အောင်ဆန်းစုကြည် ရဲ့ အရည်အချင်း ( ၁၀ ) ခု

မှတ်ဖွယ် မှတ်ရာ

စာပဒေသာ ။

အောင်ဆန်းစုကြည် ရဲ့ အရည်အချင်း ( ၁၀ ) ခု

မြန်မာပြည်မှာ ပေါ်ခဲ ၊ ရခဲတဲ့

ထူးချွန် ထူးခြား ထက်မြက် သူ တစ်ယောက် ။

သူ့ ဖခင် ဗို လ် ချုပ် အောင်ဆန်း လိုဘဲ၊

တစ်ခေတ်မှာ တစ်ယောက် သာ ပေါ်လာခဲ့ သူ ။

ယိုယွင်းနေတဲ့ နိုင်ငံ ကို အတတ်နိုင်ဆုံး ပြင်ဘို့ကျိ ုးစားနေတာ ၊

မကူညီရင် နေ မနှောက်ယှက်သင့်ကြဘူးလို့့မြင်ပါတယ်။

အတ္တ နည်းပြီး ပရများတဲ့ ဒီလိုခေါင်းဆောင်နောက်

ကို မှ မလိုက်နိုင်ကြတာ အံ့သြစာရာကောင်းနေတော့တယ်။

မျိုးဆက်သစ်တွေရဲ့ နိုင်ငံအနာဂတ် ကောင်းစားရေး အတွက် ကမ္ဘာ့ နိုင်ငံတွေနဲ့ ယှဉ်နိုင်အောင်

ကိုယ်နိုင်ရာဝန်တွေကို နိုင်ငံအတွက် ပူးပေါင်းပါဝင် ကူညီ လုပ်ဆောင်သင့်ကြ ပါတယ် ။

လွတ်လပ်ရေးရပြီး ဒီမိုကရေစီ ခေတ် ရဲ့ အရသာ ကို ပြည်သူတွေ ၁၀ နှစ်ကျော် ကျော် ခန့် သာ ခံစားစံစား

ခဲ့ ပြီးတဲ့နောက် နှပေါင်း ၅၀ ခန့် အကြာ မှာ တိုင်းပြည်ဟာ ကမ္ဘာ နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် အဘက်ဘက် က အောက်ကျ နောက်ကျ ရောက်သွား ခဲ့ရတယ် ။

ကိုယ့်ခေတ် ကိုယ့်ကာလမှာ ကိုယ် သင့်လျော်သလို ကောင်းမယ်ထင်တာ တွေလုပ် ခဲ့ ကြပြီးဖြစ်လို့ ၊

့သူ့ခေတ် သု့ အခါမှာ သူလဲ သူ ကောင်းမယ်ယူဆတာတွေ ကို လုပ်ခွင့်ပေးသင့်ပါတယ် ။

သူတော့ သူ့ ပညာနဲ့ရင်းပြီး လုပ်သွားမယ် လို့ ၎ှတ် ယူ ပါတယ် ။

နိုင်ငံ အရေး နိုင်ငံ ဖွံ ု့ဖြိ ုးတို းတက်ရေး တွေ အတွက်ပါ ။

နိုင်ငံ တွင်းနေ ပြည်သူလူထု တွေ တိုင်းရင်းသားတွေ အားလုံး အတွက်ပါ ။

ရည် ညွှန်း

Facebook post မြန်မာ့ သတင်းထူး ၊ သတင်းဦးများ ( 6 Feb 2017 )

အောင်ဆန်းစုကြည် ရဲ့ အရည်အချင်း ( ၁၀ ) ခု

———

ဒီစာကိုဖတ်ပြီး ကြက်သီးတောင် ထမိပါတယ်။

မူရင်းရေးသူကို ကျေကျေနပ်နပ်ကြီးCredit ပေးပါတယ်

ဒေါ်အောင်ဆန်းစုကြည် ရဲ့ အရည်အချင်း ( ၁၀ ) ခု

၁။ ဘာသာစကား

————————-

မြန်မာလူဦးရေ သန်း ၆၀ စလုံး အင်္ဂလိပ်စာ ကျွမ်းကျင်နေဖို့ မလိုပါဘူး။ ဂျပန် ထိုင်း တရုတ် တို့မှာလည်း ပြည်သူတိုင်း အင်္ဂလိပ်စာ မကျွမ်းကြပါဘူး ။ သို့သော် နိုင်ငံအုပ်ချုပ်သူ ခေါင်းဆောင်များ လူကြီးများ ကတော့ vocabulary, pronunciation, intonation, tone, grammar, usage, က အစ ကျွမ်းကျင်နေရမှာပါ။ ဒါမှ နိုင်ငံတကာနဲ့ ဆက်ဆံလို့ အဆင်ပြေမှာပါ။ ဒီအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိတယ်။

.

