Facebook လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ပေါ်လာတဲ့ စန်းဝေ ( သံတွဲ ) ရေးသားတင်ပြထားသည့် 25 August 2020 ရက်စွဲပါ Fb post အား ပြန်လည် မျှဝေပါသည်.။

ဒီနေ့ ရဲရွာ တမံ က ရေစလျှံ ပါပြီ ၊ ရေလျော့နေတုန်းက လဲ ရေလျော့နေလို့ ..၊ ရေလျှံပြန်တော့ လဲ ရေလျှံ လို့ .. ၊ ထင်မြင်မှုတွေ က အမျိုးမျိုး ပါ ၊ ဒါတွေ အတွက် ရှင်းရှင်း လင်းလင်း သိနေစေချင် ပါတယ် ၊ ဒါအတွက် တစ်ချိန် ရေပြီးသား Post တစ်ခု ကို ပြန်လည် တင်ပြ လိုက်ပါတယ် ၊ စာရေးဆရာကြီး မောင်သာရ အပြောနဲ့ ပြောရရင်..ကျွန်တော် က တော့ …၊
#ရေလျှံခြင်:နဲ့မကြုံကြိုက်လိုပါ ၊
—————————————-

ရေအားလျှပ်စစ်ဆည်တွေ က ရေတွေလျှံနေတာ ကို တွေ့ဖူး ကြမှာ ပါ ၊အရမ်းလှပါတယ် ၊ကြည့်လို့ လဲ အလွန်ကောင်းပါသည် ၊ အထူးသဖြင့် ရဲရွာ ၊ပေါင်းလောင်း ၊ အထက်ပေါင်းလောင်း ၊ နှင့် နန်ချို စက်ရုံ တွေ မှာ ရေတွေ လျှံနေရင် အလွန်လှပ တဲ့ မြင်ကွင်း တွေပါ ။
ဒါပေမဲ့ ရေအားလျှပ်စစ် ထုတ်လုပ် နေသူ များ ကတော့ ဒီရေ တွေ ကို လျှံနေတဲ့ မြင်ကွင်းမျိုး မြင်တွေ့ချင် ကြမှာ မဟုတ်ပါဘူး ၊ ဒီရေ တွေ ကို တာဘိုင်စက်တွေ ထဲ က ပဲ ဖြတ်စီးဆင်းစေပြီး ဓာတ်အားလိုင်းတွေ ပေါ် မှာ ပဲ လျှပ်စစ် တွေ ကို လျှံ နေ စေခြင် တာပါ ။
သို့သော် ..ဖြစ်စေချင်သလို မဖြစ်မှု က သဘာဝပါ ၊
ရေလျှံ ခြင်း ကို ဖြစ်စေ တဲ့ အကြောင်း က လဲအမျိုးမျိုး ရှိ ပါတယ် ၊ မိုးတွင်းကာလ..မိုးများလို့ မြစ်ချောင်း တစ်လျှောက်စီးဆင်း လာ တဲ့ ရေအလျင်တွေ တိုးများလာတဲ့ အချိန် မှာ ရေလျှံတတ်ပါတယ် ၊ တနည်းအားဖြင် စက်ရုံ ရဲ့ အမြင့်ဆုံး ဓာတ်အားထုတ်လုပ်ရန် လိုအပ်တဲ့ ရေ ပမာဏ ထက် ပိုမို စီးဝင်မှု ရှိတဲ့ အခါမှာ ရေလျှံတတ်ပါတယ် ၊ ဒါ က သဘာဝပါ။
နောက် ရေလျှံစေတဲ့ အကြောင်းကတော့ တာဘိုင်စက်တွေ မလည်နိုင်လို့့ဖြစ်ပါတယ် ၊
တာဘိုင်စက်တွေ မလည်နိုင်တဲ့ အကြောင်း တွေ က လဲ အမျိုးမျိုးရှိပြန်ပါတယ် ၊
