မြန်မာပြည်မှာ ဆည်တမံတွေ၊ရေလှောင်ကန်တွေ ဆောက်ဘို့ လိုေသးသလား ။

တွေးမိတွေးရာ၊

ရေးမိရေးရာ ( ၁၁၂ )

( ဆည် မြောင်း လောက )

လူမှုကွန်ယက် ဖေ့စ်ဘွတ်ကြီးရဲ့ကျေးဇူး .၊

ဟောင်း ပေမဲ့ ကောင်းလို့ ၊မှန်နေလို့ ၊ ပြန်ပေါ်လာတယ်။

ကြာခဲ့ပါ ပြီ ။

။ေခတ် ေ ဟာင်း၊ကောင်းချိန်များက ၊

ဆည် ေ မြာင်း လောက နှင့်ပတ်သက်၍၊

တစ်ချိန်က ဆည် ေ မြာင်း သား နှစ် ဦးရဲ့ အမြင်နဲ့ ၊

အ ေ တွး၊ အရေး တွေနဲ့ ၊

ေ ဆွး ေ နွး အကြံပြုတင်ပြ ချက်များ။

ဖြစ်ပါတယ် ။

Facebook က ခေတ်တစ်ခေတ်ရဲ့ သမိုင်းကို

ပြန် ေ ဖါ်ပေးလို့ ပြန် သိရပါတယ် ။

အေးမြင့် (ညောာင်တုန်း)

၁၄/၇/၂၀၂၂

ရည် ညွှန်း ၊

၁.။ U Aye Myint/ Facebook post 14/7/2020

၂။ Myo Tun /Facebook post. 13 July 2016

၃။ kyawoo.com

ရေဖူလုံရေးတွင် အရေးပါသည့် ရေသိုလှောင်နိုင်မှု (8 July 2022 )

၄။ ayemyint.blog

မြန်မာနိုင်ငံမှာ ၊ရေလှောင်တမံတွေ ၊ဆည် တွေ ၊ထပ်ဆောက်ဘို့ လိုသေးလား.။

၁။ U Aye Myint/ Facebook post 14/7/2020

ကြာတော့ကြာခဲ့ပါပြီ

ကျွန် တော့် အမြင် ။

မြန်မာ့ စိုက်ပျိုးရေးနဲ့

ဆည်မြောင်း အခန်း ကို

အဖြစ်မှန်သိဘို့ အရေး ၊

ပြောကြတာတွေ အားလုံး စာရင်းဇယားကိန်းဂဏန်းအချက်အလက်တွေ စနစ်တကျ ကောက်ယူ လေ့ လာ သုံးသပ်နိုင် မှသာ အမှန်ဖြစ်နေတာတွေကို သိရမှာပါ ။ သုံးသပ်နိုင်မှာ ပါ။

အပေါ်ယံ အမြင် နဲ့ ဝါးလုံးနဲ့ သိမ်း ကြုံ း ရမ်းပြော၍မရပါ။

တည်ဆောက်ပြီ းခဲ့့တဲ့ ဆည်တမံ ရေလှောင်ကန်ကြီးတွေ နဲ့ ဆက်စပ်ပြီး မကြာသေးမီက တာဝန်ရှိသူ လူကြီးတစ်ဦး ပြောခဲ့တယ် ဆိုတဲ့ သတင်းအရ

