
မှတ်ဖွယ် မှတ်ရာ
စာပဒေသာ ( ၁၀၀ )
( ကမ္ဘာ့ စာနယ် ဇင်းများ )
မဂ္ဂဇင်း သက်တမ်း နှစ်ပေါင်း ၁၀၀ ထိတိုင် ဖြတ်သန်း လာခဲ့ သည့်
မှတ်ဖွယ် မှတ်ရာ စာပဒေသာ မဂ္ဂဇင်း Reader’s Digest
Reader’s Digest မဂ္ဂဇင်း ငယ်လေး ၏ နှစ် ၁၀၀ ခရီး၊
ထူး ခြား ထင် ရှား ဖြစ် စဉ်များ။
Reader’s Digest ( စာဖတ်သူ၏ စာပဒေမဂ္ဂဇင်း) မှ
ရာစုနှစ်တစ် ေ လျာက် အတွင်း ဆောင် ရွက်ခဲ့သည့် ၊
ထူးခြား ထင်ရှားသည့် စိတ်ဝင်စားဖွယ်ရာ အဓိက ဖြစ်စဉ်များ၊

နှစ်၁၀၀ ပြည့် RD Reader’s Digest မဂ္ဂဇင်း အား နှစ်သက် လေးစား ဂုဏ်ပြုသောအားဖြင့် တိုက်ရိုက် မြန်မာပြန် ဆို ထားသည့် – Reader’s Digest မဂ္ဂဇင်း ငယ်လေး ၏ နှစ် ၁၀၀ ခရီး၊ ထူး ခြား ထင် ရှား ဖြစ် စဉ်များ ကို
ayemyint.blog အင်တာနက် ဝက် ဆိုဒ် စာမျက်နှာ web page တွင် ဖတ်ရှု နိုင်ကြပါပြီ ။
RD Reader’s Digest ကိုယခု မြန်မာပြန် တွင် စာဖတ်သူ ၏ စာပဒေသာ မဂ္ဂဇင်းဟု ပြန် ဆိုပါသည်။
နှစ်အလိုက် ဖြစ်စဉ် များ တွင် RD ဟု စကားလုံး အတို ဖြင့် ေ ဖါ် ပြ ထား ပါသည် ။
Reader’s Digest အယ်ဒီတာ အဖွဲ့ ၏ RD မဂ္ဂဇင်း နှစ် ၁၀၀ ပြည့် အမှတ်တရ သတင်းစကား ကို ေ ဖါ် ပြပါသည် . ။