စက်တွေ ကို ပြုပြင်ထိန်းသိမ်းရေးတွေ လုပ်နေလို့ လဲ ဖြစ်နိုင်ပါတယ်။၊
နောက်တစ်ခု က တော့ ဓာတ်အား စံနစ်ကြီးမှာ ဓာတ်အားတွေ အလုံအလောက် ရှိနေ လို့ ၊ ဓာတ်အားစံနစ်အတွက် ဓာတ်အား မလိုအပ် လို့ စက်လည် ရန် မလိုအပ်လို့ မလည်တာပဲ ဖြစ်ပါတယ် ။
ဒီလို မလည်နိင်မှုကြောင့် ..တနည်းအားဖြင့် စီးဝင်လာတဲ့ ရေတွေကို အသုံး မချနိုင် မှုကြောင့် ရေတွေ ဟာ နေရာ ရှိနေသေးရင် တော့ သိုလှောင်ရေ တွေ အဖြစ် စုဆောင်း ရရှိပါတယ် ၊ ဆည်ထဲမှာ ရေပြည့်သွားရင် တော့ ရေပိုလွှဲ က တဆင့် ပိုလျှံ ရေတွေ အဖြစ် စီးထွက်သွားပါတော့ တယ် ၊ ရေအား လျှပ်စစ်မှာ ရေ ဟာ “ငွေ ” ဖြစ်တဲ့ အတွက် အလွန်နှမျော စရာ ကောင်းပါတယ် ။
ရေအား လျှပ်စစ် လုပ်ငန်း ဟာ ရေအရင်းအမြစ် တစ်ခုကို သေချာစွာ လေ့လာ တွက်ချက်ပြီး စီစဉ်ဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်ပါတယ် ၊ရနိင်တဲ့ရေ အရင်းအမြစ် နဲ့ ထုတ်လုပ်နိုင်မဲ့ စွမ်းအင် ကို တွက်ချက်ပြီး တပ်ဆင်စက်အင်အား ၊ တပ်ဆင် စက်အရေအတွက် ကို တွက်ချက်ဆောင်ရွက်တာ ဖြစ်လို့ရေလျှံ မှု ကာလ ဟာ မူလဒီဇိုင်း အတိုင်းသာ ထုတ်လုပ်နိုင်ခဲ့ မယ်ဆိုရင် အချိန်ကြာကြာ ရေလျှံရန် အကြောင်း မရှိနိုင်ပါ ။
ဤသို့ဆိုလျှင် ရေလျှံခြင်း ဘာကြောင့် ဖြစ်ရပါသလဲ ၊
ဖြစ်နိုင်သည် များကို သုံးသပ် တင်ပြပါမည် ၊ အထက်မှာလဲ အနည်းငယ် တင်ပြခဲ့ပြီးဖြစ်ပါသည် ၊ ဓာတ်အားစံနစ်တွင် ဓာတ်အားများ ပြည့်ဝ ပိုလျှံနေပါက ဓာတ်အား ထပ်မံ ထုတ်လုပ်ရန် မလိုအပ် ၍ ၊ ရေ အသုံးချရန် မလို အပ်ပါ ၍ ရေလျှံပါမည်၊ ဓာတ်အား စံနစ်တွင် ဓာတ်အား များ ပြည့်ဝ ပိုလျှံ နေခြင်းသည် ဓာတ်အားသုံးစွဲ သူ ၏ သုံးစွဲ မှု လျော့နည်း မှုကြောင့် လဲ ဖြစ်နိုင်ပါသည် ၊ လျှော့ချ ၍ မရသော အခြားဓာတ်အားထုတ်လုပ်မှု စံနစ် များကြောင့် လဲ ဓာတ်အားစံနစ်မှာ ဓာတ်အားများ ပိုလျှံ နေ နိုင်ပါတယ် ။
