မှတ်ဖွယ် မှတ်ရာ
စာပဒေသာ။ ( ၆၄ )
( မြန်မာ့ ဆည် မြောင်း )
အောက်မြန်မာပြည်
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ က
ညောင်တုန်းကျွန်း
ရေနက်ကွင်း လယ်ယာ မြေ ဖေါ် ထုတ် ရေးစီမံကိန်း ။

ဦးကျော်မြင့်လှိုင်လက်ရာ ထနီးရေတံခါး။
ရေတံခါး လဲဘဲ ဆက်ပြီး အလုပ်ကောင်း ကောင်းကောင်းလုပ်နေတုံးလို့ မျော် လင့်ပါတယ် ။ မိုးရာသီ မိုးနှောင်း ကာလ မှာ ဧရာဝတီ မြစ်ထဲ ရေထုတ် တယ် ။ နွေရာသီ သီမှာ နွေစပါးစိုက်ဘို့ ဧရာဝတီမြစ်က ရေချို ပြန် သွင်းပေး တယ် ။
အလားတူစွာဘဲ
ထနီး ရေတံခါးမတည်ဆောက်ခင် အနီးအနားမဝေး တဲ့ နေရာမှာ လှိုင်းတာ ရေတံခါး ကို တည်ဆောက်ထား ခဲ့တယ် ။
လှိုင်းတာက အဲဒီအချိန်က AE ဦးခင်မောင်ထွန်းလက်ရာ။
တည် ဆောက်နေ စဉ် မှာ ဘယ်သူမှအကြောင်းမကြားဘဲ နိုင်ငံတော် အကြီး အကဲ Number One နဲ့ လူ ကြီး ၃-၄ ယောက် ညနေပိုင်းမှာ ကားလေးတစ်စီးနဲ့ ရန်ကုန်ကထွက်လာပြီး တိတ်တိတ် ပုံး လာကြည့်ခံသွားရတဲ့ရေတံခါး။
လူ ကြီးတွေစိတ်ဝင်စားခဲ့ကြတယ် ။
ပြီးခါနီး ရေတံခါးကို ကြည့်ပြီး ကြေနပ်သွားခဲ့ ကြတယ် ။
ညောင် တုန်း ကျွန်းရဲ့ အဓိကကျတဲ့ ရေတံခါးတစ်ခု ပါ ။
——-
ညောင်တုန်းကျွန်း ပတ်ပတ်လည် မှာ တည် ဆောက် ခဲ့ တဲ့ ရေတံခါးတွေထဲမှာ ထူးခြားတဲ့ ရေတံခါး ၃ ခု ရှိ ခဲ့တယ် ။
၁ ။ ယခု ဖေါ် ပြတဲ့ ညောင်တုန်းကျွန်း တောင် ပိုင်း က ၊လှိုင်းတာရေတံခါး ကို ရန်ကုန်တိုင်း ကို တည်ဆောက်စေခဲ့ပါတယ် ။ မအူပင် တဖက်ကမ်း ဧရာဝတီမြစ်ထဲ ရေထုတ်ဖို့နဲ့ တိုးမြစ် နဲ့ ဧရာဝတီ က ရေသွင်း ပြီး နွေ စပါး စိုက်ပျိုးရေး အတွက် ရေချို ပြန် သွင်းပေး နိုင်တယ် ။ AE ကိုခင်မောင်ထွန်းက တာဝန်ယူတည်ဆောက်ခဲ့တယ် ။( ယခု သူ ဆုံးပါးသွားခဲ့ပါပြီ ။ )
၂။ ညောင်တုန်းကျွန်း တောင် ပိုင်း က ၊တပွတ် တနောင်ရေတံခါး ကို ဧရာဝတီတိုင်းကိုတည်ဆောက်စေခဲ့တယ် ။ ဧရာဝတီ ထဲ ကိုရေထုတ်နိုင်တယ် ။ ဧရာ ဝတီ က ရေချိုပြန် သွင်းနိုင်တယ် ။ရေတံခါး သေးလို့ ရေသွင်းအားတော့ န ည်း တယ် ။
မအူပင် ခရိုင် ရုံး က AE တစ်ဦးကို တာဝန်ပေးခဲ့တယ် ။