RD အယ်ဒီတာများထံမှ သတင်းစကား
( ၂၀၂၂ ဖေါ် ဝါရီလ ) တွင် Reader’s Digest စာပဒေသာ မဂ္ဂဇင်း သည် ၎င်း၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ထူးထူးခြားခြား မှတ်တိုင်တ ခု စိုက်ထူ နိုင်ခဲ့ပါသည် ။
၁၉၂၂ ခုနှစ် ဖေဖေါ်ဝါရီလမှ စတင်၍ ၊ စာစောင်တိုင်းတွင် အသုံးဝင်သောအ ေကြာင်း အရာ အချက်အလက်များနှင့် စိတ် ဝင်စားဘွယ် ရာ ကောင်း သော ဇာတ်လမ်းများ ဖြင့် ထညိ့ သွင်းဖေါ် ပြ လာ ခဲ့ ပါသည်။
ဆယ်စုနှစ် ဆယ်ကြီမ် အတွင်း Reader’s Digest စာပဒေသာ မဂ္ဂဇင်း သည် ကမ္ဘာ တစ်လွှား အင်အားကြီး မဂ္ဂဇင်း တစောင် ဖြစ်လာခဲ့သည်။
ယနေ့တွင် နိုင်ငံပေါင်း ၄၇ နိုင်ငံတွင် ထုတ်ဝေမှု ပုံစံ ၂၄ မျိုး ဖြင့်ထုတ်ဝေ လျက်ရှိရာတွင် ၊ ကမ္ဘာ့ စာဖတ် ပရိသတ် အများဆုံး ၊ လူကြိုက်အများဆုံး မဂ္ဂဇင်း တစ် စောင်အဖြစ် ရပ်တည် လျက် ရှိနေ ဆဲ ဖြစ် ပါသည် ။
မဂ္ဂဇင်း တည်ထောင်သူ ဒီဝစ်ဝေါ ေ လ့စ်( DeWitt Wallace ) သည် ဤ မဂ္ဂဇင်း ငယ် လေးကို ” ကို မထုတ်ဝေမီလေးတွင်
“ဒိုင်ဂျက် စ် “စာပဒေသာ မဂ္ဂဇင်း တွင်အောက်ပါ ရည်မှန်းချက်များ ကို အဓိက ဦး တည်ထား ၍ ထုတ် ဝေ သွားမည် ဟုကြေ ငြာခဲ့သည်.။
၁။ စာဖတ်သူများ စိတ်ဝင်စားဘို့ နှင့်အတူ တစ်ချိန်တည်းမှာ
အမြင် ကျယ်လာကြ စေရန်၊
၂ ။ ဝတ္တု ပစ္စည်း တွေနဲ့ လူတွေကို လေးစား တန်ဖိုးထား မှု များ မြှင့်မားစေရန်၊
၃။ လုပ် ဖေါ် ကိုင်ဖက်များ အ ပေါ် ချမ်း ေ မြ့ ေပျာ် ရွှင် စွာ ပေါင်းသင်း ဆက်ဆံေ န နိုင်ရေး တွင် စွမ်းရည်
မြှင့်တင် ေ ပး ရန်၊
၄။ ဤ ကမ္ဘာ လောက ကြီးနှင့် ၊ သဟဇာတရှိ စွာ ပြု မူ နေထိုင် ကျင့် ကြံ နိုင် ရေးတွင်ချောမွေ့စေရန်။
ဖေါ် ပြ ပါ ရည် ရွယ် ချက်များသည် ကျွန်ုပ်တို့ထုတ်ဝေခဲ့ ပြီးသော အထိရောက်ဆုံးသော ဆောင်းပါးများ နှင့်အတူ Reader’s Digest စာပဒေသာ မဂ္ဂဇင်း၏ သမိုင်းဝင်မှတ်တိုင်များစွာထဲမှ မီးမောင်းထိုးပြထား
သည့် အချက် အချို့ ဖြစ်ပါသည် ။
ယခု နောက်ထပ် အနှစ် ၁၀၀ ခရီး အတွက် ဆက်လက် ချီတက် နေပါပြီ။

မှတ်ချက်။
၁။ Google Translate အကူအညီ နှင့်အတူ ၊ iAbidan, မြန်မာပြန် နှင့် Merriam Webster Dictionary
အဓိပ္ပါယ် ဖွင့်ဆိုချက်များ ဖြင့် ညှိ နှိုင်း ကိုး ကား လျက် တိုက်ရိုက် မြန်မာပြန် ဆို ပါသည် ။
၂။ စာဖတ်သူများအကျိုးငှါ ၊ စာရေးသူ ၏ ayemyint.blog တွင် မိမိမြန်မာ ဘာသာပြန် ကို တိုက်ဆိုင် စစ် ဆေးနိုင်ရန်အတွက် မူရင်း RD အင်္ဂလိပ် ေ ဆာင်းပါးကို အင်တာနက် စာမျက်နှာ တွင် ပူးတွဲ ေ ဖါ်ပြထားပါသည် ။

Reader’s Digest မဂ္ဂဇင်း ၏ ကမ္ဘာ့ နိုင်ငံငံများ အလိုက် ထု တိ ေ ဝမှု များ အကျဉ်း ဖြစ်ပါသည် ။
MY SUMMARY
Highlights of New Editions Launched During 100 Years
Years New Editions Copies. Remarks
1922 US 1st issue. 5000 64 pages, 31 articles
1929 200,000
1936 2 millions
1938 British edition International RD
1939. ~ 3 millions 2 color illustrations
1940. Latin American new edition
1942. Portuguese-language new edition
1945 Finnish edition 50,000 50,000 copies in a week
1946. Australian,Danish, Japanese
1947 Norwegian,Belgian -French , new edition
French-Canadian editions
1948. English-Canadian, South African, new edition
German-Swiss-German , Italian
1950 New Zeland edition
1955. 10 millions US Circulation a month
1957. The Dutch edition The Longest Day book started to work
1965. The Chinese ( Traditional ) edition in Hong Kong and Taiwan
Asia ( English language ) edition in South East Asia
1967. 28 millions Worldwide
1968. 9 millions. reprints due to Cigarette articles
1971 25 millions. reprints due to anti- pornography
article
1988 The British edition 50th anniversary
1994. US. 10 billion. Published in the US
2008. Mainland China edition under Puzhi Reader’s Digest name
2018. Australia, New Zealand and Asia. 140,000. the RD Talks podcasts downloads
အေးမြင့် (ညောင်တုန်း)
( ၂၆ အောကျတိုဘာ လ ၂၀၂၂ )
ရည် ညွှန်း ( ၁ )
ayemyint.blog အင်တာနက် စာမျက်နှာ web page
– Reader’s Digest မဂ္ဂဇင်း ငယ်လေး ၏ နှစ် ၁၀၀ ခရီး၊
ထူး ခြား ထင် ရှား ဖြစ် စဉ်များ။

