ရန်ကုန်မြို့အတွက် သောက်သုံးရေရပိုမို ရရှိရေး လုပ်ငန်းများ ။ဘာတွေ ၊ဘယ်လို လုပ်နေသလဲ။

တွေးမိတွေးရာ ၊
ရေးမိရေးရာ. ( ၁၀၂)
( ရေရေးရာ)

ရန်ကုန်မြို့အတွက် သောက်သုံးရေရပိုမို ရရှိရေး လုပ်ငန်းများ ။

ဘာတွေ ၊ဘယ်လို လုပ်နေသလဲ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး အဖွဲ့ က အနာ ဂတ် ရန်ကုန်အတွက် သောက်သုံးရေပို ရအောင် မြစ်ရေတင်စီမံကိန်းတွေနဲ့ ဖြည့် စွက် လျာထားစီမံနေတာ တွေ့ နေ ရပါတယ် ။

လှိ ုင်မြစ်နဲ့ တိုးမြစ်က ရေချို တွေကို ပင်လယ် ဒီရေအတက်အကျ ကို ယူ အသုံ းချပြီး စိုက်ပျိုးရေးအတွက် စပါး သီးနှံအတွက် မြစ်ထဲကရေချိုတွေကို ရေသွင်း ရေထုတ် ရေထိန်း ရေတံခါး ကြီးတွေ တည် ဆောက် ပြီး အလို အလျောက် ရေသွင်း တဲ့ လုပ်ငန်း တွေ ကို မိခင် ဆည်မြောင်း ဌာ နမှာ ကျွန်တော်တို့ တာ ဝန် ထမ်းဆောင်ခဲ့ စဉ် ၁၉၈၈ နောက် ပိုင်း ၂၀၀၀ ပြည့် နှစ် ကာလတွေ ဆီ အချိန်ကတည်း က ကျွန်တော် တို့ တစ်တွေ မိခင်ဌာ နမှာ စီမံ ဆောင်ရွက်ခဲ့ကြ ပြီးဖြစ်ပါတယ် ။

မူလက ရေ မြုပ်နေတဲ့ ရေနက်ကွင်းကြီးတွေထဲမှာ စပါးပိုမို စိုက်ပျိုးနိုင်ရေးကို ရှေ့ရှ ုပြီး စိုက်ပျိုး လယ်ယာမြေ အသစ်တွေ ဖေါ်ထုတ်ခဲ့ကြပါတယ် ။
ရေနက်ကွင်းလယ်ယာမြေ ဖေါ်ထုတ်ရေးစီမံကိန်းကြီးဟာ ယနေ့မှာ စပါးနဲ့ ငါး ဘက်စုံ သုံး စီမံကိန်းကြီးအဖြစ် များစွာ ပြောင်းလဲ တိုးတက်လို့ နေပါပြီ။

ယနေ့ အခါမှာ
ကွယ် လွန်သွားလေသူ ဆရာသမားတစ်ဦး တင်စားပြောခဲ့ဘူးသလို ၊ စင်ကာပူ ဧရိယာ အကျယ် အဝန် ခန့်ရှိတဲ့ ၊ ဧရိယာ ဧက ၂ သိန်းခန့် ရှိတဲ့ ညောင်တုန်း ကျွန်း ကြီး ထဲ မှာ စပါး အတွက်
စိုက်ပျိုးေ ရ နဲ့ ငါး တွေအတွက် ငါးကန်တွေမှာ ေ ရ ဖြည့်ပေးနိုင်ရေးတွေ အတွက် နွေရာသီမှာ ရေချို တွေ သွင်းပေးနေလျက်ရှိပါတယ် ။

မိခင်ဆည်မြောင်းဌာနကြီးရဲ့
အောက်မြန်မာပြည် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ အပေါ် ပိုင်း မှာတည်ရှိနေတဲ့ ထူးခြားတဲ့ ဘက်စုံသုံး စပါးနဲ့ငါး စီမံကိန်းကြီးတစ်ခု ဖြစ်နေပါပြီ။