တကယ်ဘဲ ဆည်ကန် ရေလှောင်တမံတွေဟာ

အကျိ ုးမရှိကြတော့ ဘူးလား ။

တည်ဆောက်ပြီ းနောက်ပိုင်း မှာ ၊

ခန့်မှန်းခဲ့သလောက် ရေဝင်နဲခဲ့တဲ့ ဆည်ကန်တွေ အချို့ ရှိခဲ့တာ မှန်ပါတယ်။

တည်ဆောက်ပြီးသမျှ ဆည်ကန်အားလုံးရဲ့ အရေအတွက်

ရာခိုင်နှ ုန်း ဘယ်လောက်ရှိတယ်ဆိုတာ ဘယ်သူသိသလဲ။

မဆိုစလောက် ဆည် အနည်းအကျဉ်းဆည်သေးကလေးတွေမှာ ဖြစ်တတ်တာပါ။

ဆည်တမံ တည်ဆောက် ပြီ း ဖြ စ်သော်လဲ ၊အကြောင်းကြောင်းကြောင့် ဆည်ရေသောက်စနစ်တွေ ကို စနစ်တကျ ပီပြင်အောင် မလုပ်နိုင်တာတွေရှိတာ ၊ သိကြပါသလား ။

နိုင်ငံသစ်မှာ အရေးတကြီး ဦးစားပေး လုပ်စရာတွေများ လွန်းနေလို့့ ဆည်တမံ ရေလှောင်ကန်အသစ်တွေဆောက်ဘို့ ဦးစားမပေးနိုင်သေး တော့ တာ နားလည်လက်ခံပါတယ် ။

ဒါပေမဲ့ တည်ဆောက်ပြီးသား ဆည်ကန် ရေလှောင်တမံကြီးတွေကို ပစ်ပယ်ထားကြတော့ မှာလား ။

ရှေးကနေ ဒီနေ့အထိ

ခေတ်အဆက်ဆက် သူ့့ ခေတ် သူ့ အခါအလျောက် အချိန်ကုန် ငွေကုန် လူအင်အားတွေ အကုန်ခံပြီး ဆင့်ကဲဆင့်ကဲ လုပ်ခဲ့ ကြရတဲ့ ဒေသအလိုက် အကျို ုးပြ ုနေဆဲ ဖြစ်တဲ့ ဆည်မြောင်း ကန်ချောင်း လုပ်ငန်းတွေ ကို စဉ်ဆက်မပြတ် ရေရှည် ဆက်လက် တည်တန့့် ရှင်သန်နေစေ ရေးအတွက် ထိန်းသိမ်း

ပြ ြုပင် ရေးတွေ ကိုရော

နိုင်ငံတော်က ဦးစားပေး တာဝန် မယူကြတော့ ဘူးလား ။

နိုင်ငံ လူဦးရေတိုးနှ ုန်ူ းက ရပ်မနေဘူး ။

စားနပ်ရိက္ခာ လိုအပ်ချက်အတွက် ရေလိုအပ်ချက်ကလဲ ရပ် တန့်မနေဘူး ။

ဒီကြားထဲ ရာသီဥတုတွေကလဲ ဖေါက်ပြန်နေတယ် ။

ဒါကြောင့်လဲ နိုင်ငံမှာ စိုက်ပျိ ုးရေးနဲ့ ဆည်မြောင်းကန်ချောင်းတွေ ရဲ့ ဆက်စပ်ပုံ အဖြစ်မှန်တွေကို ကိန်းဂဏန်း အချက်အလက် စာရင်းဇယားတွေနဲ့ စနစ်တကျ မှန်မှန်ကန်ကန်သိရအောင်နဲ့ နိုင်ငံတော်သစ် ရဲ့ စိုက်ပျိ ုးရေး စနစ်တွေ ဆည်မြောင်းစနစ်တွေ ဖွံ့ဖြိ ုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်လို ADB / UNDP တို့ လို နိုင်ငံတကာ ငွေကြေး အဖွဲ့ အစည်းကြီတွေက ခေတ်သစ် နိုင်ငံတော် သစ်မှာ

ဝင်ကူလုပ်ပေးဘို့ ကြိုးစားနေကြတာ တွေ တွေ ့နေရပါတယ် ။

မကြာမီကထုတ်ဝေခဲ့တဲ့ ခေတ်အဆက်ဆက် ဆည်မြောင်းများ သမိုင်းစာအုပ် အမှတ် (၂ ) အတွက် ကျွန်တော် တွေ့ခဲ့ သုံးသပ်ခဲ့တာ လေးကို ပြန်လည် အမှတ်ရမိလာပါတယ် ။

