နှလုံး သန်မာ ၊ လူကျန်းမာ

မှတ်ဖွယ် မှတ်ရာ
စာပဒေသာ ( ၈၂ )

(ကျန်းမာရေး)

ကျန်းမာရေးအတွက် လိုအပ် တဲ့ ၊
မှန်လေးမှန် ထဲက

နှလုံး ကျန်းမာရေး။

လူတွေရဲ့ကျန်းမာရေးမှာ
ဆီးမှန် ၊
ဝမ်းမှန် ၊
လေမှန် နေရုံ နဲ့မပြီးသေး၊
သွေးမှန် နေဘို့ကလဲ
ပိုမိုအရေးအကြီးဆုံး
ဖြစ်နေပါတယ်။
နှလုံးခုန်နှုန်း မှန်နေဘို့ လိုတယ် ။
နှလုုံး သွေးကြောထဲက သွေး တွေ
ခန္ဓာကိုယ်ထဲက နေရာအနှံ့မှာရှိနေတဲ့ သွေး ကြောတွေ
တစ်လျောက် ပုံမှန် စီးဆင်း သွားလာ နေဘို့လိုတယ်.။

နှလုံးရောဂါ ရှင်
မိတ်ဆွေ အပေါင်းအသင်း ၊
ဆွေမျိုးတွေနဲ့
ဆရာသမားကြီးတွေ အကြောင်း။
နှလုးရောဂါ အကြောင်း
သတိထားစရာ Facebook ပေါ် က သတင်းတွေ ကို
စုစည်း မျှဝေ တင်ပြလိုက် ပါတယ်.။

မှတ်ချက်။
( ) အတွင်းမှ မှတ်ချက် စာများသည်
မူလတင်ပြခဲ့သည့် သတင်းများအပေါ်တွင်
နောက်ဆုံး/ ယနေ့ ၁၁/ ၈/၂၀၂၂ အခြေအနေများကို
ထပ်မံဖြည့်စွက် ဖေါ်ပြသည့် သတင်းများဖြစ်ပါတယ်။

၁။
RIT ကျောင်းနေဘက် သူငယ်ချင်း ကိုသန်းအောင် ။
သူရဲ့ ကျန်းမာရေး သတင်း ပေါ်လာခဲ့ တယ် ။

ဆွေမျိုးမိဿင်္ဂဟတို့….
ကျနော်ရဲ့နှလုံးသွေးကြော
by pass ၃ လိုင်းထဲ့ထားရတာ
အခု ဒုတိယ ၆ လ follow up
Check upကိုကျနော်ခွဲစိတ်မှု
ခံယူခဲ့တဲ့ Bangkok VEJTHANI
Hospital မှာ Blood , Urine ,
X_Ray , ECG ,Stress Test ,
Stiffness of Artery & Blockage
of Artery. ပြန်လည်စစ်ဆေးမှုအားလုံး
လုပ်ပြီးသွားပါပြီ ၊အားလုံးပို့သသော
မေတ္တာ ကြောင့် အားလုံးကောင်းပါသည် ခင်ဗျား —-
ငယ်စဉ် စာမေးပွဲ result စောင့်ရသလို
အမှန်ပြောရယင် ရင်ခုံမှု ခံစားရပါသည် ၊
အားလုံးကိုကျေးဇူးတင်ပါသည် ခင်ဗျား….
၁၀ ရက်နေ့တွင် YGN ပြန်ပါမည်။

သန်းအောင်

ဘန်ကောက် နှလုံးသွားစစ်တာ
အားလုံးကောင်းနေတယ် လို့ ပြန်လာမဲ့ ရက်
ပြောလို့
ဝမ်းသာစကားပြောဖြစ်မိတယ် ။

ဘာမှ မဖြစ်လို့
ဘာ Complication မှ မရှိ လို့
ဝမ်းသာပါတယ် ။

အသက် ညာဏ်စောင့် ပေါ့ ။

ဒါပေမဲ့ ဒီနေ့ ခေတ် ကြီး မှ ာ
ညာဏ်တခုထဲနဲ့မရသေးဘူး
ဘဏ္တာ က လဲ လိုသေးတယ် ။
ရွေးခြ ယ် ဆုံးဖြတ် ချက်လဲ မှန်ဘို့ လို ပြန်တယ်။

