ပြည် ပရောက် မြန်မာ တိုင်းရင်းသားများ။ တရုတ်နိုင်ငံ အနောက် တောင် ပိုင်း ၊ယူနန် ပြည်နယ် ထဲက “ဝ” လူမျိုးမျာ ။

youtube.com/watch

တွေးမိတွေးရာ ၊

ရေးမိရေး ရာ ( ၁၀၇ )

( မြန်မာ တိုင်းရင်းသားများ)

ပြည်ပရောက် ဆရာ တစ်ဦး ပိုပေး တဲ့ ၊ တရုတ်နိုင်ငံ အနောက် တောင်ပိုင်း ၊ မြန်မာနိုင်ငံနဲ့ကပ်လျက် ၊ယူနန် ပြည်နယ် ထဲမှာ နေကြတဲ့ “ ဝ “ ကျေးရွာ လေး တစ်ခု အကြောင်း ရိုက်ပြထားတဲ့ ၊ Youtube video ကို အစအဆုံးကြည့်ဖြစ်လိုက်ပါတယ် ။

အတွေး နယ် ချဲ့မိ လိုက်တယ် ။

ဝလူမျိုးတွေက မြန်မာ ပြည် ရဲ့ ၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ၊ ရှမ်းပြည် နယ် အရှေုပိုင်း၊ သံလွင် မြစ် အရှေ့ ခြမ်း ၊ ဒေသတွေမှာ ဒေသခဲံ “အခါ “ တိုင်းရင်းသား လူ မျိုးတွေနဲံ အတူ ယနေ့ တိုင် အများအပြား ရှိနေကြပါတယ် ။

ကျွန်တော်က ကျိုင်းတုံ မှာ နေခဲ့ဘူးတော့၊ ကျိုင်းတုံ ခရိုင်နဲ့ ကပ်လျက် ၊အနားက ယူ နန် ပြည် နယ် ထဲ ကို ရောက်ဘူးခဲ့တယ် ။

နောင် ၊ ဆည် မြောင်း ပင်စင် ယူပြီးနောက် ၊ ( ၂၀၀၉ ) ခု နှစ်နောက်ပိုင်းမှာ ၊ ယူနန်တက္ကသိုလ်မှာ ပြု လုပ်ခဲ့တဲ့ ရေရေးရာ အလုပ် ရုံဆွေးနွေးပွဲ နဲ့သင်တန်း တစ်ခုကို သွားတက်ခဲ့ရင်း၊ ယူနန် ပြည်နယ် ရဲ့ မြို့တော် ကူမင်းမြို့ ကိုလဲ ၊ မြို့ဟောင်း နဲ့ မြို့သစ် ၂နေရာ ကို အလည် ထပ် သွား ခဲ့သေး တယ် ။

မြန်မာနိုင်ငံ ရှမ်းပြည် နယ် အရှေ့ ပိုင်း ၊ ကျိုင်းတုံခရိုင် နဲ့ကပ်လျက်မှာရှိနေတဲ့ ၊ ယူနန် ပြည်နယ် ထဲက ၊ စိဇောင်ဘားနားခရိုင်ရဲ့ မြို့တော် ကျင်း ဟုန် မြို့ ကိုလဲ ၊

ကျိုင်း တုံခရိုင် ဆည် မြောင်းမှာ ( ၁၉၉၂.၉၃ )ခုနှစ် တွေမှာ တာဝန်ကျ စဉ် က ၊တကူးတက အလည် သွားခဲ့ဘူးသေးတယ် ။ အဲဒီမှာ ဝလူမျိုးတွေ ၊ မြန်မာ ပြည် က အခါ လူမျိုးတွေအများအပြားနေကြတာ ကို တွေ့ခဲ့ရတယ် ။

ကျိုင်း တုံအနီး ထိုင်း နိုင်ငံမြောက်ပိုင်း က ချန်ကရိုင်း မြို့ကိုလဲ ကျိုင်းတုံမှာ

နေခဲ့စဉ်က ၊ အချိန်ပေးပြီး အလည် အပတ် သွားခဲ့ဘူးသေးတယ်.။ တာ ချီလိတ် မြိုအနားက မြန်မာ၊ထိုင်း၊ လာအို ၃ နိုင်ငံဆုံ တွေ့ ရာ မဲခေါင်မြစ်ကြီးကိုလဲ တွေ့ ခဲ့ ရသေးတယ် ။ ဆည် မြောင်း မှာ တာဝန်ကျစဉ်က ၊ ထိုင်းနဲ့မြန်မာ ပူးပေါင်းပြီး အဖွဲ့ဖွဲ့ခါ ၊ ထိုင်းမြန်မာ နယ် စပ် မှာ ဆည် တမံတွေ တည် ဆောက်ခါ ဒေသဖွံ့ဖြိုးရေးတွေ လုပ် နိုေရး,အလားအလာတွေအတွက် ညှိ နှိုင်း အစည်းအဝေးတွေ ကို မြန်မာဘက် နဲ့ ထိုင်းဘက်မှာ တစ်လှည့်စီ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးေ တွ တက်ရောက်ခဲ့ ဘူးစဉ် က ၊၃ နိုင်ငံနယ် စပ် ရွှေတြိဂံ နယ် မြေက မဲခေါင်မြစ်ကြီးကို ဖြတ်သန်းခဲ့ဘူးတယ် ။

