Professional and Educated Professional
မှတ်ဖွယ်မှတ်ရာ
စာပဒေသာ ( ၆၁ )
( ပညာရေး )
ယနေ့ ၂၁ ရာစုရဲ့
ပညာရှင်
နဲ့
ပညာတတ်
အဓိပ္ပါယ်
တူသလို လိုနဲ့
လုံးထွေးနေတဲ့
မြန်မာ စကား လုံး၂ ခု ။
ဆရာကျော်ဝင်း ရှင်းပြ
မျှဝေပေးတော့မှ ဘဲ
မြန်မာစကားလုံး၂ ခုရဲ့
ယနေ့ ခေတ် သစ် အတွက်
အဓိပ္ပါယ်သစ် ကို နားလည် သလိုလို တော့ ရှိ လာရတယ် ။
ကျွန်တော့် အယူအဆ ယေဘူယျ သဘော သာမန် အဓီပ္ပါယ် ဖွင့်ဆို ချက် နဲ့ ဆရ ာကျော် ဝင်း ရှင်းပြတာနဲ့ တူချင်မှ တူပါမယ် ။ ဆရာကတော့ ပညာရျင် ပီသစွာ ရှင်းြပပါတယ် ။ တခါတရံ ဆရာ့စာတွေက စေ့စေ့တွေးမှ ရတဲ့ အဓီပ္ပါယ် ၌ါ်တာဆွေ ြကဒ့တတ်ပါတယ် ။ ခက်တယ် ။နက် တယ် ။ ဆရာ့ အတွေးအမြင်ကို လိုက် ရခက်တယ် ။ ညာဏ်မမီတာလဲဖြစ်နိုင်ပါတယ် ။က
ကျွန်တော်က ဆက်ပြီးတွေးကြည့် ၊ ရေးကြည့်မိလိုက်တယ် ။
နိုင်ငံတော် ပြည်အရေးတွေနဲ့ဆက် စပ်သွားတယ် ။
ခေတ်တွေပြောင်းခဲ့ပါပြီ။
နိုင်ငံတိုးတက်ဘို့
အလုံးစုံ ဘက်စုံ စီမံခန့်ခွဲတတ်တဲ့၊
ပညာတတ်တွေ အများအပြားလိုအပ်နေပါတယ်။
ယနေ့ ၂၁ရာစုခေတ်သစ်ကမ္ဘာကြီးမှာ ၊
စင်ကာပူ လို နိုင်ငံကြီး ဟာ
ဖွံ့ ဖြိုး နေတဲ့ ကမ္ဘာ့နိုင်ငံတွေနဲ့ရင်ဘောင်တန်းပြီး
ယနေ့ တိုးတက် ဖွံ့ဖြိုးနေတာကို
ကြည့်လိုက်ရင် ၊
အမျော်အမြင်ရှိတဲ့ ပညာတတ် ခေါင်းဆောင်တွေ က
အုပ်ချုပ်နေကြပြီး ၊
ပညာတတ်လူတန်းစား နိုင်ငံသား အဖွဲ့ဝင်တွေ၊
ပြည်တွင်း၊ပြည်ပ နိုင်ငံတကာက ပညာတတ်တွေ နဲ့ အတူ
စုပေါင်းဝိုင်း လုပ်နေကြလို့
နိုင်ငံတိုးတက် ဖွံ့ ဖြိုး နေတာလို့
မကြာသေးမီက မိမိ သုံးသပ်ကြည့်ခဲ့ဘူးတာ၊
လွနံ်အံ့ မထင်တော့ ပါ။
မှားမယ်မထင်ဘူး။
ပညာရှင် မျိုးစုံရှိပါတယ်။
ပညာရှင် စစ်စစ်တွေရှိသလို၊
ပညာရှင်အမည်ခံ တွေလဲ ရှိ နေနိုင်ပါတယ်။
ဆရာကျော်ဝင်းအဓိပ္ပါယ်ဖွင့်ဆိုချက်အရ
ပညာတတ်တွေဖြစ်ဘို့က တော့ ခက်ပါမယ် ။
မိမိတို့ နိုင်ငံသား ပြည်သူတွေအားလုံး ပိုင်ဆိုင်နေကြတဲ့ ၊
အနာဂတ် နိုင်ငံ တော် ကြီး ဖွံ့ဖြိုးတိုးတက်နိုင်ဘို့ အရေး၊
ပညာတတ်တွေရဘို့ ၊
ခက်လို့ ထိုင်မှို င် ၊ ထိုင် ငိုင်နေလို့လဲမဖြစ်ပါဘူး။
