ရန်ကုန်တက္ကသိုလ်နှစ် ၅၀ ပြည့်ရွှေရတုပွဲ ကြီး မှာထူးထူးခြားခြား ၊အမှတ်တရ ။ Rangoon University Golden Jubilee

တွေးမိတွေးရာ၊
ရေးမိရေးရာ ( ၁၀၁)

(ပညာရေး)

ရန်ကုန်တက္ကသိုလ်
နှစ် ၅၀ ပြည့်
ရွှေရတုပွဲ ကြီး မှာ
ထူးထူးခြားခြား ၊
အမှတ်တရ ။

ကွှန်တော်တို့ ၁၉၇၀ ပြည့်နှစ် RIT ကျောင်းသားဘဝ မှာ
ရန်ကုန်တက္ကသိုလ် နှစ် ၅၀ ပြည့် ရွှေရတုပွံနဲ့ ကြီး နဲ့ ဆုံခဲ့ ရာ မှာ .
သက်ဆိုင်ရာက အမှတရထုတ်ဝေခဲ့တဲ့
သစ်ပုတ်ပင်ကြီး ပန်းချီပုံပါပို့စကဒ် တွေကို သဘောကျလို့ မိတ်ဆွေ အပေါင်းအသင်းတွေထံ
စာတိုက်ကနေ အမှတ်တရပို့ခဲ့တယ် ။
မိတ်ဆွေတွေထဲမှာ
ငယ်ချစ်ဦး လဲပါခဲ့တယ် ။

ပန်းချီဆရာကြီး ဦးနန်းဝေ ရဲ့
လက်ရာ မြောက် သစ်ပုတ်ပင်ကြီးပန်းချီ ပုံနဲ့
ရန်ကုန်တက္ကသိုလ် နှစ်၅၀ ပြည့် အထိမ်းအမှတ်
ရွှေရတုအထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့တဲ့
ပို့စကဒ်ပေါ်မှာ
မိမိအကြောင်းသိနေတဲ့
ညောင်တုန်းတစ်ရပ်ထဲသား
ငယ်သူငယ်ချင်း( ဆံရှည် တင်ဝင်း ) တစ်ယောက်က
သစ်ပုတ်ပင်ကြီးနဲ့
ဆက်စပ် ခံစားပြီး ၊
ငယ်ချစ် ဦးကိုပို့တဲ့ ပို့စကဒ်ပေါ်မှာ ၊
မိမိအတွက် စာဖွဲ့ ရေးပေးခဲ့ တယ် ။

နွေသစ်ပင်၏ ခွင့်လွှတ်ခြင်း။

” နွေပေးသည့်ဒဏ် ၊
အထီးကျန်လည်း၊
မုန်းဟန်မပြု နိုင် တကား ။ “

၁၉၇၀ ပြည့်နှစ်
စက်မှုတက္ကသိုလ်
လူငယ်ကျောင်းသားဘဝ။

မိမိပညာရေးပန်းတိုင်အတွက်
ဦးနှောက်အလုပ်တွေ လုပ်ရလွန်းလို့
ဦးနှောက် တွေ ဘလောင်ဆူ ၊ပူနေတဲ့အချိန်၊
လုငယ်တို့သဘာဝ
နှလုံးသွေး တွေ က လဲဆူ ပွက် နေတဲ့အရွယ်။

ဒါပေမဲ့ မိမိ ဘဝရှေ့ရေးကရှိနေတယ် ။
ဖခင် က မြို့ပေါ်မှာ
လူသိများတဲ့ ရွှေ ပန်းတိမ်ဆရာတစ်ယောက်ဖြစ်ခဲ့သော် လဲ ၊
၄နှစ်သားခန့် ခလေးအရွယ် ကတည်းက
ဖခင်မဲ့ ကျွန်တော့် မိသားစု တွေက
ချမ်းသာ ကြွယ်ဝကြသူတွေမဟုတ်ကြဘူး ။
ကျွန်တော်ကိုယ်တိုင်
အဖိုးတွေ အဒေါ်တွေ အမျိုးတွေ ရဲ့ စောင့်ရှောက်မှုနဲ့ ၊
သူတို့ လက်ထဲမှာ ကြီး ပြင်း ခဲ့ရ၊
ပညာတွေ သင်ကြားနိုင်ခဲ့ရတယ် ။