လှိုင်မြစ် / ပန်းလှိုင်မြစ်ရေကို သွင်း ယူတဲ့ ညောင်တုန်းကျွန်းအတွက် တည်ဆောက်ထားခဲ့ တဲ့ ပန်း လှ ိုင် ရေတံခါး ၊မဲ ဇလီရေတံခါး ၊ပန်တိုင် ရေတံခါးနဲ့ ဧရာဝတီ မြစ် တိုး မြစ်ရေကို စိုက် ကွင်းတွေထဲ ရေချို တွေ သွင်း ပေးနေတဲ့ မိုးမခရေတံခါး ။ နဲ့့ကွမ်း ခြံကုန်းရေတံခါး တွေဟာ လက်တွေ့ အောင်မြင်နေတဲ့ ရေ ချု တွေ သွင်း ပပးနေတဲ့ ရေတံခါး ကြီးတွေပါ။

ရေတံခါးတွေက ရေနုတ်ရေထုတ် ဘို့သာမက ရေချိုသွင်းခါ ။ရေထိန်း ရေလှောင်ထားနိုင်တဲ့ ဆည်မြောင်း ဌာနက တီထွင်ကြံဆ တည်ဆောက် ပေး ထားခဲ့ကြတဲ့ ဘက်စုံသုံး ရေတံခါးကြီးတွေဖြစ်ကြပါတယ် ။

ဆည်မြောင်းဌာနက မြစ် ဝကျွန်း ပေါ် ဒေသ ရေစီမံခန့်ခွဲ မှု ပညာတွေ ပြည်တွင်း ပြည်ပ မှာ သင်ကြားတတ်မြောက် လာကြပြီး ၊ သက္ကရာဇ် ၂၀၀၀ ပတ်ဝန်းကျင် ကာလမှာ မိမိနိုင်ငံအတွက် လက်ငင်းလက်တွေ့ အသုံးချ တည်ဆောက်ခဲ့ ကြတဲ့ ရေအင်ဂျင်နီယာကြီးတွေရဲ့ သူမတူ တဲ့ လက်ရာတွေပါ။

ကွယ်လွန်သူ မြစ်ဝကျွန်းပေါ် ရေအင်ဂျင်နီယာကြီး ဆရာသမား ဦးထွေးမြင့်က အဓိက ဦးဆောင် သင်ပြ ဆောင်ရွက်ခဲ့ကြတဲ့ ထူးခြားတဲ့ ဆည်မြောင်း အလုပ်တွေ ဖြစ်ပါတယ် ။

နေရာသစ်တွေ ထပ်ရှာဖွေ ပြီး ၊ ထပ်ပြီး လဲ ရေချို တွေ သွင်းပေးနိုင်တဲ့ နေရာ တွေ ဧရာ ဝတီမြစ်ဝကျွန်းပေါ်ဒေသ အပေါ် ပိုင်း ၊ ရေချို ရေငန်စပ် ဒေသတွေ မှာ အများအပြား ရှိနေပါသေးတယ် ။

ရေသွင်းဘို့ ၊ ရေတင် စက်လဲ သုံးစရာမလို ၊ လျှပ်စစ်ပါဝါ နဲ့ ဒီဇယ် ဆီလဲမလိုတဲ့ ရေသွင်းအလုပ်တွေပါ။
သဘာဝ အလျောက် မိုးရော နွေပါ လတိုင်းမှာ တစ်နေ့လျင် ၂ ကြိမ် တက်/ ကျနေတဲ့ ပင် လယ်ဒီရေ ဝင်ထွက်နေတဲ့ ရေတက်ရေကျ ကို အသုံ ချပြီး ၊ မိုးရာသီမှာ လယ် ကွင်းထဲ ရေများလျင် အလိုအလျောက် ရေထုတ် ခါ ၊ နွေရာသီမှာ လယ်ကွင်းထဲက နွေစပါးတွေအတွက် အလိုအလျောက် ရေ ပြန် သွင်းပေးပါတယ် ။ မြစ် ဝကျွန်း ပေါ် ရေအင်ဂျင်နီယာတွေရဲ့ ပညာနဲ့ စွမ်းရည် ပါ။ အညာသား ဆည် ေ မြာင်း အင်ဂျင် နီယာတွေ အများစု နား မလည် နိုင်တဲ့ မြစ်ဝကျွန်းပေါ် ရေပညာ တွေပါ။

