သဲချေင်း များတွင် ရေ ပိုမို စုဆောင်းနိုင်ရေး –
တိုက်ဆိုင်မှု တစ်ခုပါပေ။
ကျွန်တော်နှင့် အင်ဂျင်နီယာ ဘူမိ ဗေဒပညာရှင် တစ်ဦးတို့ က အညာဒေသ မကွေးတိုင်း က တောင်တွင်းကြီး ၊ရေနံချောင်းဒေသတွေမှာ ရှိတဲ့ သဲချောင်းတစ်ချို့့မှာ နွေအခါ ရေပြတ်လပ်ချိန် ရေပိုရအောင် မြေအောက် တမံငယ်များ ဆောက်နိုင်ခြေ အလားအလား ကို ကွင်းဆင်းလေ့ လာနေချိန် မှာ ဘူမိအင်ဂျငိနီယာ ဦးသောင်းစိန်ရဲ့ အညာဒေသ သဲချောင်းများတွင် မြေအောက်ရေလှောင်တမံများ တည်ဆောက်၍ ရေရှားပါးမှ ု ပြဿနာ ဖြေရှင်းခြင်း ဆောင်းပါး ကောင်းတစ်ခု မေ ၁၃ ၂၀၁၆ ကြေးမုံ သတင်းစာမှာ ပါလာတာကို ဘတ် ရှ ုရပါ တယ် ။
တစ်ခေတ်က ဆည် မြောင်း ဌာန က မြေ အောက် သဲတမံ တည် ဆောက် နိုင်ရေး အလားအလာ အတွက် ၊ ပဏာမ ဒီဇိုင်း/ပုံထုတ် အလုပ် တွေ ဆောင်ရွက် ပြီးစီးခဲ့ တယ် ။ တည် ဆောက်နိုင်ရေး စီမံခဲ့သော်လည်း အကြောင်းအမျိ ုးမျိုးကြောင့် အကောင် အထည် မဖေါ် ဖြစ်ခဲ့ တဲ့ လုပ်ငန်း ကြီးတွေဖြစ်ခဲ့ ကြောင်း သိလိုက်ရပါတယ် ။
အညာဒေသ အပူ ပိုင်းဒေသ တစ်ချို့ မှာ မိုး အခါ ရေစီး အား များ ပြီး ရေလှောင်အား ကောင်းတဲ့ သဲချောင်းတွေ ရှိကြတယ် ။တောင်တွင်းကြီးက ရန်ပယ်ချောင်းမှာ သဲချောင်းထဲကရေကို စုတ် တင် ခတ် တင်ပြီး ချောင်းကမ်းဘေး မှာ စိုက်ပျိုးရေး လုပ်နေတာ အားရစဘွယ် တွေ့ခဲ့ ရတယ် ။
အညာဒေသက အပူချိန်ပြင်းတော့ ရေလှောင်ကန်တွေမှာ နွေအခါ ရေ အငွေ့ပြန်နှုန်းက သိပ်များတယ် ။
သောက်သုံးရေကန်တွေ ရေခမ်းသက်သာအောင် အမိုးအကာ လုပ် တဲ့ နည်းကို ဆရာသမား တစ်ယောက်ရဲ့ အကြံညာဏ်နဲ့ စိတ်ကူးထုတ် စမ်းသပ်ခဲ့ ကြ ရာမှာလဲ အကြောင်းအထွေထွေကြောင့် ထင်သလောက် မအောင်မြင်တာ တွေ့ နေရတယ် ။
တစ်ချိန်က နိုင်ငံတကာ ရေညီလာခံမှာ အာဖရိကမှာ ရေရှားဒေသတွေမှာ မြေအောက်ရေလှောင်တမံတွေ ကျယ်ကျယ်ပြန့်ပြန့် သုံး နေကြပုံတွေနဲ့ အိန္ဒိယ ဂူဂျရက်ပြည်နယ်မှာလဲ အများ အပြား သုံ း ုံနေကြပုံတွေကြားသိထား တာဖြစ်လို့ ၊မြန်မာပြည် အပူပိုင်းဒေသတွေမှာ လုပ်လို့ မရနိုင်ဘူးလား သိလိုဇောနဲ့ မကွေးတိုင်းရဲ့ နေပူ ဒဏ်ကို အံတု ပြီး ခ ရီးထွက် လေ့ လာ ဖြစ်ခဲ့ပါတယ် ။
