တွေးမိတွေးရာ ၊
ရေးမိရေးရာ ( ၁၁၀ )
( ရှေးရှေးက ညောင်တုန်းမြေ )
သာသနာ့ရောင်ဖုံး၊မြို့ရွှေဒုံး၊
မွေးရပ်ဌာနေ ၊ညောင်တုန်းမြေ က
ညောင်တုန်းမြို့နယ် အသင်း( ရန်ကုန် )
ညောင်တုန်းသူညောင်တုန်းသားများ။
လွတ်လပ်ရေး မရခင်ကတည်းက ရန်ကုန်မှာ
မြို့နယ် အသင်းတွေဖွဲ့ကြတဲ့အထဲမှာ
၁၉၃၉ ခုနှစ်မှာ အစောဆုံး’စတင် တည်ထောင်ခဲ့ တဲ့၊
မြိ့နယ် အသင်း တည်ထောင်ခဲ့တာ
သက် တန်း၁၀၀ ပြည့် ရန် ၁၇ နှစ် သာ လို တော့ တဲ့ ,
ညောင်တုန်းမြိ့နယ်အသင်း ( ရန်ကုန် ) မိတ်ဆွေများ အတွက်၊
ေမွး ဌ ာနေညောင် တုန်း မြို့ အတွက်
အမှတ် တရ ေ တွ ရှိနေတယ် ။
ညောင်တုန်းမြို့ရဲ့သာသနာ ၊
ေရွှ ဟ င်္သာတော ရ စာသင်တိုက် ကြီး၊
သက်တမ်း ၁၀၀ ေကျာ် ခဲ့ ပြီ။
ညော င် တုန်းမြို့ မှာ နှစ် စဉ် ပြု လုပ်လာခဲ့တဲ့
သုဓမ္မာ ပရိယတ္တီ ပါဠိ ပထမပြန် မေးပွဲ ကြီး လဲ
မကြာခင်က အနှစ် ၁၀၀ ပြည့်ခဲ့ ပြီ ။
စာပြန်ပွဲကြီးနဲ့အ တူ ေမွး ဖွား ခဲ့တဲ့
ညောင်တုန်း ေ စျး ေ ကျာင်း တိုက်က ဆရာတော် ကြီး
ဦး ဩသဓာ ဘီဝံသ ဆရာတော်ကြီးလဲ
မကြာသေးခင်က သက်တော် ၁၀၀ ပြည့် ခဲ့ ပြီ ။
သက် ရှည် ကျန်းကျန်း မာမာ ေတွ့ နေရလို့ ၊
ဝမ်းသာ ကြည်နူး ရပါ တယ် ။
ကျွန်တော်တို့ခေတ်က ညောင်တုန်းမြို့ အရှေ့ ပိုင်းအစိုး ရမူလတန်းကျောင်းက ကျောင်းအုပ်ဆရာကြီး ။ ဆရာလေးဦးမြသွင် ရဲ့သားကြီး ၊ ညောင်တုန်းသား သန်းနိုင် ရဲ့ ကျေးဇူးနဲ့ Facebook group ( ညောင်တုန်းမြို့နယ်အသင်း (ရန်ကုန် ) အဖွဲ့ထဲဆွဲသွင်း ထည့် ပေး ထား လို့ ၊ ကိုယ့်မြို့ကညောင်တုန်းသတင်းလေးတွေနဲ့ အတူ ၊ ငယ်ရွယ် ခဲ့ ကြတဲ့ ၊ခုတော့ အဖိုးအရွယ် တွေ ဖြစ်နေကြတဲ့ ညောင်တုန်းက သန်းနိုင် တို့ အဖွဲ့သားတွေ ၊မိတ်ဆွေတွေ နဲ့ မကြာ ခန တွေ့နေရတော့ ကြည်နူးရပါတယ် ။
ညောင်တုန်းပြန် ရောက် နေ သလိုလဲ ခံစားရပါတယ် ။
ကျွန်တော်တို့အရွယ် တန်းတွေက ညောင်တုန်းမှာ နည်းသွားပြီ ။
ညောင်တုန်းကိုတစ်နှစ်တစ်ကြီမ် မဖြစ်မနေ သွားဖြစ် အောင် ၊
ကျွန်တော် တမင်ဖန်တီးလုပ်ထားခဲ့တာရှိတယ်။