ကွင်းထဲရေသွင်း ရေထုတ် လုပ်ရာမှ ာ ဒီဆယ် ဆီနဲ့ လျှပ်စစ် ပါဝါ မသုံးဘဲ လုပ်နိုင်တာ အဓိက အားသာချက်ပါ။
အများစုက မသိကြ လို့ လဲ လူကြီးလုပ်သူတွေအပါအဝင် အများစုက အလေးမထားကြတာလို့ မှတ်ယူမိပါတယ်။

မြန်မာ နိုင်ငံ ရဲ့ ရေသယံဇာတ အရင်းအမြစ် ပေါ ကြွယ်ဝတဲ့ သာဓက ပြယုတ်တွေပါ ။

ခက်နေတာက ရှာ တတ်ဖွေတတ် အသုံးချ တတ်ဖို့ ဘဲ လို ပါတယ် ။
အနာဂတ် နိုင်ငံတော် ဘက် စုံ ဖွံ့ ဖြိ ုးတိုတက်စေရေး အတွက်ပါ။

ရန်ကုန် မြို့ သောက်သုံးရေ ဖြည့်ပေးဘို့အတွက် ညောင်တုန်း ပန်းလှုင်မြစ် အဆုံး မှာ ရေငန် ဓာတ်နည်းပြီး ၊ရေချိုပမာဏများတဲ့ ကုက္ကိုလ်ဝ မြစ်ရေကို စက်ရေတင်ရေစုပ်တင် ပြီး သောက်သုံးရေရရှိရေး ကို ရန်ကုန်မြို့တာ် စည် ပင် အဖွဲ့က ဆောင်ရွက် နေတာ သိရ ပါတယ် ။ ၅နှစ်နီးနီး ကြာပြီလားမသိ ၊

ယနေ့ အခြေအနေ ဘယ် အဆင့်ရောက်နေပြီမသိပါ။
လုပ်သင့်တဲ့အလုပ်တစ်ခု ပါ ။

ဆည်မြောင်းကတော့ သက္ကရာဇ် ၂၀၀၀ ပြည့် မတိုင်ခင်
၁၉ ၉ ၀ ခန့်၊ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော် ခန့်အချိန် ကတည်းက ၊ကွက္ကိုလ်ဝ မြစ်ဘေး ထန်းတပင် တက်သစ်ကျွန်း ထဲ ကလယ်ယာမြေတွေမှာ ေ နွစပါးစိုက်ပျိုးရေးအတွက် ရေချို သွင်းဘို့ ဘက်စုံသုံး ပန်တိုင်ရေတံခါးကို ပထမဦးဆုံး
စတင် ၊ တီထွင်ကြံဆ တည်ဆောက် ခဲ့ကြ ပါတယ် ။

မိုးရာသီမှာ ရေနုတ် ဘို့ ၊နွေရာသီမှာ ရေချို သွင်းပြီး ရေလှောင် ထိန်းထားနိုင်ဘို့ တွေအတွက် ကို မြစ် ဝကျွန်းပေါ် ရေအင်နီယာ ဆရာသမားကြီး ဦးထွေး မြင့် က စိတ်ကူးပုံစံထုတ်ခါ ပထမဆုံး စတင်ဆောင်ရွက်ခဲ့ တဲ့ အလုပ်တစ်ခုပါ ။

ထန်းတပင် မြို့ နယ် အတွင်းက ရန်ကုန် ညောင်တုန်း ကားလမ်းဘေး က လယ် မြေ တွေ ရေမကြီးတော့ဘဲ နွေအခါ နွေစပါးစိုက်ဘို့ စိုက်ပျိုးရေချို တွေ လဲ ယနေ့ထိ ပုံမှန်ရနေပါတယ် ။

နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးမှာ အုပ်ချုပ်သူတွေအဆင့်ဆင့်
စိတ်ဝင်စားဘိ့နဲ့ ၊ဝါသနာလဲပါ ကြရင် ပိုမို ဖြစ်ထွန်းပြီး၊
နိုင်ငံတွင်း က သက်ဆိုင်ရာ အစိုး ရဌာနတွေကလဲ
အချင်းချင်း ပူးပေါင်း ညှိ နှုင်းဆောင်ရွက်နိုင်ကြလျင် ၊
ဆောင်ရွက်နိုင်ကြသလောက်
မြန်မာ့ရေမြေ သဘာဝတွေကို အကျိုးရှိစွာ အသုံချနိုင်ကြပြီး ၊ မြန်မာ့ ရေသယံဇာတ စီမံခန့်ခွဲ တဲ့အလုပ်တွေဟာ ၊
ကောင်းစွာ ဖြစ် ထွန်းအောင်မြင် နိုင် ပါ ကြောင်း ၊
မိမိဘဝ အတွေ့အကြုံ တွေ အရ
လက်ငင်း တွေ့ရှိရပါတယ် ။

