သောက်ရေသန့်စက်များ နှင့် RO Reverse Osmosis

တွေးမိ တွေးရာ၊
ရေးမိရေးရာ ( ၁၂၆ )

( ရေရေးရာ )

သောက်ရေသန့်စက်များ။

အင်ဂျင် နီယာ ၊ မိတ် ေ ဆွ ကြီးဦးခင် ေ မာင်ဌေးက ၊
Portable Reverse Osmosis RO Unit နဲ့ ပုံ ေ တွ ၊ Facebookပေါ် မှာ မိတ် ေ ဆွ များကို ေ ဝ မျှ ထားပါတယ် ။
ဘယ် နေရာမှာ သုံးနေတဲ့သောက် ရေသန့်စက်လဲ။
ပုံ ေ တွ ေ တွ့ရပြီး၊ ပုံတစ်ပုံ ချင်း စာမတွေ့လို့ပါ။
Portable Reverse Osmosis Unit စာ ေ တာ့။ ေ တွ့ပါ တယ်။

စျေးဘယ် လောက် ရှိလဲ။
စိတ်ဝင်စားလို့ပါ။
ပုံထဲ ေ တွ့ ရတာ အင်ဂျင်နီ ယာ Federation အသင်း ရုံးသစ် အတွက် လားမသိ။

တစ်ချိန်က ကျွန်တော်က၊ လွန်ခဲ့သော ၁၀ နှစ်ခန့်က ၊ သောက် ရေသန့်တွေ လက်လီ ဝယ်သောက် နေရာက RO နည်းနဲ့အိမ်သုံးရေသန့်စက် တွေပေါ် နေတာ တွေ့နေရလို့ ၊ တပ်ဆင်သုံးရင် သင့်မလား စိတ်ကူးပေါ်ခဲ့ ဘူးတယ်.။

အိမ်သုံး စက် ကလေး တွေ ရဲ့ စျေးက တော့ ခြေနိုင်လက်နိုင်ပါ ။ဝယ်သုံးနိုင်တယ် ။စျေးသင့်တယ်။
ဆင်ခြေများတတ်တဲ့ အင်ဂျင်နီယာပြီပြီ ၊
စက်ကတော့ ဟုတ်ပါပြီ ။
RO Tube တွေကဘယ် လာက် ကြာကြာ အသုံးခံမ လဲ ။
တစ်နှစ်ဘယ်နှစ်ကြီမ် လဲ သုံး ရမလဲ။
ထမ်း ဘိုးထက် လက်ခကြီး ၊
ဆင်ဘိုးထက် ချွန်း ဘိုးကကြီး
မြန်မာ ဆိုရီုးစကားတွေ ကြားဘူးထား လို့ ပါ ။

ရေသန့်စက် ရဲ့နောက်ဆက်တွံ ပုံ မှန် လိုက် နေရမဲ့ ပစ္စည်း တန်ဘိုး အသေးစိတ် စျေး တွေ
အသေအခြာတော့မသိခဲ့၊
စုံစမ်းပြီး အကြမ်း ပိုပို လို လို တွက်ကြည့်တယ်။
ပုံမှန် ပြန် လဲ သုံး နေရမဲ့ ေ၇သန့်အတွက် အပိုပစ္စည်း RO tube ဘိုး တစ်နှစ် စာ ခန့်မှန်းကြည့်တယ် ။
တစ်နှစ်စာ ကုန်ကျေေ ေ ငွ ခန့် မှန်းကြည့်တယ် ။
သောက် ေ၇သ န့်ဘူး တစ်နှစ်စာ ဝယ် သုံးတာနဲ့မကွာသလို ခပ်ကြမ်းကြမ်း ခန့်မှန်းလို့ ရခဲ့ တာနဲ့
ဒီနေ့ထိ ရေသန့်ဘဲ ဝယ် သောက် ဖြစ် နေပါ တော့တယ်။

အင်ဂျင်နီယာတွေအတွက် က ကုန်ကျစရိတ်နဲ့ရတဲ့အကျိုး ၊ တွက် ခြေကိုက်မကိုက် ၊ သီချင်တယ် ၊သိဘို့ လို တယ်..

