ကျန်းမာရေးအတွက်။ လမ်းလျှောက်ကြပါ။

မှတ်ဖွယ် မှတ်ရာ

စာပဒေသာ ( ၇၁ )

( ကျန်းမာရေး )

လမ်းထွက် ေ လျှာက် ကြပါ ။

ဒေါက်တာအေးမင်းထူး၏လမ်းလျှောက်ခြင်း၊

အကျိုးထူးများ ။ ( အချုပ် )

၁။ အနောက်တိုင်းဆေးပညာရဲ့ ဖခင်ကြီးအဖြစ်သတ်မှတ်ထားတဲ့ ဟစ်ပိုခရေးတီး ကတော့

“လမ်းလျှောက်ခြင်းဟာ လူတစ်ယောက်အတွက် အကောင်းဆုံး ဆေးတလက်”လို့ကို ဆိုခဲ့တယ်။

။လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာလောက်က ဟစ်ပိုခရေးတီး ပြောခဲ့တဲ့ စကား ။

၂။နှစ်ဆယ့်တစ်ရာစုက ခေတ်သစ်ပညာရှင်အချို့က ဟုတ်နိုင်ပါ့မလား ဒွိဟပွားကြတယ်။

လမ်းလျှောက်တယ်ဆိုတာ ခြေထောက်ပါသူတိုင်း လုပ်နိုင်တဲ့ အလွယ်ကူဆုံး အလုပ်မဟုတ်လား။

ဒီလောက်လွယ်တဲ့ အလုပ်လေးလုပ်ရုံမျှနဲ့ ခေတ်သစ်ဆေးတွေပေါများနေတဲ့ ဒီခေတ်ကြီးမှာ မှန်နိုင်ပါ့မလား။

အလွယ်ကူဆုံးနဲ့ စျေးအသက်သာဆုံး အလုပ်လေးတခုက ကောင်းပါတယ်၊စျေးကြီးပါတယ်ဆိုတဲ့ နောက်ဆုံးပေါ်ဆေးတွေထက် သာနိုင်ပါ့မလား။

ဒီအချက်ကို လက်တွေ့ကျချင်တဲ့ ပညာရှင်အချို့က စမ်းသပ်စစ်ဆေးမှုတွေ လုပ်ကြ တယ်။

စမ်းသပ်မှုတွေလုပ်ကြည့်တော့ တရက်ကို အနည်းဆုံး နာရီဝက်(သို့မဟုတ်) တပတ်မှာ ၁၂ မိုင် လမ်းလျှောက်သူတွေဟာ ကျန်းမာရေးအရ ကောင်းမွန်တာကို တွေ့ရတယ်။

အမျိုးမျိုးသော စမ်းသပ်မှုတွေလုပ်ပြီးနောက်မှာ အောက်ပါအတိုင်း လေ့လာတွေ့ရှိရတယ်။

၁-သွေးတွင်းကိုလက်စထော ကျဆင်းစေတယ်။

၂-သွေးပေါင်ချိန် ကျဆင်းစေတယ်။

၃-နှလုံးရောဂါဖြစ်နှုန်း သိသိသာသာ လျှော့ကျစေတယ်။

၄-ဆီးချိုကျဆင်းစေသလို ဆီးချိုထိန်းရတာ ပိုမိုလွယ်ကူစေတယ်။

၅-မှတ်ဥာဏ်အားကောင်းစေသလို အသက်ကြီးသူတွေ အယ်လ်ဇိုင်းမား ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တယ်လို့ ဆိုတယ်။

၆-အရိုးသိပ်သည်းစကို များစေတာကြောင့် သွေးဆုံးပြီးအမျိုးသမီးတွေ အရိုးပါးခြင်းမှ ကာကွယ်ပေးတယ်။

၇-ကိုယ်အလေးချိန် ထိန်းသိမ်းပေးသလို အစားအသောက်ပါ ဆင်ခြင်ရင် အလေးချိန် ကျဆင်းစေတယ်။

၈-လေ့ကျင့်ခန်းလုပ်တဲ့အခါ ထွက်လာတဲ့ endorphins ဟော်မုန်းတမျိုးကြောင့် စိတ်ခံစားမှုကောင်းစေတယ်။

