
မှတ်ဖွယ် မှတ် ရာ ၊
စာပဒေသာ ( ၆၅ )
( မြန်မာ့ ဆည် မြောင်း )
ဆရာသမားသို့ အလွမ်းပြေ
ကွယ် လွန် သွားလေသူ ဆရာသမားက
သူ ပင်စင်အနားယူ နေချိန် ၊ မကွယ် လွန် မီ တစ်ချိန်က
သူဘဝရဲ့ လုပ်ခဲ့တဲ့ လုပ်သက်တွေအရ ၊ ရရှီခဲ့တဲ့ သူ့ရဲံ ဆည် မြောင်းဆိုင်ရာ အတွေးအမြင်တွေကို
ပွင့် ပွင့်လင်းလင်း ရိုးရိုး သားသား ပြောသွားခဲ့ ဘူးပါတယ် ။
မိခင် ဆည် မြောင်း ဌာန မှာ ကျွန်တော် တို့ တစ်တွေ ၁၉၇၄ ခုနှစ်မှ သည် ၂၀၀၉ ခုနှစ် အထီ ကာလတစ်လျောက် လုံး တာဝန် ထမ်းဆောင်ခဲ့စဉ် မှာ
ဆရာသမား ကောင်းတွေနဲ့ နဲ့ များစွာ ထိ တွေ့ ဆက်ဆံခဲ့ရ ပြီး ၊ ဆရာသမား ဦးအုန်းမြင့် ထံမှ လဲ သူ့ ရဲ့ အတွေ့အကြံု ကောင်း တွေ ၊ အတွေးအမြင် ကောင်းတွေ များစွာကို မှတ်သားနာယူခဲ့ရပါတယ် .။
ဆရာသမားနဲ့ ၁၉၈၀ ခန့် ဝန်းကျင်ကာလ တွေမှာ ဆည် မြောင်းရဲ့ အောက်မြန်မာပြည် စပါးစိုက်ပျိုးမှု ဖွံ့ ဖြိုးတိုးတက် ရေးစီမံကိန်း အပိုင် (၁) £ုီဇိုင်ူပဒံထုတ် ရဒံးမှာ အနီူကပ် ဆံုတွေ့ခဲ့ပါတယ် ။’ဆရာသမားက ဇလဗေဒ ဌာနစိတ် တာဝိခံ ။
ကျွန်တော် တို့က ဆရာသမားရဲ့ မိတ်ဆွေ စီနီယာ အင်ဂျင်နဖိယာကြီး ဦးခင် လတ် ခေါင်းဆောင်တဲ့ တိုင်းတာရေးဌာနစိတ်မှာ တာဝန်ကျနေကြတဲ့ လူငယ် အင်ဂျင်နီယာပေါက်စတွေပါ ။
ရန်ကုန်မှာ နေစဉ်ကလဲ ဆည် မြောင် း ဝန် ထမ်းများအိမ်မှာ ဆရာသမာနဲ့ အိမ်နီးချင်းကပ်လျက် နေခဲ့ဘူးလို့ ပိုမို ရင်းနှီးခဲ့ရတယ် ။
နောင်မှာ ၂၀၀၉ ခုနှသ် မှာ ကျွန်တော် ဆည် မြောင်းက သက်ပြည့် ပင်စင် အငြိမ်းစားမယူခင် နေပြည်တော် က လယ် ယာနဲ့ ဆည် မြောင်းဝန်းကြီးဌာန ရုံး ကြီးမှာ
ဝန်ကြီးရုံး က ဒု-ဝန်ကြီး ဦးအုန်းမြင့်နဲ့ ဆည် မြောင်းရုံး ချုပ် အတွက် ဆည် မြေ ာင်းအလုပ်တွေ ကို အနီးကပ် သင်ကြား နာ ယူ ခါ အလုပ် တွေ လုပ်ခဲ့ရပါတယ် ။