ရည် ညွှန်း (၂)
မှတ်ဖွယ် မှတ်ရာ
စာပဒေသာ ( ၉၅ )
( ကမ္ဘာ့ စာနယ် ဇင်းများ )
စာဖတ်ဝါသနာပါသူများ၏
စာပဒေသာ မဂ္ဂဇင်း ငယ် လေး တစ်စောင်။
100th YEARS CENTENARY ANNIVERSARY
Of
The Little Magazine
Reader’s Digest
သက်တန်း ၁၀၀ ပြည့် မြောက်ခဲ့ ပြီ ဖြစ်သော
Reader’s Digest
အိတ်ဆောင် စာပဒေသာ မဂ္ဂဇင်း ငယ်လေး ။

ကမ္ဘာကြီးနဲ့အတူ သူတို့ နိုင်ငံမှာ တစ်နိုင် ငံ လုံး အင်တာနက် သုံး ပြီး အလုပ် ေ တွ လုပ်နေကြ၊ အင်တာနက်ပေါ်က pdf ebook စာအုပ် ေ တွ ဖတ် နေကြသော် လဲ ၊ လက်ထဲကိုင် ဖတ်ရတဲ့ စာအုပ် ေ တွ ကိုလဲ တစ် မက် တစ် မော ဖတ်နေ ကြသေး တာ ေ တွ့ နေရပါတယ် ။

မြို့ထဲမှာ အထပ် မြင့် အမျိုး သားစာကြည့်တိုက် ဧရာမ အ ေ ဆာက် အဦးကြီး တစ်ခု ရှိ နေသလို ၊ အဓိက ရပ် ကွက် ကြီး ေ တွထဲ မှာလဲ အမျိုးသား စာ ကြည့် တိုက် ခွဲ ေ တွကိုလဲ ပညာတတ် လူကြီး တွေက ပြည်သူ တွေအတွက် ဖတ်စရာ မှတ်စရာ စာအုပ်မျိုးစုံကို ဖြန့် ကြက် ချထား ပေးထားတယ်။

သူတို့ နိုင်ငံရဲ့ အမျိုးသားစာကြည့်တိုက်ကြီးကို ယခင် က တကူးတက သွားပြီး လေ့လာဖြစ် ခဲ့တယ် ။

ယခုရောက်နေ တဲ့ Singapore Jurong East လူစည်ကားရာ ရပ်ကွက် ကြီးထဲ က စာ ကြည့်တိုက် ကြီးကိုတော့ ကြုံ ကြိုက်သလို မကြာခန ရောက် ဖြစ် တတ်ပါတယ် ။

စာကြည့် တိုက် ေ တွ မှာ စာ ဖတ် သူ ေ တွ ၊ စာအုပ် လာငှါး ကြသူ ေ တွ ၊ စာ အုပ် လာ အပ်ကြသူ လူကြီးလူ ငယ်တွေနဲ့ အတူ ၊ စာဖတ် နေ ကြတဲ့ ခ လေးငယ် ေတွ ကို ပါ အများအပြား တွေ့ နေ ရတတ်တယ် ။

. ေ မြးငယ်လေး များ ကလဲ စာဖတ်တတ် နေ ကြပြီ မို့ စာကြည့် တိုက် ကြီးထဲမှာ ၊ သီးသန့် တွဲ ဖွင့်ပေးထားတဲ့ ခ ေ လး စာကြည့် တိုက်ထဲ မှာ သူတို့ကြိုက်ရာ ခ လေး စာ အုပ် ေ တွ လိုက် ရှာ ဖွေ ေ ရွး ငှါ းပြီး စာ ဖတ် တတ်နေ ကြ ပြီ ။