၂။ ဗသုသုတ

———————

…. something special, everything normal ဆိုတဲ့ စကားလို အရာရာသော ရှုတ်ထွေး ကျယ်၀န်းလှသော ပြသနာ ကိစ္စကြီးငယ်တွေကို အကြမ်းဖျဉ်း (မှန်ကန်စွာ) ခြုံငုံ ဆင်ခြင်နိုင်သော အထွေထွေ ဗဟုသုတနဲ့ အရေးကြီးသော အကြောင်းအရာတွေကို အဂတိတရား မပါ အမြင် ကြည်လင် မတိမ်း မစောင်း စေ့ငုသေချာ ဂဃနဏ သိဖို့လိုပါတယ်။ ဒီအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိတယ်။

.

၃။ ရုပ်ရည်

—————–

….လူတိုင်းဟာ ရုပ်ရှင်မင်းသား မင်းသမီးလို ချောမော လှပ နေစရာ မလိုပါဘူး။ သို့သော် နိုင်ငံခေါင်းဆောင် ဆိုတာ လူဘုံအလယ်မှာ တင့်တယ် ခန့်ငြား ကျက်သရေ ရှိသော မျက်နှာမြင် ချစ်ခင် လေးစား

လောက်သော (ဒီခေါင်းဆောင်ဟာ အတွင်းစိတ် ကောင်းပါ့မလား..ဟု သံသယ လုံး၀ မရှိနိုင်လောက်သော) မျက်လုံး နှုတ်ခမ်း နဲ့ မျက်နှာ သွင်ပြင််ရှိရပါမယ်။ အ၀တ်အစား အရောင် ဒီဇိုင်း ရွေးချယ်မှု ကိုယ်နေ လှုပ်ရှားဟန်များ ကလည်း ခန့်ငြား တည်ငြိမ် မ ဟော့ရမ်း မ ကလက်ပဲ အဆင့်အတန်း ရှိ နန်းဆန်ရပါမယ်။ ဒီအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိတယ်။ ဒါတောင် အသက်ကြီးသွား လို့။

ခုနေများ ၅၀ ကျော်လောက်ဆို ကောင်းလေစွ။

.

၄။ ပညာ

————–

……တက္ကသိုလ်က ရတဲ့ဘွဲ့မှ ပညာလို့မပြောနိုင်ပါဘူး။ လူမှာ အတတ်ပညာ အသိပညာ နှစ်မျိုး မျှတစွာ ရောစပ်နေဖို့လိုအပ်တဲ့ နေရာမှာ နာမည်ကျော် ကမ္ဘာ့တက္ကသိုလ်ကြီးက နိုင်ငံေ၇း ဆိုင်ရာ ဘာသာရပ်မှာ ရခဲ့တဲ့ ဘွဲ့အပြင် နိုင်ငံတကာမှာ လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံများနဲ့ ရေးသားခဲ့တဲ့ စာအုပ်များစွာ၊ ရောက်လေရာမှာ လေ့လာ ဆည်းပူးတတ်တဲ့ အကျင့်၊ အိမ်မှာ အကျဉ်းကျနေစဉ် ဖတ်ရှုခဲ့တဲ စာအုပ်များစွာကြောင့် ဒီ အရည်အချင်းလည်း ဒေါ်စုမှာ ၁၀၀% ရှိတယ်။

.

၅။ သီလ သမာဓိ

————————–

.နိုင့်ငံခေါင်းဆောင် ဆိုတာ သာမန်ပြည်သူလို သီလ မလုံ တရား မရှိ နေချင်သလို နေ မရပါ။ ကြံဖန်ပြောရရင် ဒေါ်စုဟာ လူမျိုးခြားကို လက်ထပ်ခဲ့ခြင်းက လွဲလို့ ဘာမှ အပြစ်ပြောစရာ မရှိအောင် ဘ၀တလျှောက်လုံး နေထိုင်ခဲ့သူ ဖြစ်ခြင်း ၊ (လူမျိုးခြား ဆိုပေမဲ့ ဒေါ်စုအား ချစ်ခင်လေးစား တန်ဘိုးထား နားလည်ပေးတတ်တဲ့ ပညာရှိတဲ့ မိမိနှင့် သားများ ကိုပါ ဗုဒဘာသာသို့ ပြောင်းလဲခဲ့နိုင်တဲ့ ခင်ပွန်းကောင်း ဖြစ်ပါတယ်။) အိမ်တွင်း အကျဉ်းကျစဉ် ဝိပသနာ တရားအားထုတ်မှုကို မပြတ် လေ့ကျင့်ပွားများခဲ့ခြင်း ဆရာတော်ကြီးများရဲ့ အဆုံးအမကို မပြတ်ခံယူခြင်း တို့ကြောင့် ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိပြန်ပါတယ်။

.