ယနေ့ ဘိန်း နဲ့နာမည် ကျော် တဲ့, ရွှေ တြိဂံ နယ် မြေ စကား လုံး အသုံး အနှုန်းက ၂၀ ရာစု ခေတ် သစ်မှာ ပေါ်လာတာလို့ မှတ်ပါတယ် ။

ရှေးအခါက ဒီဒေသမှာ အထင်ကရ တြိဂံ နယ် မြေ ၃ ခု ရှိနေခဲ့တာ ကြာပါပြီ ။

ယနေ့ကမ္ဘာ မှာ ဘိန်း နဲ့နာနာမည်ဆိုးနဲ့ကြော် ကြား နေခဲ့ တာ မျိုး မဟုတ် ဘဲ၊

တရုတ် ၊မြန်မာ၊ ထိုင်းနိုင်ငံ နယ် မြေ ၃ ခုထဲက ၊ ခရိုင်မြို့ကြီး ၃ ခု ဟာ ရှေးအခါ က အ ချင်းချင်း ချစ်ကြည် ရင်းနှီးစွာ အတူ ယှဉ် တွဲ နေ ထိုင် ခဲ့ကြ တာ ဖြစ် ကြောင်း ၊ ဒေသခံတွေပြော ပြလို့သိခဲ့ရပါတယ် ။

ဘာကြောင့်ဆို တော့ ရှေး ခေတ် က နိုင်ငံတွေမှာ ၊ နယ် မြေ ဒေသအလိုက် ဘုရင်တွေ၊စော်ဘွားတွေ အုပ် စိုးနေ စဉ် အ ချိန် မှာ၊ ရှမ်းပြည် နယ် မှာကလဲ ရှမ်းစော်ဘွားတွေနယ် မြေ အလိုက် အုပ်ချုပ် နေခဲ့ကြ တယ် ။အိမ်နီးချင်းနိုင်ငံတွေနဲ့လဲ ကူးလူးဆက်ဆံ ခါ ၊ ချစ် ကြည်ရေးတွေလုပ် နေခဲ့ကြကြောင်း သမိုင်းတွေရှိ ခဲ့ကြောင်း၊ ကျွန်တော် ကျိုင်းတုံမှာ ၁၉၉၂/၉၃ ခန့်မှာ တာဝန်ကျစဉ်က လေ့လာသိရှိခဲ့ရပါတယ် ။

မြန်မာပြည် အရှေ့ ခြမ်းက က ၊ သံလွင် အရှေ့ခြမ်း ရှမ်းဒေသ၊ ကျိုင်းတုံဒေသဟာ ၊ ထိုင်း နိုင်ငံ မြောက်ပိုင်းဒေသ နဲ့ အတူ ၊ တရုတိပြည် အနောက်တောင် ပိုင်းက ယူနန် ပြည် နယ် ဒေသတို့ နဲ့က၊ တစ်နိုင်ငဲနဲ့တစ်နိုင်ငံ နှစ်ပေါင်းများစွာ ကတည်းက ကူးလူးဆက်ဆံ နေခဲ့ကြတယ် ၊ ဆက်သွယ် ရေးလမ်းတွေကလဲ သင့်တင့်ကောင်းနေခဲ့ပုံရပါတယ် ။

ဒီတော့ လူမျိုးတွေလဲ အချင်းချင်း ရင်းနှီးကြ၊ ရော နှော နေခဲ့ ကြ ပုံ ရတယ် ။

မြန်မာ နိုင်ငံ ၊ရှမ်းအရှေ့ ဒေသနဲ့ကပ် နေတဲ့ ၊ တရု တ် ပြည် ယူ နန် ဒေသ မှာရော၊ ထိုင်းမြောက်ပိုင်း က နယ် မြေတွေမှာရော ၊ရှမ်းအရှေ့ ဒေသမှာ ရှိကြတဲ့၊ တိုင်းရင်းသား၊ ဝလူမျိုးတွေ ၊ အခါလူမျိုး တွေ လဲ နေထိုင် နေကြတာ ကို ၊ ထိုင်းနဲ့ တရုတ် ယူနန် က ကျေးရွာတွေမှာ ကိုယ် တိုင် တွေ့ခဲ့ရပါတယ် ။

