Sophia Loren သူတို့ဆီက ရုပ်ရှင်လောက နဲ့ ဘာကြောင့် ဆိုဖီယာ လောရင့် နာမည် ကြီးရတာလဲ ။

www.facebook.com/573223149/posts/pfbid0hBGay7cahH5hXcf9bNJz7oqTXSvUZQXZeJsKBBkkRXKMUM7fJccVetombRQnwPNHl/

မှတ်ဖွယ် မှတ်ရာ ၊

စာပဒေသာ ( ၅၃ )

( ရုပ်ရှင် လောက )

Sophia Loren

သူတို့ဆီက ရုပ်ရှင်လောက နဲ့

ဘာကြောင့် ဆိုဇီယာ လောရင့် နာမည် ကြီးရတာလဲ ။

ကျွန်တော်တို့ငယ်စဉ် ကျောင်းသားဘဝက ၁၉၆၅ ခုနှစ်တွေပတ်ဝန်းကျင် က နှစ်သက်ခဲ့ကြတဲ့

အမေရီကန် ဟောလီးဝုဒ် ရုပ်ရှင် ကားတွေမှာ ကြည့်ခဲံ့ရတဲ့ မင်းသမီးကြီး ဆိုဇီယာ လောရင့် ။

သူငယ်စဉ်က ရိုက် ခဲ့ တဲ့ ရှေးရှေး က ရုပ် ရှင် တွေထဲက မှတ်မှတ်ရရ သမိုင်းနောက်ခံ ရုပ် ရှင်ကား တစ်ကားက Elcid

ရုပ် ရှင်ကားတွေများစွာရီုက်ခဲ့တယ် ။

ရန်ကုန်မှာရုံတင်တဲ့ ရပ်ရှင် အချို့ ကို ကြည့်ဖြစ်ခဲ့တယ် ။

ကြ်ုက်လို့ ဒီနေ့ အင်တာနက်ခေတ်မှာ Youtube video ပေါ်မှာလဲ ထပ်ခါထပ်ခါကြည့် ဖြစ် ခဲ့တဲ့ ရုပ် ရှင် တစ်ကားရှိခဲ့ဘူးတယ် ။

Sunflower” နေကြာ “ ရုပ်ရှင်ကားကြီး။

ဒုတိယကမ္ဘာစစ် နောက်ခံကား။

သေနတ်သံတွေဗုံးသံေတွ တစ် ဒိုင်းဒိုင်း ၊ တစ် ဖြောင်းဖြာင်းနဲ့ စစ်ကား ၊ လူသတ် ကား မဟုတ် ဘူး.။

စစ်ကားစစ်စစ် ဆိုရင်တော့ သတင်းပညာပေး Documentary Film ရုပ် ရှင် ဗီဒီယို ဖြစ်သွားမယ် ။

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်နေစဉ် ကာလ ပြည်သူ ပြည်သား တွေရဲ့ ကြံုတွေ့ ခံစား နေကြရတတ်တဲ့သဘာဝ တွေကို

အမေရိကန် ဟောလီဝုဒ်က သဘာဝ Drama Movies အနုပညာမြောက် ကလွမ်းအဆွေး ၊ သဘာဝ ရုပ်ရှင်ကားအဖြစ်ရီုက်ပြခဲ့တယ် ။

မင်းသမီးကြီးဆိုဖီယာ လောရင့်ကလဲ ဝါရင့် သဘာရင့် မင်းသမီးကြီးပြီပြီ သူပါဝင် တာဝန်ယူရတဲ့ ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်သွားတာ

ရုပ် ရှင်ဝါသနာအို့းတွေ အလွန် ကျေနပ် အားရ ၊ သဘော တွေ့စေခဲ့ ရပါတယ် ။

ဇာတ်လမ်းက ရီုးရိုး လေးပါ ။

ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေစဉ်ကာလ သူ့လင်မောင် က စစ်ထဲမှာ ပါသွားခါ ၊ စစ်ထွက် သွားခဲ့တယ် ။

