တွေးမိ တွေးရာ ၊
ရေးမိ ရေးရာ ( ၁၁၈ )
( အနုပညာ ဂီတ ရေးရာ )
ဆောင်းရယ် ၊နှင်းရယ် ၊ကိုယ့်ချစ်သူရယ် ၊
တောင်ကြီးနေ ဆည်မြောင်းလက်ဦးဆရာ
ဆရာသမားဆီ အလည်အရောက်သွားခဲ့ ရင်း ၊
ကျွန်တော့် အကြိုက်ဆုံးသီချင်းတစ်ပုဒ်ကို
ဆရာ သမားက တီးပြီး လက်စွမ်းပြခဲ့တယ် ။
ခုတော့ဆရာသမားမရှိတော့ပါ။
၂၀၂၁ ဇူလိုင် လထဲမှာ ကိုဗစ်နဲ့ဆုံးပါးသွားခဲ့ရပါတယ်။
တစ်နှစ်ပြည့်ပြီ။
ဆရာသမားရဲ့ အနုပညာ လက်စွမ်းကို ကျွန်တော်က အမှတ်တရ ဗိဒီယိုရိုက်ကူးထားခဲ့တယ်။
ချင်းတောင်မှာ ဆည်မြောင်းတာဝန်ကျစဉ်က ကျွန်တော် တစ်နှစ်လုံးလုံး Yamaha organ အသေးလေးနဲ့ ရုံးကပြန် ရင် ချင်းတောင် အအေးတောထဲ ညဘက် အိမ်မှာ တစ်ယောက်ထဲ နေရင်း အတီး ကျင့် ခဲ့ တဲ့ သီချင်း ပါ။
တစ်နှစ်တိတိ ကြာမှ သံစဉ်အမှန် နဲ့ အတီးရခဲ့တယ် ။
တစ်ယောက်ထဲ ထပ်တလဲလဲတီး၊သံစဉ်နဲ့လိုက် တဲ့
ခလုတ်ကိုရှာ ၊ရရင် ၁/၂/၃ ရေးမှတ်ထား။ရာသီအေးအေးနဲ့ အထြားအလုပ်မရှိ လို့ အားရင် ၊အချိန်ရရင်
တစ်ယောက်ထဲပျင်းနေရင် လေ့ကျင့်တီးခဲ့တယ် ။
သီချင်းတစ် ပုဒ်လုံး တီးတတ်ဘို့ တာဝန်ကျခဲ့စဥ်
တစ်နှစ်အတွင်း
မိမိဘာသာတစ်ယောက်ထဲ ဂီတသင်္ကေတ စာတွေဖတ်ခါ
ဆရာမပါလေ့ကျင့်ရင်း တီးခဲ့တာ ၊
တစ်နှစ်အကြာမှာ တီးတတ်သွားတယ်။
ခုတော့မတီးတတ်တော့ပါ ။
အနုပညာပန်းချီဂီတတွေက လဲ အမြဲ လေ့ကျင့်နေမှ သာ ၊
ဆက် လုပ်လို့ ရတာပါ ။
မချိန်မပေးနိုင်တော့ ၊ မရတော့ဘူး။
မီတ်ဆွေတွေ နဲ့ တွေ့ ပွဲ ဆုံပွဲတစ်ချို့မှာ သီချင်းဆိုခိုင်းရင်
စာဖတ် ပြီး လိုက်ဆို နိုင်တဲ့ ၊
ကျွန်တော်တို့ခေတ်က ကိုသနိးလှိုင် တို့ တွံတေး သိန်းတန်တို့ စန္ဒယားချစ်ဆွေတို့ တစ်တွေ သီဆိုခဲ့တဲ့ တစ်ပုဒ်တည်းသော ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ် တေး သီချင်း ပါ။
ကျွန်တော် က ခုချိန်ထိ သီချင်း တွေ နားထောင် ရတာ သာ ၊
ဝါသနာ ကြီးနေတာ ။ သီချင်းမဆိုတတ်ဘူး။
