ကမ္ဘာ့ ရာသီဥတု ဖေါက်ပြန် ပြောင်းလဲခြင်း နှင့် အကျိုးဆက်များ

ကမ္ဘာ့ ရာသီဥတု ဖေါက်ပြန် ပြောင်းလဲခြင်း နှင့် အကျိုးဆက်များ

WWF မှ ရာသီဥတုနှင့်စွမ်းအင်မန်နေဂျာ ဦးရွှန်းစိုဦးနှင့်တွေ့ဆုံခြင်း

HomeClimate ChangeArticlesLocal (Articles)WWF မှ ရာသီဥတုနှင့်စွမ်းအင်မန်နေဂျာ ဦးရွှန်းစိုဦးနှင့်တွေ့ဆုံခြင်း

WWF မှ ရာသီဥတုနှင့်စွမ်းအင်မန်နေဂျာ ဦးရွှန်းစိုဦးနှင့်တွေ့ဆုံခြင်း

September 24, 2022 By greenness_mm In Articles, Climate Change, Local (Articles) No Comments

ပြန်ပြည်မြဲစွမ်းအင်အတော်များများဟာတည်ဆောက်ရအမြန်ဆုံး၊စျေးအချိုဆုံးနဲ့အသန့်ရှင်းဆုံးပါ။မြန်မာနိုင်ငံအတွက်အလွန်ပဲသင့်တော်ပါတယ်

ဒီကနေ့ ကမ္ဘာမှာရော မြန်မာမှာပါ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုကို သိသိသာသာ ခံစား နေရပါပြီ။ အဲဒီဖြစ်စဉ်တွေရဲ့ နောက်ဆက်တွဲ ပြဿနာဖြစ်တဲ့ သဘာဝဘေးအန္တရာယ်တွေကိုလည်း နှစ်စဉ် ပြင်း ပြင်းထန်ထန် ရင်ဆိုင်နေကြရတယ်။ သဘာဝဘေးအန္တရာယ်တွေဟာ တစ်နေရာတည်း၊ တစ်နိုင်ငံတည်းမှာ ဖြစ်နေတာမဟုတ်ဘဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဖြစ်ပွားနေခဲ့တာပါ။ မြန်မာနိုင်ငံအနေနဲ့ဆိုရင် သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက် ပျက်စီး ဆုံးရှုံးမှုတွေ အဆက်မပြတ်ဖြစ်ပေါ်နေပြီး တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ထိခိုက်ပျက်စီးဆုံးရှုံးမှု အများဆုံးနိုင်ငံတွေ စာရင်းမှာ အဆင့်သုံး ဖြစ်နေခဲ့ပါပြီ။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲလာမှုကို ဟန့်တားတိုက်ဖျက်ဖို့ လိုပါတယ်။ အဲဒီလို ဟန့်တား တိုက် ဖျက်ဖို့အတွက် ကဏ္ဍအသီးသီးမှာ ထိခိုက် ပျက်စီးဆုံးရှုံးမှု မရှိအောင်(သို့မဟုတ်) လျော့နည်းအောင် ဆောင် ရွက်ဖို့ လိုပါတယ်။ ဒီအတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စီးပွားရေး၊ ကျန်းမာရေး အပါအဝင် အရေး ကြီးတဲ့ ကဏ္ဍအသီးသီးမှာ ရာသီဥတုပြောင်းလဲမှုကြောင့် ဘာတွေ ထိခိုက်နေပြီလဲ။ ဘာတွေ ပြင်ဆင်ထားဖို့ လိုလဲဆိုတာကို သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှာ ကျွမ်းဝင်နှံ့စပ်တဲ့ ကျွမ်းကျင်သူ၊ ပညာရှင်တွေနဲ့ တွေ့ဆုံ မေးမြန်းပြီး စိမ်းလန်းကမ္ဘာအဖြေရှာစာအုပ်မှာ ဖော်ပြဖြစ်ခဲ့ပါတယ်။ အဲဒီအထဲကမှ မြန်မာပြည်အနာဂတ်စွမ်းအင်ကဏ္ဍနဲ့ပတ်သက်ပြီး WWF မှ ရာသီဥတုနှင့်စွမ်းအင်မန်နေဂျာ ဦးရွှန်းစိုဦးကို သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ စာရေးဆရာ မင်းချစ်နိုင်က တွေ့ဆုံမေးမြန်းခဲ့တာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