၆။ သတိ

—————

…သာမန်လူတိုင်းဟာ မနော ၀စီ ကာယကံများကို အချိန်နဲ့အမျှ ပြုနေကြရာမှာ အမှတ်တမဲ့ သတိ ကင်းမဲ့လျက်နဲ့ အမှားများစွာ ပြုပြော တွေးနေမိတတ် ပါတယ်။ ဒေါ်စုရဲ့ အမူအရာ စကားလုံး ကိုယ်နေ ဟန်ပန် တို့ကို ကြည့်ပါ။ ထိုင်နေလျှင် ခါးစန့် ခါးမတ် ၊ ဦးခေါင်းကို မတ် ၊ ပျင်းပျင်း ရိရိ ကျောကို မမှီ ၊ ဒူးကို ဘယ်တော့မှ မချိတ် ၊ မိန့်ခွန်းများ ပြောရာမှာ မည်သည့် ဘာသာစကားကို ပြော ပြော လေသံ အတက်အကျက မမြင့်လွန်း မနိမ့်လွန်း မနှေးလွန်း မမြန်လွန်း ၊ ပျာယာမခတ် ။ ရှူးရှူး ရှဲရှဲ မရှိ ။ မှားလို့ပြန်ပြောရသည် ဆိုသည် မရှိသလောက်ရှား ။ ဒါက သတိကပ်နေခြင်းရဲ့ သက်သေ ။ အသံကလည်း ပီသ ၊ မျက်နှာ အမူအရာက တည်သင့်လျှင် တည် ရီသင့်လျှင် ရီ ပြုံးတန်ပြုး ထုံပေပေ ပေါတောတော စပ်ဖြဲဖြဲ ဘယ်ခါမှ မရှိ ။ သည်လောက် မအားသည့်ကြားက အ၀တ်အစား ဘိုသီ ဘတ်သီ မရှိ။ ဒါကြောင့် သတိ ဟူသော…ထိုအရည်အချင်း ဒေါ်စုမှာ

၁၀၀% ရှိပြန်ပါတယ်။

.

၇။ အသံ

—————–

….. အဆိုတော်များ တမျိုးစီ အသံကောင်းကြပါတယ်။ သီချင်း မဆိုလည်း အသံကောင်းသူ များစွာ ရှိပါတယ်။ ဒါပေမဲ့ လူတိုင်းရဲ့ အသံများမှာ အရောင်လေးတွေ ပါကြပါတယ် ။ အားငယ်သံ မောက်မာသံ အထက်စီးသံ မာနသံ ကြွားဝါသံ ပညာရှိသံ ပညာမဲ့သံ ရိုးသားသံ မြို့ပြသံ ကျေးလက်သံ ဟန်ဆောင်သံ တရားသံ ဆရာကြီးသံ…ပွဲစားသံ ..ထုံထိုင်းသံ..ပျင်းရိသံ…စသဖြင့်။ နိုင်ငံခေါင်းဆောင်၏ အသံကတော့ ပညာရှိသံ ပြတ်သား တိကျသံ ရိုးသားဖြူစင်သံနဲ့ တိုင်းသားပြည်သူများ အပေါ် မေတ္တာ စေတနာငွေ့ လွှမ်းခြုံနေတဲ့ အသံဖြစ်ရပါမယ်။ ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိပြန်ပါတယ်။

.

၈။ မျိုးရိုး.

————-

…ဘယ်လောကမှာမဆို အောင်မြင်လာမဲ့သူဟာ ရှေ့က မျိုးရိုးရှိချင်မှ ရှိမှာပါ။ မျိုးရိုးရှိတိုင်းလည်း ဆက်ခံတဲ့ သား သမီး မြေး မြစ် က အဖြစ် ရှိချင်မှ

ရှိမှာပါ။ ဗိုလ်မင်းရောင် ဗိုလ်ချုပ်အောင်ဆန်း စတဲ့ သတ္တိပြောင်တဲ့ မျိုးရိုးကို ထိန်းသိမ်းနိုင်တဲ့ သွေးနဲ့ မျိုးရိုး အရည်အချင်းမျိုး အကိုမှာတောင် မရှိဘဲ

ဒေါ်စုမှာသာလျှင် ၁၀၀% ရှိပြန်ပါတယ်။ အင်မတန် မြန်မာဆန်ပြီး အနေအထိုင် လိမ်မာ ကျစ်လျစ်တဲ့မိခင် ဒေါ်ခင်ကြည့်ရဲ့ သွန်သင် ဆုံးမမှု ဟာလည်း မြန်မာဆန်တဲ့ သတ္တိရှိ ရဲရင့်တဲ့ သမီးကောင်းလေးကို ပေါ်ထွန်းစေခဲ့တာဟာ ငြင်းမရပါဘူး။

.