ခ ေ လး ေ တွ ကိုယ်တိုင် မိမိဘာသာ စာအုပ်ငှါးဖတ်တတ်နေကြပြီ။ ကွန်ပြူတာခုံပေါ်မှာ စာကြည့်တိုက်ထဲက
စာအုပ်တွေရှာ စာအုပ်တွေ ငှား ကြလုပ်နေကြတယ် ။

ယနေ့အင်တာနက်ကမ္ဘာကြီးထဲက ခေတ်သစ် စာ ကြည့်တိုက် ကြီး တစ်ခုပါ။
ဒီ နေ့ရောက် သွား တဲ့အခါ ၊ ကမ္ဘာ အဝှမ်း က နေ့စဉ် ထုတ် ကမ္ဘာ့ မဂ္ဂဇင်းမျိုးစုံ ထားတဲ့ စာအုပ်စင်ကို အမှတ်မထင် ရောက် သွား တယ် ။

မဂ္ဂဇင်း ေ တွ ေ လျှာက်ကြည့်ရင်း ၊ ငယ် စဉ် က
RIT ေ ကျာင်းသား လူင ယ် ဘဝ ၁၉၆၉ ခုနှစ်နောက်ပိုင်း
ေ ကျာင်း ပြီး ခါ နီး နှစ် ၃ နှစ် အ တွင်း မှာ ၊ အခန်းဖေါ်
ပုသိမ်သား ကိုစံလှခိုင် ( ကွယ်လွန် ) နဲ့ အတူ ၂ယောက်သား ပေါင်းစပ်ဝယ် ဖတ်ဖြစ်ခဲ့ကြပြီး၊ နောင်မှာလဲ အခါ
အား ေ လျာ် စွာ ဝယ် ဖတ် ဖြစ် နေခဲ့ တဲ့ Reader”s Digest မဂ္ဂဇင်းတွေထားတဲ့ ဘီဒို အံဆွဲ ကို သွား ေ တွ့တယ် ။

ငယ်စဉ်က စလို့ ယ နေ့တိုင် ကြိုက်နေဆဲ၊ အခါ အား ေ လျာ် စွာ ဝယ်ဖတ် ဖြစ် နေဆဲ မဂ္ဂဇင်းမို့ စာအုပ်စင်ထဲက မဂ္ဂဇင်း ဟောင်း ေ တွ ထဲမှာ ထူးခြားတဲ့ မဂ္ဂဇင်းစာအုပ် တစ် အုပ်ကို မ ေ မျာ် လင့်ဘဲ ရုတ်တရက် သွား ေ တွ့လိုက် တာ ဝမ်းသာ သွားခဲ့ရတယ်။
၁၉၆၅ ခုနှစ် ညောင်တုန်း ၁၀ တျောင်းသား ဘဝ မှာ အတန်း ဖေါ် သူငယ်ချင်း မာလစ် အောင်သန်း ယူလာတဲ့ ၊ သူ
အမြဲဖတ်နေတဲ့ RD Reader”s Digest မဂ္ဂဇင်းစာအုပ် ငယ်လေးကို ပထမ ဆုံး စတင် ေ တွ့ ခဲ့ရဘူးခဲ့ တယ် ။ သ.ဘောကျ လို့ နောင် မှာ ၁၉ ၆၆ ခုနှစ် ရန်ကုန် RIT ကို ရောက် တဲ့အခါ လစဉ် ဝယ် ဖတ် ဖြစ်တော့တာပါဘဲ ။

၁၉၂၂ ခုနှစ် February လမှာ ပထမဆုံး ထုတ်ဝေ ဖြန့် ချီ ခဲ့ တဲ့ ကမ္ဘာ ကျော် Reader’s Digest မဂ္ဂဇင်းက ၂၀၂၂ ဖေ ေ ဖါ် ဝါရီလမှာ စာအုပ်ထုတ်ဝေခဲ့တာ နှစ်ပေါင်း ၁၀၀ သက်တန်း ပြည့်ခဲ့တာ ယ နေ့မှဘဲသိ လိုက် ရ တော့ တယ် ။
ရာပြည့် မှတ်တမ်း ထဲမှာ ခုနှစ်အလိုက် ထူးခြား ဖြစ်စဉ်
ေ တွကို အမှတ် တရ ဖေါ်ပြ ပေး ထားတယ်။

