
တွေးမိတွေးရာ
ရေးမိရေးရာ( ၅၅)
( edited and added )
သီတင်းကျွတ်ပြီ။
ပဲခူး ဟံသာဝတီက
သီရိမင်္ဂလာ ဆုတောင်းပြည့်စေတီတော်။
နှင့်
ပဲခူးဆည်မြောင်း မိသားစုများ ။

သီတင်းကျွတ်လပြည့် နေ့ည မှာ မီးပူဇော်ထားကြတဲ့ပုံ

ပဲခူးနေ ဆည်မြောင်း တပည့်မတစ်ယောက်ပို့ပေးလို့
ဖူးမြင် ပူဇော်ရ အမှတ်ရမိ ရ
ဝမ်းသာ ကြည်နူး ဖြစ်ရပါတယ်။

ဆည်မြောင်းမိသားစုတွေ
တပည့်တွေ ဆရာတွေ မိတ်ဆွေတွေ
ကိုဗစ်ရန်ဘေး မှ ကင်းစင်ဝေးကြပါစေ
ခင်ဗျား။


ပဲခူးဆည်မြောင်း ရုံး က တပည့် ကျော်. ဟန် မင်းဦးရဲ့
၁၉/၁၀/၂၀၂၁ Facebook ပေါ်က ဓာတ်ပုံ နဲ့ အတူ ပူးတွဲ ပြထားတဲ့ ဘုရား ထီးတင်ပွဲ ဖိတ်စာ။တွေ့လိုက် ရလို့

ပဲခူးတိုင်း ဆည် မြောင်းရုံးမှာ ၅ နှစ်တာဝန် ထမ်းခဲ့စဉ် ,
ပဲခူးတိုင်းအရှေ့နဲ့အနောက်ခြမ်းတွေ မှာ မအားမလပ် ပြေးလွှားလှုပ်ရှား အလုပ်လုပ် နေခဲ့စဉ် ကာလအတွင်း တဖက်ကလည်း ဘာသာသာသနာ အရေးအတွက်လဲမလစ်ဟင်းစေရဘဲ ပဲခူးတိုင်းထဲက ဆည် မြောင်းမိသားစုတွေ ၊ တစ်တိုင်ငံလုံးက ဆည် မြောင်းမိတ်ဆွေတွေ ၊ တပည့်ေ တွ ၊ဆရာသမားကြီး တွေ နဲ့အတူ ပူးပေါင်းပါဝင်စေခါ ဝိုင်းလုပ်ခဲ့ကြ တဲ့ ဘာသာရေး အလုပ် ကို ပြန်လည် အမှတ်ရမိ လိုက်ပါတယ်.။

ပဲခူးဘုရားကို
ပဲခူ း ဟံသာဝတီဒေသမှာ တာဝန်ထမ်းဆောင်ခဲ့စဉ် ကာလ မှာ
ဆည်မြောင်းမိသားစုဝန်ထမ်းတွေ စုပေါင်း ကုသိုလ်ယူခဲ့ကြတာဖြစ်တယ်။
ဆည်မြောင်းတိုင်းရုံး အနီး ခြုံနွယ်ပိတ်ပေါင်းတွေကြား မှာ
နှစ်ပေါင်းများစွ ာ လူမသိ သူမသိ တိမ် မြ ုပ် ပျောက်ကွယ်နေတဲ့စေတီအုတ်ခုံ ကြီးကို
တစ်ရက်မှာမြေထိုးစက်နဲ့ခြုံရှင်းရာမှ ခြုံတွေကြားက မမျော်လင့်ဘဲပ်ါထွက်လာတာ ဖြစ်တယ်။
သမိုင်းစကို လိုက်လေ့လာကြည့်လိုက်တော့
ဟံသာဝတီခေတ် ဓမ္မစေတီမင်းလက်ထက်က တည်ခဲ့တာဖြစ်တယ်။
ဆည်မြောင်းအဖွဲတွေ စုပေါင်းတိုင်ပင်ညှိနှိုင်းကြပြီးနောက်
ပြိ ုကျပြီး ကျန်ရစ်ခဲ့တဲ့ အတောင် ၃၀/
၄၅ ပေ ပတ်လည် ရှိနေတဲ့ လေးဘက်စလုံးမှာ အတက်အဆင်း လှေခါး ထစ်တွေ လဲ ကျန်ရှိ နေသေးတဲ့
မြေစိုက် စေတီအုတ်ခုံ ကြီး အပေါ်မှာ
ပုဂံအာနန္ဒာပုံစံငယ် ဂူဘုရားစေတီ ပုံ ဘုရား တည်ကြဘို့သဘောတူကြတယ် ။

ကျွန်တော်က
ပန်းချီ ဝါသနာပါတော့ ပိသုကာ နဲ့ အင်ဂျင်နီယာ ပညာ အတွေးတွေ နဲ့ပါ ပေါင်းစပ်ပြီး
ဘုရားကို ကိုယ်တိုင်ဒီဇိုင်းပုံထုတ် ခါ
မိတ်ဆွေတွေ ၊တပည့်တွေ ၊ဆရာသမားတွေ ၊ ဆွေမျိုး တွေ
ဆည်မြောင်းမိသားစုတွေ အင်အားနဲ့
စုပေါင်းကုသိုလ် ဒါန ပြ ကြ ုပြီး
ကိုယ်တိုင် တာဝန်ယူ တည်ဆောက်ခဲ့ ပါတယ်။

