၂ဝ၁၄ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများနှင့် လာမည့် ၂ဝ၁၅အတွက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အခင်းအကျင်းများ

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့် တွေ့ဆုံခြင်း

October 9, 2022 By greenness_mm In Articles, Climate Change No Comments

( ၂၀၁၄ ခုနှစ်က Yangon Media Group တွင် ဖော်ပြခဲ့သည့်အင်တာဗျူးကိုပြန်လည်ဖော်ပြခြင်းဖြစ်သည်)

တိုတိုနဲ့လိုရင်းကိုပြောရင် ကျောက်မီးသွေးကိစ္စရယ်၊ သစ်ခိုးထုတ်တဲ့ကိစ္စရယ်ကို
ဘယ်လိုအစားထိုးဖြေရှင်းမလဲဆိုတာစဉ်းစားသင့်တယ်
===============================================

လွင်ပြင် – တွေ့မေးသည်။

၂ဝ၁၄ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများနှင့် လာမည့် ၂ဝ၁၅အတွက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အခင်းအကျင်းများကို မိုးလေဝသ ပညာရှင်ဒေါက်တာထွန်းလွင်နှင့် တွေ့ဆုံမေးမြန်းထားပါသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ရာသီဥတုအခြေ အနေတွေကို ကနဦးအကျဉ်းချုပ်ပြောပြပေးပါ။

၂ဝ၁၄ခုနှစ်မှာ ရာသီဥတုဖောက်ပြန်မှု၊ ပြောင်းလဲမှု အရှိန်အဟုန်တော့လျော့မသွားဘူး။ ဆက်လက်ပြီး ဖောက် ပြန်ဆဲ၊ ဆက်လက်ပြီးပြောင်းလဲနေဆဲဖြစ်ပါတယ်။ လူသား တွေကလည်း ရာသီဥတုပြောင်းလဲမှုကို ရပ်တန့်ဖို့ဆိုတာ ထက် တက်နေတဲ့အရှိန်အဟုန်ကို နှေးသွားအောင်လုပ်ဖို့ ဆိုတဲ့ ပထမအဆင့်ကိုတောင်မလုပ်နိုင်သေးဘူး။ ဆိုတော့ အခြေအနေက ဆိုးရွားဆဲပဲ။

ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့စုစည်းမှုကလည်း သမိုင်းမှာအမြင့်ဆုံးပဲ။ 400PPMV ကို ကျော်နေပြီ။ တစ် ကမ္ဘာလုံးကို အကြမ်းဖျင်းခြုံကြည့်ရင် အပူချိန်စံချိန်တင် အောင် မြင့်တဲ့ဒေသတွေလည်းရှိတယ်။ အအေးစံချိန်တင် တဲ့ ဒေသတွေရော၊ ရေမြုပ်တဲ့ဒေသတွေရောရှိတယ်။ မုန် တိုင်းဒဏ်ခံရတဲ့ ဒေသတွေလည်းရှိတယ်။ မီးတောင်ပေါက် တာလည်း ရှိတယ်၊ ငလျင်လှုပ်တာလည်း ရှိတယ်။ မကျန် သလောက်ပါပဲ။ ယခင်နှစ်များနည်းတူ ရာသီဥတုဖောက် ပြန်ပြောင်းလဲမှုကတော့ ဖြစ်ဆဲ၊ ဆိုးရွားဆဲပါပဲ။ ဒီပြဿနာ က မပြီးသေးဘူး

နောက်တစ်ခုက ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကျင်းပခဲ့တယ်။ အဖြေက တော့ ရာသီဥတုက ဖောက်ပြန်ဆဲဖြစ်တယ်။ လူတွေရဲ့ ပယောဂကြောင့် အဓိကဖြစ်တယ်။ အဲဒါကို လူတွေပူးပေါင်း ဆောင်ရွက်မှုမှာ တာဝန်ရှိတဲ့သူတွေ၊ တစ်နည်းအားဖြင့် ဓာတ်ငွေ့ထုတ်လုပ်တဲ့သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက အားနည်းနေဆဲပဲ။