ဗျိတိန် ဘုရင်မကြီး အဲ လစ် ဇဘက် ရဲ့ အသက် ၆၀ ပြည့် အမှတ်တရဓာတ်ပုံကို ၁၉၈၆ ခုနှစ်ထုတ် RD မှာ ဖေါ် ပြခဲ့ တော့ ဘုရင်မကြီး က သူ့ပုံတူ ပန်းချီကား ကို အလွန် သ ဘောကျနေတယ်လို့ နန်း တော်က သတင်း ေ တွ ထွက်လာခဲ့တယ် ။
နောင်မှာ RD မှာဖေါ်ပြခဲ့တဲ့ဘုရင်မ ကြီး ရဲ့ ပန်းချီပုံ ကို
လန်ဒန်မြို့ရဲ့ National Portrait Gallery နာမည်ကြီး လူပုဂ္ဂိုလ် များပုံတူ ပန်းချီကား တွေ ပြသထားရာ အမျိုးသား ပြတိုက် ကြီးမှာ အမြဲ တန်း ထား ရှိ ခဲ့ တယ် ။
.
နှစ် ပေါင်း ၃၆ နှစ်အကြာ ယ နေ့ မှာ တော့ သက် တော် ၉၆ နှစ်ရှိ နေပြီ ဖြစ် တဲ့ ဘုရင်မကြီး နတ်ရွာစံ ကံကုန် သွားခဲ့ပါပြီ ။