၉-စားဝင်အိပ်ပျော်စေသလို ခုခံအားနဲ့ ပြည့်ဝစေတယ်။

၁၀-သားမြတ်အိမ် ကင်ဆာနဲ့ အူမကြီးကင်ဆာကို ကာကွယ်နိုင်တယ်လို့ကို ဆိုတယ်။

ဘာလိုသေးလဲ။

လူတိုင်း ကျန်းမာရေးအတွက် ေ ငွ မကုန်ဘဲ လွယ် လွယ် လုပ်နိုင်တဲ့အလုပ် ။

လမ်း ေ လျှာက်တဲ့ အလုပ် ။

ကျန်းမာခြင်းသည် လာဘ် တစ်ပါး ။

လူတိုင်းလက်ခံထား တဲ့ မြန်မာ့ ေ ရှး စကား ။

မသိသူကျော်သွား ၊သိသူဖေါ်စား ။

၂၁ ရာစု

ဒေါက်တာအေးမင်းထွန်းရဲ့ အကြံပေးစကား ။

အေးမြင့် ( ညောင်တုန်း )

၂၆/၆/၂၀၂၂

၄/၉/၂၀၂၂ ( Added )

ရည် ညွှန်း .။

၁။ ကျန်းမာခြင်းသည် လာဘ် အများ Facebook post 15Jan

ဒေါက်တာအေးမင်းထူး၏လမ်းလျှောက်ခြင်း၊

၂။ဝေလွင် ဟူစတန်၏ လမ်း ေ လျှာက်ကြပါ။ -ေ ဆးေသာက်တာ ေ တွ နည်း စေပါတယ် ။

( Kyi Kyi Aye Facebook post 18 Aug 2022)

ရည် ညွှန်း ( ၁ )

၁။ ဒေါက်တာအေးမင်းထူး၏လမ်းလျှောက်ခြင်း

====================

ဆောင်းတွင်းရောက်ပြီဆိုရင်ပဲ ကျန်းမာရေးအရ လမ်းလျှောက်ကြတာ ထုံးစံလိုဖြစ်နေပါပြီ။ စာရေးသူကိုယ်တိုင်လည်း ဒီရက်ပိုင်းမှာမှ လမ်းလျှောက်ဖြစ်တယ်။ ထိုင်ရတဲ့ အလုပ်ဖြစ်တာကြောင့် ကိုယ်လက်လှုပ်ရှားမှု အင်မတန်နည်းတယ်။ သူများတွေကိုသာ ကျန်းမာရေးအသိပေးပြီး ကိုယ်တိုင်လုပ်ဆောင်မှုနည်းတဲ့ထဲမှာ ဆရာဝန်တွေက ထိပ်ဆုံးကပါ။နောက်ပိုင်းလမ်းလျှောက်တဲ့အခါ ကျုံးထိမသွားတော့ပဲ အိမ်နားမှာ ရှိတဲ့ မနော်ရမ္မာဥယျာဉ်မှာသာ လမ်းလျှောက်ဖြစ်တယ်။ လမ်းလျှောက်တဲ့အခါ လမ်းလျှောက်တဲ့ ဝတ်စုံအကျအန ဝတ်ပြီးလမ်းလျှောက်သူတွေ တွေ့ရသလို သာမန်ဘာသိဘာသာ လမ်းလျှောက်သူတွေလဲ ရှိကြတယ်။ တချို့က နှေးနှေးလျှောက်သလို တချို့ကျ မြန်မြန်လျှောက်တယ်။လမ်းလျှောက်တာ မြန်ချင်သူတွေကို သာမန်အားဖြင့် စိတ်မြန်သူတွေဖြစ်တယ်လို့ ကောက်ချက်ချသူက ချတယ်။ တိကျတဲ့လေ့လာစမ်းသပ်မှုတွေ

ဘယ်လောက်လုပ်ထားလဲ မပြောနိုင်ပေမယ့် တွေ့ဖူးသူတွေကို ကောက်ချက်ချရရင် ယေဘုအားဖြင့်တော့ ဒီအချက်ဟာ မှန်ကန်ပါတယ်။