မေး။ အခုကမ္ဘာမှာရော မြန်မာမှာပါ ကမ္ဘာကြီးပူနွေးမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေကို သိသိသာသာ ခံစားနေရပါပြီ။ အစ်ကို့အနေနဲ့ ရာသီဥတုပြောင်းလဲမှုကိုဘယ်လိုခံစားမိလဲ။ ဘယ်အချိန်မှာစပြီး သတိထားမိတာလဲ။
ဖြေ။ စတင်ပြောင်းလဲနေတယ်ဆိုတာကိုတော့ ကျွန်တော်သတိထားမိတာ ၁၀ စုနှစ် တစ်ခုရှိပါပြီခင်ဗျာ။ ကျောင်းသားဘဝတုန်းက သင်ခန်းစာ၊ သုတေသနမှာတော့ ပြောင်းမှန်းပဲသိခဲ့ပါတယ်။ တီဗီကနေ မှတ်တမ်း ရုပ်ရှင်တွေကတဆင့် (၂၀၁၉ မှာဆိုရင်တော့ Netflix က Planet Earth)အစရှိသည်တို့ကနေထိတွေ့ သိရှိခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ ကိုယ်တွေ့ကြုံလိုအမှတ်ရနေတာကတော့ ၂၀၁၀ ခုနှစ် နေပြည်တော်မှာ တာဝန်ကျတဲ့ ပထမနှစ်မှာအပူချိန်အရမ်းလွန်ကဲတာရယ်၊ ၂၀၁၇ နောက်ပိုင်းမှာဆည်ရေပြတ်လို့ မီးကို အလှည့်ကျ ဖြတ်ရတဲ့ကာလတွေမှာ မြန်မာနိုင်ငံဟာ ရာသီဉတုဒဏ်ကို စတင်ခံစားလာရတာကို သတိထားမိတာပါပဲ။

မေး။ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေဟာဘာတွေကြောင့် ဖြစ်လာရတာလဲ။ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ ဘယ်လိုဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်လဲ။
ဖြေ။ ကမ္ဘာကြီးကပိုပူနွေးလာတဲ့ဒေသတွေရှိသလိုအအေးလွန် လာတာတဲ့ ဒေသတွေလဲရှိပါတယ်။ အပူချိန် ပုံမှန်မဟုတ်ပဲပြောင်းလဲကုန်တာတွေပေါ့။ ဖြစ်နိုင်ခြေတွေအများကြီးရှိတဲ့အထဲမှာလူသားတွေလုပ်တဲ့ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုကတော့ အဓိကအကြောင်းတစ်ချက်ပါ (ဉပမာ – လျှပ်စစ်ထုတ်လုပ်ရာမှ ထွက်သောကာဗွန်ဒိုင်အောက်ဆိုဒ်၊ မော်တော်ယာဉ်များမှ ထွက်သောကာဗွန်ဒိုင်အောက်ဆိုဒ်)

မေး။ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေများစွာထဲမှာကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့အပါအဝင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု မြင့်မားခြင်းကရာနှုန်းတော်တော်များများ ပါ၀င်ပတ်သက်နေတာ တွေ့ရပါတယ်။ အဲဒီအခြေအနေလေးကိုပြောပြပေးစေချင်ပါတယ်။
ဖြေ။ ဟုတ်ပါတယ်ခင်ဗျာ။ နည်းပညာမဖွံ့ဖြိုးစဉ်ကတွင်းထွက်လောင်စာတွေကိုအဓိကအသုံးပြုခဲ့လို့ပါ။ လျှပ်စစ်ထုတ်ဖို့ပဲဖြစ်ဖြစ် သယ်ယူပို့ဆောင်ရေးမှာပဲဖြစ်ဖြစ် အင်ဂျင်တွေကိုမောင်းတဲ့အခါ လောင်စာသုံးခဲ့ပါတယ်။ လောင်စာကလဲသုံးရင်သုံးသလောက် ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ပါတယ်။ ထွက်လာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေများလွန်းလာတဲ့အခါ ရာသီဉတုကိုအကြီးအကျယ်ဖောက်ပြန်စေပါတယ်။