၃ ။ ညောင်တုန်းကျွန်းမြောက် ပိုင်း ၊ငှက်ပျောကျွန်း ရွာနားက ခတ္တိယ ရေတံခါးကို တည်ဆောက်ရေး(၆ )ကို တာဝန်ယူ တည်ဆောက်စေခဲ့တယ် ။ ပန်းလှီုင်ချောင်းထဲကို ရေဘဲထုတ်နိုင်တယ် ။ ရေငန်ဒေသဖြစ်လို့ ရေသွင်းလို့ မရပါဘူး ။ တဆရ ၆ ရုံးက AE ကိုမြအေးကို တာဝန်ပေးခဲ့တယ် ။
ဝန်ကြီး ဗိုလ် ချုပ်နဲ့ ဆည်မြေ င်း ညွှန်ချုပ် တို့တိုင်ပင်ကြပြီးတာဝန်တွေ ခွဲဝေ ချထား ပေးခဲ့ တယ် လို့ ယူဆရပါတယ် ။
ညောင်တုန်းကျွန်း မြောက်ပိုင်း ညောင်တုန်းမြို့နယ် ထဲက ကွင်းတွေထဲ က ရေပိုရေလျံ ၊ ရေတွေ ထုတ်ဘို့ က ငှက်ပျောကျွန်း ရွာနားက ခတ္တိယ ရေတံခါး ကို စီမံတည်ဆောက်ခဲ့တယ် ။
တပွတ်တနောင်နဲ့ လှိုင်းတာရေတံခါးတိုံက ညောင်တုန်းကျွန်းတောင်ပိုင်း မအူပင် မြိုနယ် ကွင်းတွေထဲက ရေထုတ်ဖို့နဲ့ရေသွင်းဘို့ ဖြစ်ကြတယ် ။
ဆည်မြောင်း ရဲ့ တိုင်း အဆင့် ရုံး ၃ ရုံး ကို တစ်ပြိင် ထဲ တာဝန်ပေး ခါ အပြိုင်အဆိုင် တည်ဆောက်စေခဲ့တာဖြစ် တယ် ။
လှိုင်းတာ ရေတံခါးကို တာဝန်ယူဆောက်တဲ့ ရန်ကုန်တိုင်းက ရေတံခါး ပထမဆုံးပြီး တယ် ။ ပထမ ရတယ် ။
ခတ္ထယ ရေတံခါးဆောက်တဲ့ တဆရ ၆ ရုံးက ဒုတိယ ပြီးတယ် ။ တပွတ်တနောင်ရေတံခါး ကို တာဝန် ခဲ ဆောက်တဲ့ ဧရာဝတီတိုင်းရုံးက ပိတ်ဆုံး ပြီး ခဲ့ ရုံ သာမက ၊အမှုတွေလဲဖြစ်ခါ အစစ်အဆေး ၊အရေးယူ ခံခဲ့ ကြရသေးတယ် ။
နိုင် တော် ဖွံ့ ဖြိုး ရေးအတွက် ၊ တည်ဆောက်နေစဉ်မှာ ၊
ဆည်မြောင်းမှာ လုပ်ခဲ့ကြ ၊ဖြစ်ခဲ ကြ တဲ့ အဖြစ် သနစ် တွေပါ ။
ဒီနေ့မှာတော့ ရေတံခါး ၃ ခုစလုံး အလုပ်တွေကောင်းစွာ
လုပ်နေကြမယ် ယူဆရပါတယ် ။
ရေတံခါး ၃ ခုထဲမှာ အကောင်းဆုံး ရေတံခါးက လှိုင်းတာ ရေတံခါးပါ ။ . ရေထုတ်မြောင်းမကြီးက ကောင်းတယ် ။ကျယ် တယ် ။နက်တယ် ။ ညောင်တုန်းကျွန်းကြီးရဲ့ အလယ် ခေါင် မှာ တောင်မြောက် ဖေါက်ထားတဲ့ မဲဇလီ က နေ လှိုင်းတာရေတံခါး ဝ အထိ လမ်းမကြီး နဲ့အတူ လမိးဖြစ် မြောင်းဖြစ် တူးဖေါ် ဖေါက်လုပ် ထားတဲ့ ရေနုတ် မြောင်းကြီးက ရေနုတ် ရေဆွဲအား အလွန် ကောင်းသလို ၊ ရေသွင်းအားလဲ ကောင်းတယ် ။
ညောင်တုန်းကျွန်းကြီးတစ်ခုလုံး ရဲ့အကောင်းတကာ့ အကောင်းဆုံးရေတံခါး ကြီး က ညောင်တုန်းကျွန် းတောင်ပိုင် း၊ အောက်ပိုင်းမှာ တည် ဆောက်ထားတဲ့ ၊ ရေချို ရတဲ့မြစ် ုတိုးမြစ် ထိပ်မှာတည်ဆောက်ထားတဲ့ မိုးမခ ရေတံခါး ကြီးပါ ။ ညောင်တုန်းကျွန်းရဲ့ အကြီးဆုံး နဲ့ အဓိက ရေတံခါးကြီးလဲ ဖြစ်တယ် ။