စာဖတ်ဝါသနာပါသူများအတွက် နှစ် ၁၀၀ ပြည် RD မဂ္ဂဇင်းပါ ရာပြည့် မှတ်တမ်းများကို ပြန် လည် ကူးယူ မျှ ဝေလိုက်ပါတယ် ။
(အ သေးစိတ် မြန်မာပြန် ကို ayemyint.blog အင်တာနက် စာမျက်နှာ တွင် ကြည့်ပါရန် )
100th YEARS CENTENARY ANNIVERSARY
OF
THE Little Magazine
Reader’s Digest
တွေ့ရ ဖတ်ခဲ့ရတာတွေထဲက
ရာပြည့် မဂ္ဂဇင်း Reader’s Digest ထဲက စိတ်ဝင်စားဖွယ် အကြောင်း အရာ အချို့ တွေပါ၊
လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ က ၁၉ ၂၂ ခုနှစ်မှာ အမေရီကားမှာ စာဖတ် အလွန် ဝါသနာပါ ကြသူ အသက် ၃၀ အရွယ် တန်း
De Witt နဲ့ Lila Acheson Wallace တို့ လူငယ် စုံတွဲ ဇနီး မောင်နှံရှိခဲ့ ကြတယ်။
သူတို့က ကြာလာတော့ စာဖတ်နေရုံနဲ့အားမရ ကြ ေ တာ့ ဘဲ သူတို့ဖတ်ထားတွေ့ထားသိထားတာတွေကို အခြားစာဖတ်ဝါသနာပါသူတွေလဲသိရအောင် မဂ္ဂဇင်းငယ် လေးထုတ်ဘို့ ကြိုးစားခဲ့ကြတယ် ။
မဂ္ဂဇင်းပုံစံအရွယ်အစားက သွားလေရာအလွယ်တကူယူသွား
နိုင်ပြီး အလွယ် တကူ ကိုင်ဖတ်လို့ရတဲ့ စာအုပ် ဖြစ်ရမယ် ဆိုပြီး RD မဂ္ဂဇင်းကို ဖန်တီး ထုတ် ဝေခဲ့ ကြတာ ယနေ့ထိ မဂ္ဂဇင်းအရွယ် သေး လေးကို မပြောင်းလဲဘဲ ဆက်ထုတ်လာခဲ့ကြတယ် ။
နောင်လာနောက်သား မျိုးဆက် တွေက ရည်ရွယ်ချက်လဲမပြောင်းခဲ့ဘူး ထပ် ဖြည့် ထပ်တိုးတာတွေနဲ့ မဂ္ဂဇင်းက ကောင်းသည်ထက် ပိုကောင်းလာခဲ့ တယ် ။
ဖတ်သင့်တဲ့စာ တွေကို အနှစ်ချုပ် Condensed Digest ပြန် လုပ် ပေးထားတဲ့ မဂ္ဂဇင်းတစ်အုပ် ဖြစ်ပါတယ် ၊
စာပေလောက၊ စာ,နယ် ဇင်း ေတွထံမှာ ထွက်ထားပြီး
ဖတ်သင့်ကြတဲ့ စာကောင်းပေကောင်း ဆောင်းပါးကောင်းတွေကို ရွေးထုတ် ပြီး အနှစ်ချုပ်ပြန်ရေးခါ စုစည်း ထုတ် ဝေခဲ့တဲ့ အိတ်ဆောင် အရွယ် မဂ္ဂဇင်းသေးလေးဖြစ်တယ် ။
နောင်မှာ SONY ခေတ်မှာ ပေါ်လာခဲ့တဲ့ ဆိုနီ ဆောင်ပုဒ်လို Small Is Beautiful. သေးပေမဲ့ လှပအဖိုးတန်တဲ့ မဂ္ဂဇင်းစာ အုပ်ကလေး ဖြစ်လာခဲ့တယ် ။
နောင်နှစ် တွေ ကြာလာမှသာ RD မဂ္ဂဇင်းမူပိုင် မူရင်းဆောင်းပါး တွေ ထည့်လာခဲ့တယ် ။
နာ မည်ကြီး ကမ္ဘာ့ စာ ပေ ဆုရစာ အုပ် ROOTS ( မျိုးရိုး/ ဇစ် မြစ် ) ရေးခဲ့သူက RD မဂ္ဂဇင်းတိုက်မှာ ငယ်စဉ်က အလုပ်ဝင်
လုပ်ခဲ့ ရင်း ၊သူ့ရဲ့ အာဖရိကန်မျိုးရိုးဇစ်မြစ် အကြောင်းကို စာရေးဘို့ သိဘို့ အမေရိကားနဲ့ အာဖရိက နိုင်ငံတွေ သွားပြီး သူ့ရဲ့ ဆွေစဉ် မျိုးဆက် တွေ အ ကြောင်း သိဘို့ လိုက်ရှာခဲ့တယ် ။မူလ ကတည်းက သူ့ ဇစ်မြစ် တွေကို ပြန်ရှာဘို့ လုပ်ခဲ့ ချင်ပေမဲ့ သူကိုယ်တိုင် ခရီးသွားလာရေး စရိတ်မတတ်နိုင်ခဲ့ချိန်မှာ Reader’s Digest မဂ္ဂဇင်းကြီး က ခရီးစရိတ် လိုသလောက် ငွေ ပံ့ပိုးလို့ သူ့ စာအုပ် ဖြစ်ပေါ် လာတဲ့ အ ေကြာင်း ၊ RD ရဲ့ ကျေးဇူး ကြီးမား လှကြောင်း ကို စ ာ ရေးဆရာ ကြီး Alex Haley က ဖွင့် ဟ ထုတ် ဖေါ်ခါ ေ ကျးဇူးတင်စကားဆိုထားပါတယ် ။