ဆည် မြောင်းမှာ ဆရာသမားလုပ်ခဲ့တဲ့ ကာလတစ် လျောက် လုံး မှာ အလုပ်သည်သာပဒါန ၊မိ မိပညာရပ် ကို သာ အဓိ ကထားပြီး လုပ် သွားခဲ့တဲ့ နမူနာကောင်းတွေ ကို ကျွန်တော်တို့ ရ ခဲ့ ကြပါတယ် ။
ဆရာသမားက သူရဲ့ ကွင်းဆင်းတွေ့ရှိချက် မှတ်တမ်း တွေ ရေးသားထုတ် ပြန် ပေးခဲ့ ရာမှာ ၊ ဆည် မြောင်းအတွက် ဆည် တမံတွေမှာ ပြုပြင် ဆောင်ရွင်သင့်တာ တွေ ဖေါ် ပြထားတဲ့ မှတ်တမ်းများဟာ တန်ဘိုးထားတတ် ရင် ၊ သုံး တတ် ကြရင် ယနေ့ ဆည် မြောင်း မျိုးဆက် သစ်များအတွက် ရတနာတွေပါ။
ဆရာသမားက ကွင်းထဲမှာ ကိုဘဲ တာဝန်ခံ အင်ဂျင်နီယာတွေကိုသူ့အနားခေါ်ပြီး ၊ သူ့ လက်ရေးနဲ့ သူကိုယ် တိုင် ပုံတွေဆွဲခါ ပညာပိုင်းဆိုင်ရာတွေကို ရှင်းပြပေး ၊ စာတွေရေးပေးပြီးကွင်းထဲက ဆည် မြောင်းအင်ဂျင်နီဘာတွေကို လက်ငင်းလက် တွေ ့ညွှန်ကြားချက် တွေ ပြုပြင် ဆောင်ရွက် စရာတွေကို ရေးပေး ထုတ် ပြန် ပေးခဲ့ပါတယ် ။
ဒု- ဝန်ကြီးအဖြစ် သက်တမ်း၂ ကြိမ်အထိ ဆက်တိုက် တာဝန်ပေးခံ ခဲ့ ရတဲ့ အချိန်အကြာကြီးလုပ်နေစဉ်မှာလဲ ၊ လယ် ယာ ဆည် မြောင်း နဲ့ စိုက် ပျိုးရေး ကိစ္စတွေ မှာ အချိန်နဲ့အမျှ ကွင်းဆင်း စစ်ဆေး ခါ ၊ လိုအပ်သည်များ ကို အကြံပြု ပေးခဲ့တာ တွေဟာ ယနေ့ ထိတိုင် သက်သေ မှတ်တမ်းများ အဖြစ် လက်တွေ့ လေ့လာ အသုံးချ စရာ ၊နမူနာ ယူ စရာ ၊ လက်တွေ့ ဆည် မြောင်း ပညာတွေ အဖြစ် ကျန်ရစ် ခဲ့ပါတယ် ။
ကျွန်တော် က ဆရာသမားတွေရဲ့မှတ်မှတ်ထင်ထင် အတွေးအရေးတွေ စာတွေ ကို စုထား တတ် တယ် .။
ဆရာသမားဒု/ ဝန်ကြီး ရဲ့ ဂျာ နယ် အင်တာဗျူး ဆောင်းပါးတစ်ပုဒ် ကို ယနေ့ မမျော်လင့်ဘဲ သွား တွေ့ပါတယ် ။
ကျွန်တော် ကစာကောင်းကောင်း မရေးတတ် သော်လဲ ၊ စာရေးသူ တွေ စာရေးဆရာတွေကိုလေးစားပါတယ် .။
စာတစ်စောင်ပေတစ်ဖွဲ့ ဖြစ်ဘို့ဆိုတာ မလွယ် လှပါဘူး ။ ရေးဘူး ၊ လုပ်ဘူးသူတွေဘဲသိပါတယ် ။တန်ဘို့းကို နားလည်ကြပါတယ် ။