ကျောင်းပြီးဘို့ ၊
နှစ်စဉ် စာမေးပွဲ တွေ မှန် မှန်အောင်ဘို့ ၊
ဘွဲ့ရဘို့ အဓိကထားပြီး၊
မိမိ ဘဝအတွက် ပညာရေးသည်သာ ပထမ ။
ပညာရေးသည်သာ ဒုတိယ
ပညာရေးသည်သာ တတိယ ဆိုပြီး ၊
ပထမဦးစားပေး အလုပ်အဖြစ်
ပညာသင်ချိန် လူငယ်ဘဝ
ရုန်းကန်ကြိုးစားနေရတဲ့ အချိန် ။

ဒါပေမဲ့
အရွယ်ရောက်
လူလားမြောက်လာနေတဲ့
လူငယ်ပြီပြီ – – – –
နှလုံးသား ခံစားချက်တွေ ကို
မြိုသိပ် ချိုးနှိမ်ထားနေခဲ့ရပြီးနောက်၊

မိမိဘဝ
ပထမဦးစားပေး
မိမိပညာရေး ရည်မှန်းချက် အောင်မြင်ပြီး တာနဲ့ ၊
မိမိဘဝ
ဒုတိယဦးစားပေး
ဘဝအတွက် အသက်မွေးဝမ်းကြောင်း အလုပ် ရှာပြီး တဲ့နောက်
မိမိ ရဲ့ နှလုံးသားရေးရာကို
၁၉၇၂ ခုနှစ်မှာ RIT ကျာင်းဆင်းပြီးနောက် ၊
လုပ်ငန်းခွင် ဝင်ပြီး ၊
ဆည်မြောင်းမှာ ပြေးလွှား အလုပ် လုပ်နေချိန် ၊
၁၉၇၅ ခုနှစ်မှာ
ဘဝအတွက် တတိယ ဦးစားပေး အလုပ် အဖြစ်
ချက်ခြင်းဘဲ ဆောင် ရွက်ခဲ့ပါတယ် ။

ကျွန်တော်က BE ဘွဲ့ရခဲ့တယ်။
သူ့ ဘွဲ့က စာလုံး တစ်လုံးပိုခဲ့ တယ် ။
သူက BEd ဘွဲ့ရခဲ့တယ် ။
၁၉၇၂ ခုနှစ် ၊တစ်နှစ်ထဲမှာ
အတူတူ ဘွဲ့ရခဲ့ကြတယ်။
လူငယ်ဘဝ
ပညာသင်ဘဝ မှာ ၊
အတူတူ ဘွဲ့ ယူ ၊ ပြီးခဲ့ကြတယ် ။

မိခင်တွေလို ပြုစုပျိုးထောင် ပေးခဲ့တဲ့
ကျွန်တော့်အဒေါ် ကြီး ၂ ဦးကို ခေါ်သွားပြီး ၊
နှစ်ပေါင်း ၅၀ ကျော် သက်တမ်းရှိနေတဲ့
ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ဘွဲ့နှင်းသဘင် ခန်းမကြီးထဲမှာ
ကျွန်တော် BE ဘွဲ့ယူခဲ့တယ် ။
ဇနီးဖြစ်လာသူလဲ ဒီခန်းမကြီးထဲမှာဘဲ
BEd ဘွဲ့ ယူခဲ့တယ် ။

ယနေ့ ။
တစ်နယ်တည်းသား ကျောင်းနေဖက်
ဘဝ အဖေါ်နဲ့ လက်တွဲလာခဲ့တာ ပင်လျင်
၄၇ နစ် တိုင် ရှိခဲ့ပါပြီ။
ခေတ်တွေ မျိုးစုံ ဖြတ်သန်းလာခဲ့ပြီး ၊
ဘဝအတွေ့အကြုံတွေလဲ များစွာ ရခဲ့ပြီ။
သားတွေသမီးတွေ မြေးတွေနဲ့ ဘဝကို ဖြတ်သန်း နေပါတယ် ။
ဘဝရဲ့ နှစ်၅၀ ရွှေ ရတု မင်္ဂလာပွဲ နွှဲ ဘို့
၃ နှစ် ဘဲလိုတော့ တယ် ။