စစ်ကြီးပြီးတော့ သေသလားရှင်သလားမသိရ ၊ အိမ်ပြန် ရောက် မလာဘူး ။

လင်ကို ချစ်တဲ့ဇောနဲ့ လင်ပျော်က် ရှာတော်ပုံ ဖွင့် ခဲ့တယ် ။

သူ့လင်တော်မောင် စစ်ဆင်သွားတယ် ဆိုတဲ့နေရာ တွေ ကို လိုက်သွားတယ်။

သူ့ ယောက်ျားဓာတ်ပံုလေးကိုင်ခါ ၊ကိုင်ခါ ၊ တွေ့ ရာ လူတွေ ပြပြပြီး ၊ လိုက်မေး ၊ လိုက်ရှာတယ် ။ မတွေ့ဘူး ။

တစ်ယောက် ပြောလို့ သူ့ယောက်ျားစစ်ထဲမှာ သေနတ် ဒဏ်ရာနဲ့ ကွင်းထဲ လဲ ပြီး ကျနိခဲ့ ချန် ထားခဲ့ ရတဲ့ အကြောင်း သတင်း သိ လိုက်ရတယ် ။

ဆက်စပ်နေရာတွေ ၊ ဆက်စပ်သူတွေကို ကျခုတ် ကျခဲ ၊ လိုက်ရှာ လိုက်မေး လိုက် စုံစမ်း တယ် ။

နောက်ဆုံးမှာ သူ့ ယောကျားကိုဆက်ရှာ ဘို့ ဆိုဗီယက် ရုရှားကိုရောက်သွားတယ် ။

နေကြာတွေစိုက် ခင်းတွေ ကျယ်ပြောစွာ စိုက်ထားတဲ့ နေရာ က တောနယ် က အရပ်တစ်ခု ကို ရောက်သွားတယ် .။

ဇာတ်သိမ်းမှာ တော့ ၊’သူ့ယောကျားကိုသွားတွေ့တယ် ။

ငိုရမလို ၊ ဆွေးရမလို ၊ ဝမ်းသာရမလို ၊ တမ်းနည်းရမလို ၊ ပူဆွေးရမလို စိတ်ထဲခ့ံပြင်း သလို ၊ ခံစားချက်တွေကို

မင်းသမီးကြီး သရုပ်ဆောင်သွားခဲ့လိုက်တာ

ရုပ်ရှင် ကြည့်သူတွေ ရင်ထဲဆို့နင့်စေခဲ့ရပါတယ် ။

ရုပ်ရျင် ဝါသနာအိုး ကျွန်တော် ကိုယ် တိုင်ခံစားခဲ့ရပါတယ် ။ ကိုယ် တွေ့ပါ။

သူ့ ယောက်ျား စစ်စစ်က ဆိုဗီယက်သူ တစ် ဦးနဲ့ အိမ်ထောင်ကျနေပြီ။

ချစ်စဖွယ် လူမမယ် ခလေးငယ် တစ်ဦး ပင် ထွန်းကားနေတာ တွေ့လိုက်ရပါတော့တယ် ။

အိမ်ထောင်သစ်က စစ်မြေပြင် ကွင်းထဲမှာကျနိခဲ့တဲ့ သူ့ယောက်ျား လူနာကို ကယ်တင်ခဲ့တဲ့သူနာပြု ဖြစ်နေကြောင်းသူ သိလိုက်ရတယ် ။

သူ ဘာဆက်လုပ်မလဲ ။

ဘာဆက်ဖြစ်မလဲ ။

အချစ် ၊မေတ္တာ ၊ စေတနာ ၊ လူ့အသက် တစ်ချောင်းကယ်ခဲ့သူ တွေရဲ့ လွန်ဆွဲပွဲပါ။

ဇတ်လမ်းရီုးရီုးလေးကို ပီပြင်အောင် ရိုက် က်ပြနိုင်သူ ဒါရိုက်တာနဲ့ အဓီက သရုပ်ဆောင် မင်းသမီးကြီးကို

ဘယ် လိုမှ မေ့လို့မရတဲ့ War Drama ရသ မြောက် စစ် ကား တစ်ကားပါဘဲ ။

ခုလဲ ကျွန်တော်က အားနေ ၊ အချိန်တွေပိုနေ များ နေတော့ ဝါသနာအလျောက် Youtube video တွေ မကြာခန ကြာ့်တတ်တယ် ။