ဆိုတော့ သိပ်ပြီး အားရစရာတော့မရှိ သေးဘူး။ အားရစရာမရှိပေမယ်လို့ စိတ်ပျက်ပြီးတော့ မလုပ် ဘဲနေရင်လည်း မဖြစ်ဘူး။ လုပ်တာတော့ လုပ်နေရမယ်။ နောက်တစ်ခုကတော့ အာရှတိုက်အနေနဲ့ကြည့်ရင် ဖိလစ် ပိုင်မှာ မုန်တိုင်းဒဏ်ကိုအများကြီးခံရတယ်။ နောက် အိန္ဒိယ လည်း မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွားခံရတယ်။ ဆိုတော့ အိန္ဒိယရဲ့ စိုက်ပျိုးရေးထုတ်ကုန်၊ တစ်နည်းအားဖြင့် GDP ကို ထိခိုက်မှာပဲ။ သူတို့လည်း ဝန်ခံထားတယ်။

မြန်မာနိုင်ငံအနေနဲ့ကတော့ အထူးပြောစရာမလိုတော့ ဘူး။ ရာသီဥတုဖောက်ပြန်မှုတွေက ဆက်လက်ဖြစ်ဆဲပဲ။ မုတ်သုံဝင်တာ နောက်ကျတယ်။ မုတ်သုံထွက်တာ စောတယ်။ မိုးတွင်းကာလမှာ မုန်တိုင်းမဖြစ်ဘူး။ မိုးလွန်ကာလမှ မုန် တိုင်းတွေဖြစ်တယ်။ ဒါတွေရဲ့ထိခိုက်မှုက စိုက်ပျိုးရေးကဏ္ဍ မှာ အများဆုံးသွားဖြစ်တယ်။ မိုးအဝင်နောက်ကျတဲ့အ တွက် ပျိုးတွေပုပ်ကုန်တာတို့၊ သေကုန်တာတို့ ဖြစ်တယ်။ မိုးတွင်းမှာ မုန်တိုင်းမဖြစ်လို့ အလယ်ပိုင်းဒေသမှာ မိုးခေါင် တယ်။ မိုးလွန်ပိုင်းမှ မုန်တိုင်းတွေဖြစ်ပြီး မိုးရွာတော့ လယ် တွေပျက်စီးရတယ်။ အားလုံးက လယ်သမားတွေအတွက် ပဲ ထိခိုက်မှုတွေဖြစ်တယ်။

သာဓကတစ်ခုပြောရရင် ဒီနှစ်ဘင်္ဂလားပင်လယ်အော် မှာ မုန်တိုင်းဖြစ်တာ အခု၂ဝ၁၄ကုန်ခါနီးအထိ အားလုံးပေါင်း မှာ လေးလုံးပဲဖြစ်တယ်။ နောက်ထပ်ဖြစ်မယ့်အလားအလာ လည်းမရှိပါဘူး။ ဒီလေးလုံးက ဘင်္ဂလားပင်လယ်အော်ရဲ့ သမိုင်းစဉ်မှာ တစ်နှစ်အတွင်း အနည်းဆုံး ဖြစ်တဲ့စံချိန်နဲ့ အတူတူပဲ။ အားလုံးကိုခြံုကြည့်ရင် ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုက အစွန်းနှစ်ဖက်ရောက်နေတယ်။ ပူချင် လည်း တအားပူမယ်၊ အေးချင်လည်း တအားအေးမယ်။