မေး။ ရာသီဥတုပြောင်းလဲမှုကိုတိုက်ဖျက်ဖို့ ကမ္ဘာ့နိုင်ငံအများစုပါ၀င်တဲ့ ညီလာခံကို ၁၉၉၅ ခုနှစ်လောက် ကတည်းကစတင်လုပ်ဆောင်ခဲ့တယ်လို့သိရတယ်။ အဲဒီညီလာခံတွေမှာအဓိကဘာတွေ လုပ်ဆောင်ခဲ့လဲ။ လုပ်ဆောင်မှုတွေကထိရောက်မှုရှိရဲ့လား။ အားသာချက် အားနည်းချက်တွေကိုသုံးသပ် ပြောပြပေးစေချင် ပါတယ်။
ဖြေ။ အရမ်းကြောက်ဖို့ကောင်းတာက ကျွန်တော်တို့ လုပ်မြဲအတိုက်ဆက်လုပ်၊ သဘာဝကိုဖျက်မြဲအတိုင်းဆက်ဖျက်ရင် ကမ္ဘာ့ပျမ်းမျှအပူချိန် က ၅ဒီဂရီအထိ တက်သွားနိုင်ပါတယ်၊ အဲ့တာဆိုရာသီဉတုဖောက်ပြန်ခြင်းကြောင့် ရေခဲတောင်တွေအရည်ပျော်၊ ပင်လယ်ရေမျက်နှာပြင်တွေမြင့်တက်၊ မိုးရေချိန်နဲ့ အပူချိန်ပြောင်းလဲ/ အချိန် မမှန်စတဲ့ သက်ရောက်မှုတွေအပါအဝင် ဆိုးကျိုးတွေအများကြီးဖြစ်လာနိုင်ပါတယ့်။ အဲ့တာကြောင့် တစ်ကမ္ဘာလုံးကဝိုင်းဝန်းဆောင်ရွက်ရင် ၅ဒီဂရီအစား ၁.၅ ဒီဂရီထက်မပိုအောင် ဆောင်ရွက်လို့ ရနိုင်ပါတယ်. အဲ့တာဆိုရင်တော့ ဆိုးရွားမှုတွေကနည်းသွားနိုင်တာပေါ့။

မေး။ အခုကမ္ဘာ့နိုင်ငံကြီးတွေမှာရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့အတွက် ကျောက်မီးသွေးစွမ်းအင်သုံးစွဲမှု အပါအဝင် ကာဗွန်ထုတ်လွှတ်မှုများတဲ့ လုပ်ငန်းတွေကိုရပ်ဆိုင်းနေပြီလို့ သိရတယ်။ အဲဒီအခြေအနေလေးကို ပြောပြပေးပါဦး အစ်ကို။
ဖြေ။ ကျောက်မီးသွေးကနေထွက်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှုကများတယ်လေ။ ပြီးတော့ နေရောင်ခြည်/ လေစွမ်းအားကထွက်တဲ့ လျှပ်စစ်တွေက စျေးမချိုခင်တုန်းက ကျောက်မီးသွေးကို အားထားအသုံးပြုခဲ့ကြတဲ့ အတွက်လဲ ထုတ်လုပ်မှုတွေကများခဲ့တယ်။ ယနေ့ခေတ်မှာတော့ ကျောက်မီးသွေးက နည်းပညာအရကော စီးပွားရေးအရကော တွက်ချေမကိုက်တော့တဲ့အတွက် အသုံးပြတာရပ်လာကြပါပြီ။