ညောင်တုန်းအရှေ့ ပိုင်းရပ်ကွက်က မင်္ဂလာဘုန်းကြီးကျောင်းနဲ့
ညောင်တုန်း အရှေ့ပိုင်းက ညောင်တုန်းကျွန်းတာကြားမှာ
ေရှး ငယ်စဉ် ခလေးဘဝ ၁၉၄၉- ၁၉၆၀ ခေတ်တွေ ကာလ မှာ ကတည်းက ၊ဘုရားဟောင်းအပျက်တစ်ဆူရှိခဲ့ဘူးတယ်။ ခြုံတောထဲဖုံးကွယ် နေခဲ့ တယ် ။အစောင့်ရှိသလို လို အရှေ့ပိုင်းသားတွေ သိခဲ့ ကြတယ် ။
၁၉၇၄ ခုနှစ်ဝန်းကျင် ၊မိမိတို့မောင်နှံ ၊အိမ်ထောင်ကျစ
အချိန်တွေမှာ
အဖိုးတွေ ဘကြီးတွေအဒေါ်တွေရှိစဉ်က
ခြံုတောကြီးကို ရှင်းခါ ၊
ဘုရားကိုပြန်ဖေါ်ပြီး
အသစ် ပြုပြင် တည် ထားကိုးကွယ် ခဲ့ကြတယ် ။
အရှေ့ ပိုင်း ရပ်ကွက် ၄၁ လမ်းထိပ် က
ရှေးခေတ် ဘောလယ် ဓမ္မာ ရုံကြီး နောက်မှာ ရှိတဲ့
ဘုရားဝင်းထဲမှာ ၊ ဗုဒ္ဓနေ့ ကဆုန်လပြည့်နေ့မှာ
ထီးတင်ပွဲကြီး ချိမ့်ချိန့်သဲသဲ လုပ် ခဲ့တယ် ။
ဘကြီးရဲ့သားအစ်ကိုလေးနဲ့ ကျွန်တော်တို့က
ရုပ် ရှင် ဝါ သနာ ကြီးကြသူတွေမို့၊
အကိုကလဲ သူ့ ကိုယ်ပိုင် ၁၆ မီလီမီတာ ရုပ် ရှင် ပြစက်ရှိနေလို့
ညောင်တုန်းထီးတင်ပွဲကို ယူလာ ပြီး ၊
ထီးတင်ပွဲ ညမှာ
ကျွန်တော်တို့လူငယ် ဘဝ က နိုင်ငံတကာ ဗဟုသုတရဖွယ်
၁၆ မီလီမီတာဖလင် ရုပ် ရှင် ကားပိုင်းတိုလေးတွေကို ပြတယ် ။ လူငယ်တွေ ခလေးတွေ
ကျိတ်ကျိတ်တိုးနဲ့ သဘောကျလိုက်ကြတဲ့ဖြစ်ခြင်း။
ဘုရား ပွဲ မှာဆိုင်းနဲ့လဲဧည့်ခံခဲ့သေးတယ် ။
ရှေး က ၂၀ ရာစု ခေတ် ၊ ညောင်တုန်းမှာကျွန် တော်တို့ခေတ်
ခလး ဘဝ ၊တွေက ပျော်စရာ
လူငယ် ကျောင်းသားဘဝ ၊ ပညာသင်နေစဉ်ဘဝ တွေမှာလဲ
ပတ်ဝန်းကျင်က ငြိမ်းချမ်းချမ်းနဲ့
အခြေခံပညာတွေကောင်းကောင်းသင်ခဲံ၇ဝယ် ။
ဆရာကြီးတွေကလဲ
အနာဂတ် မှာလူကြီးတွေဖြစ်လာမဲ့ ၊၊
အနိာဂတ် နိုင်ငံကို ဦးဆောင်သွဦးကြမဲ့၊
တပည့်တွေ ပညာတတ်ဘို့
စေတနာအပြည့် နဲ့ သံန်သင် ပြသပေးခဲ့ကြတယ် ။
ဘဗန့ ကျွန်ဝါ်တို့ဒီဘဝ အဗခြအနေတွေရောက်နေကြရတာ
ငယ်စဉ်ကဆရာ၊ဆရာမ တွေရဲ့ ကျေးဇူးက ကြီးမားလှပါတယ် ကျွန်တော်တို့ခေတ်တွေမှာ
ပညာရေးစနစ်တွေကောင်းခဲ့တယ် ပြောနိုင်ပါတယ် ။