ပုံပါဖိတ်စာက
အများစုပေါင်း လှ ူဒါန်း တည်ဆောက်ခဲ့ကြပြီး နောက်
အလှ ူရှင်များအားလုံးကို ဖိတ်ကြ ား ခဲ့တဲ့
ထီးတော်တင်လှ ူပွဲ မင်္ဂလာ ဖိတ် ကြားစာ လေး ဖြစ်ပါတယ် ။
အလှ ူရှင်အားလုံးကို မှတ်တမ်းတင်ထားရာမှာ ၊
စေတီကို စတင်တည်သည်မှ ပြီးသည်အထိ
စေတီရဲ့ဆိုင်ရာ နေရာ အသီးသီး အလိုက် မှာ
လှ ူဒါန်းမှု အစုစု အစုံစုံအတွက်
ကျောက်ပြားတွေပေါ်မှာ ကမ္ဗည်း ရေးထိုးမှတ်တမ်းတင်ပြီး
လှိုဏ်ဂူ ဘုရား အတွင်းအပြင် နံရံ တွေပေါ်က
နေရာ အများအပြားမှာ
အလှ ူ့ရှင်များအားလုံး လိုလိုရဲ့
ကမ္ဗည်းစာကျောက်ပြားတွေကပ် ပေး ထားခဲ့ပါတယ်။

မှတ်မိပါသေးတယ်.
ဘုရားတည်ပြီးလို့ ဘုရားထီးတင်ပွဲ ရက် တပိုတွဲ လပြည့် နေ့ ကို နေ့ကောင်းရက်သာ ရက် လဲ ရွေးပြီးပြီ ။
ပဲခူးတိုင်းမှာက လဲ အလုပ်မျိုးစုံ ဆည် ရေပေးရော ၊ ရေဘေးကာကွယ် ရေးပါ အလုပ်စုံလုပ်နေရတာမို့ ။ ပဲခူးအရှေ့ခြမ်း တောင်ငူခရီုင် ထဲက ဆွာ တမံ ဆည် ရေသောက် နွေစပါးရာသီမှာ သတ်မှတ်ဧက မပြည့်လို့ ၊ တိုင်းအဆင့် တာဝန်ခံ ဆည် မြောင်း ကျွန် တော်နဲ့ စိုက် ပျိုးရေးတိုင်းမန်နေဂျာ ကြီး ဦးဝင်းမောင် တို့ တိုင်းအဆင့် လုကြီး၂ ယောက်ကိုယ် တိုင် ကွင်းဆင်းစစ်ဆေး လုပ် ပေးခဲ့ကြရတယ်.
ဘာကြောင့် နွေစပါးသတ်မှတ်ဧက မရကြတာလဲ ၊မစိုက် နိုင်ကြတာလဲ၊ ဒေငခံ လယ် သမားတွေနဲ့တွေ့ပြီး စပါးစိုက်ဧက ပြည့်မီရေး ကိုယ်တိုင် ကွင်းဆင်းနေရချိန် ဖြစ်တယ် .
ပဲဲခူး ကလဲ ထီးတင် ပွဲ လုပ်ရက် နီးနေပြီ ။
၂ ပတ်ခန့် နေကြပြီး စိုက်ဧက တွေတက်လာတော့မှ ပဲခူးတိုင်းတာဝန်ခံ တိုင်းမှူးကို သတင်းပို့ ၊ ဘုရားထီးတင် ပွဲ ကိစ္စလဲသတင်းပို့ ပြော ကြား ဖိတ်ကြားခါ ၊ ပဲခူးကို ကျွန် တော်နဲ့ တိုင်း.ဂျာကြီးတို့ ၂ ဘောက်သား အမြန်ဆုံး အပြေး ပြန်လာ ခဲ့နိုင်ကြတယ်။ ဘုရား ထီး တင်ပွဲက ကပ် နေပြီ .
ကံခေလို့ တောင်ငူက နေ အချိန်မီ ပြန်လာနိုင်ခဲ့ပါတယ်။
ပဲခူးမှာ ၅ နှစ် ခန့် ပဲခူးတိုင်းတာဝန်ထမ်းဆောင်နေခဲ့စဉ် ကာလ အတွင်း မှာ ဘဝအတွက် သံသရာအတွက် မှတ်မှတ်ရရ ၊ ဘာသာရေး အလုပ်တစ်ခု ၊ အလှူတစ်ခု ကို လုပ်ဖြစ်ခဲ့လိုက်ပါတယ်။
ဘုရားထီးတင်ပွဲ ပြီး တဲ့နောက်မှာ ဆရာသမား အင်ဂျင်နီယာ
ညှ ွန်ကြားရေးမှ ူးချပ် က ခေါ်လို့ ဘဲ၊ နေပြည်တော်မှာ တစ်နှစ်ခွဲကျော့်ခန့် နိုင်ငံတာဝန်တွေ တစ်နိုင်ငံလုံးအတွက် ကူညီ ဆောင်ရွက်ပေးခဲ့ပြီး သက်ပြည့်အငြိမ်းစားယူခဲ့ တယ်။
ခေတ္တခန အနား. ယူ ပြီး နောက် ဒီနေ့ထိ ရေအရေးရေရေးရာ ရေကိစ္စတွေအပြင် သဘာဝပတ်ဝန်းကျင်ရေးရာကိစ္စတွေ ဆက်လုပ်နေဖြစ်ပါတယ်။