ရေနုတ် ကောင်းတယ် .။ရေသွင်းကောင်းတယ် ။
ဒုတိ ယ ရေနုတ် ရေသွင်း အား ကောင်းတဲ့ ရေတံခါးက ညောင်တုန်ကျွန်းမြောက်ပိုင်းထိပ်မှာ ပထမဆုံး တည်ဆောက်ထားခဲ့ တဲ့ ပန်းလှီုင်ရေတံခါးပါ။
ညောင်တုန်းကျွန်း ပတ် လည် မှာ တည် ဆောက်ပေးထားတဲ့ ရေတံခါးတွေက ၊ ဆက်စပ် လယ် ကွင်းတွေအတွက် ဘက်စုံ အကျိုးပြုနေတဲ့ ဆည် မြောင်းရေတံခါး တွေပါ ။
။
ရေနက်ကွင်းထဲကရေတွေ လျော့အောင် ၊ ရေမကြီး အောင် လုပ်ပြီး စပါးစိုက်ပျိုးရေးတိုးတက် ဖွံ့ ဖြိုး အောင် မူလ က လုပ်ခဲ့ကြတဲ့ အလုပ်တွေက၊ မူလရည်ရွယ်ချက် စပါးအတွက်သာမက ၊ ယခုအခါမှာ ညောင်တုန်းကျွန်း အတွင်းမှာ နေရာအနှံ့ ရေချိုငါး ပုဇွန် မွေးမြူရေးအတွက် ပါ ငါးမွေးမြးရေးကန်တွေ မြောက်များစွာ တည်ဆောက်ခါ စပါးအတွက်သာမက ၊ငါးအတွက်ပါ အကျိုးပြုလို့ နေပါပြီ။
ယနေ့အ ချိန်အခါမှာ ညောင်တွန်းကျွန်းအတွင်းမှာ ငါးမွေးမြူ ထုတ်လုပ်ရေးဟာ အဓိက စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်နေခါ ၊ နိုင်ငံ စားနပ်ရိက္ခာ အတွက် စပါးသာမက ငါးကိုပါ ညောင်တုန်းကျွန်းစီမံကိန်းကြီးက နှစ်စဉ် ထုတ်လုက် ပံ့ပိုးလို့ နေပါပြီ
ကမ္ဘာ့ဘဏ် အကူအညီနဲ့ ၁၉၇၇ မှ ၁၉၉၂ ခန့်ထိ ဆောင်ရွက်ခဲ့တဲ့ ၊အောက်မြန်မာ ပြည် စပါးစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက် ရေး စီမံကိန်း အပိုင်း(၁) နဲ့ အပိုင်း (၂) ပြီးတဲ့နောက်မှာ ( ကွယ် လွန်သူ ဆရာသမားဦးထွေး,မြင့် မကြာခန တင်စားပြောခဲ့ဘူးသလို ) စင် ကာပူနိုင်ငံ ခန့် အကျယ် အဝန်းရှိ တဲ့ ညောင်တုန်းကျွန်း ရေနက် ကွင်း လယ် ယာမြေ ဖေါ် ထုတ် ရေး စီမံကိန်း လုပ်ငန်းကြီးကို မြစ်ဝကျွန်းပေ့ါ် ဒေသ အင်ဂျင်နီယာ ကြီး , ဆရာသမား ဦးထွေးမြင့် ရဲ့ စိတ်ကူးစိတ်သန်း , နဲ့ တီထွင် ကြံဆ ဒိဇိုင်းပုံထုတ်ခဲ့ပြီး။ မြန်မာအင်ဂျင် နီယာတွေ ရဲ့ အစွမ်းအစနဲ့ ၁၀ နှစ် ခန့ ကြာ တဲ့အထိ တည် ဆောက် အကောင်အထည် ဖေါ်ခဲ့ကြရတဲ့ ဆည်ြေ့ ြဧရာမ ရေစီမံမှု လုပ်ငန်းကြီး ဖြစ်ခဲ့ ပါတယ် .။