လမ်းလျှောက်ကြတာတော့ ဟုတ်ပါပြီ။ လမ်းလျှောက်တဲ့အတွက် ဘာအကျိုးအမြတ်တွေရှိသလဲ။

ကျန်းမာရေးအတွက်ကော ဘယ်အတိုင်းအတာထိ အကျိုးထူးရရှိနိုင်သလဲ။

အနောက်တိုင်းဆေးပညာရဲ့ ဖခင်ကြီးအဖြစ်သတ်မှတ်ထားတဲ့ ဟစ်ပိုခရေးတီး ကတော့ “လမ်းလျှောက်ခြင်းဟာ လူတစ်ယောက်အတွက် အကောင်းဆုံး ဆေးတလက်”လို့ကို ဆိုတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာလောက်က ဟစ်ပိုခရေးတီးက ဒီလိုပြောတော့ နှစ်ဆယ့်တစ်ရာစုက ခေတ်သစ်ပညာရှင်အချို့က ဟုတ်နိုင်ပါ့မလား ဒွိဟပွားကြတယ်။

လမ်းလျှောက်တယ်ဆိုတာ ခြေထောက်ပါသူတိုင်း လုပ်နိုင်တဲ့ အလွယ်ကူဆုံး အလုပ်မဟုတ်လား။ဒီလောက်လွယ်တဲ့ အလုပ်လေးလုပ်ရုံမျှနဲ့ ခေတ်သစ်ဆေးတွေပေါများနေတဲ့ ဒီခေတ်ကြီးမှာ မှန်နိုင်ပါ့မလား။

အလွယ်ကူဆုံးနဲ့ စျေးအသက်သာဆုံး အလုပ်လေးတခုက ကောင်းပါတယ်၊စျေးကြီးပါတယ်ဆိုတဲ့ နောက်ဆုံးပေါ်ဆေးတွေထက် သာနိုင်ပါ့မလား။

ဒီအချက်ကို လက်တွေ့ကျချင်တဲ့ ပညာရှင်အချို့က စမ်းသပ်စစ်ဆေးမှုတွေ လုပ်ကြတယ်။စမ်းသပ်မှုတွေလုပ်ကြည့်တော့ တရက်ကို အနည်းဆုံး နာရီဝက်(သို့မဟုတ်) တပတ်မှာ ၁၂ မိုင် လမ်းလျှောက်သူတွေဟာ ကျန်းမာရေးအရ ကောင်းမွန်တာကို တွေ့ရတယ်။ အမျိုးမျိုးသော စမ်းသပ်မှုတွေလုပ်ပြီးနောက်မှာ အောက်ပါအတိုင်း လေ့လာတွေ့ရှိရတယ်။

-သွေးတွင်းကိုလက်စထော ကျဆင်းစေတယ်။

-သွေးပေါင်ချိန် ကျဆင်းစေတယ်။

-နှလုံးရောဂါဖြစ်နှုန်း သိသိသာသာ လျှော့ကျစေတယ်။

-ဆီးချိုကျဆင်းစေသလို ဆီးချိုထိန်းရတာ ပိုမိုလွယ်ကူစေတယ်။

-မှတ်ဥာဏ်အားကောင်းစေသလို အသက်ကြီးသူတွေ အယ်လ်ဇိုင်းမား ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တယ်လို့ ဆိုတယ်။

-အရိုးသိပ်သည်းစကို များစေတာကြောင့် သွေးဆုံးပြီးအမျိုးသမီးတွေ အရိုးပါးခြင်းမှ ကာကွယ်ပေးတယ်။

-ကိုယ်အလေးချိန် ထိန်းသိမ်းပေးသလို အစားအသောက်ပါ ဆင်ခြင်ရင် အလေးချိန် ကျဆင်းစေတယ်။

-လေ့ကျင့်ခန်းလုပ်တဲ့အခါ ထွက်လာတဲ့ endorphins ဟော်မုန်းတမျိုးကြောင့် စိတ်ခံစားမှုကောင်းစေတယ်။

-စားဝင်အိပ်ပျော်စေသလို ခုခံအားနဲ့ ပြည့်ဝစေတယ်။

-သားမြတ်အိမ် ကင်ဆာနဲ့ အူမကြီးကင်ဆာကို ကာကွယ်နိုင်တယ်လို့ကို ဆိုတယ်။

ဒီအချက်တွေကို ခြုံကြည့်တဲ့အခါ ဘာတွေ့လဲဆိုတော့ ဆေးဝါးတွေသုံးစွဲကြတဲ့အခါ ရောဂါတခုချင်းစီအတွက် ဆေးတမျိုး(သို့)နှစ်မျိုး သုံးစွဲကြရတယ်။စရိတ်စကအပြင် ဘေးထွက်ဆိုးကျိုးတွေရှိတယ်။