အေးမြင့်( ညောင်တုန်း)
၂၈ / မေလ/ ၂၀၂၂
၁/၆/၂၀၂၂

ရည်ညွှန်း

ရန်ကုန်မြို့အတွက် သောက်သုံးရေပိုမို ရရှိရေး လုပ်ငန်းများ
Facebook post on 23 May 2016

ရန်ကုန်မြို့အတွက် သောက်သုံးရေရပိုမို ရရှိရေး လုပ်ငန်းများ

ရန်ကုန်မြို့တော် စည်ပင်သာယာရေး အဖွဲ့ က အနာ ဂတ် ရန်ကုန်အတွက် သောက်သုံးရေပို ရအောင် မြစ်ရေတစ် စီမံကန်းတွေနဲ့ ဖြည့် စွက် လျာထားစီမံနေတာ တွေ့ နေ ရပါတယ် ။

လှိ ုင်မြစ်နဲ့ တိုးမြစ်က ရေချို တွေကို ပင်လယ် ဒီရေအတက်အကျ ကို ယူ အသုံးချပြီး စိုက် ပျိုး ရေး အတွက် စပါး သီးနှံအတွက် မြစ်ထဲကရေချိုတွေကို ရေသွင်း ရေထုတ် ရေထိန်း ရေတံခါး ကြီးတွေ တည် ဆောက် ပြီး အလို အလျောက် ရေသွင်း တဲ့ လုပ်ငန်းတွေ ကို မိခင် ဆည်မြောင်း ဌာ နမှာ ကျွန်တော်တို့ တာ ဝန် ထမ်းဆောင်ခဲ့ စဉ် ၁၉၈၈ နောက် ပိုင်း ၂၀၀၀ ပြည့် နှစ် ကာလတွေ ဆီ အချိန်ကတည်း က ကျွန်တော် တို့ တစ်တွေ မိခင်ဌာ နမှာ စီမံ ဆောင်ရွက်ခဲ့ကြ ပြီးဖြစ်ပါတယ် ။
ဒီနေ့ အထိ ရေချို တွေ သွင်းနေဆဲ့ပါ။

လှိုင်မြစ် / ပန်း လှိုင်မြစ်ရေကို သွင်း ယူတဲ့ ညောင်တုန်းကျွန်းအတွက် တည်ဆောက်ထားခဲ့ တဲ့ ပန်း လှ ိုင် ရေတံခါး ၊မဲ ဇလီရေတံခါး ၊ပန်တိုင် ရေတံခါးနဲ့ ဧရာဝတီ မြစ် တိုးမြစ်ရေတွေ ကို စိုက် ကွင်းတွေထဲ ရေချိုတွေ သွင်း ပေးနေတဲ့ မိုးမခရေတံခါး ။ နဲ့့ကွမ်း ခြံကုန်းရေတံခါး တွေဟာ လက်တွေ့ အောင်မြင်နေတဲ့ ရေချုသွင်း ရေတံခါး ကြီးတွေပါ။

နေရာသစ်တွေ ထပ်ရှာဖြွေ ပီး ထပ်ပြီး လဲ ရေချို တွေ သွင်းပေးနိုင်တဲ့ နေရာ တွေ ဧရာ ဝတီမြစ်ဝကျွန်း ပေါ်ဒေသ အပေါ် ပိုင်း နေရာ အနှံ့အပြား မှာ ရှိနေပါသေးတယ် ။

နိုင်ငံ ရဲ့ ရေသယံဇာတ အရင်းအမြစ် ပေါ ကြွယ်ဝတဲ့ သာဓက ပြယုတ်တွေပါ ။

ခက်နေတာက ရှာ တတ်ဖွေတတ် အသုံချ တတ်ဖို့ ဘဲ လို ပါတယ် ။
အနာဂတ် နိုင်ငံတော် ဘက် စုံ ဖွံ့ ဖြိ ုးတိုးတက်စေရေး အတွက်ပါ။