စုစုပေါင်း ဧရိယာ ဧက ပေါင်း ၂ သိန်း ခန့်ရှိတဲ့ ညောင်တုန်းကျွန်းထဲ မှာ ရေ မကြီးအောင်၊ ဖေါက်လုပ်ထားတဲ့ ရေနုတ် ၊ ရေထုတ် မြောင်းတွေ နဲ့အတူ ညောင်တုန်းကျွန်း ပတ် လည် မှာ ၊မြောင်းထိပ်တွေမှာ ရေသွင်း၊ရေထုတ် အလုပ်၂ခု ကို ရာ သီကာလအလိုက် လို သလို လုပ် နိုင်တဲ့အပြင် ၊ရေထိန်း နိုင်ငံတဲ့ ရေတံခါး,မျိုးစုံ ကို တိထွင် ကြံဆ တည် ဆောက်ထား ခဲ့ကြပါတယ် ။ ‘
ရေနုတ် ဘို့ သော်၄င်း ၊ ရေ သွင်း ဘို့သော်၄င်း ၊ တည်ဆောက်ထားတဲ့ရေတံခါးတွေကို ဖွင့်ပိတ် ရာ မှာ ဘာ လျှပ်စစ် ၊ဘာစက် သုံးဆီမှ မလိုအပ်ဘဲ ပင် လယ် ဒီရေ အတက် အကျ အားကို ယူငင် အသုံး ချပြီး တီထွင် ကြံဆထားတဲ့ မြန်မာ အင် ဂျင် နီယာကြီး ဦးထွေးမြင့်ရဲ့ ပညာနဲ့ ဒီ ဇိုင်းပုံထုတ် တည် ဆောက် ထားတဲ့ ရေတံခါးကြီးတွေလဲ့ ဖြစ်ပါတယ် ။
လိုအပ်တဲ့နေရာ တွေမှာ လှေဝင် လှေ ထွက် ရေတံခါးကြီးတွေ ပါတွဲ ဘက် တည် ဆောက်ခဲ့ပါတယ် ။ ညောင်တုန်းကျွန်းတောင်ပိုင်းက အကြီးဆုံး ရေတံခါး ကြီး ဖြစ်တဲ့ မိုးမခ ရေတံခါး ဘေး အနီး မှာ ရေယဉ် များအလွယ် တကူ ဝင် ထွက် နိုင်ဘို့ တည် ဆောက် ပေး ထ ားပါသေး,တယ် ။
ဆရာသမားကြီး ဦးထွေး မြင့်ရဲ့ဦး ဆောင် မှုနဲ့ အတူ ၊ မြန် မာ အင် ဂျင် နီယာ တွေ ရဲ့အစွမ်းနဲ့ ၊ ဘယ် နိုင်ငံခြား အကူအညီ ၊ဘာမှ မပါဘဲ တညိဆောက် အကောင်အထည် ဖေါ် ခဲ့တဲ့ ၊ ညောင်တုန်း ကျွန်းစီမံကိန်းကြီး ဖြစ်ပေါ် တိုးတတက် မှု တွေအကြောင်းနဲ့ လုပ်ခဲ့တဲ့ ထူးခြားတဲ့နည်းစနစ် တွေအကြောင်းကို နိုင်ငံတကာ ပညာရှင် တွေ သိရှီရအောင် ကျွန်တော် ကိုယ် တိုင် နိုင်ငံတကာ ကို လှည့်ပတ် ပြီး စာတမ်းတွေ တင် ။ အတွေ့အကြုံ တွေ ဖလှယ် တင်ပြ နိုင် ခဲ့ပါတယ် ။
ရောက်ခဲ့ တဲ့နိုင်ငံတွေ နဲ့ တင်ပြခဲ့တဲ့ အစည်း အဝေး / ညီလာခဲတွေက –
၁. စင်ကာပူ နိုင်ငံမှာ လုပ်ခဲ့တဲ့ စင်ကာပူ ရေရက် သတ္တပတ် ပွဲ တော် ။ SINGAPORE International Water Week
၂။ အင်ဒီု နီးရှားနိုင်ငံ ဂျကာတာ မြို့ မှာလုပ်ခဲ့တဲ့ ကမ္ဘာလုံး ဆိုင်ရာ မြစ် ဝကျွန်းပေါ်များ ထိပ်သီးညီ လာခံ World Delta
Summit
၃။ ဆွီဒင် နိုင်ငံ စတော့ဟုမ်းမြို့မှာ နှစ်စဉ် ကျဉ်းပခဲ့သည့် Stockholm International Water Week
စတော့ဟုမ်း နိုင်ငံတကာ ရေညီလာခံ ။
