www.facebook.com/groups/2823264514562208/permalink/3319971531558168/
တွေးမိ တွေးရာ ၊
ရေးမိ ရေး ရာ ( ၁၁၉ )
ခလေး လူကြီး တွေ အားလုံး ၊
ပျော် ပျော် နေတတ်ကြတဲ့
မြန်မာလူမျိုးတွေ ။
ဟောင်း ခဲ့ ၊ ကောင်းခဲ့တဲ့ခေတ် တွေ မှာ ပါ ။
မြန်မာ့ ရီုးရာ ပွဲလန်းသဘင်တွေ ရှိခဲ့တဲ့နိုင်ငံ။
မြန်မာ့ရီုးရာ ခလေးကစား နည်းတွေလဲ ရှိခဲ့တဲ့နိုင်ငံ။
မြန်မာ့ရိုးရာ အငြိမ့်သဘင် ၊ ဇာတ်ပွဲတွေ၊
မြန်မာ့ရိုးရာ စောင်းနဲ့အတူ၊မြန်မာ့ဆိုင်းဝိုင်းကြီး တွေ၊
မြန်မာ့ရိုးရာဂီတ၊မြန်မာ့ရိုးရာ ပန်းချီ ၊ မြန်မာ့ အနုပညာတွေ၊
မြန်မာ့ ရီုးရာ သံစဉ် သီချင်းတွေပါ ရှိခဲ့တဲ့နိုင်ငံ။
ကိုယ်ပိုင် မြန်မာ စာပေ ထွန်းလင်းပြောင်ခဲ့တဲ့နိုင်ငံ။
စာ ပေ တွေ ဖတ်မှတ်လေ့လာသူတွေလဲရှိနေဆဲနိုင်ငံ။
မြန်မာ့ရိုးရာ ယဉ် ကျေးမှု သမိုင်းကောင်းတွေ ရှိခဲ့တဲ့နိုင်ငံ။
၁၂ ရာသီပွဲ လန်း သဘင် တွေ၊
ရွာတွေမှာ အလှူ အတန်း တွေချိမ့် ချိမ့်သဲ လုပ်ခဲ့ကြတာတွေ ၊
ရွာတွေမှာဥပုဒ် နေ့တွေမှာ ဘုရားသွား ကျောင်းတက် သီတင်းသီလ ဆောက် တည် နေခဲ့ကြတဲ့ ရွာသားတွေ ၊
နေရာတကာ မှာ လွတ်လပ် ပျော်ပါး စွာ
သွားလာ လှုပ် ရှား နေကြသူ တွေ။
ကိုယ့်အလုပ် ကိုယ် လုပ်ပြီး ၊
ကိုယ့် ဘဝကို ယ် ၊ရုန်းကန်လှုပ် ရှား နေကြသူတွေ ၊
အလွှာ ပေါင်းစုံ က ရိုးသားသူ လူတန်းစာ တွေ ။
အနာဂတ်ရဲ့သားသယ် ၊သမီးငယ် ခလေးတွေမှာလဲ
ပျော် ပျော် ပါးပါး လွတ် လပ်စွာကစားနေနိုင်ကြတဲ့အချိန်တွေ
အားလုံးက
လွတ်လွတ်လပ်လပ် ,ပျော် ပျော် ပါးပါး နေ တတ်ကြတဲ့ ၊
မြန်မာ လူမျိုးတွေပါ။
ချစ်စရာ မြန်မာ့ဓလေ့ ၊
မြတ်နိုးစရာ ကောင်းတဲ့ မြန်မာ့ ဓလေ့ စရိုက် ကောင်း တွေပါ။
မြန်မာပြည် အဝှမ်း မှာ၊
တောင်းတန်းဒေသ ၊ မြေပြန့်ဒေသ ၊
တောရောမြို့ပါမကျန် ရှိခဲ့တယ် ။
ဗုဒ္ဓအဆုံးအမ တွေအောက်မှာ ၊
ဘာသာတရားလဲကိုင်းရှိုင်းကြတဲ့ မြန်မာလူမျိူးတွေပါ။
ကမ္ဘာပေါ်မှာလဲ
မြန်မာလူတော်တွေ အများအပြားထွန်းပေါ်ခဲ့သေးတယ် ။
ပြည်တွင်းမှာလဲ
နေရာစုံ ၊ ဘာသာရပ်စုံ ၊ အနုပညာ နယ် ပယ် စုံမှာ လဲ
လူတော် လူကောင်း တွေ များစွာ ထွက်ပေါ်ခဲ့တယ် ။
ပညာတတ် လူ တော် တွေရှီခဲ့တယ် ။
အချို့ လူတော် ၊လူတတ် ၊လူကြီး တွေ ၊သက်ကြီးရွယ် အို တွေ
ယ နေ့ထိ ရှိ နေကြဆဲ။
နိုင်ငံအတွက်
လွမ်းမောစရာတွေပါ။
အေးမြင့် ( ညောင်တုန်း )
၆/၈/၂၀၂၂
ရည် ညွှန်း။
Facebook post ရဲရင့် အောင် 28 July 2022
ရှေးခေတ် မြန်မာ ပုံရိပ်များ ။
(ခု တော့ ဖုန်း ေ တွ အစားထိုးသွား ပြီ )