အိမ်မှာတော့ သောက် ရေသန့်ကိုပင်ရေ အစိမ်းမသောက် ဘဲ ၊
ကြိုချက် ပြီးရေသန့် ကို ရေနွေးကြမ်း ကြိုက် က် တတ်လို့ လဘက် ခြောက် ခပ် ရေနွေးအဓိက သောက် နေတာကြာပြီ
သောက် ရေ သန့်ကို ပင် ကျိုသောက် နေပါ တယ်။

စင်ကာပူ က သောာက် ရေရှားတယ် ။
မလေးရှားကနေ နှစ် ရှည်စာချုပ်နဲ့ဝယ်သုံး နေရတယ် ။
စင်ကာပူရေမြောင်းတွေကရေတွေကို စုပြီး ရေသန့် လုပ် တယ် ။
RO နည်းနဲ့ ပါဘဲ ။
New Water ဆိုပြီး PUB စင်ကာပူ စည်ပင် သာယာ၊ ရေ အင်ဂျင်နီယာ အဖွဲ့ က ထုတ် တယ် ။
အပြင် မှာတော့ မရှိပါ၊ရောင်းတာမတွေ့မိပါ။

တတိယအကြိမ် ထင်တယ် ။
နှစ်တစ်နှစ် မှာ
၂၀၀၁၂/၁၃ ခန့်မှာ ကျဉ်းပခဲ့တဲ့ Singapore Water Week ပွဲမှာ ရေစာတမ်းတစ်ခု ( ညောင်တုန်းကျွန်းစီမံကိန်းအကြောင်း) စာတမ်း တင်ရင်း တစ်ပတ်အတွင်း ၅ရက်ကြာ နိုင်ငံတကာ ရေစာတမ်းဖတ်ပွဲတွေကို ဆက် တက် ဖြစ်ခဲ့တယ် ။

Water Week ပွဲအပြီးမှာ တက် ရောက်လာသူ နိုင်ငဲတကာ က ရေ ပညာရှင် တွေ ၊ ရေအင်ဂျင်နီယာတွေ ၊ ရေသမားတွေကို စင်ကာပူက မကြားသေးခင်က ဘဲ တည် ဆောက် ပြီးခဲ့ တဲ့ ၊ ရေသန့်စက်ကို လိုက်ပြတယ် ။
မြေပေါ် ရေမြောင်းတွေ အိမ် တွေက မြောင်းသွယ် စုပြီး ရလာတဲ့ ၊ စွန့်ပစ် ေ ရ ေ တွ ကို တစ်နေရာမှာထပ် စုပြီး RO Tube အကြီး စားတွေ များစွာနဲ့ ညစ်ညမ်းရေတွေကို ရေသန့် လုပ် တယ် ။

စင်ကာပူ မှာ အစိုးရက ရေသန့် စတင် ထုတ် လုပ်တဲ့နှစ် မှာ New Water တံဆိပ်နဲ့ရေသန့် ကို စင်ကာပူ အမျိုးသားနေ့မှာ ဝန်ကြီးချုပ် လီ ရှန်လုံက ရေမြောင်းတွေက ရေတွေကို ရေသန့် လုပ် တာ စင်ကာပူမှာ အောင်မြင် နေပြီ ဖြစ် ကြောင်း မိန့်ခွန်းမှာ ဂုဏ်ယူ စွာ ထညိ့ ပြောသွား ခဲ့ တယ် ။ ပြီးတော့ New Water တံဆိပ်နဲ့ ရေသန့်ပုလင်းကို ဖွင့်ပြီး ပရိသတ် ရှေ့ မျာ သောက်ပြတယ်။ TV မှာ ကြ ည့် လိုက် ရပါ တယ်။ရေ ေ မြာင်း တွေ နဲ့ အိမ် တွေက အညစ်အကြေး ရေ တွေ ကို သန့်စင် ထားတဲ့သောက် ရေသန့် ကို ဝနိကြီးချုပ်ကိုယ်တိုင် နမူနာပြ ရဲရဲ တင်းတင်းသောက်ပြခဲ့တယ်။