ပညာတတ် တွေ လူတော် တွေ အများအပြား ၎ေွးဖွားပေးနိုင်ခဲ့တယ် ပြောလို့ရပါမယ်။
ယနေ့ ခေတ် ၊ ၂၁ ရာစု နှစ်မှာတော့ ,
လူကြီး သူမတွေ၊ ဆရာသမားကြီးတွေအားလုံး၊
ဘယ်သူမှ မရှိကြ ေတာ့တဲ့နောက်မှာ ၊
ကျွန်တော်တို့ညီအကို မောင်နှမ တွေကြီးလာတော့ ၊ရန်ကုန်မှာ အကုန် ရောက်ကုန်ကြတယ်။ မိသားစုတွေ မြေးတွေနဲ့ဖြစ်နေကြပြီ ။
ကျွန်တော် အသက် အကြီးဆုံး ဖြစ်လာတဲ့လူကြီးလုပ်သူကဘဲ စတင် ဆော်ဩခဲ့ လို့ ၊
ညောင်တုန်းက အဖိုးတွေအဒေါ်တွေလက်ထက်က
ဘုရားဟောင်းတစ်ဆူကို ပြုပြင် တည်ဆောက် ထားခဲ့ပြီး ၊ ကဆုန်လပြည့်နေ့မှာ ရပ် ကွက်ထဲမှာ ချိန့်ချိမ့်သဲထီးတင်ပွဲလုပ်ခဲ့တဲ့ဘုရားကို
နှစ်စဉ် နှစ်တိုင်း ကဆုန် လပြည့်နေ့ရောက်တိုင်း
ကျွန်တော်တို့သွားခဲ့ကြတယ် ။
ကဆုန်လပြညိ့နေ့တိုင်း ဆွမ်းကြီးလောင်းအလှူပွဲ ကို
နှစ်စဉ် လုပ်ဖြစ်နေ ခဲ့ပါတယ် ။
ဘုရားပတ်ပြီး ဆွမ်းကြီးလောင်း ပွဲလုပ် တယ် ။
အရှေ့ ပိုင်းရပ်ကွက်ထဲက လူကြီးသူမတွေ လာပြီး
ဘုန်းကြီးဆွမ်း လောင်း ပွဲ မှာ အလှူဒါနလုပ်ကြပါတယ် ။
အရှေ့ပိုင်း ကဘုန်းကြီးကျောင်းကြီးတွေ အားလုံးဖိတ် တယ် ။
အရှေ့ပိုင်းမူလတန်း ကျောင်းက ကျန်ရှိနေသေးတဲ့ ဆရာမ၊အဖွားအရွယ် ဆရာမ ဒေါ်စုစု ကို သူ့ ခလေးတွေနဲ့ အတူ ၊ ဘုရား ပွဲ ကို အမြဲလိုလိုလာတာ တွေ့ခဲ့ ရပါတယ် ။
အုတ်ကျောင်းတိုက်ကြီး အသစ်ဖြစ်နေတဲ့
မင်္ဂလာကျောင်းတိုက် ကြီးထဲမှာ ဘုန်းကြီးတွေကို
အရှေ့ ပိုင်း ရပ်ကွက်သားတွေ
စုပေါင်းဆွမ်းကပ်အလှူ လုပ် ကြတယ် ။
ရောက်လာတဲ့ ပရိသတ်တွေကိုလဲ နံနက်စာ နဲ့ ဧည့်ခံတယ် ။
ရပ် ကွက်ထဲ က ညောင်တုန်းသူညောင်တုန်း သားတွေ ကို အားရဝမ်းသာစွာ တွေ့ရပါတယ် ။
ဟိုတုန်းကခလေးအရွယ် တွေ ၊လူ ငယ် တွေ က ၊ယခု လူကြီးတွေ ဖြစ်နေကြပြီ ။
တွေ့ရင် မမှတ်မိတော့ပါ၊
အထူးသဖြင့် ကျွန်တော်ငယ်စဉ် ခလေးဘဝမှာ
၃၈ လမ်းနေ ဒေါ်ကြီး ဒေါမြရင် ၊ဆရာဦးစောမောင်တို့ ၊
အစ်ကို ဝင်းမောင် ၊ အမကြီး ဒေါ်သန်းမေ မိသားစုတွေ က တီတီတာတာ ခလေး ငယ် ကျွန်တော့်ကို ချစ် ကြလို့ ၊
