
တွေးမိတွေးရာ
ရေးမိရေးရာ ( ၁၀၆ )
( ပညာရေး )
ကွန်ပြူတာများနှင့် ကျွန်တော် ။ ( ၁၉၇၂-၂၀၁၄)
Computers and Me :
Desktops,Laptops,Tablets and Me.
အလုပ်စားပွဲ ပေါ်က
ကွန်ပြူတာ Apple iPad များ ။
2014 မှာ Apple iPad Air စတင် ပေါ် လာ ကတည်းက ၊
ကျွန်တော်က စိတ်ဝင်စား၊ ဝါသနာပါတာကြောင့် ၊
မိမိ ဘာသာ USD 500 ကျော်ခန့်ဖြင့် ၊
ဝယ် ယူသုံးခါ၊
NEPS Private Co/ Engineering and Environment Co မှာ
နှစ်ပေါင်းများစွာ EIA အလုပ်တွေ ကို iPad ပေါ် မှာလုပ်လာခဲ့ပြီး
Zawgyi Myanmar font နဲ့ အမြဲသုံး လာနေခဲ့တဲ့
Apple iPad Air model 2 / ၁၁ လက္ခ Tablet တစ်ခုရှီခဲ့တယ်။
နောင်မှာ ။
မကြာသေးခင် 2021 ကထွက်ပေါ်လာခဲ့တဲ့
Apple iPad Pro 12.9 inches M1 chip model tablet ပေါ်မှာ
Unicode Myanmar font ကိုပါ ပြောင်းသုံးခါ၊
မူလရှိပြီး iPad Air 2 နဲ့ ပူးတွဲပြီး
အလုပ် တွေလုပ်ဖြစ်နေပါတယ် ။
USD 1500 ကျော်တန် Apple iPad Pro Computer tablet ကို၊
NEPS Co မှာ ၊မိမိ ဆောင်ရွက် နေတဲ့ EIA အလုပ်တွေက
ရှာဖွေ ရရှိထားတဲ့ ဆောင်ရွက်ခငွေများထဲက ကျခံပြီး ၊
NEPS Co က ကူညီ ပံ့ပိုးဖြည့်ဆည်း ပေးထားပါတယ်။
ကွန်ပြူတာအလုပ်တွေ ဝါသနာပါတဲ့ ကျွန်တော်က ၊
Portable computer tablet တွေ
2009/ 2010 ခန့်မှာစတင်ပေါ်လာ ချိန် ကစတင်ပြီး၊
သဘောကျနှစ်သက်တာနဲ့ ၊
2008/2009 မှာ နေပြည်တော် ဆည်မြောင်းရုံးချုပ်မှာ
ဆည်မြောင်းဝန်ထမ်း ဘဝ ၊နောက်ဆုံးနှစ် အဖြစ် ၊
တစ်နှစ်ကျော်ကြာ တာဝန်ကျချိန် မှာ ၊
Computer+ Laptop) dual purpose / combined Tablet ကဲ့သို့ ခေါက်သုံး လို့ ရတဲ့ new model hp Laptop tablet
ကွန်ပြူတာ ကို
ပျဉ်းမနား မြို့က ကွန်ပြူတာအရောင်းဆိုင်မှာ
မမျော် လင့်ဘဲသွားတွေ့ တဲ့အခါမှာ ၊
ဆည်မြောင်းပင်စင်မယူခင် ၂၀၀၉ ခုနှစ်မှာ
ချက်ခြင်း စတင် ဝယ်ယူ အသုံး ပြု ခဲ့ တယ် ။