၂။
NEPS ရုံးက လုပ်ဘော် ကိုင်ဘက်
ဆည် မြောင်း မြေ ဆီလွှာပညာရှင် ဦး ညို။

ဒီနေ့ ကျွန်တော်တို့ရဲ့ NEPS ရုံးက ထမင်းစားဝိုင်းမှာ ထပ် ဆွေးနွေးတော့ မနှစ်က ရန်ကုန် ဆေးရုံကြီးမှာ အရေးပေါ် တက်ပြီး နှလုံး ခွဲစိတ်မှု အကြီးစား လုပ်ခဲ့ ရပြီး အခု ကျန်းမာရေးကောင်းနေတဲ့ ဆည် မြောင်း မြေဆီလွှာ ပညာရှင် ဦးညို က သူ့ အတွေ့အကြံုအရ ဖြည့်စွက်ပြောတယ် ။
အချိန်က လဲ အရေး ကြီးသေးတယ်တဲ့ ။

မှန်တယ် ။
ရောဂါကို အချိန်မှီသိဘို့ကလဲ အရေးကြီးတာ အမှန်ဘဲ ။

( ဒွပေမဲ့
ခုတော့ NEPS ရုံးမှာ အလုပ်အတူ လုပ်ဘော်ကိုင်ဘက် ဆည် မြောင်းမှာ မြေဆီလွှာပညာရှင် ကြီး ဦးညို ၊ ကိုဗစ်ကာလမှာ ကွယ်လွန်သွားခဲ့ရရှာတယ် )

ညနေ ရုံးဆင်းပြီး
အိမ်ရောက်တော့ ဇနီးကို ပြောပြတော့
အားလုံးက ကံ ကံ၏ အကျိုးဆက်တွေဘဲဆိုပြီး သူက ဖြည့်ပြောပြန်တယ် ။

၃။
မောင် ကျေးရေ ( မြေဆီလွှာပညာရှင် ) ဦးမြင့်သိန်း

နောက်တော့
အိမ်ပြန် ရာက်တာနဲ့ အမေရိကားရောက်နေတဲ့ မိတ်ဆွေ နှလုံးရောဂါသည် ဘူမိပညာရှင် ဦးမြင့်သိန်း ကို အချိန်ကြည့်ပြီး ဗီဒီယို နဲ့ ဆက်သွယ်ခေါ််လိုက်တယ် ။ဒီနေ့ သူ ဆေးရုံက ဆင်းတာ နေ့ လည် က ဝမ်းသာစရာ သတင်း ရထားလို့ပါ။သူ့ ဇနီးထံကသတင်းပါ။

ဦးမြင့်သိန်းကျန်းကျန်းမာမာနဲ့ဆေးရုံးကဆင်း
ပါပြီ ။ ဆေးရုံ ၂ လ တက်ခဲ့တဲ့အချိန်မှာလိုအပ်ချက်မရှိအောင်ဖြည့်စွမ်းပေးတဲ့သားကိုတေဇာနဲ့သမီးခိုင်ငြိမ်းချမ်းတို့မိသားစုပြောမပြတတ်အောင်ကျေးဇူးတင်ပါတယ်.။
အထူးသဖြင့်သွေးမတော်သားမစပ်ဘဲမေတ္တာ
ရှေ့ထားပြီကူညီကြတဲ့ကိုတေဇာ့သူငယ်ချင်း
အပေါင်းအသင်းအားလုံးကိုအထူးအထူး
ကျေးဇူးတင်ပါတယ်။
စိတ်ချမ်းသာကိုယ်ကျန်းမာပြီလိုအင်ဆန္ဒ
တလုံးတဝတည်းပြည့်စုံကြပါစေလို့အန်
တီမေကဆုတောင်းပေးပါတယ်။
ဝဠ်ကြွေးများရှိခဲ့ရင်လဲဒီမှာတင်ပြီးဆုံးပါစေ
တော့လို့…..