သက်တန်း ၁၀၀ ရှိလာတဲ့ Reader’ Digest မဂ္ဂဇင်းငယ် လေးက ယခုအခါ တကမ္ဘာလုံးက နိင်ငံစုံမှာ လစဉ် ထုတ် ဝေဖြန့်ချီ နေလာခဲ့တာ လစဉ် စာအုပ် ရေပေါင်း သန်း ဂဏန်းမဟုတ် တော့ဘဲ ဘီလီယန် နဲ့ချီပြီး ထုတ် ဝေနေခဲ့ပုံ နဲ့ စာဖတ်သူအား ကောင်းနေ လာခဲ့တဲ့ သတင်းတွေကို ရာပြည့် အမှတ်တရမဂ္ဂဇင်းငယ် လေးမှာ ဖတ်ရ တွေ့ရတာ စာဖတ် ဝါသနာပါသူ တစ် ယောက် ဖြစ်ပြီး ၊ RD ကို ငယ် စဉ် ေ ကျာင်း သား ဘဝကတည်းက နှစ်သက် မြတ်နိုးသူ တစ် ယောက် ဖြစ်သူ ကျွန်တော့် အတွက် ၊ ဝမ်းသာစရာ ကြည်နူးစရာ ကျေနပ်စရာ ကောင်းလိုက်တာ ။
Reader’s Digest မဂ္ဂဇင်းကို နောင်မှာ နိုင်ငံများအလိုက် ပုံစံမျိုးစုံနဲ့ တစ်နိုင်ငံ ပြီး တစ်နိုင်ငံငံ တိုးချဲ့ထုတ်လာရာမှာ ယခုအခါ
နိုင်းငံပေါင်း ၄၇ နိုင်ငံအတွက် နိုင်ငံအလိုက် ဒေသအလိုက် ပုံစံ ၂၄ မျိုးနဲ့ ထုတ် ဝေလျက်ရှိ နေပါ တယ်။
မဂ္ဂဇင်းက မှတ်ဖွယ် မှတ်ရာ စာပဒေသာ Reader’s Digest ဆိုတဲ့အတိုင်း ထုတ်ဝေသူ ဇနီးမောင်နှံက သူတို့မဂ္ဂဇင်းကို မည် သူမဆိုကောက် ကိုင်လိုက်ရင် မဂ္ဂဇင်းထဲမှာ သူဖတ်ချင်သိချင်တာ စိတ်ဝင်စား စရာ စာ တပုဒ်ပုဒ် တော့ ပါစေရမယ် လို့ ဦးတည် ထုတ် ဝေခဲ့ကြတာ သိထားခဲ့တယ်.။
ကျွန် တော့် ကိုယ်တွေ့ ၊ အတွေ့အကြုံအရ မဂ္ဂဇင်းတွေ ပုံမှန် ဝယ် ဖတ်ဖြစ်ခဲ့တဲ့သက် တန်း မှာ အမြံမှန် နေတာ သတိထားမိခဲ့ပါတယ်။
မဂ္ဂဇင်းထဲမှာ မိမိ ဖတ်ချင်စရာ စိတ်ဝင်စားစရာ စာ အမြဲ ပါနေတတ် တာ ယ ေ န့ ထိ တိုင် တွေ့နေ ခဲ့ ရပါတယ် ။
RD မဂ္ဂဇင်းကို အစပျိုးတည် ထောင်ခဲ့ကြသူ လူငယ် မောင်နှံ စုံက သူတိုရဲ့ အသက် အရွယ် ကြီးရင့်လာတဲ့အခါ နောက်မျိုးဆက်တွေလက် ထဲကို လက် လွှဲခဲ့ကြပြီး နောက်ကွယ်က နေလဲ RD မဂ္ဂဇင်းမှာ သေတပန်သက်တစ်ဆုံး ဆက်လက် အတူ လက်တွဲ ခါ ကူညီ လုပ်သွားခဲ့ကြတယ် ။
RD ကိုစတင် တည်ထောင်ခဲ့ပြီး အချိန်ကြာမြင့်စွာ အယ်ဒီတာချုပ် လုပ်သွားခဲ့သူ DeWitt Wallace က အသက် ၉ ၁ နှစ် အဖိုးအို အရွယ် ၁၉ ၈၁ ခုနှစ်မှာ ကွယ် လွန် သွားခဲ့တယ်
ဇနီးဖြစ်သူ Lila Acheson Wallace က အသက် ၉ ၄ နှစ် အဖွားအို အရွယ် ၁၉ ၈၄ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ကြပါတယ် ။
သူတိုနိုင်ငံတွေမှာ အဖိုးအဖွား အရွယ် တွေ ကျန်းမာ အသက် ရှည် နေခဲ့ကြ ပုံက၊ မကြာသေးခင်ရက်ပိုင်း က ကွယ် လွန်သွားခဲ့သူ ဗြိတိန် ဘုရင်မကြီးက သက် တော် ၉ ၆ နှစ် ရှိ နေခဲ့ပြီး ၊ လွန်ခဲ့သော တစ်နှစ်ခွဲခန့်ကမှ ကွယ်လွန်ခဲ့သူ သူ့ရဲ့ ကြင်ယာ တော် ဖိလစ် မင်းသားကြီးက အသက် ၉ ၀ ကျော် မှာ ကွယ် လွန်ခဲ့ပါတယ် ။