နောင်မှာ
၂၀၁၁ ခုနှစ် ခန့်မှာ စတင် ထွက်ပေါ်လာခဲ့ တဲ့
ပထမဆုံး သော Apple iPad 1 ကို
စတင်ဝယ်ယူအသုံးပြုခဲ့ ပြန် ပါတယ်။
ပင်စင်ယူပြီးနောက် မှာ
Apple iPad 1 နဲ့
NEPS Co. မှာ အလုပ်တွေများစွာလုပ်ခဲ့တယ်။
iPad ပေါ်မှာဘဲ စာတွေဖတ် ၊စာတွေရေး၊ဖြစ်ခဲ့ ရုံသာမက၊
iPad တစ်လုံးတည်းနဲ့ အလုပ်မျိုးစုံ လုပ်လို့ရ နနခဲ့တယ်။
ကျွန်တော်မှာ ယနေ့ထိတိုင်
iPad တစ်လုံးနဲ့ နေ့စဉ်အလုပ်တွေများ နေပုံက
သီချင်းတွေနားထောင်၊
ဗီဒီယိုတွေ ၊ရုပ်ရှင်ကား ကြီးတွေကြည့် ၊
ကမ္ဘာအနှံ ့ email တွေနဲ့အဆက်အသွယ်တွေလုပ် ၊
ကမ္ဘာပေါ်က နိုင်ငံ အချို့မှာ ရောက်နေတဲ့ မြန်မ တွေ၊ နိုင်ငံတကာ မိတ်ဆွေတွေ နဲ့ ဆက်သွယ် စကားပြော၊ အတွေ့အကြုံတွေဖလှယ် ၊
လန်ဒန် ၊စင်ကာပူ ၊ရန်ကုန် တို့မှာ အဆင့်မြင့် ကွန်ပြူတာပညာတွေ သင်နေ ကြ၊ကွန်ပြူတာဘွဲ့တွေထပ်ယူနေကြတဲ့ သားသမီး ၃ ယောက် နဲ့ မကြာခန အဆက်သွယ် တွေလုပ် ၊
အင်တာနက်လိုင်းပေါ်က မြန်မာ ၊ အင်္ဂလိပ် စာအုပ်မျိုးစုံကို ရှာဖွေ ဖတ်နေ ၊ ကြိုက်ရင် နောင်ဖတ်ဘို့ Tablet IPad ထဲမှာဘဲသိမ်းဆည်းထား ၊
ကျန်းမာရေးဗဟုသုတတွေကလဲ iPad ကတစ်ဆင့်အင်တာနက်ထဲက နေရှာဖွေ သိရ၊
နောက်ပိုင်းမှာ ၊ဘာမဆို ၊ဘာဘဲဖြစ်ဖြစ် သိချင်တာရှိရင် အင်တာနက်ထဲက Google assistant ကိုဖြစ်ဖြစ်၊ Apple ရဲ့ Siri မိန်းခလေးမလေးကို ဘဲဖြစ်ဖြစ် စာနဲ့ဘဲရေးမေး၍သော်၎င်း ၊အင်္ဂလိပ်လို အသံထွက်မှန်မှန်နဲ့စကားပြော၍သော်၎င်း ၊ မေးနိုင် ၊ ရှာနိုင် နဲ့
ကွန်ပြူတာ iPad တစ်လုံး နဲ့ ကျွန်တော် နေ့စဉ် အလုပ်တွေများနေ ရှုတ်နေတတ်ပါတယ်။
ကိုဗစ်နဲ့ ကွယ်လွန်သွားခဲ့လေသူ ဆည် မြောင်းဆရာသမား ဦးစဝ် အောင် မြင့် ဆိုရင် လဲ ၊စပါးစီမံကိန်း(၁) ရုုံး သူ့ လက်အောက် မှာ ၁၉၈၀ ဝန်းကျင်ကာလတွေမှာ လုပ်ခဲ့စဉ်က ၊ကမ္ဘာ့ဘဏ်အကူအညီနဲ့ရတဲငွေနဲ့ ရုံး အလုပ်တွေအတွက် ဆရာသမားက Hp အမျိုးအစား ၊ ကွန်ပြူတာတွေ ၊ ဂဏန်းတွက်စက်တွေ ၊ program ပါလုပ်နိုင်တဲ့ အိတ်ဆောင် အငယ်စား ကွန်ပျူတာ တွက် စက်တွေကို မှာယူဝယ်သုံးတယ် ။