စင်ကာပူ ရေသတ္တပတ်ပွဲမှာလိုက်ပြခဲ့တာ အဲဒီ ရေသန့်စက်ရုံ ကြီးပါ။
ေ မြ ေ ပါ်က မြောင်းတွေက စီးဆင်းလာတဲ့ ရေတွေအားလုံး ကို မြေအောက် ပေ ပေါင်းများစွာ တစ်နေရာမှာ စုတယ် ။
စုထားတဲ့ရေ တွေ ကို အလွန် အား ကောင်းတဲ့ ရေစုတ်စက်ကြီး နဲ့ေ မြ ေ ပါ် ကို ပြန်စု တင်ပေးတယ်.
ရေတွေကို ပထမအဆင့်အကြမ်းထည် သန့်စင်ပေးမယ်ထင်တယ် ။
ေ မြ ေ ပါ် ကရေသန့် စက်ရုံ ကြီးထဲမှာ အနည်းဆုံး ၁ ပေခန့် အချင်းရှိ နိုင်တဲ့ ရေသန့်စင် ပေးတဲ့ RO Tube ဆလင်ဒါ ကြီးတွေ များစွာထဲကို ၊ ေ မြ ေ အာက်က တင် ေ ပး ပေးတဲ့ ေ ရ ေ တွ ကို ၊ တစ်ဆင့်ပြီးတစ်ဆင့် ဖြတ်သန်းစေပြီးရေသန့်ထုတ်တာကို စက်ရုံ တာဝန်ရှိသူ တစ်ဦးက လိုက်လဲပြသ ၊ ရှင်းပြခဲ့ ပါတယ် ။
အမှတ်တရ လက်ဆာင်ပေးလို့ နမူရထားတဲ့ New Water ရေသန့် ပုလင်းငယ် လေး၊ဖွင့်မသောက် ဘဲ ယခုတိုင် အမှတ်တရ နမူနာ သိမ်းထားမိသေးတယ်။

အင်ဂျင်နီယာပြီ ပြီ စပ်စု ချင် တာနဲ့ ရေသန့်ထုတ်လုပ်စရိတ် ၊ တစ်လီ ဘယ် လောက် ခန့် မှန်း ရှိပါသလဲ၊ ဘယ် ေလာက် ကျ မလဲ၊ စက် ရုံ စရိတ်အပါအဝင် အားလုံး ကုန်ကျ ငွေနဲ့ ၊ ပြန်ရတဲ့ ရေသန့် တန်ဘိုး တွက် ေခြကိုက်ရဲ့လားမေးဖြစ်ခဲ့တယ် ။
လိုက်လဲ ရှင်းပြသူက ငွေရေးကြေး ရေး ကိစ္စတွေက သူ့အလုပ်မဟုတ်လို့ မသိပါ ကြောင်း ပြောပြတာနဲ့ကျေနပ် ခဲ့ ရပါတယ်.။

သေချာတာက စီးပွါးရေး အရ တွက် ခြေ ကိုက် မကိုက် ကြည့်တဲ့အခါ စျေး ကွက်ထဲမှာ စင်ကာပူ နိုင်ငံတော် အစိုးရ PUB ကထုတ်လုပ် တဲ့ New Water တံဆိပ်နဲ့ ရေသန့်ပုလင်းတွေ စျေးကွက် ထဲက ၊ ဆိုင်တွေမှာ ရောင်း တာ မတွေ့ရသလောက် ၊ ရှာရခက် တာပါဘဲ ။

မိမိတို့နိုင်ငံမှာရော ?

အိမ်သုံး RO ရေသန့်စက် တွေ ဝယ် သုံးရင် တွက် ခြေ ကိုက် မကိုက် ၊ နားလည် တတ်ကျွမ်းသူ ရေသန့်ပညာရှင် များက နမူ နာ ကိန်းဂဏန်းတွေနဲ့ တွက် ချက်ပြ၊ ချပြရင် ပြည်သူတွေ အတွက် ၊ ကျန်းမာရေးအတွက် ရေသန့် သုံးရာမှာ ၊ ငွေသုံးရာမှာ ချင့်ချိန် နိုင်းဆ နိုင်မှာမို့ ၊ အကျိုးများနိုင်မယ် ထင်မိပါတယ်။

အေးမြင့် ( ညောင်တုန်း )
၂၂/၈/၂၀၂၂ ။

ရည်ညွှန်း
U Khin Maung Htay Facebook post ( ‘22/8/2022 )