မေး။ ဖွံ့ဖြိုးပြီးသား နိုင်ငံတွေ၊ လျှပ်စစ်မီးလုံလောက်နေတဲ့ နိုင်ငံတွေကလုပ်တာကို ကျွန်တော်တို့လို ဖွ့ံဖြိုးမှုအားနည်းတဲ့နိုင်ငံတွေကလိုက်လုပ်ရင် “ဖွံ့ဖြိုးမှုတွေ ပိုပြီးနောက်ကျကုန်မှာပေါ့။ လျှပ်စစ်မီးမရတော့ဘဲ အမှောင်ထဲမှာပဲနေကြရတော့မှာပေါ့” လို့ ပြောနေတာတွေ ရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး အစ်ကို့အမြင်လေး ပြောပါဦး။ (ဥပမာ- ကျောက်မီးသွေးနဲ့မှ လျှပ်စစ်မထုတ်ရင် မြန်မာနိုင်ငံကအမှောင်ထဲမှာပဲနေရတော့မယ်တို့၊ ဆင်းရဲတွင်းကနေမရုန်းထွက်နိုင်တော့ဘူးလို့ ပြောနေကြတာတွေကိုပေါ့)
ဖြေ။ အဲ့တာကတော့လုံးဝမှားပါတယ်။ ၁၉၉၀ ခုနှစ်တွေမှာမှန်ခဲ့နိုင်တယ်။ နည်းပညာအသစ်မထွက်သေးတော့ ရှိတာပဲသုံးကြတာပေါ့။ ကျွန်တော်တို့နိုင်ငံကဖွံ့ဖြိုးမှုကအတော်ကြီးနောက်ကျတယ်လေ။ အဲ့သည့်တော့ သူများ မှားထားပြီးသားတွေ ကျွန်တော်တို့ လိုက်မှားစရာမလိုဘူး။ မြန်မာနိုင်ငံ လျှပ်စစ်ကို အင်တိုက်အားတိုက်ထုတ်ဖို့ လိုတဲ့အချိန်မှာရေရှည်တည်တ့ံတဲ့ နေရောင်/ လေစွမ်းအားစတဲ့ ပြန်ပြည့်မြဲစွမ်းအင်တွေက ကျောက်မီးသွေးထက်စာရင် စျေးချိုနေပြီ။ မြန်မာနိုင်ငံအတွက် ဒါဟာတကယ်ကိုအဆိုးထဲကအကောင်းပါ။
ပြီးတော့ ရေအားမဟုတ်တဲ့ ပြန်ပြည်မြဲစွမ်းအင် အတော်များများဟာ တည်ဆောက်ရအမြန်ဆုံး၊ စျေးအချိုဆုံးနဲ့ အသန့်ရှင်းဆုံးပါ။ မြန်မာနိုင်ငံအတွက် အလွန်ပဲသင့်တော်ပါ့တယ်။ အထူးသဖြင့် တည်ဆောက်ကာလကို ကြည့်မယ်ဆိုရင် ကျောက်မီးသွေးလျှပ်စစ်စက်ရုံတစ်ခုဆောက်ရင် ၄-၆ နှစ်ကြာပြီးဆိုလာစက်ရုံတစ်ခုကတော့ ၁-၂ နှစ်သာကြာလို့ ထိုင်းရင်းထိုင် ကျောက်မီးသွေးစက်ရုံဆောက်မှ အမှောင်ထဲထိုင်နေရမှာပါ။ ဒါတောင် ပြည်သူကကန့်ကွက်လို့ ဆိုင်းငံ့ကာလဆိုတာကိုထည့်မတွက်ရသေးဘူး။

မေး။ ကမ္ဘာမှာတော့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေကြပြီ။ မြန်မာနိုင်ငံမှာရော လုပ်ဆောင်နေတာရှိလား။ မြန်မာနိုင်ငံအတွက် ဘာတွေ ဆက်လက်လုပ်ဆောင်သင့်လဲ။ အနာဂတ်အတွက်ရော ဘာတွေ ပြင်ဆင်ထားသင့်လဲ။
ဖြေ။ ပထမဆုံးအနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကဉီးဆောင်နေတဲ့ နိုင်ငံအလိုက် ရာသီဉတုဖောက်ပြန်ခြင်း ကာကွယ်ရေးကတိကဝတ် (Nationally Determined Contribution) က ကမ္ဘာနဲ့ရင်ဘောင်တန်းပြီးလုပ်နေပါပြီ။ ၂၀၂၀ မှာတင်ရမယ့် အစီရင်ခံစာမှာ ၂၀၂၁ ကနေ ၂၀၂၅ အထိ ဘာတွေကြိုးစားပြီး လုပ်ဆောင်မယ်။ ဖန်လုံအိမ်ဓာတ်ငွေ့လျော့ချရေးမှာ ဘယ်လိုလုပ်မယ်ဆိုတာကို တင်ပြရတာပါ။ ဒီအစီရင်ခံစာကမြန်မာနိုင်ငံရဲ့ အဓိကမျှော်လင့်ချက်ဖြစ်လို့ ပြည်သူတွေလဲစိတ်ဝင်တစား ပါဝင်စေချင်ပါတယ်။