စက်သစ်ဆွေရုံးမှာရောက်လာတာနဲ့ ဝွသနာ ကြီး တဲ့ဆရာသမားက စက်ကိုလက်ထဲက မချ၊
တွေ့တဲ့ကျွန်တော်တို့တပည့်တွေကို သူသိတာ လုပ်တတ်တာတွေကို မကြာခန ပြောပြ၊ ကြွားပြတယ်၊
သူ့အိမ် မှာ လဲ Hp programmable calculator တစ်လုံးနဲ့ အမြဲ အလုပ်ရှုတ် နေတာကိုတွေ့တဲ့ ဆရာသမားဇနီးက ရှင်တို့ဆရာကတော့ မြောက်အုန်းသီးရသလိုဖြစ် နေပြီ လို့ ကျွန်တော့်ကို ပြောတဲ့အထိ ဆရ,သမားက ကွန်ပြူတာ ကို တမက်တမော Crazy ဖြစ်ခဲ့တယ် ။
သူဆုံးခါနီးအချိန်တွေထိ 1980 ခန့်မှသည် 2021 ထိတိုင် သူမှာရှိ တဲ့ Hp scientific programmable calculator ကိုကျွန့်တော့ထံခနပေးသုံးနေခဲ့ပြီး ၊သူသတိရလို့ ပြန်တောင်းတာနဲ့ သူ့အိမ်သွားခါ ပြန်ပေးခဲ့ရသေးတယ် ။ဆရာသမား မဆုံးခင် လပိုင်းအချိန်တွေမှာပါ။
ဆည်မြောင်းမှာ ကျွန်တော် တာဝန်ကျစဉ် တွေမှာ
သူ့ လိုအလုပ် သည်သာ ပဓာန၊အလုပ်သည်သာပထမ ထားပြီး လုပ်နေခဲ့ကြတဲ့ဆရာသမားတွေလက်အောက်မှာ ကျွန်တော် ကံကောင်းစွာအတူလက်တွဲ ပြီးအလုပ်တွေလုပ်ခဲ့ရပါတယ် ၊ ကွန်ပြူတာပိုးတွေ ၊အလုပ် သံယောဇဉ်ပိုးတွေ,ကျွန် နော့် ထံကူးစက်ခံခဲ့ရတယ် လို့ဆိုရလေမလားပါဘဲ။
နောင်မှာ
Apple ရဲ့ ၁၁ လက်မ အရွယ် iPad tablet Model
အသစ်တွေ ထွက်လာတိုင်း ၊
ကျွန်တော် ပြောင်းလဲ အသုုံးပြုလာခဲ့ လိုက်တာ ၊
ပင်စင်ယူပြီး ၁၀နှစ်ကျော် ခန့်အတွင်းမှာ
ပထမ Apple iPad 1/ နောက်တော့ iPad2/
ပြီးတော့ iPad Air 2/ ၁၁ လက်မအရွယ် တွေ
ဆက်တိုက် သုံးလာ ရာက ၊
ယခု 2021 မှာ နောက်ဆုံးထွက်ပေါ်လာတဲ့ ၊
iPad Pro 12.9 inches M1 model အထိ
iPad တွေနဲ့
နေ့တဓူဝ ရုးအလုပ် တွေ နဲ့အတူ ၊
မိမဝါသိနာ ပါရာ အလုပ် တွေမျိုးစုံကို၊
iPad ပေါ်မှာ ဘဲ ယနေ့ထိ လုပ်လာ နေခဲ့တာ ၊
စာရေးစာဖတ် အလုပ်တွေ ပါ
Apple iPad တွေ ပေါ်မှာဘဲ လုပ်ဖြစ် နေပါတယ်။