နားလည်သူ တတ်ကျွမ်းသာ အဖိုးအရွယ် တွေက
နိုင်ရာ ဝန်ထမ်း ပြီး နည်းပေးလမ်းပြလုပ် ပေးကြ ပ်ြီး၊
အနာဂတ်ကိုခေါင်းဆောင်ကြမဲ့
လူငယ်မျိုးဆက်သစ်တွေကို
ပညာတတ်တွေဖြစ်အောင် ၊
တာဝန်ရှိသူ အဆင့်ဆင့်က
လေ့ကျင့် ၊ ပြုစု ၊ ပျိုးထောင်ပေး ကြဘို့လိုနေတာ
အသေအခြာပါ။
နိုင်ငံတော်ပြည်အရေး၊
နိုင်ငံ့အနာဂတ်အရေးအတွက် ရေးမိတာ ပါ။
အေးမြင့် ( ညောင်တုန်း )
၂၄/၅/၂၀၂၂
ရည်ညွှန်း
ဦကျော်ဦးရဲ့ facebook post 24/5/2022
ဦးကျော်ဝင်း ရှင်းလင်းပြတဲ့ စာ ။
ပညာရှင်၊ ပညာရှင်ဟု ဆိုကြရာတွင် ပညာရပ်တစ်ခုကို ဘယ်လောက် တတ်ထားမှ ပညာရှင်ဟု ခေါ်သနည်း ဆိုသည်ကို သိလိုသည်မှာ ကြာပါပြီ။ ဆရာကျော်ဝင်း၏ လွှတ်တော်၌ ဟောပြောချက် တစ်ခုတွင် သိလိုသော အဖြေပါလာသဖြင့် ဖတ်ကြည့်သည်၊ လွန်စွာ နှစ်သက်လှသဖြင့် (အနည်းငယ် တည်းဖြတ်၍) ဝေမျှပါသည်။ ဆရာကျော်ဝင်းက ပညာရှင်ဟု မသုံး၊ ပညာတတ်ဟု သုံးသည်။ ပညာရှင်နှင့် ပညာတတ် ယေဘုယျ အတူတူဟု ယူဆနိုင်သည်ဟု ထင်ပါသည်။ ဆရာကျော်ဝင်းက –
နံပတ်တစ်က စက်မှုခေတ်အထိ ဘာသာရပ်တစ်ခုကို ပါရဂူမြောက် တတ်ရင် ပညာတတ်လို့ သေချာပေါက် ပြောလို့ရတယ်။ အခု နည်းနည်း ခက်သွားပြီ။ ဘာသာရပ် တစ်ခုနဲ့တစ်ခု overlap ဖြစ်နေတဲ့အချိန် ပြဿနာတွေရဲ့ complex သိပ်ဖြစ်မှုကြောင့် ဘာသာရပ် တစ်ခုတည်းနဲ့ ဖြေရှင်းမရတော့တဲ့ အခြေအနေမှာ ဘာသာရပ်တွေရဲ့ ဆုံချက်ကို ဆုပ်မိ ကိုင်မိ ဖြစ်ဖို့ လိုတယ်။ universalization အဆင့်ရောက်မှ တင်းပြည့် ကျပ်ပြည့် ပညာတတ် မည်တယ် တဲ့။
ဒုတိယအချက်က ပညာဟာ အဆင်တန်ဆာ သက်သက် မဟုတ်ဘူး၊ အလုပ်လုပ်ဖို့။ အလုပ်လုပ်ဖို့ ဆိုရင် culture နှစ်ခုနဲ့ အလုပ်လုပ်နိုင်ရမယ်။ နံပတ်တစ် culture က intellectual culture၊ ကိုယ်နဲ့ သက်ဆိုင်ရာ ဘာသာရပ်ကို ထဲထဲဝင်ဝင် သိရမယ်၊ အိယောင်ဝါး လုပ်လို့မရဘူး။ ဒါပေမယ့် intellectual culture ပဲ ရှိတဲ့သူဟာ အမြုံပဲတဲ့။ တစ်ယောက်တည်း တတ်နေဖို့ပဲ ရှိတယ်၊ အလုပ်လုပ်လို့ ရမှာ မဟုတ်ဘူး။