သို့သော် အချိန်အနည်းငယ် လမ်းလျှောက်ရုံမျှနဲ့ ရောဂါဖြစ်နှုန်း သိသိသာသာ ကျဆင်းစေသလို ကာကွယ်မှုပါပေးနိုင်တဲ့ လမ်းလျှောက်ခြင်းလောက် အကျိုးဖြစ်ထွန်းမှု မရှိဘူး။ဒါ့ကြောင့် လမ်းလျှောက်ခြင်းဟာ အကောင်းဆုံးဆေးတလက်ဆိုတဲ့စကားဟာ မမှားဘူးလို့ ဆိုနိုင်ပါတယ်။

လူတယောက်ဟာ တနေ့ကို ဘယ်လောက် လမ်းလျှောက်သင့်သလဲ။

ပျမ်းမျှအားဖြင့် အနည်းဆုံး နာရီဝက်တော့ လမ်းလျှောက်ဖို့ လိုအပ်ပါတယ်။ တထိုင်တည်း နာရီဝက်မလျှောက်နိုင်ရင် ဆယ်မိနစ်စီခွဲပြီး တရက်ကို သုံးကြိမ်လောက်တော့ အချိန်ပေးပြီး လျှောက်သင့်တယ်။

နေ့စဉ် နှစ်မိုင်၊သုံးမိုင် လျှောက်သူတွေဟာ ကျန်းမာရေးအထူးကောင်းမွန်တာ တွေ့ရပါတယ်။တပတ်မှာ အနည်းဆုံး သုံးကြိမ်တော့ လမ်းလျှောက်ပေးရမယ်။ လူတစ်ယောက်ဟာ တနေ့ကိုအနည်းဆုံး ခြေလှမ်း တစ်သောင်းလောက်တော့ ပုံမှန်လျှောက်သင့်တယ်လို့ အမေရိကန်သုသေသနတစ်ခုက ဆိုပါတယ်။တစ်နာရီ သုံးမိုင်နှုန်းအထက်လျှောက်သူများကို ခြေလှမ်းမြန်သူများအဖြစ် သတ်မှတ်ထားပါတယ်။

မှန်ကန်တဲ့လမ်းလျှောက်မှုပုံစံဆိုတာ ဘယ်လိုမျိုးလဲ။

လူတိုင်းလမ်းလျှောက်တတ်တယ်ဆိုပေမယ့် မှန်ကန်တဲ့ လမ်းလျှောက်မှုပုံစံတော့ ဖြစ်သင့်ပါတယ်။လမ်းလျှောက်တဲ့အခါ ကိုယ်နေဟန်ထားက အရေးကြီးဆုံးပဲ။ ကိုယ်နေဟန်ထားမှန်ရင် တော်ရုံဒူးနာ၊ခါးနာ၊ ခြေထောက်နာတာမျိုး မရှိတတ်ဘူး။လူတယောက်လမ်းလျှောက်တာကို သုံးသပ်ကြည့်ရင် ရှေးဦးစွာ ခြေလှမ်းစလှမ်းတယ်။ရှေ့ခြေလှမ်းရဲ့ ဖနောင့်ဟာ မြေကြီးနဲ့ အရင်ထိတယ်။ ပြီးရင် ခြေဖဝါး၊ ခြေဖျားအစရှိသဖြင့် အစဉ်လိုက် ထိရတယ်။ ရှေ့ခြေဖျားနဲ့ မြေကြီးထိချိန်မှာ နောက်ခြေကရှေ့ရောက်ဖို့ အစဉ်တစိုက် ကြိုးစားရတယ်။ပြေးတာနဲ့ကွာတဲ့တချက်က လမ်းလျှောက်တဲ့အခါ ခြေတဖက်ကတော့ မြေကြီးနဲ့ အစဉ်အမြဲထိနေရတယ်။ ကိုယ်ခန္ဓာအပြင် ခြေတွေ၊လက်တွေကလည်း လိုက်ဖက်ညီညီ လုပ်ရှားရတယ်။လမ်းလျှောက်တဲ့အခါ ပုံစံကျကျလျှောက်သင့်တယ်လို့ ပညာရှင်များက ဆိုပါတယ်။