အဲဒီလို လွန်ကဲရာသီဥတုတွေဖြစ်တဲ့အတွက် မြန်မာ နိုင်ငံအပါအဝင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို စသည် ဖြင့် ဒေသတွင်း အရှေ့တောင် အာရှနိုင်ငံတွေအားလုံးဟာ သဘာဝဘေးဒဏ်အတွက် သုံးရတဲ့ငွေကြေးက တစ်ခါတစ်ရံ မှာ တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက် လုပ်ရတဲ့ငွေကြေးထက်ကို ပို နေတယ်။ ဒါဟာ တိုင်းပြည်ရဲ့ဖွံ့ဖြိုးမှုကို ဒုက္ခပေးနေတယ်။ GDP ကိုလည်း ဒုက္ခပေးနေတယ်။ မြန်မာနိုင်ငံအနေနဲ့ပြော ရင် အစိုးရရဲ့ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးတို့၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးတို့ဆိုတဲ့ ရည်ရွယ်ချက်နှစ်ခုဟာ လက်ရှိဖြစ် နေတဲ့ ရာသီဥတုအနေအထားအရ အောင်မြင်ဖို့အလွန်ခဲ ယဉ်းတယ်။ ဘာလို့လဲဆိုတော့ ဆင်းရဲမွဲတေမှုဆိုတာ လယ် သမားမှာပဲ အများဆုံးရှိတာကိုး။

၂ဝ၁၅အတွက်ဆက်ကြည့်ရအောင်ခင်ဗျ။ လာမယ့် ၂ဝ၁၅ ခုနှစ်မှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေ ဘယ်လိုမျိုး အဆိုးဆုံးအခြေအနေတွေ မြင်တွေ့ရဖို့ရှိနေပါသလဲ။

၂ဝ၁၅ ခုနှစ်အတွက်ပြောရရင် ပထမဆုံးလုပ်သင့် တဲ့အချက်က မြန်မာပြည်မှာရှိသမျှ သက်ဆိုင်တဲ့သူတွေ၊ အထူးသဖြင့် လယ်သမားတွေပေါ့။ နောက်လယ်သမားတွေ ရဲ့အရေးကိစ္စကို ဆောင်ရွက်နေတဲ့ တာဝန်ရှိသူတွေ၊ အစိုးရ ဌာနတွေ၊ သတင်းမီဒီယာက အစပဲ။ မြန်မာနိုင်ငံရဲ့ ရာသီ ဥတုက ပြောင်းလဲနေပြီ။ ဒါကို နံပါတ်တစ်အနေနဲ့ သိရှိ လက်ခံဖို့လိုတယ်။

ရာသီဥတုပြောင်းလဲပြီဆိုရင် ဒါကို ခုခံပြောင်းလဲဖို့အတွက် ကမ္ဘာမှာ အကြံပြုထားတဲ့ နည်းလမ်းက နှစ်လမ်းပဲရှိတယ်။

တစ်လမ်းကတော့ ရာသီဥတုပြောင်းလဲခြင်းကို လျော့ပါး အောင်လုပ်ရမယ်။

ဒုတိယနည်းလမ်းကတော့ လိုက်လျော ညီထွေနေနိုင်အောင်လုပ်ရမယ်။

ဒီနှစ်ချက်ကိုဇောင်းပေး လုပ်သင့်ပြီ။ ဆိုတော့ လျော့ပါးအောင် လုပ်တဲ့နေရာမှာ မြန်မာပြည်မှာ ဘယ်အပိုင်းအရေးအကြီးဆုံးလဲ ဆိုတာကို သိရမယ်။

ရာသီဥတုဖောက်ပြန်ရတဲ့ အဓိက အကြောင်း ရင်းကတော့ ကမ္ဘာကြီးပူနွေးလို့ပဲ။ ဘာကြောင့် ပူနွေးလဲမေး ရင် ထိပ်ဆုံးကတရားခံကတော့ ရုပ်ကြွင်းလောင်စာတွေ မီးရှို့လို့ပဲ၊ လောင်စာကတော့ ကျောက်မီးသွေး၊ ရေနံ၊ သ ဘာဝဓာတ်ငွေ့ စသဖြင့်ပေါ့။