ဆည်မြောင်းသမိုင်း စာအုပ်။

ကျွန်တော်တို့ဆည်မြောင်းအလုပ်တွေဟာ မျိုးနဲ့ရိုးနဲ့သမိုင်းနဲ့ ချီပြီး လုပ်ခဲ့ ကြတာ ဖြစ်ပါတယ် ရှေးမြန်မာမင်းတွေအဆက်ဆက် လုပ်ခဲ့ ကြတာကိုဘဲ အင်္ဂလိပ် ကိုလိုနီတွေက ဆက်လုပ်တယ် ။လွတ်လပ်ရေးရတော့ ကျွန်တော် တို့ ဘိုးဘေးဆရာ သမားကြီးတွေက သူ့ ခေတ် သူ့အခါ အလျောက် အမြဲ ကြို ပြီး တိုးတက်ပြ ုပြင် ဆောင်ရွက်လာခဲ့ ကြတာဖြစ်တယ် ။

ဒီနေ့ဆိုရင် ဆည်မြောင်း လုပ်ငန်းတွေ သေ သွားရင် နိုင်ငံလဲ သေသွားမှာ မလွဲပါဘူး။

ရာသီ ဥတုဖေါက်ပြန်မှုတွေကို အံတုပြီး ရေရအောင် ရေမကြီးအောင် လုပ်နေကြတာ ဆည် မြောင်း အဖွဲ့တွေပါ။

လူတွေအတွက်စားနပ်ရိက္ခာ ဆန်ရေစပါ းထုတ်လုပ်မှ ု မှာ ရေမပါဘဲ လုပ်လို့မရပါဘူး။

ရေဟာ လူတွေအတွက် အသက်ပါ။

ရေကို ထိန်းကြောင်း စီမံ ကွပ်ကဲနေတဲ့

ဆည်မြောင်းက ရေ အင်ဂျင်နီယာတွေဟာ

နိုင်ငံ သစ် တည်ဆောက်ရေး မှာ

ရှေ့ တန်း နေရာ က ရှိနေကြရမဲ့ ပညာရှင်တွေပါ။

သမိုင်းနဲ့ ချီပြီး ဆည်မြောင်းလုပ်ငန်းတွေ အရေးပါပုံ ကို

သိစေလိုတဲ့ စေတနာ နဲ့

ဆရာ ကြီး ဒေါက်တာ တို း လှ ပြ ုစု ပေးနေတဲ့

မြန်မာ နိုင်ငံ ဆည်မြောင်း များ သမိုင်း စာအုပ်တွေကို

လူထု လက်ထဲ ရောက်အောင်

ဆည်မြောင်း အင်ဂျင်နီယာတွေ လက်ထဲရောက်အောင်

ကျွန်တော်က ဝိုင်းကူ လုပ်ပေးနေပါ တယ်။

ဆည်မြောင်းသမိုင်း အမှတ် ၂ အဖြစ်

စလင်း ( မင်းဘူး ) ခြောက်ခရိုင် ဆည်မြောင်း သမိုင်း

မကြာခင် ထွက်နိုင်အောင် ကြိုးစားနေပါတယ်. ။

ဆရာကြီးရဲ့ ဆည်မြောင်း သမိုင်း စာအုပ်ထဲက

အချက်တစ်ခုကို ဆွဲ ထုတ်ပြပါရစေ။

” မြန်မာရာဇဝင်တွင် ဆည်မြောင်းများဖေါက်လုပ်ပေးခဲ့သော မင်းများသည် ပြည်သူချစ်သော မင်းများ၊

ဘုန်းတံခိုးကြီးသော မင်းများဟု

ပြည်သူ တို့က ခံယူ ခဲ့ ကြသည်။”