ပဲခူးကို နောင်ပြောင်းရွှေ တာဝန်ကျလာကြတဲ့
ဆည််မြောင်း အရာရှိတွေနဲ့ ဝန်ထမ်းတွေကလဲ
စေတီကိုဆက်လက်ထိန်းသိမ်းစောင့်ရှောက်
ကြည်ညိုလာခဲ့ကြရင်း
အလ ူဒါနတွေ ဆက်လုပ်နေခဲ့ကြ ပါတယ်။

နှစ်စဉ် တပိုတွဲလပြည့်နေ့တိုင်း
ဘုရား ပွဲ ကို ကျဉ်းပလာနေခဲ့ကြတာ
ကိုဗစ်ကာလကလွဲလို့နှစ်စဉ်လိုလို
သွားရောက်ဖူးမျော် ကြ ည််ညို ဒါန ပြု ဖြစ်ခဲ့ပါတယ် ။

မိမိတို့ အသိးသိး လှ ူဒါန်း ခဲ့ကြ မှ ုများအတွက်
အလှ ူ့ရှင်အများ သာဓုခေါ်ဆိုနိုင်ကြပါစေ ခင်ဗျား ။
၂၀၀၈ ခုနှစ် က တည်ထားကိုးကွယ်ခဲ့တဲ့ဘုရားစတေီ
ယခု ၂၀၂၁ ခုနှစ် မှ ာ သက်တမ်း ၁၃ နှစ်တိုင် ရှိခဲ့ပါပြီ။

အေးမြင့်(ညောင်တုန်း)
၂၁/၁၀/၂၀၂၁
၁၁/၁၀/ ၂၀၂၂ ( edited and added )

ရ ည် ညွန်းစာများ ၊
၁။ ပဲခူးဆည်မြောင်း က တပည့် ကျော်. ဟန် မင်းဦးရဲ့
၁၉/၁၀/၂၀၂၁ Facebook ပေါ်က သီတင်းကျွတ်လပြည့်
မီးထွန်းပူ ဇော်ပွဲ ဘုရားဓာတ်ပုံ များနဲ့ အတူ
ပူးတွဲ ပြထားတဲ့ တပိုတွဲလပြည့် ဘုရားထီးတင်ပွဲ ဖိတ်စာ။
( ပူးတွဲ )
၂ ။ မောင်အေးမြင့် ( ညောင်တုန်း ) ၏ မှတ်ဖွယ် မှတ် ရာ
စာပဒေသာ ( ၂၀၂၀ စိမ်းရောင်စိုစာပေ ထုတ် စာအုပ် ၊
ဘဝမှတ်တမ်း အတွေး အရေးများ ၊ ( ၁၉၈- ၃၀၁)
– ဆောင်ရွက်ခဲ့သော ဘာသာရေး ၊ သာသနာရေး။
( စာမျက် နှာ ၁၉၃- ၁၉၇)
– ဟံသာဝတီ ဗုဒ္ဓ ဂယာ နှင့် ကျွန်တော်
( စာမျက်နှာ ၂၆၂- ၂၇၇ )
ရ ည် ညွန်းစာ ( ၁) ၊
၁။ ပဲခူးဆည်မြောင်း က တပည့် ကျော်. ဟန် မင်းဦးရဲ့
၁၉/၁၀/၂၀၂၁ Facebook ပေါ်က ဘုရာ’ဓာတ်ပုံ များနဲ့
အတူ ပူးတွဲ ပြထားတဲ့ ဘုရားထီးတင်ပွဲ ဖိတ်စာ ဖိတ်စာ။
ဟန်မင်းဦးရဲ့ စေတနာ စာ
၃၈ ဖြာ မင်္ဂလာတရားတော်နှင့်အညီ
ဂါရဝေါစ တရားကို ပြုမူခဲ့ပါတယ်။
ကြွေးဟောင်းကိုလည်း ဆပ်၊
ကြွေးသစ်ကိုလည်း ချခဲ့ပါတယ်။
မိမိကိုယ်တိုင်နှင့် မိသားစုတို့လည်း
ဂါရဝေါစ နိဝါတောစ တရားကို ရာသက်ပန်
လိုက်နာကျင့်သုံးလျှက်ပါ။
အများလည်း လိုက်နာကျင့်သုံးနိုင်ကြပါစေ။
မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်း ဝေးကြပါစေ ။
2008 to 2021 = 13 years်း