အခု မြန်မာနိုင်ငံရဲ့လုပ်ရပ်တွေကိုကြည့်ရင် အဲဒီလုပ် ရပ်တွေကို တိုးလုပ်နေတာကိုပဲတွေ့နေရတယ်။ ကျောက် မီးသွေးစက်ရုံတွေ အများကြီးဆောက်ဖို့လုပ်နေတယ်။ ဒါ ကို လေးလေးနက်နက်စဉ်းစားသင့်တယ်။ အိမ်နီးချင်းဖြစ်တဲ့ တရုတ်နိုင်ငံဟာ အဲဒီလို ကျောက်မီးသွေးစက်ရုံတွေ အများ ကြီးသုံးပြီး ပတ်ဝန်းကျင်ရေးရာကို ဂရုမစိုက်ခဲ့တဲ့အတွက် ကြောင့် သူတို့နိုင်ငံမှာ ပတ်ဝန်းကျင်ယိုယွင်းမှုတအားဖြစ် တယ်။ ပေကျင်းဆိုရင် နှာခေါင်းကို အဝတ်ပတ်ပြီးသွားရတဲ့ အနေအထားကို ရောက်သွားတယ်။ ဒါကြောင့် မဖြစ်မနေ ဓာတ်ငွေ့ထုတ်လုပ်မှုတွေကို လျှော့တယ်။ ဒီနေရာမှာ ကျောက်မီးသွေးစက်ရုံပေါင်း ၁ဝဝဝ လောက်ကိုပိတ်ပစ် တယ်။ အဲဒီပိတ်ပစ်တဲ့စက်ရုံတွေကို အချောင်ရတယ်ဆို ပြီး မြန်မာပြည်မှာ ဆောက်ဖို့ကြိုးစားနေတာ တော်တော်ကို တွေ့နေရတယ်။ ဒါက မလုပ်သင့်တဲ့ကိစ္စပဲ။ တိုင်းပြည်က သန့်ရှင်းနေတာကို ပျက်စီးအောင်လုပ်တာပဲ။

ဒါကြောင့် ၂ဝ၁၅အတွက်ကတော့ ကျောက်မီးသွေးစက်ရုံတွေဆောက် မယ့်ကိစ္စဟာ တော်တော်ကို အလေးအနက်စဉ်းစားသင့် တဲ့အရာပဲ။
အဲဒီလို ရုပ်ကြွင်းလောင်စာကို မီးရှို့ပြီး ဓာတ်ငွေ့ထုတ် တာပြီးတော့ ဒုတိယတရားခံကတော့ သစ်တောပြုန်းတီးမှု ပဲ။ သစ်တောပြုန်းတဲ့နေရာမှာ မြန်မာဟာ အဆိုးဆုံးမှာပါ နေတယ်။ သစ်တောအပြုန်းဆုံးအဖြစ် ကမ္ဘာမှာ နံပါတ်(၄) အဆင့်ရှိတယ်။ သစ်တောပြုန်းတဲ့နေရာမှာ အဓိကအဆိုး ဆုံးက တရားမဝင်သစ်ခိုးထုတ်တာပဲ။ တရားမဝင်သစ်ခိုး ထုတ်တဲ့အဆင့်က ကမ္ဘာမှာ နံပါတ်(၅)။ တိုတိုနဲ့လိုရင်းပြော ရင် ကျောက်မီးသွေးကိစ္စရယ် သစ်ခိုးထုတ်တဲ့ကိစ္စရယ်ကို ဘယ်လိုအစားထိုးဖြေရှင်းမလဲဆိုတာ စဉ်းစားသင့်တယ်။

နောက်ထပ် ရာသီဥတုပြောင်းလဲမှုကို ခုခံဖို့အတွက် နည်းလမ်းကတော့ လိုက်လျောညီထွေလုပ်ကိုင်တဲ့ နည်း လမ်းပဲ။

အဓိကကတော့ လယ်သမားတွေပေါ့။ မိုးအရမ်း နောက်ကျနေရင် အရင်တုန်းကလို မေလဆန်းတာနဲ့ စပါး ပျိုးထောင်တဲ့နည်းလမ်းကို ပြန်စဉ်းစားသင့်ပြီ။ ဘာကြောင့် လဲဆိုတော့ မေလကုန်လောက်မှ မိုးကရွာမှာကိုး။ မေလ ဆန်းကတည်းက ပျိုးထောင်ထားရင် မိုးမရွာလို့ ပျိုးကမရှင် နိုင်ဘူး။ ဒုတိယအချက်က အလယ်ပိုင်းဒေသမှာ မိုးတွင်း ကို မိုးလျော့နေတယ် ဆိုတော့ လိုက်လျောညီထွေဖြစ်တဲ့ သီး နှံတွေကိုစိုက်ရမယ်။ စိုက်ချိန်၊ ပျိုးချိန်နဲ့ စိုက်မယ့်သီးနှံက အစ ရွေးချယ်ရတော့မယ်။