ရှေး ခေတ်က တည်းက ၊ တြိဂံ နယ် မြေ ၃ ခု ရှီခဲ့ ကြောင်း လေ့လာ သီရှိခဲ့ရတယ် ။ ထိုင်း၊ ရှမ်း ၊နဲ့ တရုတ် လူမျိုးတွေနေထိုင်ကြတဲ့၊ နယ် မြေ ၃ ခု ချင်းဆက်နေတဲ့ နိုင်ငံအသီးသီးရဲ့ ခရိုင် ဒေသကြီး ၃ ခု တို့ဟာ ၊အုပ်ချုပ်နေကြတဲ့ စော်ဘွားတွေ၊ နယ် မြေတာဝန်ခံ အုပ်ချုပ်သူတွေ ဟာ ၊ ရှေးနှစ်ပေါင်းများစွာကတည်းက ၊ အချင်းချင်း တနေရာနဲ့တနေရာ ကူးလူးဆက်ဆံမှုတွေရှိခဲ့ကြကြောင်း သိရတယ် ။

နိုင်ငံ၃ ခုရဲ့ နယ် မြေ တွေထဲ မှာ ၊ ယနေ့တိုင် အထင်ကရ ခရိုင်မြို့ကြီး ၃ ခု က ရှေး ကတည်းကရှိခဲ့တယ် ၊

၁။ မြန်မာ ပြည် ၊သံ လွင် အရှေ့ ခြမ်းမှာ ရှိတဲ့ ၊ကျိုင်းတုံ ခရိုင် ၊မြိုတော်၊ကျိုင်း တုံမြို့၊ ( Kengtung / Kyaingtong) ။

၂။ မြန်မာနိုင်ငံနဲကပ်လျက် ထိုင်းနိုင်ငံမြောက်ပိုင်း က၊ ခရိုင် မြို့ တော်တစ်ခုက ချန်ကရိုင်း/ ချင်း ရိုင် မြိုံ ။ ( Chiang Rai )၊

၃။ မြန်မာနိုင်ငံ အရှေ့မြောက်မှာ ကပ်လျက် ရှိနေတဲ့၊ တရုတ် ပြည် ယူနန် ပြည် နယ်ကြီးထဲမှာရှိတဲ့ ရှမ်းမြောက်ပိုင်း ဒေသနဲကပ်လျက်မှာက ၊ စိဆောင် ဘားနားခရိုင် ရဲ့ မြို့တော် ဂျင်းဟုန် မြို့ ( Jinghong ) ,

အထင်ကရ ခရိုင်မြို့ ကြီး၃ မြို့ ရှိနေ ခဲ့ ကြတယ် ။

ရှေး ကတည်းက၊ မြန်မာ သင်္ကြန် ရက်တွေမှာ အိမ်နီးချင်း နိုင်ငံတွေရဲ့ ခရီုင် ကြီး ၃ ခက တာဝန်ခံ အုပ်ချုပ်သူတွေဟာ တစိနိုင်ငံနဲ့တစ်နိုင်ငံ ချစ်ကြည်ရေး အလည် သွား ကြ ပြီး ၊ မြန်မာ့ ရိုး ရာ အတာ သင်္ကြနိပွဲတွေ ဆင်နွဲကြ ၊ လက် ဆောင် ပဏ္ဏာ တွေ ဖလှယ် ကြ၊ ပေးကြနဲ့ တစ်နိုင်ငံနံတစ်နိုင်ငံ က ခရိင် ၃ ခု ဟာ ၊ အချင်းချင်း ချစ်ကြည် ရင်းနှီးစွာ နေခဲ့ကြတယ် လို့ ရှမ်းအရှေ့ ကို ရောက် ခဲ့စဉ် က ၊ ၊ မိတ်ဆွေ တိုင်းရင်းသား အချို့က ပြေပြ ကြ ပါတယ် ။

မိတ် ဆွေ နိုင်ငံ၃ နိုင်ငံက ခရိုင်ကြီး ၃ ခုရဲ့ ၊ ခရိုင် မြိ့တော်ကြီး၃ ခုပါ ၊

ခရိုင်မြို့နာမည် တွေပင်လျင် အသံထွက် တွေ က ဆင်တူရိုးမှား ရှိ နေကြတယ် လို့ ယုဆခဲ့တယ် ။ ကျိုင်း တုံ။ ကြင်းဟုန် ခေါ် ဂျင်းဟုန်။ ချန် ကခရိုင်း ခေါ် ချင်းရိုင် ၊ ဆိုပြီး ကျုင်းတုံမှာရှိစဉ်က မှတ်သား ထားခဲ့ဘူးတယ် ။