အလုပ်လုပ်မယ် ဆိုရင် လူတွေနဲ့ တွဲလုပ်ရမှာ ဖြစ်တဲ့အတွက် managerial culture လည်း လိုအပ်တယ်၊ management နဲ့ တွဲသိရမယ်။ တစ်ခါ managerial culture ပဲ ရှိမယ်၊ ပညာမတတ်ဘူး ဆိုရင်လည်း အမိန့်ပေးတာပဲ ဖြစ်နေဦးမယ်။
အဲဒီတော့ ဒီနှစ်ခု ပေါင်းစပ်နိုင်မှ အသုံးဝင်တဲ့ ပညာတတ် ဖြစ်လိမ့်မယ်။ ဒီနှစ်ချက်က Peter Drucker ဖြေတာပါ။
တတိယအချက်က Meiji ခေတ် ပညာရှင်တစ်ယောက်၊ Fukuzawa ထင်ပါတယ်။ သူက ဘာပြောလဲ ဆိုတော့ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် သိပြီ တတ်ပြီ၊ ငါ့ခေါင်းထဲမှာ ပညာတွေ ပြည့်စုံပြီ ဆိုပြီး တံခါးပိတ်လိုက်ရင် အဲဒီကောင် ပညာတတ် မဟုတ်တော့ဘူး။ ငါမသိသေးတာ အများကြီး ပါလား ဆိုတာ သိပြီးတော့ အမြဲတမ်း သင်ယူချင်တဲ့ ဆန္ဒလည်း ရှိရမယ်၊ လက်တွေ့လည်း သင်ယူနေရမယ်၊ အဲဒီလို လူမျိုးမှ ပညာတတ်။ သမားရိုးကျက ပထမအရွယ် ပညာ၊ ဒုတိယအရွယ် ဥစ္စာ၊ တတိယအရွယ် ဘာဝနာ ပေါ့။ လက်တွေ့ကတော့ ပထမအရွယ်ကော၊ ဒုတိယအရွယ်ကော၊ တတိယအရွယ်ကော မသေမချင်း ပညာရှာသွားမှ ပညာတတ် မည်တော့မယ့် ခေတ်လည်း ရောက်လာပြီလို့ ဖြည့်စွက် ပြောကြပါတယ်။
စတုတ္ထအချက်က သိပြီး ရှိပြီး ပညာနဲ့ မလုံလောက်ဘူး။ မသိသေး မရှိသေးတဲ့ ပညာအသစ်တွေကို ဖန်တီးနိုင်တဲ့ knowledge creator ဖြစ်မှ တင်းပြည့် ကျပ်ပြည့် ပညာတတ် မည်ပါလိမ့်မယ်။
နောက်ဆုံး တစ်ခုကတော့ အပြောင်းအလဲတွေနဲ့ စတုတ်တိုက်နိုင်မှ၊ anti-knowledge လုပ်နိုင်မှ ပညာတတ်လို့ ပြောနိုင်တော့မယ်။
လေးနဲ့ ငါးက ပါမောက္ခ Steven Brute ရဲ့ အယူအဆပါ။

ဦးကျော် ဦး ၏ ဖြည့်စွက် ရှင်းလင်းချက် ။ ( 25၊5၊2022 )
လူတစ်ယောက်သည် မည်မျှတော်တော် ဘက်စုံတတ်ရန် မဖြစ်နိုင်ဟု ထင်သည်။ သို့သော် ပညာရှင် (ပညာတတ်) သည် မိမိကျွမ်းကျင်သော ပညာရပ် သာမက ဆက်စပ်နေသည့် ပညာရပ်များကို အခြေခံ လောက်တော့ သိထားသင့်သည်။ ကိစ္စတစ်ခု အပေါ် မိမိ ပညာရပ်ဘက်က သာမက အခြား ပညာရပ်ဘက်က၊ အခြား ရှုထောင့်က၊ အခြားသူများက ဘယ်လို မြင်နိုင်သလဲ ဆိုတာကို သိသင့်သည်။ ထိုသို့ မဟုတ်ပါက (ဘာသာရပ်များ၏ ဆုံချက်ကို ဆုပ်မိ ကိုင်မိ မဖြစ်ပါက) တစ်ဖက်သတ် ဆန်သော၊ လက်တွေ့ ဘဝနှင့် ကင်းကွာသော စာမျိုး ဖြစ်လာပါမည်။