ဆည်မြောင်းနဲ့ ပြည်သူ ၊

ပြည်သူ နဲ့ အစို းရ၊

အစိုး ရနဲ့ ဆည်မြောင်း ၊

ခွဲ ခြားမရပါဘူး။

မိခင်ဆည်မြောင်းဌာန

ခေတ်နဲ့ အညီ ခေတ်မီတိုးတက် ပြောင်းလဲရေးကို

မျော် မှန်း လျက်-

ဆွေးနွေး အကြံပြု တင်ပြသူ

အေးမြင့် ( ညောင်တုန်း )

၁၄/၇/၂၀၂၀

ရည် ညွှန်း။

မျိုးထွန်း / Facebook post ( 13 July 2016)

၂။ Myo Tun /Facebook post. 13 July 2016

ဒုဝန်ကြီးဒေါက်တာ ထွန်းဝင်း၏ မှတ်ချက်စကားနှင့်ပတ်သက်၍

ဤ ဒီမိုကရေစီခေတ်ကြီးတွင်

လူတိုင်းက မိမိတို့ဖြစ်လိုသော မိမိတို့ဆန္ဒကို

ဖော်ပြပြောဆိုခွင့့်ရှိကြရာ

နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တစ်ယောက်ပြောဆိုသော စကားသည် အကြောင်းအရာတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ မလေ့လာမဆန်းစစ်ပဲ ပြောဆိုမှုများမှာ

ယနေ့ ပွင့်လင်းမြင်သာသောခေတ်ကြီးတွင် မရှိသင့် တော့ဟု ထင်မြင်ယူဆမိပေသည်။

ဒု ဝန်ကြီးက ပထမ ေ်ပြာလိုသော အကြောင်းအရာမှာ ယခင်က လည်း ဤ ပမာဏ သာ နိုင်ငံခြားသို့တင်ပို့နိုင်သည် ၊ ယခုလည်း ပမာဏတူ သာ တင်ပို့နိုင်သည်၊

ထို့ကြောင့်ဆန်စပါးထုတ်လုပ်မှု ပမာဏ မတိုးတက် ဟု ယူဆ၏။

အထက်ပါ စကားရပ်နှင့်ပတ်သက်၍ ရှင်းပါအံ့။

ယခင်ဟု ဒု ဝန်ကြီးညွှန်းဆိုသော အချိန် နှင့်

ယခု အချိန်အတွင်း မြန်မာပြည်ရှိလူဦးရေတိုးတက်လာသည် ကို ဒု ဝန်ကြီး သိပါ၏လော၊

သိခဲ့ပါမူ ယင်းတိုးတက်လာသော လူဦးရေ ပမာဏ သည်

တိုးတက်ထုတ်လုပ်သော ဆန်စပါးတို့ကို

မစားသုံးပဲနေမည်လောဟု မေးလို၏။

ရှင်းဦးအံ့ ။

မြန်မာ ပြည်မှ ပြည်ပသို့တင်ပို့ရာ ပမာဏသည်

စာရင်းဇယားအမှန်ဟု မည်သူအာမခံနိုင်သနည်း။

အခြားတစ်ဘက်မှလည်းစဉ်းစားကြည့်ကြပါဦးစို့။

မြန်မာပြည်မှ အခြားနိုင်ငံများသို့ ဆန်စပါးတင်ပို့ရာတွင်

မြန်မာပြည်ရှိ ပိုလျှံ ဆန်စပါးဟူသမျှ

အခြားနိုင်ငံများက ဝယ်သည်ဟု များယူဆသလော။ မဟုပ်ပါ ။ ဆိုင်ရာနိုင်ငံများက သတ်မှတ်ထားသည့်စံချိန် စံညွှန်း နှင့်ကိုက်ညီမှသာဝယ်ယူ ကြပေလိမ့်မည်။