iPad တွေနဲ့ဘဲ
အင်တာနက် ကမ္ဘာကြီးမှာ
မိမိဝါသနာပါရာ စိတ်ဝင်စားရာ အလုပ်တွေ
ကောင်းကောင်း လုပ်နေနိုင်ခဲ့တာ
ယနေ့ထိတိုင်ပါဘဲ။
ခေတ်ကြီးက နေ့တဓူဝ ပြောင်းလဲနေတာပါ ။
ယနေ့ခေတ်သစ် ၊
၂၁ ရာစု ခေတ်သစ်ကမ္ဘာ ကြီးက ပိုလို့ပြောင်းလဲနေပါတယ်။
ယခု အခါ မှာ
တကမ္ဘာလုံးက ၊အင်တာနက်ခေတ်ကြီးဖြစ်နေပါပြီ။
ကမ္ဘာ နေရာအနှံ့ကို နာရီမဆိုင်းဘဲ၊
ချက်ခြင်းဆက်သွယ်လို့ရနေတဲ့ခေတ်ကြီးဖြ်စ်နေပါပြီ။
ခေတ်ကြီးက ပြောင်းနေပြီ ။
ယနေ့ ကမ္ဘာကြီးမှာ ၊
ကမ္ဘာ့နိုင်ငံတွေအများစု က
အက်တာနက်ကမ္ဘာကြီးထဲမှာ
ရှေ့ကိုသာ တိုးသွား ကြဘို့ ၊
လူတိုင်း မနေမနား ၊ရုန်းကန် ကြိုးစား နေကြတဲ့အချိန်တွေပါ။
ယနေ့ကမ္ဘာကြီးပေါ်မှာ ၊နေထိုင်ကြသူတွေ အများစုဟာ ၊
မိမိနိုင်ငံနဲ့ပြည်သူတွေ
တိုးတက်စည်ပင်သာယာဝပြောကြဘို့အရေး၊
နိုင်ငံထဲနေ ပြည်သူ ပြည်သား တွေ အားလုံး က
မိမိတို့ နိုင်ရာဝန်တွေ ခွဲဝေ တာဝန်ယူ ထမ်းရွက် နေကြပြီး ၊
နိုင်ငံ့ အကျိုး စုပေါင်းဝိုင်းလုပ်နကြတဲ့ ၊
ခေတ်သစ် ကမ္ဘာကြီး ဖြစ် လို့နေပါပြီ။
အေးမြင့် (ညောင်တုန်း )
၂/၇/၂၀၂၂

ရည်ညွှန်း
အေးမြင့် ( ညောင်တုန်း)၏
၂၀၂၀ ပြည့်နှစ်တွင် ထုတ် ဝေ ဖြန့်ချီ ခဲ့သည့်
မှတ်ဖွယ်မှတ်ရာ စာပဒေသာ စာအုပ်။
၁။ ဆရာကြီးဦးပဂျီငို၏ ‘“ကြီးပွါးချမ်းသာရေး “စာအုပ် စတင်ရေးသားခဲ့သည့် နှစ် ၁၀၀ ပြည့် ၊
၂။ ရန်ကုန်တက္ကသိုလ် တည်ထောင်ခဲ့သည့် ရာပြည့်နှစ် ၊
၃။ မြန်မာ့ ရုပ် ရှင် ရာပြည့်နှစ် ၊
၄။ မိခင် ဆည်မြောင်းဌာန၏။ ဆည် မြောင်းဝန်ထမ်းဟောင်းများ အသင်း တည် ထောင်ခဲ့သည့် ၂၅ နှစ် မြောက် ငွေ ရတုနှစ် ။များကို ကြိုဆိုဂုဏ်ပြု လျက် ၊
၂၀၂၀ ပြည့်နှစ်တွင်
အမှတိတရ ထုတ် ဝေ ဖြန့်ချီ ခဲ့သည့် ၊
မှတ်ဖွယ်မှတ်ရာ စာပဒေသာ စာအုပ်။( စာမျက်နှာ ၂၂၄-၂၃၄)
( ၁၉၇၂- ၂၀၁၄) ကွန်ပြူတာများနှင့် ကျွန်တော် ။
Computers and Me:
Desktops,Laptops,Tablets and Me.