ဦးသောင်းစီန် ရဲ့ ဆောင်းပါး ပါအတိုင်းဘဲ သဲချောင်းတွေအောက်မှာ မြေအောက် ရေလှောင်ကန် မျိ ုးစုံ ကို တစ်နိုင်တစ်ပိုင် အငယ်စား ။အလတ်စားနဲ့ ။ နိုင်ငံတော်ပံ့ပိုး မှ ုနဲ့ အကြီးစား စီမံကိန်း လုပ်ငန်းတွေကို စူးစမ်း လေ့ လာ ရှာဖွေ ဖေါ်ထုတ် ပြီး အကောင်အထည် ဖေါ် လုပ်သင့် ကြပါတယ်။
အားသာချက်တွေက မြေပေါ်ရေကန်တွေထက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှ ု နဲတယ်
နေရောင်အပူကြောင့် ရေငွေ့ပြန်ပြီး ရေဆုံ းရှုံ းမှ ုများစွာ သက်သာစေတယ် ။
သဲလှ ွာ ကြား ဖြတ်စီးလာတဲ့ ရေဖြစ်လို့ သန့်တယ် ။
ရေထဲ ပါလာနိုင်တဲ့ ရော ဂါပိုးမွှား ကင်းစင် နဲပါးတယ် ။
မြေပေါ်ကန်နဲ့ ယှဉ်လိုက်ရင် တည်ဆောက်စရိတ် မျ ားစွာ နည်းစေတယ် ။သက်သာတယ် ။
ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေ စူးစမ်းလေ့ လာဖေါ် ထုတ်ပြီး အကောင်အထည်ဖေါ်နိုင်ရင် သောက်သုံးရေ ရှားပါးပြတ်လပ်နေတဲ့ အပုပိုင်းအညာဒေသတွေ အတွက် ရေရှည် စဉ်ဆက်မပြတ် ရေပိုမို ရစေနိုင်မဲ့ နည်းလမ်းကောင်းတွေဖြစ်ကြောင်း ဘူမိအင်ဂျင်နီယာ ဦးသောင်းစိန်ရဲ့ အကြံပေး ချက်တွေကို ထပ်ဆင့် ထောက်ခံ ဆွေး နွေး တင်ပြပါတယ် ။
ရေရှားပါး ပြတ်လပ်ပြီ ဆိုတာနဲ့ စေတနာ အပြည့် နဲ့ ရေအလှ ူရှင်တွေ မြန်မာ ပြည် မှာ ပေါ များ လှပါတယ် ။
ယခုအခါ မကွေးတိုင်းက အချို့ အရပ် ဒေ သတွေမှာ ၊ သဲ ချောင် းတွေ ထဲမှာ အငယ် စား ၊အလတ်စား မြေအောက်သဲတမံတွေ ကို ဆည် မြောင်းဌာနရဲ့ ကြီးကြပ်မှု နဲ့ ဒေသ အလိုက် တနိုင်တပိုင် တည် ဆောက် နေကြတဲ့ သတင်း ကောင်းတွေ ကြားရလို့ ဝမ်း သာမိရပါတယ် ။
ဦးသောင်းစိန် ဖေါ် ပြတဲ့ အကြီးစား လုပ်ငန်းစီမံကိန်း ကြီး မျိုးတွေ ကတော့ နိုင် ငံတော် အခြေအနေအရ ဖြစ်နိုင်ခြေ နည်းနိုင် မယ် လို့ ယူဆ ရပါတယ် ။
အေး မြင့် ( ညောင်တုန်း )
အင်ဂျင်နီယာ ဝန်ထမ်းဟောင်း တစ်ဦး
( ၁၇ မေလ ၂၀၁၆ ) Facebook post
၂၇/မေလ / ၂၀၂၂ ( My notes Edited and revised )
ရည် ညွှန်း
ဘူမိအင်ဂျင်နီယာ ဦးသောင်းစိန် ( ဆည် မြောင်း ) ရဲ့
၁၃ မေလ ၂၀၁၆ ကြေးမု ံသတင်းစာ ဆောင်းပါးကောင်းတစ်ပုဒ်။
