မှတ် ဖွယ် မှတ်ရာ ၊
စာပဒေသာ ( ၇၄ )
(ကျန်း မာရေး )
စားသုံးသင့်တဲ့ဖြည့်စွက်စာ။
အဟာရမှုန့်များ ။
ဗီတာမင် ဖြည့်စွက်ဆေး ပြားတွေကို ၊
ကျန်းမာရေးအတွက်
လူ အများနေ့စဉ် မီဝဲနေကြတာကြာပါပြီ.။
ဗီတာမင်တွေလိုဘဲ၊
ဖြည့်စွက်စာအဟာရမျိုး စုံပါတဲ့ ၊
အဟာရမှုန် တွေ ရှိ နေမှန်း သတိထားမိသူနည်းမယ်ထင် ရပြီး ၊
ကျန်းမာ ရေး အတွက် ဖြည့်စွက်စာအဟာရမှုန့်တွေကို
နေ့စဉ် ဖြညိ့စွက် မှီဝဲရကောင်းမှန်း သိသူ၊
အလွန် နညိးမဉ်ထင်ရပါတယ် ။ ယူဆရပါတယ် ။
Abbott Co ကထုတ်လုပ်တဲ့
Ensure က မည်သူမဆိုသောက်နိုင်တယ်။
Glucerna နာမည်နဲ့
ဆီးချို သမားတွေသာသောက်ဘို့ သီးသန့်
သုတေသန လုပ် ခါ ၊ဖေါ်စပ် ပေး ထားတာလဲရှိ ပါသေး တယ်။
လူတစ်ယောက် ကျန်းမာ သန်စွမ်းဘို့
တနေ့ လိုအပ်တဲ့ အဟာရမှုန့်တွေကို
မူရင်းအာနိသင်မပျက်အောင်
ဖျော်စပ်အသုုံးပြုနည်းတွေ ကို
ကျန်မာရေး လိုက်စား သူတစ်ဦးက မျှဝေပေး ထားတာကို ၊
အောက်မှာပူးတွဲဖေါ်ပြထားပါတယ်။
အဟာရမှုန့်တွေက၊
လူမမာတွေးသုံး တဲ့ အစာတွေ၊ လူမမာစာ တွေလို့သာ ၊
မြန်မာ တွေအများစုက သိထားကြပါတယ်။
တကယ်တန်းက
ဆေးကုမ္ပဏီရဲ့ အညွှန်းစာတွေကို
လေ့လာရှာဖွေဖတ်ကြည့် လိုက် တဲ့အခါ၊
လူတွေလိုအပ်တဲ့ အစာအဟာရတွေဖြစ်တဲ့
အဟာရ ဓာတ် တွေနဲ့ သတ္တုမျိုးစုံ၊ဗီတာမင်မျိုးစုံ ၊
အရသာမျိုးစုံပါဝင်အောင် ၊
သုတေသနပြုလုပ် ကြခါ၊
အဟာရ အမှုန့် တွေ အဖြစ်
တီထွင် ကြံဆ ဖန်တီး ပြုလုပ်ပေးထားတာဖြစ်နေတယ်။
သဘာဝသစ်ဥသစ်ဖု တွေ၊အပင်တွေ ၊အရွက်တွေ
အသီးတွေကနေဘဲ ဖေါ်စပ် ထုတ်လုပ်ထားတာပါ။
လူတွေက ဆေးသောက်ကြတယ်။
ဆေးဆိုတာသဘာဝကထွက်တဲ့အာနိသင် ရှိတဲ့
ဆေးဘက်ဝင် အသီးအပင်တွေနဲ့ ဘဲ
အဓိက ထုတ်လုပ်ထားတာပါ။
သတိမထားမိကြဘူး။မေ့နေကြတယ်။
ကျန်းမာရေးအတွက်
ဆေးသောက်ဘို့သာ အာရုံများကြတယ် ။
သဘာဝက ပေးထားတဲ့
အသီးအနှံ ၊သစ်ဥသစ်ဖု ၊အပင်အရွက် တွေကို
သဘာဝအတိုင်း စားကြသောက်ကြဘို့ ကြတော့
အမှတ်မထားကြဘူး။မေ့နေကြသူ များပါတယ် ။
ကာကွယ်ခြင်းသည် ၊
ကုသခြင်းထက်ကောင်းတာကို သတိမမူကြဘူး။
အဟာရမှုန့် ထုတ်လုပ်တဲ့ကုမ္ပဏီရဲ့ အဆိုအရ
တကမ္ဘာလုး က၊ လူတွေ အားလုံး ဟာ၊
Breakfast/ Lunch / Dinner
တစ်နေ့ကို
မနက်စာ၊နေ့လည်စာ၊ညစာ ဆိုပြီး ၃ ကြိမ် ။
စားသောက်နေကြတာ မှာ ၊
ကျန်းမာရေးနဲ့အသက်ရှင်သန်နေထိုင် နိုင်ကြရေး အတွက် ၊လူတစ်ဦးတနေ့လိုအပ်တဲ့ အဟာရတွေဖြည့်တင်းဘို့