စာဖတ်ဝါသနာ ရှင် အပေါင်း
ကျန်းမာ သက်ရှည် ခါ
ပတ်ဝန်းကျင် ကောင်းမှာ
ဘေးကင်းရန်ကွာ ပျော်ရွှင်စွာ ဖြင့်
စိတ်ချမ်းသာ ကိုယ်ကျန်းမာ
နေနိုင်ကြပါစေ ကြောင်း
ဆုတောင်းမေတ္တာ
ပို့သလိုက်ရပါတယ်
စာဖတ်သူ စာချစ်သူများ ခင် ဗျား ၊
စာဖတ်သူများ ဟာ စာမဖတ်သူ တွေထက် သာပါတယ်။
စာများများဖတ်သူဟာ
စာနည်း နည်း ဘဲ ဖတ်သူထက်
ပိုသာပါတယ် ။
အေးမြင့် (ညောင်တုန်း )
၁၂/၉/၂၀၂၂
မှတ်ချက်.
မှတ်ဖွယ် မှတ်ရာ စာပဒေသာ မျိုးစုံ ပါဝင်တဲ့ Reader’s Digest မဂ္ဂဇင်းကို ထုတ် ဝေခဲ့ကြတဲ့ DeWitt Wallace တို့ ဇနီးမောင် နှံကို သဘောတွေ့ခဲ့သူ ကျွန် တာ်ကိုယ်တိုင်ကလဲ သူတို့ လိုဘဲ မိမိသိထား တွေ့ထားတဲ့ ဘဝ အတွေ့အကြုံတွေနဲ့ မိမိ စိတ်ဝင်စားရာ ဗဟု သုတ အထွေထွေကို Facebook လူမှု ကွန်ယက် စာမျက်နှာပေါ်မှာ ကိုဗစ်ကလ တစ်လျောက် လုံးမှာ တွေးလာ ရေးလာ တင် လာ ခဲ့တာပင်လျင် ၁နှစ်ခွဲခန့်ကာလအတွင်း မှတ်ဖွယ် မှတ်ရာ စာပဒေသာ စာ ပုဒ် ရေ ပေါင်း ယခု အခါ အမှတ်စဉ် ၉၅ အထိ ပင် ရောက်ရှိ လာခဲ့ပါပြီ။
အားမရသေးတာနဲ့
ကိုယ်ပိုင် web site/ ayemyint.blog တည် ထောင်ခါ General Knowledges and Water Resources Management in Myanmar ဦး တည်ချက် Theme နဲ့
မှတ်ဖွယ် မှတ်ရာ စာပဒေသာ ၊ အထွေ ထွေဗဟုသုတ မျိုးစုံ နဲ့အတူ မြန်မာပြည်ရေအရင်းအမြစ် စီမံခန့် ခွဲမှုခေါင်းစဉ် အောက်မှာ ရေရေးရာ ဗဟုသုတ အဖြာဖြာ နဲ့ မိမိရဲ့ ဆည် မြောင်း ၊ရေ အတွေ့အကြုံများ ကို ရေးသား တင် ပြ ဖြန့်ဝေလာနေခဲ့တာပင်လျင် ယခုအခါ ပုဒ်ရေပေါင်း ၂၂၈ ပုဒ် ခန့် ရှိနေပါပြီ ။
Web site တင်ခဲ့တဲ့။ ၆ လကျော် ၇ လခန့် အတွင်း မှာ ၊
ယနေ့အထိ
မိမိဝါသနာပါရာ အကြောင်းအရာ မျိုးစုံ ပေါင်း ၂၂၈ ကြိမ် ခန့် တင်ထားဖြစ်ခဲ့ပ့ါတယ် ။
ကမ္ဘာ့နိုင်ငံပေါင်းစုံ ၂၈ နိုင်ငံ က မိမိ ရဲ့ အင်တာနက် ဝက် ဆိုဒ် ကို ကြည့်ရှု သူ စာဖတ် ပရိသတ် ပေါင်း ၆၆၉ ဦး က
အကြိမ်ပေါင်း ၂၅၃၁ ကြိမ်ထိတိုင် အင်တာနက် ထဲမှာ ကွန်ပြူတာ ခေါက် ကြည့်ခဲကြတာ တွေ့ရပါတယ် ။
ကမ္ဘာကြီးက ေ ပြာင်း လဲ နေ ပါပြီ ။
ကမ္ဘာကြီးက အင်တာနက် ကမ္ဘာကြီးဖြစ်နေ ပါပြီ ။
အင်တာနက် ကမ္ဘာကြီးနောက်မှာကျန် နေသေးတဲ့နိုင်ငံတွေ အချို့ ရှီနေသေးတာ တွေ့ ရ သိ ရတာ
ဝမ််းနည်း စိတ်မကောင်းစရာပါ။
( မိမိ၏အင်တာနက် စာမျက်နှာ ကြည့် ရှု သူ အရေအတွက် အချက်အလက် များကို word press.com ၏ ယနေ့ ( ၁၂/၉/၂၀၂၂ ) Statistics စာရင်းဇယားများ မှ ရရှိပါသည် )
အေးမြင့် (ညောင်တုန်း )
၁၂ /၉/၂၀၂၂