မြန်မာ နိုင်ငံ အနေ နဲ့ ရေအားလျှပ်စစ် ထုတ်လုပ်မှု ဟာ မိုးရာသီ အတွက် လုံလောက်မှု ရှိသော်လည်း နွေရာသီ မှာ ရေ နည်းမှု အခြေအနေ ကြောင့် ဓာတ်အား မလုံလောက်မှု အခြေအနေ တွေ နဲ့ နှစ်စဉ် ကြုံ တွေ့ နေ ရပါတယ် ၊ ဒါ ကို ဖြေရှင်းဆောင်ရွက်မှု ကတော့ IPP ( Independent Power Producer ) လို့ ခေါ် တဲ့ ဓာတ်အား ထုတ်လုပ်ရောင်းချသူတွေ ၊ JV /BOT စက်ရုံတွေ ၊ ကုမ္ပဏီ များ ကို ဖိတ်ခေါ် ၍ ဓာတ်အား ထုတ်လုပ်စေကာ နိုင်ငံတော် မှ Take or Pay စနစ် ( အရော်/အစား စံနစ် ) တွေ နဲ့ ဓာတ်အား ကို ဝယ်ယူပြီး ဖြန့်ဖြူး ဆောင်ရွက် ကြရပါတယ် ၊ ဒီလို ဝယ်ယူ ဆောင်ရွက်ရတဲ့ အခါ မှာ နွေ ရာသီ မှာ မလုံလောက် လို့ နွေရာသီ အတွက်ပဲ ဝယ်လို့ မရပါဘူး ၊ တစ်နှစ်လုံးစာ အတွက် တစ်ခါ တည်း ဝယ်ရတာပါ ၊ ဒီတော့ နွေရာသီ အတွက် အဆင်ပြေ သွားသော် လည်း မိုးတွင်းကာလ အတွက် ကတော့ မလို အပ် ပဲ ဝယ် ထားလိုက်ရတော့ မိုးတွင်းမှာ ဓာတ်အား တွေ ပိုလျှံ တော့တာပါ ပဲ ၊ ဒီတော့ ကိုယ် စက်ရုံ တွေ ကို ရပ် ထား ရပါတော့ တယ် ၊ ဒီတော့ ရေတွေ လျှံပြီ ပေါ့ ၊ အားလုံး သာ ကိုယ့် စက်ရုံ တွေ ဖြစ်နေမယ်ဆိုရင် မိုးတွင်းကာလ မှာ ရေအား စက်ရုံ တွေ ကို အဓိက ထားပြီး ဓာတ်အားထုတ်မယ် ၊ နွေရာသီ လို ရေ လျော့နည်းချိန် မှာ အပူအားသုံး စက်ရုံ တွေ ကို အဓိ ကထားလည် မယ် ဆို တဲ့ စီမံမှု နဲ့ ဆောင်ရွက်နိုင်ပါတယ် ၊ ဒါပေမယ့် ကိုယ် မှာ က အဲ့ဒီလို မပြည့်စုံသေးတော့ လုပ်မရသေးပါ ဘူး ၊ ရှေ့ မှာ တော့ အဲ့ဒီလို ရှိလာအောင် လုပ် ရမှာ ပေါ့ ၊ ဒါ မှသာ အားလုံး ကိုယ် ခြေ ကိုယ် လက် ဖြစ်မှာ.. ။
တကယ်တော့ ကိုယ့်ဆီမှာ ဓာတ်အားပေးစက်ရုံ တွေ မလုံလောက်လို့ပါ ၊ ထပ်မံ တည်ဆောက်သင့် တဲ့ ဓာတ်အားပေးစက်ရုံ တွေ ကို တည်ဆောက်ရပါမယ် ၊ ရေအား ပဲ သုံးသုံး ၊အပူအား ပဲ သုံးသုံး လုံလောက်အောင် တည်ဆောက် ရမှာ ဖြစ်ပါတယ် ၊ ဒီနေရာ မှာ လဲ ကိုယ်ထက် အတွေ့အကြုံများ တဲ့ နိုင်ငံ တွေ က ပညာရှင်တွေ့လေ့လာ အကြံပြုထားတဲ့ ဓာတ်အားထုတ်လုပ်မှု ပုံစံ (Generation Mix ) ကို လှစ်လျူ ရှု လို့ မသင့်ပါဘူး ၊ နှစ်ကာလ အလိုက် သုံးစွဲရန် လိုအပ်လာမည့် လိုအပ်မှု ကို စီစစ်လေ့လာ ပြီ း ကိုယ် နဲ့ သင့်တော်တဲ့ ထုတ်ထုပ်မှု ပုံစံ ကို လိုက်နာ ဆောင်ရွက်သင့်တယ် လို ထင်မြင်မိပါတယ် ၊