အများအားဖြင့် ထမင်းတွေ ဂျုံတွေ နဲ့အစားအစာ မျိုး စုံတွေကိုတစ်နေ့ ၃ ကြိမ် စားနေကြပါတယ်။
Ensure နဲ့ Glucerna အဟာရမှုန့်သုံးနည်းအညွှန်းတွေအရ၊
လူတစ်ဦးအတွက် နေ့စဥ် ၃ ကြိမ် စားနေကြတဲ့
ဖွယ်ဖွယ်ရာရာ စားစရာတွေကို အစားထိုးပြီး ၊
အဟာရမှုန့် တွေ သက်သက် ကို
ထမင်းမစားတော့ဘဲ ၊
တစ်နေ့ ၃ ကြီမ် စားလိုသောက်လိုလဲရပါတယ်၊
အစားထိုးသောက်နိုင်ပါတယ်လို့ ၊
အဟာရမှုနိ့ထုတ် တဲ့ ကုမ္ပဏီက ညွှန်းထား၊ဆိုထား ၊
ကြော်ငြာထား တာတွေ့ရပါတယ် ။
ကိုယ်တွေ့ သေချာတာက ၊
အဟာမှုန့်တွေဖျော်သောက် ပြီးရင် ထမင်း မဆာတတ် ဖူး။
အစာပြည့်၊ရင်ပြည့် ၊ရင် ကယ် နဲ့ ၊အစာ ဝနေသလိုဘဲ။
Ensure နဲ့ဆက်စပ်ပြီး၊
နောက်တစ်ခု ကိုယ်တွေ့ ကြံုခဲ့ ၊သိခဲ့ဘူးတာ ရှိတယ်.၊
လေဖြတ်ရောဂါကြောင့်
ဘာမှမလုပ်နိုင် ၊မသွားနိုင် ၊မလာနိုင် ၊
မလှုပ်ရျားနိုင်၊မစားနိုင်တော့တဲ့ ၊
အိပ်ရာထဲမှာ နှစ်များစွာ ဘုံးဘုံးလဲနေတော့တဲ့၊
အမျိုးအဆွေ ထဲက အစ်မကြီးတစ်ဦးကို
သူ့သမီးက
Ensure အဟာရအမှုန့်ကိုနေ့စဥ် ဖျော်ပြီး၊
ထမင်းကြွေးသလို ကြွေးခဲတယ်။
ပိုက်နဲ့နှာခေါင်းကတစ်ဆင့် ဆက်တိုက်ကြွေးခဲ့တာ၊
မျက် စေ့အမြင်သာရှိပြီး ၊စကားမပြောနိုင် ၊မလှုပိရှားနိုင်တဲ့
အစ်မကြီး ဟာ ၊ ၅ နှစ်နီးပါး အသက်ရှင်နေသွားနိုင်ခဲ့ပါတယ် ။
၂၀၂၂ နှစ် ဦး ၊အသက် ၈၃ နှစ်ခန့်မှာ ဆုံးပါးသွားခဲ့တယ်။
အဆုတ်ရောဂါဖြစ်နေခဲ့တဲ့ အဒေါ်တစ်ယောက်လဲ ၊
Ensure ဖြည့်စွက်အဟာရမှုန့် နေ့စဉ် ဖျော်သောက် ပြီး
ထမင်းနဲ့အတူ၊ဖြည့်စွက် စားသုံးနေခဲ့တာ ၊
၁ နှစ် ကျော် ၂ နှစ်နီးပါး ခန့်
အသက်ရှင် နေသွားနိုင်ခဲ့ပါတယ်။
အသက် ၈၅ နှစ်ကျော် ၉၀ နီးပါး မှာ ဆုံး ပါးသွားခဲ့တယ် ။
Ensure ကိုအထင် ကြီးသွားခဲ့ပါတယ်။
လူမမာစာသာမဟုတ်။
လူတိုင်းဖြညိ့စွက်စာအဖြစ် စား သုံးသင့်တဲ့၊
အဟာရမှုန့်တွေလို့ မိမိကိုယ်တိုင် လက်ခံ ထားတယ်။
ဆီးချိုသမားတွေ အတွက်သီးသန့် ေဖါ်စပ် ထုတ်ပေးထားတဲ့၊
Glucerna အဟာရမှုန့်ကို လဲ တွေ့ လိုက် ရော၊
တားမရတော့ ဘဲ၊
ဆီးချိုသမား ကျွန်တော် ကိုယ်တိုင် ၊
ဖြည့်စွက် စာ အဟာရ အဖြစ် ၊
အခါအားလျော်စွာ စားသုံး နေမိပါတော့တယ် ခင်ဗျာ။
အေးမြင့် ( ညောင်တုန်း )
၃/၇/၂၀၂၂
ရည်ညွှန်း
Byamaso Mimoe Facebook post ( 4 August 2021 )
သူနာပြု ဒေါ်မြမြသိန်း သတိထားပါ 😅😬
Ensure ဖျော်နည်း-crd
———–
En Sure..ဟာ..ဗူးအကြီး..အသေး..နဲ့သော်၄င်း..