တို့ ဖြစ်ကြပါ တယ် ။
အေးမြင့် ( ညောင်တုန်း )
၂၂/၅/၂၀၂၂
၂၅/၅/၂၀၂၂( Revised)
ရည် ညွှန်း( ၁ )
ayemyint.blog web page post on Nyaungdone Island Project
Tidal Gravity Fresh Water Supply for Integrated Water Resources Management in Nyaungdone Island for Food Security of Yangon City Urban Population: A Case Study ညောင်တုန်းကျွန်း လယ် ယာ မြေ ဖေါ်ထုတ်ရေး စီမံကိန်း ။
Tidal Gravity Fresh Water Supply for Integrated Water Resources Management in Nyaungdone Island for Food Security of Yangon City Urban Population: A Case Study
Aye Myint
Senior Water Resources Engineer, NEPS, National Engineering and Planning Services Company Limited, No 880, Yadanar Road, Thinganggyun Township, Yangon, Myanmar
(E-mail: wamyint@gmail.com)
A Case Study paper on Nyaungdone Island Reclamation Project of Myanmar , submitted at SINGAPORE International Water Week held in SINGAPORE on 4-8 July ,2011
ညောင်တုန်းကျွန်း လယ် ယာ မြေ ဖေါ်ထုတ်ရေး စီမံကိန်း ။
ရည် ညွှန်း( ၂ )
Fb post
အောက်မြန်မာပြည်က
ဆည်မြောင်း။
ညောင် တု န်း လယ် ယာ ေ မြဖေါ် ထုတ်ရေးအတွက်
တည်ဆောက်ခဲ့တဲ့ရေတံခါး လုပ်ငန်းအချို့ နှင့် ။
ယနေ့ အခြေ အနေ။

ဦးကျော်မြင့် လှိုင် လက်ရာ ထနီးရေတံခါး။
သူ လဲဘဲ ဆက်ပြီး အလုပ်ကောင်း ကောင်းကောင်းလုပ်နေတုံးလို့ မျော် လင့်ပါတယ် ။
လှိုင်းတာက ဦးခင်မောင်ထွန်းလက်ရာ။
ဆောက်နေတုံး ဘယ်သူမှအကြောင်းမကြားဘဲ N. One နဲ့ လူကြီး ၃-၄ ယောက် ကားလေးတစ်စီးနဲ့ တိတ်တိတ် ပုံး လာကြည့်ခံသွားရတဲ့ရေတံခါး။
ကြေနပ်သွားကြတယ် ။
ညောက်တုန်း ကျွန်းရဲ့ အဓိကကျတဲ့ ရေတံခါးတစ်ခု ။
ညောင်တုန်းကျွန်းရဲ့ အကြီး ဆုံး ပင်မ ရေတံခါးက
မိုးမခရေတံခါး ဖြစ်တယ် ။
U Myint Aung /comments
လှိုင်းတာရေတံခါးက
၁၀၄ပေ မြောင်းထိပ်တိုးဖြစ်ပြီး
ညောင်တုံးနယ်စပ်အထိကောင်းနေဆဲ
လက်ခွဲရေမြောင်းတွေလဲပြုပြင်နိုင်တာမို့
အကျိုးပြုနေဆဲပါ
ထနီးရေတံခါးကတော့.