ဆည် မြောင်းဌာန မှာ အလုပ်စတင်ဝင် ခဲ့တဲ့ ၁၉၇၄ မေလ ၁၅ ရက် နေ့ မှစ လို့၊ ဆရာသမား နဲ့စတင် တွေ့ ခဲ့ချိန်မှ သည် ၊ ၂၀၂၁ ခုနှစ် ဇူလို င် လလယ်ခန့်မှာ ဆရာသမားကိုဗစ်ဖြစ် နေစဉ် ကွယ်လွယ် ခါ နီး တစ်ပတ်ကျော် ခန့် မှာ ကျွန် တော် အဝေးမှာ ရောက်နေတာတောင်ဆရာသမားနဲ့ အဆက်အသွယ် ရှိနေခဲ့ပါတယ်။ အဲဒီအချိန်ထိ ဆရာသမား က ကျွန်တော့ကို စကားကောင်းကောင်းလှမ်းပြောနေခဲ့သေးတယ် ။
ဌာနက ပင်စင်ယူပြီးခဲ့ကြသော်လဲ ကျွန်တော် နဲ့အမြဲအဆက်အသွယ် ရှိ နေခဲ့ပါတယ်။ မကွယ် လွန်မီ လပိုင်းတွေမှာတင် ကွန်ပြူတာ အတွက်အချက် စိတ်ဝင်စားတဲ့ ဆရာသမားက
ကျွန် တော် တို့ခေတ် ၁၉၈၀ ဝန်းကျင် ဆည် မြောင်း စပါးစီမံကိန်း (၁ ) ကာလတွေကသုံးခဲ့ကြတဲ့ သူ့ထံ မှာရှီနေသေးတဲ့
Hp scientific calculator C 11 model ကို ခေတ္တပေးသုံး ခဲ့သေးတယ် ။သူသတိတရနဲ့ ပြန် ပြော လို့ ပြန်ပို့ပေးခဲ့ရသေးတယ် ။တွေလိုက်ရင်လဲ စကားတွေပြောလို့မကုန် ပါဘဲ၊
အသက်တွေကလဲကြီး ။ တောင်ကြီးမှာ နားနေရာကနေ ၊
ရန် ကုန်မှာဆေးလာစစ် ဆေး လာကုရာက၊ ရန်ကုန်က တောင်ကြီးထက်သာတယ် ဗျာ ၊ဆေးစစ် ဆေးကုရတာကောင်းတယ် ၊တောင်ကြီးမပြနိသေးဘူးလို့ ကျွန်တော့်ကို ပြောခဲ့သူ ဆရာပါ။
ကိုဗစ်တွေဖြစ်လာကြတော့ ၊ အသက်ကြီးလို့ ရောဂါ အခံ ကလဲရှိ နေတော့ အိမ်မှာ ဘဲ ဆရာဝန်နဲ့တိုင်ပင်ခါ ကိုဗစ်ဘေး အတတ်နိုင်ဆုံး ကုသ ကာကွယ် နေတဲ့ကြားက ဆုံးပါး သွားခဲ့ရပါတယ်။မဆုံးခင်က မကြသေးလတွေက ဂရန်းဟံသာ ဆေးရုံမှာ ၂ ကြိမ် ခန့် ဆီး ရောဂါ အတွက် တက် ရောက် ကုသ ခဲ့ ရသေးတယ်။ ကောင်းသွားပါ တယ် ။
ဆည် မြောင်းမှာ ရှိ နေစဉ် ဆရာသမားလက် အောက် မှာ လုပ်ခဲ့ရတဲ့အလုပ် တွေ က မေ့မရနိုင်စရာ တွေပါ။
ခုတော့ ဘယ်သူမှမလွန်ဆန်နိုင် တဲ့ ဘဝသံသရာ ခရီးကို ဆရာသမား ဆက်လက်ထွက်ခွါသွားခဲ့ပါပြီ ။
ဆရာသမား ကောင်းရာ ဘုံဘဝမှာ ရောက် နေပါစေ။
အေးမြင့် ( ညောင်တုန်း )
၆.၈/၂၀၂၂
ရည် ညွှန်း
Facebook post 23/September /2016
ဆရာသမားရဲ့
ဆောင်းရယ် နှင်းရယ် ကိုယ့် ချစ်သူရယ်
စန္ဒယား တီးကွက်၊ လက်သံ ဗီဒီယို ။