္ကရာဇ် ၂၀၀၀ ပြည့်အလွန် ၂၀၀၅ ခန့်က
ညောင်တုန်းသားပန်းချီဝင်းမြင့်မိုးလကိရာ ပဲခူး ဆည် မြောင်း ဘုရား သီရီမင်္ဂလာဆုတောင်းပြည့်စေတီ စုပေါင်း မတည်မီ စိတ်ကူး ဘုရား ပန်းချီပုံ။
END ———-