မင်းချစ်နိုင်- တွေ့ဆုံ မေးမြန်းသည်၊

Share on Facebook

About The Author

greenness_mm

No Comments

Leave a Reply

You must be logged in to post a comment.

Search

Search

Recent Posts

ချီလီက ဒေသတစ်ခုမှာ ကန္တာရပန်းတွေထူးထူးခြားခြား ပွင့်လို့ အမျိုးသားဥယျာဉ်သတ်မှတ်

ရာသီဥတုပြောင်းလဲခြင်းနဲ့ ဆက်စပ်နေတဲ့ရေ

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့် တွေ့ဆုံခြင်း

ဟီရိုရှီးမားနဲ့ ကမ္ဘာကြီးပူနွေးလာမှု

လူစီယားနားမှာပျောက်သွားတဲ့ ပင်လယ်လိပ်သေး တစ်မျိုးပြန်တွေ့

(၂၁)ရာစု မြန်မာနိုင်ငံအတွက် ရာသီဥတုစိန်ခေါ်မှုများ

WWF မှ ရာသီဥတုနှင့်စွမ်းအင်မန်နေဂျာ ဦးရွှန်းစိုဦးနှင့်တွေ့ဆုံခြင်း

အင်းကြီးတောင်သမန်

ရုပ်ကြွင်းလောင်စာ မပြန့်ပွားရေးစာချုပ်ချုပ်ဆိုဖို့အတွက် တောင်းဆိုမှုတွေ လုပ်နေပြီ

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ပြည်သူပါ၀င်လာဖို့ဆိုရင်

ချားလ်ဘုရင်က အစိမ်းရောင်ဘုရင်တစ်ပါး ဖြစ်လာလေမလား

အိန္ဒိယသမုဒ္ဒရာ အနောက်ပိုင်းမှာ ၂၄ နှစ်အတွင်း ဒီရေတော ၄ ရာခိုင်နှုန်း ဆုံးရှုံး ခဲ့ ဟုဆို

မြန်မာအစိမ်းရောင်ကွန်ရက် ပညာရှင်အဖွဲ့ စိုက်ပျိုးရေးပညာရှင် ဒေါက်တာသန်းသန်းစိန်နှင့် တွေ့ဆုံခြင်း

သိပ္ပံပညာရှင်များက အန္တရာယ်ရှိသော ကျူးကျော်မျိုးစိတ်များကို အနံ့ခံရန် ခွေးများကို လေ့ကျင့်ပေး

ကမ္ဘာ့အသက်အကြီးဆုံး ခေါင်းနှစ်လုံးပါလိပ်၏ ၂၅ နှစ်မြောက်မွေးနေ့ ပါတီကျင်းပ

သစ်တောပြန်လည်ထူထောင်ရေးနှင့် မြေယာပြန်လည်ထူထောင်ရေး အမြင် တိုနီရင်နူဒို နဲ့ အမေးအဖြေ ( အပိုင်း၂ )

ပါကစ္စတန်မှာ ရေကြီးလို့ လူ ထောင်နဲ့ချီပြီး သေဆုံး

တမာနုချိန်စစ်တမ်း

ဇွန်ဘီ ရေခဲတွေ ကြောင့် ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် ၁၀လက်မခွဲမြင့်တက်

မြစ်ဝကျွန်းပေါ်ဒေသ ရေအောက်ရောက်ရတော့မှာလား