မိဘ များနေ့ အမှတ်တရ။ ဒို့ အဖေ ရဲ့ “ဒို့ ဗမာ “။ Commemorating Father Day 2022

တွေးမိတွေးရာ ၊
ရေးမိရေးရာ။ ( ၁၀၄ )

( မြန်မာ့ လွတ်လပ်ရေး )

ဒို့ အဖေ ရဲ့

“ဒို့ ဗမာ “

၁၉၄၈ ခုနှစ် ၊
နိုင်ငံ လွတ်လပ်ရေးမရခင် ၊
အဖေ ကျောင်းသား လူငယ် ခလေးဘဝ ၊ မှာ
အဖေ ပုံဖေါ် ခဲ့တဲ့ ၊
အဖေ့စိတ်ကူး နဲ့ အဖေ့ဇာတိမာန် ၊
အဖေ့ ရည် ရွယ် ချက်။
အဖေ့ ငယ် လက်ရာ။
အဖေ့ရဲ့ ခဲပန်းချီ။

သူ့ မျိုးဆက် သစ် ကျွန်တော်တို့အတွက်
အဖေ အမွေပေးခဲ့ပါတယ် ။

လွတ်လပ် ရေး ရပြီး ၁ နှစ် အကြာ ၊
၁၉၄၉ ခုနှစ် ဖေဖေါ် ဝါရီလမှာ
ကျွန်တော်မွေးဖွါးခဲ့တယ် ။

လူမှန်းသိတတ်စ
ကျောင်းသားခလေးလူငယ်ဘဝ ၊
၆ နှစ် သားခန့်မှာ
ကျွန့် တော့်အဖေ မရှိတော့ပါဘူး။

အိမ်မှာ ၊
အဖေ ရဲ့
“ သန်းဖေ ‘ အမည်နဲ့ လက်မှတ်ရေးထိုးထားတဲ့
ကျွန်တော့်အတွက်
အဖေ့ ငယ် လက်ရာပန်းချီကား လေး တစ်ချပ် သာ ၊
အဖေ့ အမှတ်တရ ၊
ချန်ရစ် ပေး ထား ခဲ့ပါတယ် ။

ဒီု့အဖေ ရဲ့

“ ဒိ့ဗမာ “

ပန်းချိကား ။

အဖေ့ကို
ကျွန်တော် လူမှန်းသိတတ်ခါစ ခလေးဘဝမှာဘဲ ၊
အဖေ လို့
ခေါ်ခဲ့ဘူး တယ် ။

အေးမြင့် (ညောင်တုန်း )

၁၉,၆,၂၀၂၂

လွတ်လပ်ရေးဖခင်
ဗိုလ် ချုပ်အောင်ဆန်.ရဲ့ သမီး ၊
ဒေါအောင်ဆန်းစုကြည် မွေးနေ့ ။

ရည် ညွှန်း ။

MEMORY
On Facebook
In past 5 yeats , 2017

မိဘ များနေ့ အမှတ်တရ။

စိန်ရတု နွှဲ နေပြီ ဖြစ်တဲ့
အဖေ့ ရဲ့ ငယ် လက်ရာ ၊
နဲ့
ရွှေရတု နွှဲနေ ပြီ ဖြစ်တဲ့
င်္ကျွှန်တော့်ရဲ့
အဖေ့ပုံတူ ငယ်လက်ရာ၊
အနုပညာ ပစ္စည်း ၂ ချပ်။

နိုင် ငံ လွတ်လပ်ရေး အတွက် ရုံးကန်နေကြရချိန်
အဖေ မဆုံးခင် အဖေ လူငယ်ဘဝက
အဖေ ရေးဆွဲခဲ့တဲ့
အဖေ့ ရဲ့ ငယ်ဘဝလက်ရာ။

အဖေ့ ရဲ့ ဗီဇတွေ ကျွန်တော်တို့ ထံ
ကိန်အောင်းလာ ခဲ့ လေ သလားမသိ ။

အဖေဆုံးခဲ့တာ ၆၅ နှစ် ကျော် ခန့် ရှိခဲ့ပါပြီ။

My father’s and My Art ,
commemorating
Diamond Jubilee
and Golden Jubilee
Respectively

In Commemoration
Of Father Day
And
Remembrance to
My Father.

His Art works ( about 75 yeas old)
Depicting for
His patriotic Mind
for his country

And
My Art Work
For Him ( about 50 years old )

Aye Myint ( Nyaungdone )
edited on 19,June 2022
Birth Day of Daw Aung San Suu Kyi .