-ခေါင်းကို မတ်မတ်ထားပြီး မျက်လုံးက ရှေ့တန်းတန်းကိုသာ ရှုသင့်တယ်။

-လမ်းလျှောက်ရင်း ဘယ်ညာလှဲ့တာ မလုပ်သင့်ဘူး။

-ခါးကို မတ်မတ်ထားပြီး လမ်းလျှောက်ရမယ်။

-လက်နှစ်ဖက်ကို ဟန်ချက်ကျကျ လွှဲလျှောက်ရမယ်။

-လက်လွှဲတဲ့အခါ ရင်ညွန့်ရိုးကို မကျော်သင့်ဘူး။လွှဲတဲ့လက် ဘယ်နဲ့ညာဟာ ၉၀ ဒီဂရီ ရှိသင့်တယ်။

– ကိုယ်ခန္ဓာနဲ့ကပ်ပြီး လက်ကိုလွှဲသင့်တယ်။ခန္ဓာကိုယ်ကို ဖြတ်ပြီး လက်နှစ်ဖက်ကို မလွှဲရဘူး။

-လက်သီးမဆုပ်ရဘူး။အားမထဲ့ရဘူး။

-လမ်းလျှောက်ရင် ဗိုက်ကို ချပ်ထားသင့်တယ်။အသက်ရှုအောင့်ဖို့တော့ မလိုဘူး။

-ခြေကျင်းဝတ်နဲ့ လမ်းလျှောက်ရမယ်။ဒူးသိပ်မြှောက်တာမျိုးမလုပ်သင့်ဘူး။

-အဓိကအားဖြင့် လမ်းလျှောက်တဲ့အခါ ခြေကျင်းဝတ်ကိုသာ အလုပ်ပေးရတယ်။

-စိတ်ကို တင်းတင်းကြပ်ကြပ်ထားတာမျိုး ရှောင်ကြဉ်သင့်တယ်။

-ကိုယ်လျှောက်နိုင်တဲ့ ပမာဏထက် ငါးမိနစ်စာလောက် ပိုလျှောက်ပေးသင့်တယ်။

လမ်းမလျှောက်ခင်နဲ့ လမ်းလျှောက်ပြီးနောက် ဘာတွေလုပ်ဖို့ လိုသလဲ။

၁။ရှေးဦးစွာ ၅မိနစ်ခန့် ဖြည်းဖြည်းစလျှောက်သင့်ပါတယ်။

၂။သွေးအနည်းငယ်ပူလာရင် အကြောလျှော့လေ့ကျင့်ခန်း စတင်လုပ်ဆောင်သင့်ပါတယ်။ခြေထောက်၊ပေါင်၊ဒူး၊ခြေသလုံးကြွက်သားတွေအပြင် အခြားကြွက်သားတွေပါ အကြောလျှော့ပေးရမယ်။ အကြောလျှော့လေ့ကျင့်ခန်းဆိုတာ ကြွက်သားမျှင်တွေကို ဆန့်တန်းစေခြင်းပဲ ဖြစ်ပါတယ်။

၃။အကြောလျှော့ပြီးတာနဲ့ လမ်းလျှောက်လို့ရပါပြီ။

၄။လမ်းလျှောက်ပြီးခါနီးတိုင်းလည်း အလားတူ ၅မိနစ်ခန့် ဖြည်းဖြည်းလျှောက်ပြီး၊အကြောလျှော့ သွေးပူလေ့ကျင့်ခန်း လုပ်ပြီးမှ ရပ်သင့်တယ်။

လမ်းလျှောက်တဲ့အခါ ဆောင်ရန်၊ရှောင်ရန်တွေက ဘာတွေလဲ။

-ရာသီဥတုနဲ့ကိုက်ညီတဲ့ ခပ်ပျော့ပျော့ အဝတ်အစားတွေကိုသာ ဝတ်ဆင်သင့်တယ်။

-သိပ်ကြပ်တဲ့ အဝတ်အစားတွေ မဝတ်ဆင်သင့်ဘူး။

-မနက်စောစော ဝေလီဝေလင်းလမ်းလျှောက်ရင် ထင်သာ၊မြင်သာရှိတဲ့ အရောင်တောက်တောက်တွေ ဝတ်သင့်ပြီး လမ်းဘေးက လျှောက်တာ အန္တရာယ်ကင်းစေပါတယ်။