ထို့အပြင် နိုင်ငံကြီးများ၏ စီးပွားရေးပိတ်ဆို့ အရေးယူမှူကြောင့် [ သို့] မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေနှင့် မြန်မာ ကုန်သည်များအား နိုင်ငံတကာ မှ ယုံကြည်အသိအမှတ်ပြုမှူ မရ သေးသ၍

မြန်မာကုန်ပစ္စည်းများ နိုင်ငံတကာစျေးကွက်တွင် မျက်နှာပန်းမလှ ရောင်းကောင်းလိမ့်မည် မဟုပ်ပေ။

ဥပမာ

အာရှမှ ဆန်ထွက်နုန်းကောင်း၍ အရည်အသွေး

ကောင်းမွန်သော ဗီယက်နမ်ဆန်နှင့် ထိုင်းဆန်တို့သည် အမေရိက ၊ အာဖရိကသာမက တစ်ကမ္ဘာလုံးသို့ စျေးကွက်ဖြန့်ကျက်ထားသဖြင့် ၊ မြန်မာပြည်ထွက်ဆန်တို့မှာ အရည်အသွေး မယှဉ်နိုင်သည်ကတစ်ကြောင်း၊ စျေးကွက်ရပြီးသူတို့နှင့် မယှဉ်နိုင်သည်ကတစ်ကြောင်း၊ နိုင်ငံတကာအလယ်တွင် နိုင်ငံရေးအရ အယုံအကြည်မရှိ သည်ကတစ်ကြောင်းတို့ကြောင့် အဘယ်မှာ ပိုမိုရောင်းချတင်ပို့ရမည်နည်း။

ဤကိစ္စမှာ ဤ မျှရေးလျှင် သာမာန် လူတစ်ယောက်ပင် နားလည်နိုင်သောကြောင့် မရှင်းတော့ပြီ။

ဤ မျှမက ဥပမာ များဖြင့်တင်ပြ နိုင်ပါသေးသည်။

သို့သော်စာ ရှည်မည်စိုးသဖြင့် ဤမျှရှိစေတော့။

နောက်စကားရပ်တစ်ခုမှာ

ဆည်တစ်ခုတည်ဆောက်ထားသော်လည်း၊

ဤ ဆည်မှာ စိုက်ဧက များတိုးတက်ခြင်းမရှိဟု

ဆိုလိုရာရောက်၏။

မိုးတွင်းလည်း ရေမပေး နွေလည်းရေမရ ဟုဆိုသည်မှာ ဆည်တစ်ခုမှ ဘာစိုက်ပျိုးရေမှမပေး ဟုဆိုလိုရာ

ရောက်ပေသည်။

ဤ စကားရပ်အား ဥပမားများဖြင့်ရှင်းပါအံ့။

မြန်မာပြည်သည် ပဒေသရာဇ် ခေတ်မှစ၍ ၊ ကိုလိုနီခေတ်ပါမကျန် ဆည်မြောင်းကန်ချောင်းတို့ကို တည်ဆောက်လာခဲ့ရာ ဤ ဆည် မြောင်းကန်ချောင်းတို့၏ ကျေးဇူးတရားကား မြန်မာပြည် ၏ စိုက်ပျိုးရေးလောကကို ကျေးဇူးပြုခဲ့သည်မှာ

နှစ်ပေါင်း ရာချီ ကြာမြှင့့်ခဲ့လေပြီ။

မြန်မာပြည်ရှိဆည် မြောင်း ကန် ချောင်းဟူသမျှ

စိုက်ပျိုးရေ ပေးဝေနိုင်သည် ဟုကျွန်ုပ် မဆိုလို ပါပေ။

ဤ မှာဘက်ခေတ်ကြီး၌ ဆည်ထဲ ရေရှိ ရုံနဲ့ [

စိုက်ပျိုးရေပေးဝေနိုင်ပါရက်နဲ့ ]