၉။ စွန့်လွှတ်အနစ်နာခံသော စိတ်

————————————————

နေက္ခမ္မ ပါရမီ လို့ပြောရင် လွန်မလား မသိ။ တိုင်းပြည်ကို ခေါင်းဆောင်မဲ့သူဟာ ပုဂ္ဂိုလ်ရေးရာ family / personal ခံစားချက်တွေကို အတတ်နိုင်ဆုံး လျစ်လှူရှုနိုင်ရပါမယ်။ မိမိဘ၀နဲ့ အချိန်တွေ စိတ်အာရုံတွေကို နိုင်ငံနဲ့ ပြည်သူအတွက် ပေးဆပ်နိုင်ရပါမယ် ။ ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိကြောင်းကတော့ မိန်းမ တစ်သန်းမှာ တယောက် တွေ့ရနိုင်ခဲ့တဲ့ ခင်ပွန်းနဲ့ သားတွေရဲ့ ဘ၀ အဆင်ပြေမှုတွေကို လုံးလုံးလျားလျား လျစ်လျူရှုခဲ့တဲ့ ဒေါ်စုရဲ့ စိတ်ထားမျိုးကတော့ အထူးပြောစရာ မလိုတော့ပါဘူး။

.

၁၀။ မေတ္တာ

—————–

….. သတ္တလောကကြီးကို ထိန်းချုပ်ပြောင်းလဲနိုင်စွမ်း ရှိသော အရာဟာ စစ်မှန်တဲ့ မေတ္တာပါပဲ။ မိမိ မိသားစု၀င် သုံးယောက် သန်းပေါင်း ၆၀ သော လူသားတွေ အတွက် မေတ္တာကြီးစွာ ထားခဲ့သူပါ။

မေတ္တာတရားနဲ့ ပြည့်၀လွှမ်းခြုံနေတဲ့ မျက်နှာမျိုး လူတိုင်းမှာ မတွေ့နိုင်ပါဘူး။ ထို အရည်အချင်း မေတ္တာဓါတ်မျိုး ဒေါ်စုမှာသာ ၁၀၀% ရှိကြောင်း ဦးနှောက်မှန်တဲ့ လူတိုင်းရဲ့နှလုံးသားက ခံစားလို့ရပါတယ်။

ပြောခဲ့တဲ့ အချက် (၁၀) ချက်အပြင် အခြားများစွာသော ထူးခြား အရည်အချင်းများနဲ့ ပြည့်စုံတဲ့ ဒေါ်စုနဲ့ တူညီပြည့်မှီတဲ့ အခြား မြန်မာအမျိုးသမီး တဦးဦး မရှိနိုင်ပါဘူး။ တခုတူရင် တခု လိုနေမှာပါ။

.

ဒ ါ့ ေ ကြ ာ င့်…..

မြန်မာနိုင်ငံ ရှေ့ရေးအတွက် ဦးဆောင်ရမဲ့ နှစ်တရာတခါ ပေါ်ပေါက်ခဲတဲ့ မရှိမဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် သည်လောက်တောင်

သဲသဲလှုပ် ချစ်ကြ လေးစားကြ ချီးကျူးကြ တသသ တရွရွ တမမ တဖွဖွ ဖြစ်နေကြတဲ့ လူတွေ လုံး၀ မလွန်ပါဘူး ။ ကျနော်အခုလို ထင်မြင်ရေးသားမိတာလည်း မလွန်ပါဘူး… ဒေါ်စုကို ချစ်ရင်လေးစားရင် ချစ်နေယုံနဲ့ မပြီးပဲ မိမိတို့ရောက်ရာနေရာတိုင်းမှာ ပြတ်သားရဲရင့် ထက်မြက် တည်ငြိမ်စွာ မြန်မာလူမျိုး သိက္ခာ ထိန်းကြပါ လို့ ရဲရဲကြီးပြောရင်း..

Credit – အောင်ခိုင်

ES