Daw May / California ?USA

သူကလဲ နှလုံးရောဂါ အခံ နဂိုလ်ကတည်းကရှိနေရာက USA သွားရင်း အကြီးစားခွဲစိတ်ဘို့ဖြစ်လာတယ် ။
ခွဲပြီးဆေးရုံပေါ်မှာ ၂ လခန့် နေခဲ့ရတယ်။
သူ့ဆီ အဲဒီ အချိန် ဆေးရုံ တက်စ တုံးက ဆက်သွယ်တဲ့အခါ
ဖြစ်စက စကား လုံးလုံးမပြော နိုင်တော့ဘူး ။
သူ့့တွေတော့ ကုတင်ပေါ်က နေ ကျွန်တော့ကို လက်ပြ နုတ်ဆက်ရှာတယ် ။
စိတ်မကောင်းခဲ့ရဘူး ။

ဒီနေ့ တော့ သူဆေးရုံကဆင်းတော့ စကားကောင်းကောင်းပြောနိုင်ပြီး မောမှာစိုးလို့ တားယူရတယ်။
ကျွန်တော်တို့ လုပ်ဘော် ကိုင်ဘက် ပညာရှင်တွေပါ။
သူက တော့ ခန္ဓာကိုယ် အတွင်းမှာ နှ လုံးနားကပ်လျက်စက်ထည့်ထားရတယ် ပြောတယ် ။
အပြင်က နေဆက်ထားတဲ့ စက်တစ်လုံးလွယ်ထားရတယ်ပြောတယ် ။
ကျန်းမာနေပါတယ် ။ အင်္ဂလန် အမေရိကားမှာဘဲ လုပ်လို့ရတယ် ဆိုလို့ USA ရောက်သွားတာ ကံကောင်းတာပေါ့ လို့ ဝမ်းသာစကားပြောခဲ့ရတ.ယ် ။

ခုတော့ မိတ်ဆွေကြီးက စာတောင်ရေးနေနိုင်ပါပြီ။

( သူ ရေးသား ထားခဲ့တဲ့စာတွေ ကို ဆေးရုံကဆင်းပြီးနောက်မှာ စုစည်း ပြန်လည ထုတ်ဝေခဲ့တဲ့စာအုပ် တစ်အုပ်အတွက် မြန်မာနိုင်ငံအမျိုးသားစာပေဆုပင် ရခဲ့ပါတယ် ။
ဦးမြင့်သိန်းသည် နှလုံး ခွဲစိတ်ကုသပြီးနောက် ယခုထိတိုင် ၅ နှစ်ကြာ ထိ ကျန်းမာနေဆဲပါ။ကျွန်တော်တို့တစ်တွေ လဲပါဝင်ကြတဲ့ နိုင်ငံတော် ရဲ့ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မီတီ ၊ အကြံပေးအဖွဲ့ ဝင် တစ်ဥိးလဲ ဖြစ်တယ် ။

ဦးမြင့်သိန်းမှ မျှဝေခဲ့တဲ့ သူရဲ့ နှလုံရောဂါ အတွေ့ အကြုံ ။

သေကံမရောက်သက်မပျောက်။

နှလုံးရောဂါသည်မြန်မာနှိင်ငံတွင်အဖြစ်များလာသည်ဟု
မှတ်တမ်းဆောင်းပါးများကအရသိရှိရပါသည်။
နှလုံးရောဂါတစ်ကြိမ်ဖြစ်ဘူးလျင်နောက်ထပ်၊ ၅နှစ်၊၁၀နှစ်၊၁၅နှစ် စသည်ဖြင့်ပြန်လည်ဖြစ်တတ်ကြောင်း
ကျွန်တော်အတွေ့အကြုံကပြောပြနေပါသည်။
ကျွန်တော်ယခုတတိယအကြိမ်ဖြစ်ပါသည်။ကံအားလျော်စွာ အမေရိကန်နှိင်ငံ၊ဆန်ဖရံစစ်စကိုမြို့၊
San Francisco Pacific Medical Centre; Heart Failure specialist department (SPMCHD) တွင်ကျွန်တော်သမီး၏စီစဉ်မူ့ဖြစ်၊တက်ရောက်ကုသခွင့်ရရှိခဲ့သဖြင့်သေကံမရောက်ခဲ့ပါ။
ကျွန်တော့ကိုယ်တွင် Heart MateIII စက်ကိုတတ်ဆင်ပေးထားပါသည်။ထိုစက်ကကျွန်တော်၏နှလုံးသွေးလည်
ပတ်မူကိုအလုပ်လုပ်စေပါသည်။ထိုစက်မတတ်ခင်ကနှလုံးအလုပ်လုပ်နှန်းမှာ ၃၅ ရာခိုင်နှန်းသာအလုပ်လုပ်နေ
နှိင်ပါသည်။ယခုကျွန်တော့၏နှလုံးခံနှိင်အားအနေအထားအရအလုပ်ကောင်းကောင်းလုပ်နေပါပြီ။
ဒုတိယအကြိမ်၊၂၀၁၅ ခုနှစ်ကတကြိမ်။၂၀၀၀ ခုနှစ်ကတကြိမ်၊ဖြစ်ခဲ့ပါသည်။
ယခုတော့ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်မူ့တွေလုပ်ရပါဦးမည်။
ဘယ်တော့အထိအသက်ရှင်မလဲ၊ဘုရားမတစ်ပါး ……..
နောင်အင်အားပြည့်ပြီး၊စာကောင်းကောင်းရေးနှိင်လာရင်၊အသေးစိတ်ရေးပါဦးမည်။
ကျွန်တော်၏ရေအရင်းအမြစ်၊အတိုင်ပင်ခံ၊အဖွဲ့မိတ်ဆွေများ၊သတင်းမေးမြန်းခြင်းကိုအထူးကျေးဇူးတင်ပါသည်။

