✨၁၈၉၆ ခု။လန်ဒန်မြို့မှ မြန်မာ့လက်ဝှေ့နဲ့ခြင်းလုံး✨

www.facebook.com/groups/559025205033826/permalink/1048279676108374/

✨၁၈၉၆ ခု။လန်ဒန်မြို့မှ မြန်မာ့လက်ဝှေ့နဲ့ခြင်းလုံး✨

★★★★★★★★★★★★★★★★★★★★★★★★★

၁၈၉၆ ခု၊ ဇူလိုင်လ လန်ဒန်မြို့၊ Crystal Place Park တွင်ရိုက်ကူးခဲ့သော မြန်မာ့ရိုးရာ လက်ဝှေ့အားကစားနှင့် ခြင်းလုံးအားကစားမှုတို့အား သရုပ်ပြကစားနေပုံကို ရိုက်ကူးထားသော မှတ်တမ်းဖြစ်ပါတယ်။

ထုတ်လုပ်ကြသူတွေကတော့ ကမ္ဘာကျော် Lumière မှ

Fuerst ညီနောင်ဖြစ်ပြီး လန်ဒန်မှ ကင်မရာမင်း Alexandre Promio မှရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ရိုက်ကွင်းတည်နေရာမှာ လန်ဒန်မှ ခရစ္စတယ်ပဲလေ့စ် တွင် ရိုက်ကူးထားခဲ့ကြတာဖြစ်ပါတယ်။

ဒီမှတ်တမ်းတွေကို ၁၈၉၆ ခုနှစ်မှာ “Lumière Cinematograph Film 1896” အမည်ဖြင့် ထုတ်လုပ် ဖြန့်ချိခဲ့ပါတယ်။ထို့နောက် ၁၉၀၇ ခုအထိဖော်ပြပါမှတ်တမ်းနှစ်ခု၏အမည်ကို အကြောင်း အမျိုးမျိုးကြောင့် ဂျပန်လူမျိုးနှင့် ဂျာဗားလူမျိုးဟူ၍ ၂ကြိမ် တိုင်တိုင် အမည်ပြောင်းလဲခဲ့ပါသေးတယ်။ မူရင်းမှာတော့ သိုင်းကစားတာဖြစ်ကြောင်းရေးထားပေမယ့် လက်ဝှေ့နဲ့ပိုပြီး တူလို့

လက်ဝှေ့ လို့ ကျနော်ရေးထားရခြင်းပဲဖြစ်ပါတယ်။

နောက်ပိုင်းတွင်မှ မူလအမှန်ဖြစ်သော (Burmese)လို့ ပြန်လည်ပြင်ဆင်ကာ ဖော်ပြပေးခဲ့ပါတယ်။

ဒီမှတ်တမ်းကို ရိုက်ကူးတဲ့ ခရစ္စတယ်ပဲလေစ့် ဆိုတာ အခုမရှိတော့ပါဘူး။၁၉၃၀နှစ်များအတွင်းက ကမ္ဘာကျော်တဲ့ နေရာဖြစ်ပြီး ပုံပြင်ထဲက ဖန်သားနန်းတော် လို့ ထင်ရလောက်အောင် လှပပြီး ဖန်တွေ မှန်တွေနဲ့ တည်ဆောက်ထားတဲ့ အဆောက်အဦးဖြစ်ပါတယ်။

အာ့ထဲမှာ ကမ္ဘာအနှံ့က ရှားပါးပြီး အဖိုးတန်တဲ့ ပန်းပင်တွေ သစ်ခွပင်တွေ အပါအဝင် အနုပညာလက်ရာတွေကိုလည်း ပြသထားပါတယ်။၁၉၃၆ ခု။ နိုဝင်ဘာလ ၃၀ ရက် မှာတော့ ဒီဖန်သားနန်းတော်ကြီးတစ်ခုလုံးနီးပါး မီးလောင် ပျက်စီးခဲ့ရပါတော့တယ်။

#ThawZinAung