ဆည် မြေ င်းပင်စင်စားတစ်ယောက် ပြီပြီ မိမိကိုယ် တိုင်လဲ နိုင်ငံတော် ပြည်အရေး ရေအရေး ၊ ရေ ရေးရာ ၊ ရေကိစ္စ တွေ အတွက် အစိုးရဌာန လုပ်သက် တစ်လျောက်လံုး နှစ်ပေါင်း ၃၀ကျာ် ပြေးလွှား လုှပ် ရှားလုပ်ကိုင်ခဲ့ ဘူးတော့ ၊ မိမိဘဝအတွေ့အကြံုတွေနဲ့အတူ ၊ ဆရာသမားကြီးတွေရဲ့ အတွေ့အကြံု ကောင်းတွေကိုလဲ ပညာဆည်းပူးခွင့်တွေ ရခဲ့ ပါတယ် ။
မိမိသိထား၊ ရထား၊ တွေ့ထားတာတွေကို အနာဂတ် မျိုးဆက်သစ်တွေအတွက် ရည် စူးပြီး ကျွန်တော် စာအုပ် တွေလုပ်ဘို့ စိတ်ကူးရပါတယ် ။
လုပ်သင့်တာတွေ လုပ်ချင်တာတွေလဲ လုပ် နေဆဲ ရေးနေဆဲ ပါ ။
မှတ်ဖွယ် မှတ်ရာ စာပဒေသာ ( ရေရေးရာ ) စာစဉ် များအဖြစ် တစ်အုပ်ပြီးတစ်အုပ် ထုတ် ဝေရန် ကျွန် တော် စီစဉ် နေပါတယ် ။
အသင့် စုဆောင်းထားခဲ့တဲ့ ဆရာသမားများ၊ မိတ်ဆွေစာရေးသူများ၊စာရေးဆရာများရဲ့ ရေအရေး၊ ရေရေးရာ ၊ရေကိစ္စဆိုင်ရာ လက်ရာ မြောက် စာ များကို တစ်စုတစ်စည်းထဲ ဖြစ်အောင် အကြောင်းအရာတူ ဘာသာရပ်အလိုက် စာအုပ်များကို စာစဉ် အဖြစ် ထုတ်ဘို့ ကျွန်တော် ကြိုးစားနေပါတယ် ။
ကျွန် တော် ရဲ့ ဒုတိယ စာအုပ်အဖြစ် ၊ အေးမြင့် (ညောင်တုန်း) စုစည်း စီစဉ် တဲ့
ကျွန်တော် ထုတ်ဝေမဲ့ “ကန်ထဲကရေ၊သဲထဲကရေ နှင့် ရေရေးရာဆောင်းပါးများ “ စာအုပ်မှာ
ဆရာသမား ရဲ့ ယနေ့ တွေ့ရတဲ့ အင်တာဗျူး ကို ထည့်သွင်းဖေါ် ပြဘို့ ဘို့ စီစဉ်ထားလိုက် ပါတယ်။
ဘဝတစ်လျောက် ကောင်းတဲ့အလုပ် တွေ ဘဲ အဓိကထား လုပ်ခဲ့သူ
ဆရာသမားကတော့ ကောင်းရာဘုံဘဝမှာ ရောက်နေမှာပါ ။
ဆရာသမားသို့ အမှတ်တရ
အေးမြင့် ( ညောင်တုန်း )
၁/၆/၂၀၂၂
ရည် ညွှန်း
“ိလယ်/ ဆည် ဒု ဝန် ကြီး ဟောင်းနဲ့ အင်တာဗြူး”
Farmer Mediaတောင်သူလယ် သမား ဂျာနယ် ။
၂၀၁၄ ခု နှစ် ဖေါ် ဝါရီလ ၁၁ ရက် ။