Myint Thein

၄။
ဦးအုန်းမြင့် ( လယ် ယာ/ ဆည်မြောင်း ဝန်ကြီးဌာန ၊
ဒု- ဝန်ကြီး / ငြိမ်း)

ပြီးခဲ့တဲ့လကတော့ ဆရာသမား၊ ဒုဝန်ကြီးဟောင်း ဦးအုန်းမြင့် တစ်ယောက် Heart Attack နဲ့ အသက် ၇၈ နှစ် မှာ ဆုံးသွားရှာတယ်။
ပထမအကြီ မ် Heart Attack ဖြစ်ခဲ့ ဘူးပြီး ပြန်ကောင်းနေခဲ့တာ အလုပ်တွေ မနားတမ်း လုပ်ကောင်းနေတုံး ကွယ်လွန်ခဲ့ရရှာ တယ်။ ကျွန်တော်တို့ အတွက် ရော နိုင်ငံအတွက်ပါ ဧရာမ ဆုံးရှုံး မှုကြီးပေါ့ ။
ဆရာသမားဆုံးဒတဲ့အချိန်မှာ သူ့စာရေးစားပွဲပေါ်မှာ စာရေးနေစဉ် ရေးလက်စစာနဲ့အတူ ဆုံးပါး ခဲ့တယ်လို့ သိလိုက်ရပါတယ်.
အ လုပ် သံယောဇင် အလွန်ကြီးလှသူပါ။ ကျွန်တော်တို့တစ်တွေ လဲပါဝင်ကြတဲ့ ၂ နှစ်ကြာမျှ လုပ်နေခဲ့ကြတဲ့ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မီတီ ,အကြံပေးအဖွဲ့ ရဲ့ အဓီက ဥက္ကဌကြီးလဲဖြစ်တယ် ။

၅။လယ်ယာ/ဆည်မြောင်း ဝန်ကြီးဌာန ၊အကြံပေး အရာရှိ ၊ဦးထွေးမြင့် ။

( ဆည် မြောင်း ၊ညွှန်ကြားရေးမှူး (ငြိမ်း) ညောင်တုန်းကျွန်း ထွေးမြင့် )