ဘယ် သူခေါ်ခေါ် လိုက်တတ်တဲ့ ကျွန်တော့်ကို ၊
အဒေါ်ကြီး ဒေါ်မြရင် ကဘဲ
ကျွန်တော့်ကို ကြံုတိုင်း “ လို့ နာမည်ပေး ပြီး ၊
ကျွန်တော့်ကို သူတို့ အိမ် မှာ မကြာမကြာ ခေါ် ထား ၊
ကြွေး ထား ခဲ့ဘူးတယ် ။
ဘယ်သူခေါ ခေါ် ကြံု ရာ ကျပန်း လိုက်တတ် တဲ့ ခလေးငယ် ၊ ကျွန်တော့် ကိုချစ်ကြလို့ ခေါ် ထားကြတယ် ။
အဲဒီအချိန် ကျွန့်တော့်မှာ ကလဲ၊ ဘဝပေးကံကြမ္ဗာကြောင့် ၊ ဖတစ်ဆိုး၊အဖေမရှိ တဲ့ခလေးငယ် ၊
ဘာမှမသိတတ်သေးတဲ့အရွယ် ။
အဖေ့ မေတ္တာ၊,အမေ့ မေတ္တာတွေ ကောင်းကောင်းမခံစားခဲ့ရလို့ထင်တယ် ၊
ရပ်ကွက်ထဲကလဲ ဖတစ်ဆိုးခလးငယ် ကို ၊
သနားလို့လားတော့မသိ ၊ ချစ်လို့ ခေါ်ကြတဲ့အခါ
ဘယ် သူခေါ်ခေါ် ကျွန်တော် က လို က်သွား နေတတ် တယ် လို့ ကျွန်တော် ကြိးလာတဲ့အခါ အတူနေ အဒေါ်တွေက
ကျွန်တော့်ကို ပြောပြကြပါတယ် ။
ကျွန်တော်ခလေးဘဝ မှာ အဖိုးတွေ ၊အဒေါ်တွေနဲ့
အမြဲ အတူနေခဲ့ ပြီး လူငယ် ကျောင်းသားဘဝ ကို
ရုန်းကန် ဖြတ်သန်းခဲ့ရပ့ါတယ် ။
ခုအခါ ၊
သက်ကြီးရွယ် အိုတွေ ၊အဖိုးတွေ ၊အမေနဲ့၊အဒေါ်တွေ ၊
ဆရာသမားတွေ အား လုံး မရှိ ကြပြီးတဲ့နောက် ၊
အဖိုးအရွယ် ရောက်နေတဲ့ကျွန်တော် ၊
ညောင်တုန်း ရောက် တဲ့အခါ၊
အဖွားအိုအရွယ် ရောက်နေတဲ့ အမကြီး ဒေါသန်.မေ ကို
တွေ့ရတဲ့အခါ အနုပညာဝါသနာပါတဲ့၊ အသဲနုတဲ့ ကျွန်တော် ၊ မျက်ရည် စို့ခဲ့ရပါတယ် ။
ရောက်တဲ့အခါတွေ့တိုင်း ဂါ ရဝပြုပါတယ် ၊
အဖွားအရွယ် ဒေါ်သန်းမေ က အိမ်မှာ တစ်ဦးထဲနေစဉ် ၊
အခု တော့ ကျန်းမာရေးအလွန် ချို့ ယွင်းနေတယ်
ကြားနေရပါတယ် ။
ရန်ကုန်မှာနေတဲ့ သူ့မောင် ၊ပညာရေးဌာနရုံးကြီးတစ်ခုမှာ
လုပ်ခဲဲ့တဲ့ အကိုဝင်းမောင်လဲ ဆုံးသွားခဲ့ပါပြီ ။
အသက်တွေ ရ နေကြပြီဖြစ်တဲ့ ကျွန်တော်တို့ မောင်နှစ်မတစ်တွေ ၊ ကဆုန်လပြည့်နေ့တိုင်း ညောင်တုန်းသွားပြီး ,နှစ်စဉ်လိုလို ဘုရားပွဲ သွား လုပ် ဖြစ်ခဲ့ကြပါတယ် ။
ညောင်တုန်းကိုသွားဖြစ်အောင် ကြိုးစားအားထုတ်ခဲ့တာပါ။
ခုတော့ ကိုဗစ်ကြာင့် မလုပ် ဖြစ်၊မသွားဖြစ် ပြန် တော့ပါ။