မြစ်ဘက်..ကွင်းဘက်.လူနေအိမ်ထူထပ်ပြီး
ငါးကန်တွေလဲများတာမို့
အကျိုးပြုက.အသင့်အတင့်ပါခင်ဗျ။
U Aye Myint / Reply
သတင်းသိရတဲ့ အတွက် ကျေးဇူးပါ ။
ရေတံခါးတွေကတော့ မပျက်စီးနိုင်ပါဘူး .။
ဆက်စပ် နေတဲ့ စိုက်ပျိုးလယ် ယာမြေတွေ ရေမကြီးအောင် ။ နွေစပါးတွေ စိုက်ပျိုးရေ အောင် ဆည် မြောင်းအဖွဲ့သားများက စီစဉ် ဖန်တီးပေးကြရပါမယ် ။
ခေတ် တွေပြောင်း ၊စနစ်တွေပြောင်း ၊ ဒေသ ရေမြေ သဘော တွေ အရ တွက်ခြေကိုက်တဲ့အလုပ်တွေ ပြောင်းလဲ လုပ်ကြတာ သဘာဝမို့ ၊ညောင်တုန်းကျွန်းထဲမှာ မူလ က ရေနက်ကွင်းတွေဖေါ်ထုတ် စပါးစိုက် ကြဘို့ ရည် ရွယ် လုပ်ခဲ့ကြတာတွေ ဟာ အချို့ နေရာ အတော်များများမှာ လုပ်သာကိုင်သာ လုပ် လို့ရတဲ့နေရ ာ တွေ မှာ ငါး မွေူ မြူရေးကန်တွေ များစွာ ပေါ် ထွန်း လာတာ သတိ ထားမိပါတယ် ။
ညောင်တုန်း ကျွန်းဖေါ်ခဲ့သူ ဆရာသမားကြီးဦးထွေးမြင့် ရှိစဉ် က ငါးမွေးကန်တွေ များစွာ ဖြစ် ထွန်းနေတဲ့ အကြောင်းသတင်းပေးခဲ့ ဘူးတယ် ။ .
အကောင်းမြင် ဆရာသမား က ဘာပြောသလဲဆို တော့ ၊ ဒါလဲ ဒေ သ တိုးတက်တာဘဲပေါ့ကွာ တဲ့။
ဒိနေ့ မှာ ငါးကန် နဲ့ ငါး မွေးမြူရေး လုပ်ငန်းက စိုက်ပျိုးရေး ထက် ပိုမို အကျိုး ဖြစ်ထွန်းကြ လို့ ၊ လုပ်ငန်းက ကြီးထွားနေတယ် သိရပါတယ် ။ရေ နက်ကွင်း လယ်ယာ ေ မြ ေ တွဖေါ် ထုတ် ခဲ့ ကြတဲ့ ညောင်တုန်းကျွန်းစီမံ ကိန်းကြောင့် ရေနက် ကွင်း တွေလျော့လာပြီး ဟိုတစ်ချိန်က ရေကြီးရေနက် နေလို့ ငါးကန် မလုပ် နိုင်တဲ့ နေရာတွေမှာ ွေ များစွာ လျော့ ကျ သွားလို့ ငါး ကန် လုပ်ငန်း ကြီးမား လာတာလဲ ညောင်တုန်းကျွန်းစီမံကိန်းရဲ့ မျော် လင့် မ ထားခဲ့တဲ့ ဧရာမ အကျိုးရလဒ် ကြီးလို့ ဘဲ ပြော ရပါမယ် ။
ညောင်တုန်းကျွန်းဖေါ်ဆောင် ခဲ့ကြသူ အ င် ဂျ င်နီယာများအဘို့ သတင်းကောင်းမို့ ဝမ်းသာရပါ တယ် ။