လူ့ဘဝမှာ
ဘဝပညာတွေကတော့
ယနေ့ထိတိုင် လိုက်လို့မဆုံး။
သင်လို့ ေကာင်း ၊ လုပ်ကောင်းနေတုန်း ။
သင်လို့မဆုံးနိုင် သေးပါ။

Lifelong Learnibg
ကျောင်းပညာတွေ သင် ပြီး တာတောင် ၊
ဘဝပညာတွေ
ဘဝတစ်သက်တာ
သင်လို့ ကောင်း၊ လေ့လာလို့ ကောင်း နေ ဆဲ ပါ ။
ဒီနေ့ အင်တာနက် ခေတ်ကြီးမှာ
ဘယ် ဘာသာရပ် ,ဘာ အကြောင်းအရာ မဆို ၊
ဘာမဆို အလွယ်တကူ သင်လို့ကောင်း လေ့လာ လို့ ရ နေတဲ့
ခေတ်ကြီးကိုရောက် နေတာပါ။

ယခု တော့
ဘဝနေဝင် ချိန် တွေ မှာ
နှစ် ဦးသား လက်တွဲ ခါ ၊
ဆိုးတိုင် ပင်
ကောင်းတိုင်ပင် ၊
နေခဲ့ကြ၊ နေ နေကြသလို ၊
ရန်ဖြစ်လိုက် ၊
ပြန်တည့်လိုက် ကြနဲ့ လဲ ၊
ဘဝကို
အတူ လက်တွဲခါ
ဖြတ်သန်းနေ ကြ ပါပြီ ။

တာဝန် ကျေတဲ့ facebook ကြီးမှာပြန်ပေါ်လာတဲ့
လွန်ခဲ့သော နှစ် ၅၀ ကျော်က
ရန်ကုန်တက္ကသိုလ် ရွှေရတု အထိမ်းအမှတ် အဖြစ် ထုတ်ခဲ့တဲ့
ပို့စကဒ် လေးကို ပြန် တွေ့ရလို့
အဖိုးအရွယ် လူ တစ်ယောက်
ငယ်မူ ပြန်သွားမိတာပါ ။

အေးမြင့် ( ညောင်တုန်း )
၂၇ ၊မေလ ၊၂၀၂၂
၂၉၊ မေ လ၊ ၂၀၂၂ ( Revised )

ရည်ညွှန်း
မိမိ၏ Facebook post ( ၂၆ မလေ ၂၀၂၀ )

ထူးခြားတဲ့ ၂၀၂၀ ပြည့်နှစ်

ရန်ကုန်တက္ကသိုလ်ကြီး နှစ် ၁၀၀ ပြည့်ပြီ

လွန်ခဲ့သော နှစ် ၅၀ က
ရန်ကုန်တက္ကသိုလ် ကြီး နှစ်၅၀ ပြည့်လို့
၁၉၇၀ ကျွန်တော်တို့ စက်မှု တက္ကသိုလ် ကျောင်းသား ဘဝမှာ
ရန်ကုန်တက္ကသိုလ် ရွှေ ရတု ပွဲကြီးကို
ရန်ကုန်တက္ကသိုလ် မှာ
ချိမ့်ချိမ့်သဲသဲ ကျဉ်းပခဲ့ တာ နဲ့ ဆုံ ခဲ့ရတယ် ။

ကိုဗစ်ပိုး ဘေးရှောင်ရင်း ၊
အိမ်တွင်အမှိုက်တွေ စာအုပ် တွေရှင်းရာက ပြန်တွေ့ရတဲ့
လွန်ခဲ့သော နှစ် ၅၀ က အမှတ်တရ ပို့စကဒ်
ရန်ကုန်တက္ကသိုလ်။ ရှေ ရတု အထိန်းအမှတ်
အမှတရ ထုတ်ခဲ့တဲ့ ပို့ စကဒ်
ချစ်သူခင်သူ မိတ်ဆွေ သူငယ်ချင်းတွေကို စာတိုက်ကပို့ပေး ခဲ့တယ်။