မပေးဝေပဲ ထားရဲသော ဝန်ထမ်းမရှိတော့ပြီ။

အဘယ်ကြောင့်နည်းဟူမူကား၊

တစ်ဆိတ်ရှိ online ပေါ်တက်၍ ဝိုင်းဆဲကြသောကြောင့် ၊

ဆိုင်ရာ လူကြီးများကလည်း တောင်သူများအရေးကို [ ဝါ ] လူထု၏အရေးကို အထူးရှေးရှူသော ခေါတ်ဖြစ်သောကြောင့်

ပြည်သူငြိုငြင်လျင် အစိုးရမင်းများကလည်း မကြည်ဖြူသည်ကို သိကြလျက် ရှိသမျှရေ ကို ဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်းဆေင်ရွက်လျက်ရှိကြသည်ကို သိရှိသင့်လှပေသည်။

တခြား နည်းအားဖြင့် တင်ပြရလျှင်

ဆည်ထဲရှိရေသည် ဝန်ထမ်းများ အကုန် သောက်ပစ်၍မရ ၊ ဆည် ရေသောက်ဧရိယာရှိ တောင်သူများအတွက်သာတည်း၊ အစိုးရမင်းများအား VIP visit အတွက်လည်းမဟုပ်ပါပေ။

ဆိုင်ရာ စကားရပ်များနှင့်ပတ်သက်၍

ဒုဝန်ကြီးအားတင်ပြလိုသည်မှာ

ဥပမာ သဖန်းဆိပ်ရေလှောင်တမံ မတည်ဆောက်မှီ နှင့် တည်ဆောက်ပြီး ဆည်ရေသောက်ဧရိယာများတွင်

စိုက်ပျိုးထုတ်လုပ်မှူ ပမာဏ တိုးတက်လာပါ၏လော၊ ဟု

ဆန်းစစ်သင့်လှ၏။

ဤသို့ဆန်းစစ်ရာတွင် ဆန်စပါးသာမဟုတ် ,

အခြားသီးနှံ များကိုလည်း ဆန်းစစ်ရပေမည်။

သို့မဟုပ် ပါက တစ်နိုင်ငံလုံး အတိုင်းအတာအရ

ဆည်များမတည်ဆောက်မှီ နှင့် တည်ဆောက်ပြီးအခြေအနေတို့ကို နှိူင်းယှဉ်၍ ဆန်းစစ်သင့်လှပေသည်။

သို့ရာတွင် ယခင့်ယခင်က ရာသီဥတုနှင့် ယခုခေတ်ရာသီဥတုအခြေအနေတို့ကွဲပြား သွားကြောင်းကိုကား

အကျဉ်းချူံ းနားလည်မှသာ

ဆည် ကန် မြောင်း များ၏ ကျေးဇူးကို သိရှိနိုင်ပေမည်။

မြန်မာပြည်ရှိ ဆည်မြောင်း တာတမံများ၏

ရေပေးဝေရေးစနစ် ၊ မိုးတွင်းတွင် မည်သို့ရေပေးဝေသည် ၊

နွေတွင်မည်သို့ရေပေးဝေသည် မည်မျှ အကျိုးရှိသည်ကို သက်ဆိုင်ရာ ဆည်မြောင်းကန်ချောင်းအလိုက်

ဆိုင်ရာဝန်ထမ်းများနှင့် ဆည်ရေသောက်တောင်သူများ၏ အခြေအနေ ၊၄င်းတို့၏ အကျိုးခံစားခွင့် ခံစားချက်များကို ကွင်းဆင်းလေ့လာ ဆန်းစစ့်၍ သိရှိမှသာ

မီဒီယာများသို့ချပြသင့်သည်ဟု ယူဆပါကြောင်း

ဤဒီမိုကရေစီခေတ်ကြီးတွင်

မိမိတို့ဌာနကိုယ်စား ပြန်လည်ချေပရေးသားရပေသည်။

လေးစားစွာဖြင့်

မျိုးထွန်း