နောက်တစ်ခုကတော့ အခါလွန်မိုးရွာတဲ့ ကိစ္စပဲ။ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာကျမှ မုန်တိုင်းဖြစ်တယ်။ မိုးတွေရွာတယ်။ ဒါဟာ ဖျက်မိုးတွေပဲ။ ဒီလို ဖျက်မိုးတွေရှိ နေတဲ့အတွက် လယ်ယာလုပ်ငန်းဟာ သမားရိုးကျနည်း လမ်းအတိုင်း သွားနေလို့မဖြစ်တော့ဘူး။ အရင်ကဆိုရင် စပါးတွေရိတ်တယ်၊ ပြီးတော့ တလင်းပြင်မှာပုံထားတယ်။ သဘာဝနည်းနဲ့ပဲ နွားနဲ့နယ်တယ်။ သဘာဝနေနဲ့အခြောက်ခံ တယ်။ ဒီဖြစ်စဉ်(Process) အတွင်းမှာ မိုးကအာမမခံနိုင် ဘူး။ ဆိုတော့ မိုးတစ်ချက်မိလိုက်ရင် အားလုံးက သွားတာ ပဲ။ ဆိုတော့ နည်းပညာတွေ လိုလာတယ်။ တလင်းလွတ် ေြ>ွခလှေ့နည်းတွေကို အသုံးပြုဖို့လိုလာပြီ။ ဒါမှသာ ဖောက် ပြန်နေတဲ့ ရာသီဥတုနဲ့အညီ လိုက်လျောညီထွေမှုရှိမှာပါ။

နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ အားလုံး ခေါင်းထဲမှာ ထည့်ထားဖို့လိုတယ်။ ကမ္ဘာကျော်အဖွဲ့ကြီး တစ်ခုဖြစ်တဲ့ ဟာတလီစင်တာဆိုတာ အင်္ဂလန်မှာရှိတယ်။ သူခန့်မှန်းတာတော့ သက္ကရာဇ် ၂၁ဝဝမှာ မြန်မာနိုင်ငံရဲ့ အပူချိန်ဟာ ငါးဒီဂရီစင်တီဂရိတ်အထိ တိုးမယ်လို့မှန်းထား တယ်။ အလွန်ကြောက်စရာကောင်းပါတယ်။ အဲဒီအတိုင်း သာတိုးခဲ့ရင် တော မီးလောင်တာတွေ၊ အပူလှိုင်းဖြတ်တာ တွေ၊ မိုးလျော့တာတွေ၊ စိုက်ပျိုးသီးနှံ လျော့ကျတာတွေ၊ ပင် လယ်ရေ မြင့်တက်တာတွေ၊ သားငါးတွေရှားသွားတာတို့ စသဖြင့် ဖြစ်တတ်တယ်။ ဒါကြောင့် အားလုံး လူမှုဒုက္ခ အပေါင်းကိုကြံုလာနိုင်တယ်။

အဲဒီအတွက် နိုင်ငံတော်ကဦးဆောင်ပြီးတော့ နည်း ပညာအကူအညီနဲ့ ကြိုတင်ပြင်ဆင်ဖို့ အလွန်သင့်တယ်။ ပတ်ဝန်းကျင်နိုင်ငံတွေက ကြိုတင်ပြင်ဆင်နေကြပါပြီ။ မြန် မာနိုင်ငံမှာတော့ ဒါကိုအလေးအနက် သိရှိတဲ့သူ အတော် နည်းသေးတယ်။

ဆရာကြီးကိုယ်တိုင်လည်း ရာသီဥတုဖောက်ပြန်ပြောင်းလဲ မှုတွေအကြောင်းကို လိုက်လံဟောပြောနေရပြီဆိုတော့ ဒါနဲ့ ဆိုင်တဲ့ ပြည်သူတွေရဲ့အသိပညာက ဘယ်လိုအနေအထား မှာ ရှိနေပါပြီလဲ။