ဒု/ဝန်ကြီး ဦးအုန်းမြင့် လို နောက်တစ်ဦးက
မနှစ်က အသက် ၈၆ နှစ် မှာ ကွယ်လွန်ခဲ့သူ ဆရာသမား ဦးထွေးမြင့် တစ်ယောက်ကတော့ နှ လုံး ခွဲစိတ် ကုသ ထားတာ နှစ်ပေါင်းမနည်းတော့ဘူး ။ ၁၉၉၀ မတိုင်ခင် ခန့် က ဖြစ်မလားဘဲ
လူကောင်းပကတိ နဲ့ ဆုံးခါနီး ၂ လခန့် အလိုအထိ အလုပ်တွေလုပ်ကောင်းတုံး တက်ကြ ွနေခဲ့တုံး
သတိကောင်းတုံး နဲ့ လပိုင်းအတွင်း ဆုံးခဲ့ ရပြန်တယ် ။
အသက်ကလဲကြီးနေပါပြီ။ ဒါပေမဲ့ မဆုံခင် ၃/၄ လ ခန့် အလိုမှာ သူ့တပည့် ကျွန်တော်နဲ့ ကိုတင်ထွန်း တို့ ၂ ဦးကို သူ့အိမ်ကို အထူးသီးသန့်ခေါ်ပြီး သု့ သားသမီးတွေထံက ရတဲ့ စားဖွယ် တွေနဲ့ ဧည့်ခံ ေ ကြွး မွေးပြီး တစ်ညနေခင်းလုံး သူ့အိမ် မှာ စကားတွေ ဖေါင်ဖွဲ့ ပြောခဲ့ကြသေးတယ်.။ ဆရာသမားက ကှါန်တော်တို့နဲ့တွေ့ပြီး စကားပြောရတာ အကြေနပ်ကြီးကြေနပ်နေတဲ့ပုံ။ ကျန်းမာရေးကလဲ ပကတိ လူကောင်းပါ။ ဆုံးခါနီးဆေးရုံ တက်ကုသတော့ ၊ကျန်းမာရေးလဲဂရုစိုက်တဲ့ကြားက ဖြစ်ရလေခြင်း၊ နေလို့ထိုင်လို့မကောင်းဖြစ်နေတဲ့ရင်တွင်းဝေဒနာကို မခံစားချင်ောတ့ဘို့ I want to die quickly ဆိူပြီး သူ့ထံသတင်းလာမေး ကြကြည့်ကြ အားပေးကြတဲ့ ဆဘ် မြောင်းတပည့်တပန်းတွေကို မကြာမကြာထုတ်ပြောခဲ့တယ်။ မျက်နှာက တစ်ခါတလေပြုးပေမဲ့ ညှိုး ဖနတာက များတယ်. ဘဝတစ် လျောက်လုံး ပျော်ပျာ်ပါးပါး အလုပ်တွေ လုပ်နေခဲ့သူ ။ နှလုူရောဓါ ကုခဲ့တာကလွဲလို့ နောက်ပိုင်းမှာ ကျန်းမာရေးက အများအားဖြင့်ကောင်းနေခဲ့ သူ ကျန်းမာရေးအသိသတိရှိခဲ့သူ ဆရာသမားပါ။
ထမ၏ဆိးချို အနညးငယ် ရှိတယ် ။ ထမ်းစားနည်းတယ် .အရွက်တွေ ရေလုံပြုတ် စားတာများခဲ့တယ် .ပဲနို့ကောင်းကောင်းသောက်ခဲ့တယ် ။ နောက်ပိုင်းတွေတဲ့အခါ ကျန်းမာရေးကိဏတွေ ပြောတာများတယ် ။သူသိတာတွေ ပြောပြတယ်..ဆု့းတဲ့နေ့မှာ သူအိမ် ရာက်စဉ် ကျွန်တော်နဲ့အတူ သူ့မိသားစုဝင် တွေ ရှေ့မှာဘဲ ဆုံးပါးသွားခဲ့ပါတယ် ။

၆။ RIT ကျောင်းနေဘက် သူငယ်ချင်း ၊
ဆည်မြောင်း က နတ္တလင်းသား ကိုအေးသိန်း။

အရင် ၃ နှစ်ခန့်က ဆုံ း ခဲ့ တဲ့ RIT သူငယ်ချင်းကျောင်းနေဘက် ကိုအေးသိန်းလဲ မမျော်လင့်ဘဲ ရုတ်တရက် ကွယ်လွန်သွား ခဲ့ရရှာ တယ် ။
သူလဲ နှလုံး ရော ဂါ အခံ ရှိပုံရပါတယ် ။
ဆည်မြေ င်းမှာ ညွှန်/မှူးနဲ့ပင်စင်ယူပြီး ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှာ လုပ်နေခဲ့တယ် ။

၇။
RIT ကျောင်းနေဘက် သူငယ်ချင်း ၊ ကိုသောင်းရွှေ .