မနေ့က တင်ပြခဲ့သည့် ဆရာကျော်ဝင်း၏ ပညာတတ် ဖွင့်ဆိုချက်တွင် ပါရှိသည့် “ဘာသာရပ် တစ်ခုတည်းနဲ့ ဖြေရှင်းမရတော့တဲ့ အခြေအနေမှာ ဘာသာရပ်တွေရဲ့ ဆုံချက်ကို ဆုပ်မိ ကိုင်မိ ဖြစ်ဖို့ လိုတယ်”ဟု ပြောခြင်းသည် “ဘက်စုံကို ဆိုလိုသလား”ဟု မိတ်ဆွေတစ်ဦးဖြစ်သော ဦးစိုးသွင်က မေးပါသည်။ မိမိ စိတ်ဝင်စားသော ကိစ္စ ဖြစ်နေ၍ သိသလောက် ဖြေကြည့်လိုပါသည်။
နောက်တစ်ခုက သာမန်လူများသည် အကြောင်းအရာတစ်ခုကို (ပညာရပ်ကို နားမလည်သဖြင့်) စိတ်ခံစားမှု အဓိကဖြင့် ဝေဖန်လေ့ရှိကြသည်၊ ဒါကလည်း သဘာဝကျပါသည်။ ပညာရှင်သည်မူ စိတ်ခံစားမှုကို ဘေးဖယ်ပြီး ပညာရပ်ဆိုင်ရာ ရှုထောင့်မှသာ လေ့လာ အကဲဖြတ်သင့်သည်။ သို့မဟုတ်ဘဲ အများနှင့်ရောပြီး စိတ်ခံစားမှုကို ဦးစားပေးမိပါက သာမန်လူနှင့် မခြား ဖြစ်သွားနိုင်သည်။
ဥပမာ – ကျောက်မီးသွေး ကိစ္စ ဆိုပါတော့။ “ကျောက်မီးသွေးကို မလိုချင်ဘူး”၊ “ကမ္ဘာ့ဘဏ်က ကျောက်မီးသွေး စက်ရုံ အထောက်အပံ့ ရပ်ဆိုင်းလိုက်ပြီ”၊ “တရုတ်ပြည်မှာ ကျောက်မီးသွေး စက်ရုံတွေ ဖျက်နေပြီ”၊ “တရုတ်တွေ ကျောက်မီးသွေး အသုံးလျှော့ချပြီ”ဟု ရေးခဲ့ ပြောခဲ့ကြသည်။ ရေးခဲ့ ပြောခဲ့သူများထဲတွင် အများသိ ပညာရှင်အချို့ ပါဝင်သဖြင့် ပြည်သူတို့ကလည်း ယင်းအတိုင်း ယုံကြည် လက်ခံခဲ့ကြသည်။
ကျောက်မီးသွေးသည် သဘာ၀ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသဖြင့် ယင်းကို မသုံးသင့်သည်မှာ အမှန် ဖြစ်သည်၊ ကမ္ဘာ့ဘဏ်ကလည်း ယင်းရှုထောင့်မှ ကြည့်၍ ကျောက်မီးသွေး စက်ရုံများအတွက် အထောက်အပံ့ ရပ်ဆိုင်းခဲ့သည်။
သို့သော် တရုတ်ပြည်မှာ ဖျက်နေသည်ဆိုသော ကျောက်မီးသွေး စက်ရုံတွေက သက်တမ်း ကြာနေတာတွေ ဖြစ်သည်၊ စက်ဟောင်းများ နေရာတွင် စက်ရုံအသစ်များကို အစားထိုး တည်ဆောက်သည်၊ ကျောက်မီးသွေးကို တိုးထုတ်သည်၊ တရုတ်သည် ကျောက်မီးသွေး အသုံးမလျှော့သည့်အပြင် တိုး၍ပင် သုံးနေသည်။