-သင့်တော်တဲ့ ဖိနပ်ကိုသာ ဝတ်ဆင်သင့်တယ်။ ခွာမြင့်ဖိနပ်တွေ၊မာတဲ့ဖိနပ်တွေ မစီးသင့်ဘူး။

-အဖိုးတန်လက်ဝတ်ရတနာတွေ မဝတ်သင့်ဘူး။

-တထိုင်တည်း ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်သင့်ဘူး။

-ဖြည်းဖြည်းမှန်မှန် လုပ်တဲ့လေ့ကျင့်ခန်းက ရေရှည်အတွက် ပိုမိုကောင်းမွန်ပါတယ်။

-အသက်ကြီးရင့်သူများ မလဲအောင် တုတ်ကောက်(သို့)တောင်ဝှေးတချောင်း ဆောင်ထားသင့်တယ်။

-သူငယ်ချင်း၊မိတ်ဆွေ၊အပေါင်းသင်းတွေနဲ့လမ်းလျှောက်ရင် ပိုမိုပေါ့ပါး သွက်လက်စေတယ်။

-အဓိကအချက်က စိတ်ကို မပျံ့လွင့်စေဘဲ လမ်းလျှောက်ခြင်းအပေါ်မှာသာ အာရုံရောက်ပါစေ။

ဒေါက်တာ အေးမင်းထူး

————

ရည် ညွှန်း .(၂)

၂။ လမ်းလျှောက်ကြပါ၊ ဆေးသောက်တာတွေ နည်းလာစေပါမယ်၊

လူတယောက်ဟာ တနေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ မိနစ်၃၀ လမ်းလျှောက်ရင် ဘာအကျိုး ကျေးဇူးတွေရသလဲ သိဖို့လိုတယ်၊

ကိုယ်လုပ်တဲ့ လုပ်ရပ်မှန်သမျှ အသိနဲ့လုပ်ပြီဆို သာမန် အုတ်ရောရော ကျောက်ရောရော ဒီဇင်ဘာလတလ ထ လမ်းလျှောက်တဲ့ စိတ်မျိုး ဟုတ်ကိုမဟုတ်ပဲ နှစ်သက် စွဲလမ်းလာပါတယ်၊

1. လမ်းလျှောက်ခြင်းဟာ ဦးနှောက်ထဲမှာ အင်ဒိုဖင်း Endorphin ဟော်မုန်းပိုမြင့်လာသလို Stress စိတ်ကျဥ်းကြပ်မှုတွေကို သိသိသာသာလျော့စေပါတယ်၊ ပျော်ရွှင်လာပြီး Alzheimer အယ်လ်ဇိုင်းမားနဲ့ Dementia ဒီမင်းရှားခေါ် အသက်ကြီးပိုင်း သတိမေ့ တဲ့ မမှတ်မိတော့တဲ့ ရောဂါဖြစ်နိုင်မှု လျော့နည်းပါတယ်၊

2. အမြင်အာရုံကိုသန်စွမ်းစေပါတယ်၊ တောင်ကြည့်မြောက်ကြည့်တွေကြောင့်လည်းဖြစ်နိုင်ပါတယ်😀😀 သွေးတွင်းအချိုဓါတ်ကိုလည်းလျော့စေတယ်၊

3. အမေရိကန် နှလုံးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းကတော့ လမ်းလျှောက်တာဟာပြေးသလိုပါပဲ၊ လေဖြတ်တာ stroke နဲ့ တခြားနှလုံးနဲ့ဆက်စပ်တဲ့ ရောဂါတွေ ဖြစ်ပွားမှုနည်းစေတယ်ဆိုပါတယ်၊ သွေးလည်ပတ်မှုကောင်းသလို ကိုလက်စထရော ကျမယ်| တခါသွေးဖိအားကိုလည်း ထိန်းညှိပေးလာပါတယ်၊

