တွေးမိတွေးရာ
ရေးမိရေးရာ ( ၁၃၆ )
( သတ္တလောက )
Living Together
သတ္တဝါမျိုးစုံ အတူ ယှဉ်တွဲ နေထိုင် နေ ကြတဲ့
ကျွန်ုပ်တို့ရဲ့ တကဲ့ကမ္ဘာကြီး
Our Real World
သတ္တလောက
ဤ မြေ ကမ္ဘာ ထဲက
သတ္တဝါတွေရဲ့
တစ်ဥိးမေတ္တာ တစ်ဦးမှာ
ချစ်ခြင်းမေတ္တာတွေ များစွာ နဲ့
တိရစ္ဆာန် လောက တစ်ခု
သတ္တလောက
သင်ခါရလောက
လူသားတွေနေတဲ့ကမ္ဘာကြီးထဲမှာ
သတ္တဝါတွေ တိရစ္ဆာန် တွေလဲ
အတူယှဉ်တွဲ နေထိုင်သွားလာ
လှုပ်ရှားနေကြပါတယ်
ပျော်ရွှင်စရာ
ဤမြေကမ္ဘာကြီးထဲမှာ
ကမ္ဘာသူ ကမ္ဘာသားတွေ လဲ
ရှိနေကြတယ်
လူတွေနဲ့မတူတဲ့
တိရစ္ဆာန် သတ္တဝါ တွေရဲ့
လူနဲ့မတူတဲ့ အမူအကျင့် တွေ
ထူးထူးဆန်းဆန်း
သွားတွေ့ရတယ်
တိရိစ္ဆာန်တွေဖြစ်နေပါလျက်
မျိုးမတူ သားမစပ်
ဆွေမတော် မျိုးမတော်
မျိုးမတူတဲ့ အခြားသတ္တဝါ တွေနဲ့
အတူတကွ
တရင်းတနှီး အတူပေါင်းသင်းနေထိုင်ကြပြီး
သတ္တဝါအချင်းချင်း
မေတ္တာ စေတနာ တွေထားခါ
ချစ်ချစ်ခင်ခင်နဲ့
ပျော်ပျော်ရွှင်ရွှင်
ပေါင်းသင်း နေကြတာလဲ ရှိနေတာ
ထူးထူးဆန်းဆန်း သွားတွေ့တယ်
ပျော်စရာ ကမ္ဘာကြီး
Happy World
သတ္တဝါတွေထဲမှာ ဦးနှောက်ရှိတဲ့
ဥနှောက် ကြီးတယ် ဆိုတဲ့
အသိ ညာဏ်မြင့်တယ်ဆိုတဲ့
ကမ္ဘာပေါ်က
ကမ္ဘာ့ လူသား
လူသတ္တဝါ အချို့တွေထက်
ပေါင်းသင်း ဆက်ဆံရေးဘဝမှာ
ထူးခြားစွာ သာ လွန် နေတာ
သတိပြုမိလိုက်တယ်
Youtube video ထဲမှာ
မမျော်လင့်ဘဲ
ထူးဆန်းအံ့သြ စရာ
တိရစ္ဆာန်တို့ရဲ့ ဘဝ နဲ့ သဘာဝကို
သွားတွေ့လိုက်ရတယ်
အံ့စရာ
ဤ မြေ ကမ္ဘာ ကြီးပါ
ဘယ်သူမှ ဘယ်သတ္တဝါမှ
ကမ္ဘာပေါ်မှာ
ထာဝရ အမြဲနေလို့မရကြပါဘူး
ကြာကြာမနေကြရပါဘူး
လူသားတွေမှာလဲ
လူ့ဘဝမှာ
ခနတာ သာ
လာဆုံတွေ့ နေကြရတာပါ
ဥနှောက်ရှိတဲ့ အသိညာဏ်ရှိတဲ့
ကမ္ဘာလူသားတွေအချင်းချင်း
ဘာကြောင့်များ
ကမ္ဘာကြီးမှာ
ရန်လိုမုန်းထား
ခိုက်ရန် ဒေါသ တွေဖြစ်နေကြတာပါလိမ့်
ခနတာသာလာနေကြတဲ့
သတ္တလောက
သင်ခါရလောကကြီးပါ
လူသားမျိုးနွ ယ် ပေါင်းစုံအပါအဝင်
သတ္တဝါမျိုးစုံ နေကြတဲ့
နေချင်စရာ
ပျော်ရွှင်စရာ ကောင်းတဲ့
ကျွန်ုပ်တို့ရဲ့
တကဲ့ကမ္ဘာလောက ကြီး ပါ
Our Real World
We are the World
Our Living Together World
အေးမြင့် ( ညောင်တုန်း)
၂၂/၉/၂၀၂၂ (edited )
ရည်ညွှန်း
Yoytube video
The World’s Most Unlikely Animal Relationship
Animal Odd Couple
Real World