ပြည်သူလူထုက အများကြီးတိုးတက်လာပါပြီ။ ဒါကို အချက်နှစ်ချက်နဲ့ သက်သေပြလို့ရတယ်။

ပထမအချက်က ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ့။ အခုဆိုရင် ငါ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ Follower တစ်သိန်းနီးပါးလောက်ရှိတယ်။ အရမ်းများတဲ့ အရေအတွက်ပဲ။ မင်းသမီးမင်းသားတွေကလွဲရင် အခုလို ပြင်စရာကောင်းတဲ့အလုပ်မျိုးမှာ ဒီလောက်စိတ်ဝင်စားကြ တာ။ တင်လိုက်တဲ့ပို့စ်တိုင်းကို Share လုပ်တဲ့သူက နေ့တိုင်း ရာဂဏန်းလောက်ကို ရှိနေတယ်။ ဒါဟာ ပြည်သူလူထုရဲ့ နိုးကြားမှုပါပဲ။ သူတို့မှာသာ အသိအမြင်မရှိဘူးဆိုရင် ဒီလို စာမျက်နှာမျိုးအတွက် ဘယ်အချိန်ကုန်ခံနေလိမ့်မတုံး။

နောက်တစ်ခုကတော့ အလှူပွဲမှာ ရာသီဥတုပြောင်း လဲမှုအကြောင်းကို ဟောပါဆိုတာမျိုး ဘယ်မှာရှိဖူးလို့လဲ။ အလှူဆိုတာ ပျော်ပွဲရွှင်ပွဲပဲလေ။ မိုးလေဝသသမားက ကပြ တာမဟုတ်၊ ဘာမဟုတ်နဲ့ ဘာကြောင့် ဟောခိုင်းကြသလဲ ဆိုတာပေါ့။ ပြောရရင် လူမှုအသိုင်းအဝိုင်းတိုင်းမှာ ခေါင်း ဆောင်တွေရှိကြတယ်။ အဲဒီခေါင်းဆောင်တွေက ကိုယ့်ရပ်၊ ကိုယ့်ရွာကို တိုးတက်စေချင်တယ်။ သိစေချင်ကြတယ်။ ဒါ ကြောင့် ပြည်သူလူထု အပိုင်းမှာတော့ အားရပါတယ်။

နောက်တစ်ချက်ကတော့ ဒီလောက်ကိုအရေးပါတဲ့ မိုးလေ ဝသပညာရပ်နဲ့ ပတ်သက်ပြီး နောက်ထပ်ဆက်ခံမယ့် မျိုး ဆက်တွေကရော ဘယ်လိုရှိပါသလဲ။

မျိုးဆက်သစ်တွေကတော့ မွေးထုတ်နေတာပါပဲ။ မိုး လေဝသဌာန ရှိနေတယ်လေ။ ပညာတော်သင်တွေ လွှတ် ပေးနေတာတွေ့ရပါတယ်။ တစ်ခုတော့ ရှိတယ်။ ကျေနပ် အားရတဲ့အဆင့်ထိရှိလားဆိုရင်တော့ အများကြီးလုပ်ဖို့လို ပါသေးတယ်။ ပညာဆိုတာ ပေးလို့ရပေမယ့် စိတ်ဓာတ်ဆို တာတော့ ပြင်ပေးလို့မရဘူးလေ။ စိတ်ဓာတ်က အရေးကြီး တယ်။ စိတ်ဓာတ်ကွာခြားသွားရင် လုပ်ရပ်တွေကပါကွာ သွားတယ်။ နောက်တစ်ချက်ကတော့ ပညာဆိုတာ သင်တိုင်း လည်းမဟုတ်ဘူး။ သင်တဲ့ပညာက တိုင်းပြည်ရဲ့ လိုအပ်ချက် နဲ့လည်းကိုက်ညီရမယ်။ တိုင်းပြည်ကိုလည်း ပြန်အကျိုး ပြုရမယ်။

|───────────Yangonလလ Media Group