4. အဆုတ်ဟာသန်မာထွားကြိုင်းလာပြီး အောက်ဆီဂျင်စုပ်ယူမှုကောင်းလာတာနဲ့အမျှ ခန္ဓာကိုယ်က မလိုတဲ့ အဆိပ်တွေဖယ်ထုတ်နိုင်ပြီး အဆုတ်နဲ့ ပတ်သက်တဲ့ တခြားရောဂါဖြစ်မှုကို ကာကွယ်ပေးပါတယ်၊

5. ပန်ကရိယကို ပိုကျန်းမာစေပြီး ရှိသင့်တဲ့ သွေးချိုပမာဏကိုရစေတာမို့ ဆီးချိုမဖြစ်ချင်ရင် လမ်းနေ့တိုင်းလျှောက်ပါ၊

6. လမ်းလျှောက်တာဟာ ကလီစာတွေဖြစ်တဲ့ အူတွေ အူမတွေ အစာဟောင်းအိမ်တွေပါ လှုပ်ရှားမှုဖြစ်စေတာမို့ အစာခြေလမ်းကြောင်းတလျှောက် ကျန်းမာစေတယ်၊ ဝမ်းချုပ်သက်သာသလို အူမကြီးကင်ဆာဖြစ်မှု နည်းပါးစေပါတယ်၊

7. ခန္ဓာကြွက်သားတွေဟာကျစ်လစ်သန်မာလာပြီး ကြွက်သားထဲက အဆီတွေနည်းပါးလာမယ်၊ တနေ့ခြေလှမ်း တစ်သောင်း လျှောက်သူတွေဒီအကျိုးကျေးဇူး မုချမသွေရပါမယ်၊ ဖြစ်နိုင်ရင်အတက်အဆင်းမြေပြင်တွေလျှောက်နိုင်လေပိုကောင်းလေပါပဲ၊

8. တနေ့ နာရီဝက်လောက်လျှောက်ရုံနဲ့ အရိုးအဆစ် ဂျွိုင့်တွေ ပျော့ပျောင်းသန်မာပါတယ်။ တောင့်တင်းမနေတော့ပါဘူး၊ အရိုးပျော့မှုတွေလည်း ကာကွယ်လာပါတယ်၊

9. ခါးနာတာ သက်သာစေတယ်၊ သာမန်လမ်းလျှောက်ရုံနဲ့ သွေးလည်ပတ်မှုဟာ ကြောရိုးတလျှောက် ကောင်းမွန်သလိုအနေအထားမှန်ကန်မှုပိုဖြစ်စေလို့ခါးနာခြင်း ကိုသက်သာစေတာပါ၊

10. စိတ်ကျဥ်းကြပ်မှု၊ စိုးရိမ်ပူပန်လွန်မှု၊ စိတ်အားငယ်မှု တွေလျော့ပါးရုံမက နေ့စဥ် တက်ကြွ လန်းဆမ်းတဲ့ စိတ်တွေဖြစ်ပေါ်ပါတယ်၊

လမ်းစလျှောက်ရင် တနာရီ ၃ မိုင်လောက်ရအောင် တော့လျှောက်ပါ၊ တမိုင် ၁၇ မိနစ်လောက်ရအောင်တဖြေးဖြေးချင်း နေ့စဥ် အရှိန်မြှင့်လျှောက်ပေးပါ၊ ထမင်းစားကောင်းရုံလေး လှုပ်တိလှုပ်ဖတ်လေးတော့ မလျှောက်ပါနဲ့၊

တနေ့ကို အနည်းဆုံး နာရီဝက်ရအောင် လျှောက်ဖို့ကြိုးစားပါ၊

ပျှမ်းမျှ ကယ်လိုရီ ၆၀၀ လောက်ကျမယ် နာရီဝက်အနည်းဆုံးလဲ လျှောက်မယ်ဆိုလို့ကတော့ သက်ရှည် ကျန်းမာ နုပျို ရွှင်လန်း စိတ်ချမ်းသာစွာ ဘဝကို ပျော်ပျော်ကြီးဖြတ်နိုင်မယ်ဆိုတာ အသိပေး သတိပေးပါတယ်၊

နောက်ကြုံတဲ့ အခါမှ ဝိတ်ကျအောင်ဘယ်လိုလျှောက်သလဲ ကိုယ်တွေ့ စာတွေ့ရေးပါအုံးမယ်

မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ရွှင်လန်းကြပါစေ၊

ဝေလွင် ဟူစတန်