ရှေးကတည်းကရှိခဲဲ့ တဲ့ မင်္ဂလာကျောင်း၊ သစ်သားကျောင်းအိုကြီးကိုလဲ ,၊ ရန်ကုန်နေ အဒေါ် တွေ က ဦးဆောင်ပြီး ၊
စတင် ပြု ပြင်ခဲ့တာ ၊
ညောင်တုန်းသားအလှူရှင်တွေပါလိုက်ပါ လာခဲ့ ပြီး ၊
ထပ်ဆောင်းခါ ၊ဆက်လက် ပံံ့ပိုး လှူကြ ၊
ပြုပြင် တည် ဆောက်ခဲ့ကြတာ
ခုတော့ အုတ်တိုက် ၂ ထပ် ကျောင်းကြီးဖြစ်နေပါပြီ ။
ကဆုန်လပြည့်နေ့ ဘုရားပွဲအလှူ တွေ ကို မင်္ဂလာ ကျောင်းသစ်ကြီးမှာ အမြဲလုပ်ဖြစ်နေခဲ့ပါတယ် ။
ဇာတိမြေ ညောင်တုန်းမြို့မှာ နေခဲ့ ရ တဲ့၊ ဘဝအတွက် အမှတ်တရတွေပါ။
သာသနာ့ ရောင်ဖုံး ၊မြို့ရွှေ ညောင်တုန်း မဟုတ် ပါလား ၊
ညောင်တုန်းမြို့နယ် အသင်းသားများခင်ဗျာ။
တွေးချင်ရာ တွေး ၊
ရေချင်ရာတွေရေး၊
အလုပ်မရှိ ၊ အလုပ်ရှာ ရေးနေတတ်တဲ့၊ကျွန်တော် ။
ကျွန်တော်ရေးနေတဲ့ စာ တွေ ၊
အမှတ်စဉ် ၁၀၉ ၊၁၁၀ ထိ ရောက်နေပါပြီ ။
တိုက်တိုက်ဆိုင်ဆိုင်။
၁၀၉၊၁၁၀ အလုပ် မရှိ ၊ အလုပ် ရှာ ။
အေးမြင့် (ညောင်တုန်း)
၈/၇/၂၀၂၂/ ညနေ ၄ နာရီ ။
( လွန်ခဲ့သော နှစ် ၆၀ ခန့်၊ ၈/၇/ ၁၉၆၂ နေ့ မှာတော့ ၊
နံနက် ခင်း၊ လင်း အားကြီးလူခြေတိ တ်ချိန်မှာ ၊
အနာဂတ် ခေါင်းဆောင်လောင်း ၊
မျိုးဆက်သစ် လူငယ် ကျောင်းသားအများစု တွေ စုဝေးကြရာ ၊
နှစ်ပေါင်း၄၀ ခန့် သက်တမ်းရှိခဲ့ပြီး၊
ဗိုလ် ချုပ်အောင်ဆန်းတို့လို
လူငယ် ခေါင်းဆောင် ေကာင်းတွေ၊
မျိုးဆက်သစ် ပညာတတ် တွေ များစွာ ကို မွေးထုတ်ပေးခဲ့တဲ့၊
ရန် ကုန်တက္ကသိုလ် သမဂ္ဂ အဆောက်အဦကြီး ကို ၊
အမြော်အမြင်မရှိတဲ့ ၊ ပညာမဲ့၊ မသမာသူ လူ မိုက် တစ်စု ရဲ့ လက်ချက်နဲ့
မိုင်းခွဲ အဖျက် အဆီးခံခဲ့ရပါတယ် ။
နှစ်ပါင်း ၆၀ ကြာခဲ့သည့်တိုင် ၊
ပညာတတ် တွေ က မမေ့ကြ သေးတဲ့ ၊
မြန်မာ့သမိုင်းထဲက အဖြစ်ဆိုးကြီးပါ။)
ရည် ညွှန်း ၊
(၁) Facebook post
ညောင်တုန်းမြို့နယ် အသင်း( ရန်ကုန် ) group
( ၂ )
မှတ်ဖွယ် မှတ်ရာ ၊
စာပဒေသာ ( ၁၀၉ )
(မြန်မာ့ သမိုင်း )
သမိုင်းထဲက ၊ မြန်မာ့ သမိုင်း။
“ဆဲဗင်း ဂျူလိုင် မမေ့နိုင်”