ဖွံဖြိုး တိုးတက်မှု နည်ပါး သေးတဲ့ နိုင်ငံ တစ်ခု အနေ နဲ့ လည်း ကျောက်မီးသွေး နဲ့ မထုတ်ချင်ဘူး ၊ရေအားနဲ့ မထုတ်ချင်ဘူး ၊ ဓာတ်ငွေ့ မှ ဓာတ်ငွေ့ လို့လဲ မလုပ်သင့် ဘူးလို့ လဲ ထင်ပါတယ် ၊ အခြေအနေ ပေးနေတဲ့ ၊ စျေးနှုန်းသက်သာတဲ့ ၊ ရေရှည် အတွက် ခိုင်မာ စိတ်ချ ရတဲ့ ၊ အရေးပေါ် ကာလတို့ အတွက် ဖြေရှင်းဆောင်ရွက်နိုင်တဲ့ ရေအား ကို ရော ၊ အပူအား စက်ရုံ တွေ ကိုရော လိုက်လျော ညီထွေ မျှမျှ တတ ဖြစ်စေ ဖို့ အာလုံးသော ထုတ်လုပ် နိုင်မှု နည်းလမ်းများ ကို လေ့လာ ဆောင်ရွက်သင့်တယ် လို ထင်ပါတယ် ။
IPP နဲ့ အရေးပေါ် ဖြေရှင်းဆောင်ရွက် သလို ရေရှည် အတွက်လဲ စိတ်ချရမည့် ဆောင်ရွက်မှု အစီအစဉ် များကို လည် ဆောင်ရွက်သွားမှသာ နိုင်ငံပိုင် ဓာတ်အားပေးစက်ရုံများ တိုးတက်များပြားလာပြီး မှ ပြသနာ များ ပြေလည် သွား မှာ ဖြစ်ပါတယ် ၊ ( IPP စံနစ် GT များ မှထုတ်လုပ်မှု သည် ဓာတ်အားခ စျေးနှုန်း သက်သာမှု မရှိပါ ၊ IPP (GT) အရေအတွက် များလေလေ ..နိုင်ငံတော်မှ စိုက်ထုတ်ရမှု များလေလေ ဖြစ်မှာ ဖြစ်ပါသည်) ၊
နိုင်ငံပိုင် စက်ရုံ များ အမြန်တိုးတက်များ ပြား လာစေရန် နှင့် ပတ်သက် ၍ စီမံကိန်း အသစ်များ မဆောင်ရွက်နိုင်လျှင်တောင်မှ ဆောင်ရွက်ဆဲ စီမံကိန်း လုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေး ကို အထူးကိစ္စ တစ်ရပ် အနေဖြင့် စဉ်းစားဆောင်ရွက် သွားသင့်ပါတယ် လို့ ထင်မြင်မိပါ တယ် ။
ရေအားလျှပ်စစ် ဆည်တွေ က ရေလျှံကျနေသော.. လှပသော.. မြင်ကွင်း ကို မမြင်ရလျှင် လဲ နေပါစေ တော့.. ၊
ရေအားလျှပ်စစ်စက်ရုံ ဆည်များ မှ ကာလ ကြာရှည်စွာ ရေလျှံ နေခြင်း ကိုတော့ မကြုံကြိုက် လို တော့ ပါ ။
စန်းဝေ- (သံတွဲ )