ယင်းအချက်ကို ခိုင်လုံသော အထောက်အထားများဖြင့် တင်ပြပါမည်။ ပထမပုံသည် နိုင်ငံတကာ စွမ်းအင် အေဂျင်စီ (IEA) က ထုတ်ပြန်သော ဂရပ်မျဉ်း ဖြစ်သည်။ တရုတ်၏ ကျောက်မီးသွေး အသုံးသည် ၁၉၉၀ မှ ၂၀၁၉ ခုနှစ် အတွင်း အကျမရှိ၊ အတက်ချည်းပဲ ဖြစ်နေကြောင်း တွေ့နိုင်သည်။ ဒုတိယပုံက တရုတ် ကွန်မြူနစ်ပါတီ၏ ဝက်ဘ်ဆိုက်တွင် ၂၀၂၂ မေ ၂၅ (မနေ့)က ပူပူနွေးနွေး ဖော်ပြထားသော သတင်း ဖြစ်သည်၊ ယင်းသတင်းအရ တရုတ်သည် ကျောက်မီးသွေး တိုးထုတ်ရန် ကြိုးပမ်းနေဆဲ ဖြစ်ကြောင်း သိနိုင်ပါသည်။
ဤတွင် တရုတ်တို့သည် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရကောင်းမှန်း မသိ၍ ကျောက်မီးသွေးကို တိုးသုံးနေသလောဟု မေးစရာ ရှိလာသည်။ မဟုတ်ပါ၊ သူတို့လည်း သဘာ၀ ပတ်ဝန်းကျင်ကို ချစ်ကြသည်၊ ကျောက်မီးသွေးနေရာတွင် နေစွမ်းအင် လေစွမ်းအင်တို့ကို တိုးတက် သုံးစွဲနေသည်။ သို့သော် အကြောင်းကြောင်းကြောင့် နေနှင့် လေတို့မှ အလိုရှိသလောက် စွမ်းအင် မထုတ်ယူနိုင်သေး။
ယင်းအခြေအနေတွင် သဘာ၀ ပတ်ဝန်းကျင်ထက် မိမိနိုင်ငံ ကမ္ဘာ့ထိပ်ဆုံး ရောက်ရေးက ပိုအရေးကြီးနေသဖြင့် ကျောက်မီးသွေးကိုလည်း မလျှော့နိုင်ဘဲ ဖြစ်နေသည်၊ ကျောက်မီးသွေး လျှော့သုံးလျှင် နိုင်ငံစီးပွားရေး ယုတ်လျော့မည်။ စီးပွားရေး အကျမခံနိုင်သည့်အတွက် ကျောက်မီးသွေးကို လောလောဆယ် လုံးလုံး မပစ်ပယ်ကြခြင်း ဖြစ်သည်၊ ဖြည်းဖြည်းချင်းတော့ လျှော့သုံးရန် ရာထားပြီး ဖြစ်သည်။
ထို့ကြောင့် “ကျောက်မီးသွေး စက်ရုံတွေ ဖျက်ပြီ”၊ “တရုတ်တွေ ကျောက်မီးသွေး အသုံးလျှော့ချပြီ”ဟု ပြောခြင်းသည် မှားသည်။ သဘာ၀ ပတ်ဝန်းကျင်ကို အချစ်လွန်ပြီး ဘာသာရပ်များ၊ အကြောင်းအရာများ၏ ဆုံချက်ကို ဆုပ်မိ ကိုင်မိ မဖြစ်ကြ၍ လည်းကောင်း၊ ကျောက်မီးသွေး မုန်းသော စိတ်ခံစားချက်များကို ဦးစားပေးခဲ့ကြခြင်းကြောင့် လည်းကောင်း မှားပြောခဲ့ကြသည်ဟု ထင်ပါသည်။
ထို့ကြောင့် ပညာတတ် ဖြစ်ရန် ဘက်စုံတတ်ဖို့ မလို၊ ဆရာ ကျော်ဝင်း ပြောသကဲ့သို့ ဘာသာရပ်များ၏ ဆုံချက်ကို ဆုပ်မိ ကိုင်မိ ဖြစ်ရန်၊ စိတ်ခံစားမှုကို ဘေးဖယ်ပြီး ပညာရပ် ရှုထောင့်မှ အကဲဖြတ်ရန် လိုအပ်သည်ဟု ယူဆပါသည်။