တခါသောက်ဗူးကလေးတွေနဲ့သော်၄င်း…
ပုံစံအမျိုးမျိုးထုတ်ထားခဲ့ကြတာမျိုးပါ…
En Sure..ဟာအရသာမျိုးစုံလာပါတယ်..
စတော်ဘယ်ရီအရသာ..သခွားမွေးအရသာ..နဲ့
နို့အရသာအပြင်.သဘာ၀အရသာမျိုးလဲလာပါတယ်.
✅En Sure…ဆိုတာကိုသောက်တဲ့အခါ..အမှုန့် ကို
ကိုယ်လိုသလောက်ကိုယ်သောက်မဲ့ခွက်ထဲထည့်ပါ..
ပထမဦးဆုံး..အဲ့အမှုန့်ကိုရေကြက်သီးနွေးလေး..
(အနည်းငယ်သာအပူဓါတ်ရှိတဲ့ရေနဲ့ဖျော်ရပါတယ် )
ပထမဦးဆုံးရေနဲနဲမှ..နဲနဲလေးပဲထည့်ဖျော်ရတာပါ..
✅အဲ့လိုဖျော်ပီးတဲ့အခါကျမှ..
လုံး၀မပူ..လုံး၀အအေးဓါတ်မရှိတဲ့ရေနဲ့ရောပီး..
ဖျော်သောက်ရတာမျိုးပါ..
✅En Sure..ရဲ့ဓါတ်သဘာ၀ဟာ..
ရေပူမပြောနက်..ရေခဲသေတ္တာထဲကရေနဲ့လဲဖျော်လို ့
လုံး၀မရပါ….ဖျော်ပီးတဲ့အခါမှာမပူ..မအေးတဲ့..
သာမာန်အနေအထားပဲရှိနေရမှာဖြစ်ပါတယ်..
✅En Sure..ကို.အေးအောင်ဆိုပီးရေခဲသေတ္တာထဲလဲ..
ထားလို့မရပါဖူး..ကော်ဖီဖျော်သောက်သလို.
ပူနေအောင်ပဲဖစ်ဖစ်..နွေးနွေးလေးအနေအထားပဲ.
ဖစ်ဖစ်..အဲ့လိုလဲသောက်လို့မရပါ..
✅သဘာ၀အရသာကိုမကြိုက်လို့ဆိုပီး..
ကျန်တဲ့ဘယ်လိုအရာနဲ့မှရောဖျော်ပီးမသောက်ရပါ.
အချိုဓါတ်မရှိဖူး..သိတ်မချိုလို့ဆိုပီးတော့လဲ.
ဘာမှထပ်ရောလို့မရပါ..
✅En Sure..ဟာ..အေးတာ..နွေးတာ..ပူတာ.ဖြစ်ခဲ့ယင်ဖြင့်.
သူ့ရဲ့အားဖြည့်ပေးတဲ့အာနိသင်ဟာအလိုအလျှောက်..
ပျက်ပျယ်သွားတတ်တာမျိုးပါ..
အဲ့လိုဖျော်တိုက်မိတဲ့အခါ..အဆင်မသင့်ယင်..
၀မ်းပျက်..၀မ်းလျှောတတ်တာအပြင်..
ဘာအာနိသင်မှမရှိတော့ပါဖူး..
✅သူ့ကိုသောက်တဲ့အခါမှာလဲမနက်အိပ်ယာထတကြိမ်
ညအိပ်ယာ၀င်ကာနီးတကြိမ်.နှစ်ကြိမ်တိုက်မှ..
အကျိုးရှိစေတတ်သာမျိုးပါ..
စျေကြီးပေး၀ယ်ပီး..အလကားမဖြစ်ရအောင်..
ကိုယ့်လူမမာအတွက်လဲ..အကျိုးရှိရှိဖျော်တတ်အောင်..
မေတ္တာရှေ့ထားပီး..စေတနာစကားပါးလိုက်ပါတယ်.နော်
✅Ensure..ဟာ..လုံး၀…လုံး၀…
မပူရ.(နွေးနွေးလေးတောင်မသောက်ရပါ.)
လုံး၀..လုံး၀..အေးမနေရပါ..
အာနိသင်ပျက်သွားပီး.ငွေကုန်သာဖဲအဖတ်တင်မှာပါ.လို့..