ခု ဖွင့်ကြည့်လိုက်တာ

မနေ့ညက ကြည့်နေတဲ့ မင်းသမီးဥြီး အကြောင်းအဆက် ပေါ်လာတယ် ။

ဆိုဖီယာလောရင့် မင်းသမီးကြီး ခု ဘယ် အရွယ် ရောက်နေပြီလဲ သိချင်လို့ ရှာကြည့်ဖြစ်ခဲ့တယ် . ။

ဘာတွေလုပ်နေလဲ ကောင်းကောင်းမသိရ။

ခုတော့ အလိုလို ပေါ်လာတယ် ။

ငယ်ငယ် က ချောပေ့ လှ ပေ့ ဆိုတဲ့ မင်းသမီးကြီးရဲ့ ဇယာ အရွယ် ပုံပေါ်လာတယ် ။’

ဒါတင် မကဘဲ ဇရာပိုင်းသူရိုက် ခဲ့တဲ့ရုပ်ရှင်ကားတစ်ကား အကြောင်းပေါ်လာတယ် ။’

အင်တာဗျူးတစ်ခုမှာ သူ့ ရုပ််ရှင်အကြောင်းဆွေနွေးနေကြတယ် ။

အင်တာဗျူးလုပ်သူကို ကြည့် လိုက်တော့ ဇရာ အို မင်းသမီး ကြီး ဆိုဇီယာ လောရင့် ပါတဲ့ ရုပ်ရှင် ရုပ် ရှင် ရိုက်သူ ဒါရီုက် တာလူငယ် ။

ဆက်ကြည့် လိုက် တော့ အဖွားအို မင်းသမီးကြီးရဲ့ သားတော်မောင်ဖြစ်နေ တယ် ။’

ဆက်ပြီး ထပ်ကြည့်ဘိုက်တော့

မင်းသမီး ကြီးနဲ့ လက်ထပ် ခဲ့တဲ့ အီတလီ ရုပ် ရှင် ဒါရီုက်တာ အ ကြော် အမော် ကြီး Carlo Pontiac “ကာလို ပွန်တီ” ရဲ့သားတောမောင် ဖြစ်နေ ပါတော့တယ် ခင်ဗျား ။

ဆက်တွေး လိုက်တော့

မြန်မာ့ ရုပ်ရှင် လောကမှာ

ငယ် ငယ် က လူကျိုက်များနှစ်သက်ခဲ့ကြတဲ့ အချို့သော ရုပ်ရှင် လာကသား မင်းသားမင်းသမီးကြီးတွေ ခင်ဗျာ

နေဝင်ချိန် ဇရာထောင်းလာတဲ့အခါ ‘ရုပ်ရှင်လောကကို စွန့်ခွါခဲ့ကြရ၊

ခေါ်သုံး ကြ ၊ရုပ်ရှင် ရိုက် ကြမဲ့ သူတွေ အလွန်တရာ မှ နည်းပါးစွာတွေ့ နေရ ပြီး၊

အချို့ ရုပ်ရျင် လောကသားတွေ ဆိုလျင်

နေဝင်ချိန် ဇရာအို အရွယ် မှာ ချို့ငဲ့ စွာနဲ့ ဘဝနိ ဂုံး ချု ပ်ခဲ့ ကြရတာတွေ တွေ့ နေရတာပါဘဲ.။

မြန်မာပြည်က

လူ့လောက ၊လူ့သဘာဝ ၊ လို့ဘဲ ဆိုရတော့မလားမသိ ။

ဘာကြောင့်လဲ ၊ ‘

ဘယ်သူမပြု မိမိမှုဘဲ လား ။

ဘယ် သူတွေမှာ တာဝန် ရှိသလဲ ၊

ဘာပြောကြမလဲ။

အေးမြင့် ( ညောင်တုန်း )

၁၁/၅/၂၀၂၂

ရည် ညွှန်း ။

Youtube Video :

(1) How Sophia Loren Got Famous ၊

‘The Life Ahead “

The NETFLIX Movie

(2) The Tragic Life and Sad Death of Sophia Loren , Remembering Sophia Loren .