ဒီနေ့မှာတော့ နယ် မြေအလိုက် ခရိုင်ကြီး၃ ခုမှာ ရေလ မ်း၊( မဲခေါင်မြစ် ) နဲ့ အတူ ၊ ကုန်းတွင်း လမ်းတွေ ၊ တောင်ပေါ်လမိးတွေမှာ ၊လမ်းပန်းဆက်သွယ် ရေးတွေ အထူးကောင်းမွန်နေကြပါပြီ ။

ဆရာသမား တစ်ဦးပို့ပေး တဲ့ ယူ နန်ပြည်နယ် ထဲက ဝလူမျိုးတွေအကြောင်းကို ကြည့်ရင်း၊

ရှမ်းအရှေ့မှာနေခဲ့စဉ် တွေ့ခဲ့ ကြံုခဲ့၊ ဆုံ ခဲ့ ,သိခဲ့ရ တဲ့ ဒေသခံ တိုင်းရင်းသား လုမျိုးတွေ ကို ပြန် ပြောင်းသတိ ရလိုက်မိပါတယ် ။ ကျိုင်းတုံ မှာ တာဝန်ကျစဉ် ၊ ဒေသခံ ဝလူမျိုးတွေနဲ့အတူ အခါ လူ မျိုးတွေအများအပြားနဲ့ပါ တွေ့ခဲံ့ ၊ ဆုံ ခဲ့၊ သိခဲ့ ရပါတယ် ။

သူများနိုင်ငံမှာက ၊ပညာပေး၊ သတင်းဖြန့်ချိ ရေးစနစ်ကကောင်းတော့ သူတို့အဘို့ ခရီးသွား လုပ်ငန်းတွေကလဲဖွံ့ဖြိုးနေကြတယ် ။ ပြစရာပြော စရာတွေကများတယ် ။ရှာေ ဖွ ပြတတ် ကြတယ် ။

ရှမ်း အရှေ့ မှာ နေ ခဲ့ဘူးစဉ် က ၊ ထိုင်းနိုင်ငဲမြောက် ပိုင်း ရောက်လို့ ၊ခရိုင်မြို့ ၊ ချန် ခရီုင်း မြို့ ထဲက ဟော် တယ် တစ် ခုမှာတည်းခဲ့ဘူးတယ် ။ ဟော် တယ် ဝင်ဝင်ခြင်းထူးဆန်းအံ့ ဩဘွယ် ရာတစ်ခုသတိထားမိခဲ့တာက ၊ ဧည့်ကြို ခန်းမအလည် မှာ မြန်မာ့ စောင်းကောက်ကြီးကို ခုံမြင့်တစ်ခု နဲ့ ကော်ဇောခင်းပေါ်မှာ ဂုဏ်ယူ စရာ တင်ပြထားတာ သွားတွေ့ခဲ့ တယ် ။

သူတို့က အနုပညာကို တနိဘိုးထားတတ်ကြတဲ့ပုံ စံ ။ရှေးဟောင်း မြန်မာ့တူရီယာ

နဲ့ ကမ္ဘာလှည့်ခရီးသည် တွေ ရဲ့ အာရုံ ကိုဆွဲဆောင် ယူ ကြတယ် ။

နောင်မှာထပ် တွေ့ ရ၊ ကြား ရ ၊သိ ရပြန် တာ က ၊ မြန်မာပြည် ထဲက ၊တိုင်းရင်းသားတစ်မျိုးဖြစ်တဲ့ ၊ ကယားပြည် နယ်က ပဒေါင် လူမျိုးတွေ ကို ၊ ထိုင်ငံမှာ ၊ သူတို့တိုင်းရင်းသားတွေအလား ၊ ဝတ်စုံအပြည့်နဲ့ ၊ကမ္ဘာလှည့် ခရီးဿွားတွေကို ပြစား နေကြတဲ့သတင်းတွေ စိတ်မကောင်းစရာ တွေ့ရတယ် ။

လယ် သူစားတမ်း ဖြစ်နေမလားတော့ မသိ တော့ပါ။

ဒီတော့ ညံံ့ သူခံ ။ ကိုယ် ညံံံ့ ကိုယ်ခံ ။

အေးမြင့် ( ညောင်တုန်း )

၆/၇/၂၀၂၂

ရည်ညွှန်း

Youtube video :

Live: Tracing the roots of the Wa ethnic group in SW China .

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနေ ၊ တိုင်းရင်း သား မျိုး နွယ်စု ၊

“ ဝ “ လူမျိုး တွေ ရဲ့ ဇစ် မြစ် များ ကို ခြေရာခံ ခြင်း ။