RIT ကျာင်းနေဘက် နောက်တစ်ယောက် ကိုသောင်းရှေ ွ လဲ Heart Attack နဲ့ ဘဲ ချက်ခြင်း ကွယ် လွန်ခဲ့ရတယ် ။
ဓေါက်၇ိုက်ကပြန်လာပြီးအိမ် အရောက်မှာ ရုတ်တရက် ဆုံးခဲ့ရှာတယ်. ။ ၁၉၇၂ ကျောင်းဆင်းပြီးစ ပုသိမ်.မုံရွာလမ်း အုတ်ရျစ်ပင် ကမ္မ အပိုင်း လမ်းအူကြောင်းရှာဖွေ တိုင်းတာရေးမှာ အတူလက်တွဲလုပ်ခဲ့ကြတယ်။

၈။
ဇနီးဖြစ်သူရဲ့ အစ်ကိုအရင်း ဦးသန်းဝင်း ။

အမျိုး အဆွေထဲက
ယောက်ဖတော် ဦးသန်းဝင်း တစ်ယောက်လဲ ဒီလိုဘဲ မန္တလေး မှာ ရုတ်တရက် ချက်ချင်းကွယ်လွန်ခဲ့ ဘူးတယ် ။
မန္တလေးသူ့နေအိမ်မှာ အိမ်သာသွားရင်း အိမ်သာထဲမှာ ရုတ်တရက် ကွယ်လွန်ခဲ့တယ်။

မမျော် လင့်ဘဲ တိုက်ခိုက်တတ်တဲ့
နှလုံရောဂါ က ကြောက်စရာပါဘဲ ။
နှလုံးပြသနာနဲ့အတူ၊နှလုံး သွေးကြောနဲ့
ဦနှောက် သွေးကြောတွေ ပိတ်တာ ပေါက်တာတွေ ဖြစ်ပြီး
ရုတ်တရက် လေဖြတ် / အသက် ဆုံး ပါးခဲ့ကြတာတွေ များလိမ့် မယ်လို့ ထင်မိပါတယ်။

,စာရင်း ချုပ်လိုက်ရင် အထက်မှာ ဆွေးနွေးခဲ့ သလို အသက်ညာဏ်စောင့် ရုံနဲ့ မပြီးသေးဘဲ လူ့ ဘဝရဲ့ အတိတ် နဲ့ ပစ္စုပ္ပန် ရဲ့ ကံ ကံ ၏ အကျိုးဆက်တွေအရ ဖြစ်ပျက်ပြောင်းလဲ နေတော့ မှာပါဘဲ လို့သာ မှတ်ယူ ရပါတော့မယ် ခင်ဗျား ။

အေးမြင့် ( ညောင်တုန်း )
၉ သြဂုတ်လ ၂၀၁၇

၉။ ဆည် မြောင်းက စာရေးဆရာ ဦးဘုန်းတင် ။

ဦးဘုန်းတင် က ဖြည့်စွက် အကြံပြုပေးတာကလဲ လက်ကိုင် ထားဘို့ လိုလာပြန် တယ် ။

၁၀ သြဂုတ်လ ၂၀၁၇ ဦးဘုန်းတင် မှတ်ချက် ပေးခဲ့တာ ။
ကံ ကံ ၏အကျိုးဆက် ဆိုတာလက်ခံပါတယ် သို့သော် သတိတရားလက်ကိုင်ထားဖို့တော့လိုမယ်ထင်ပါတယ် ကျေးဇူးပါSE

( ဆည် မြောင်းမှာ ရှားရှားပါးပါး ပေါ် ထွက်လာခဲ့တဲ့ ဆည် မြောင်း အကြောင်းစာတွေ များစွာ ရေးသားခါ လူထုပညာပေးခဲ့တဲ့ ဆည် မြောင်း ညွှန်ကြားရေးမှူး စာရေးဆရာ ဦးဘုန်းတင် ခင်ဗျာ ၊ပင်စင် အနားယူပြီး စာတွေ ကောင်း ကောင်းရေး နေတုန်း အသက် ၆၀ ကျော် အရွယ် ကောင်းချိန် မှာ ကွယ် လွန်သွားခဲ့ရရှာ ပြန် ပါတယ် )

အေးမြင့် ( ညောင်တုန်း )
၁၁/ ၈/၂၀၂၂

ရည်ညွှန်း .
Myint Thein Facebook post
10 August 2017

၁၀ သြဂုတ်လ ၂၀၁၇
ဦးမြင့် သ်ိန်း က
ဒီနေ့မှာဘဲ FB ပေါ််မှာ စာရေး နေပြီ။
သူ့ FB မှာ နှလုံးစက် ပုံ ကို ပြလာတယ်
စက်နဲ့ နှလုံး ရှင်သန် အလုပ်လုပ်နေရတာကလဲ
မလွယ်ပါလား။