မှတ် ဖွယ် မှတ်ရာ
စာပဒေသာ။ ( ၄၉ )
ဘဝသံသရာ
2011-
2022
၁၁ နှစ်ကြာခဲ့ပြီ
ခုတော့
၁၁ နှစ် အိုလာပြီ
နာလာပြီ
ပြီးတော့
လူအများမလွန်ဆန်နိုင်တော့ မဲ့အဖြစ်
ဘဝကူး ကြရတော့ မယ် ။
အို၊နာ၊သေ
ဘယ်သူမှ ရှောင်ပြေးလို့မရ ။
တိုတောင်းလှတဲ့လူဘဝ
ခနတာ ရောက်လာကြသူ လူသား တွေ ။
တိုတောင်လှတဲ့
လူ့ဘဝမှာ
ဘာကြောင့် များ
တစ်ဦးပေါ်တစ်ဦး
ရန်လိုမုန်းထား
ရန်သူတွေလုပ်
ခိုက်ရန် ဒေါသတွေဖြစ်
နေကြတာ ပါလိမ့် ။
အချင်းချင်း
မေတ္တာစေတနာတွေ နည်းပါးကြ
လောဘ ၊ဒေါသ ၊မောဟ မီးတွေ
အမိုက်မှောင်တွေက
ဘာကြောင့်များ ဖုံးလွမ်းနေကြ ပါလိမ့် ။
လူ့လောကထဲက
လူတွေမဟုတ်သလို လို ။
မိမိအဖို့ကတော့
သူတဖက်သားမပေါ်
အများအားဖြင့် ၊
ရန်လိုမုန်းထားမရှိခဲ့ဘူး ။
ဆရာဇော်ဂျီရဲ့
သင်သေသွားသော် ကဗျာ ကို အမှတ်ရမိလိုက် ပါတယ်။
လူ့ဘဝမှာ ခနတာ သင်ရောက်လာတုံး၊
သင်မသေခင် ၊
လူ့ဘဝကောင်းကျိုး၊
လူတွေကောင်းကျိုး၊
သင့်မိသားစုကောင်းကျိုး ၊
သင့် နိုင်ငံကောင်းကျိုး ၊
သင် လုပ်ခဲ့တဲ့ ၊ သင် တာဝန်ကျခဲံတဲ့ အစိုးရဌာနကောင်းကျိုး ၊
သင် က ရော ဘာတွေ လုပ်လို့ ၊
ဘာတွေ လုပ်ထားခဲ့ပြီး ပြီလဲ။
လူ့ဘဝမှာ လူတွေအတွက် ၊
သင်ဘာတွေ ချန်ထားခဲ့ပြီးပြီလဲ။
မနေ့ကဘဲ
မိမိဘဝ ကို မိမိ ဘာသာ
ပြန်လည် သုံးသပ် ဝေဖန် ကြည့်မိခဲ့ပါသေးတယ်။
နိုင်ငံတော် ပြည်အရေးမှာ
ရေအရေး၊ရေရေးရာ ၊ရေကိစ္စ တွေအတွက် ၊
တတ်ကျွမ်းသရွေ့ပညာတွေ အသုံးချပြီး ၊
မိမိနိုင်သရွေ့၊လုပ်ခဲ့တယ်။
မိမိဇာတိမြေအတွက်ရော ဘာတွေလုပ်ခဲ့သလဲ ။
ကွယ်လွန်သူ ဆရာသမား ဦးထွေးမြင့်၊
အမြဲတင်စားပြောတတ်တဲ့
စင်ကာပူလောက်ကျယ်ဝန်းတဲ့
ဧရီယာ ဧကပေါင်း ၂ သိန်းကျော်ရှိတဲ့ ၊
မအူပင်ခရိုင် ထဲက ညောင်တုန်းမြိ့နယ် နဲ့ မအူပင် မြို့နယ် ထဲက
ညောင်တုန်းကျွန်း လယ်ယာမြေဖေါ်ထုတ်ရေး အလုပ် နဲ့
ညောင်တုန်းကျွန်းထဲက စပါးစိုက်လယ် ယာမြေတွေ အတွက်
မိုးအခါ ရေကြီးနစ်မြုပ်မှုသက်သာစေရေး ၊ ရေထုတ် ရေနုတ် အလုပ်တွေ နဲ့ ၊
နွေအခါ နွေစပါး စိုက်ပျိုးနိုင်ရေး ရေချို သွင်း တဲ့ အလုပ်တွေကို ,
ဆရာသမား ဦးထွေးမြင့်ရဲ့ နည်းပေး လမ်းပြမှု တွေ အောက် မှာ
ဆရာတွေ ၊ တပည့်တွေ ပူးပေါင်းပြီး ဆယ် နှစ်ဆယ် မိုးခန့်ကြာအောင် တတ်သည့်ပညာမနေသာ အသုံး ချပြီး ၊
ဒေသဖွံ့ဖြိုးရေးအတွက် ဆည်မြောင်း မှာ လုပ်ပေးခဲ့ဘူးတယ် ။
ယခုအခါ ဒေသခံပြ်ညသူတွေ ဆောင် သူလယ်သမားတွေ လက်ငင်းလက်တွေ့ အကျိုးတွေခံစားနေကြရပါတယ် ။
မထင်မှတ်တဲ့ အဓိက အကျိုးရလဒ်က
ညောင်တုန်းကျွန်းထဲမှာ ငါးမွေမြူရေး လုပ်ငန်း ၊
ကြီးထွားအောင်မြင်ခဲ့ပါ တယ် ။
ရှေးအခါက ညောင်တုန်းကျွန်ရေနက်ကွင်းထဲမှာ
ရေကြီးနေတတ်လို့ ငါးကန် တည်လို့မရလို့ ၊ ငါးကန်တွေ
မရှီသလောက် နည်းခဲ့ပါတယ် .။
ဒီနေ့မှာ ဧရာဝတီတိုင်းကြီး တစ်တိုင်းလုံးရဲ့ ငါးမွေးမြူရေး ကန် စုစုပေါင်း ဧရိယာရဲ့ ၇၀ ရာခိုင်နှုန်းခန့် ဟာ ညောင်တုန်းကျွန်းထဲမှာရှိနေပါတယ် ။
ညောင်တုန်းကျွန်းကြီးထဲမှာ ရေနက်ကွင်းတွေလျော့လာ ၊
ကုန်းတွေပေါ်လာ ။ စပါးစိုက်ကွင်းတွေ ၊ငါးမွေးမြူရေးကန်တွေ တိုးလာခဲ့ပါတယ် ။
ညောင်တုန်းကျွန်းလယ်ယာမြေဖေါ် ထုတ် ခဲ့တာတွေရဲ့ လက်တွေ့ အကျိုးရလဒ်၊အကျိုးဆက်တွေပါ။
ဘာလုပ်လုပ် ၊ လုပ်သမျှ ဒုက္ခ ဆိုတဲ့အတိုင်း ၊
ဘာမဆို ကောင်းကျိုး၊ဆိုးကျိုး ဒွန်တွဲနေမြဲမို့ ၊
လုပ်ငန်းတွေရဲ့ အကျိုးဆက်က
ညောင်တုန်းကျွန်းအတွင်းရေနက်ကွင်းတွေ ၊ရေအိုင် တွေ နဲ့ ချောင်းမြောင်းတွေထဲ မှာ ကူးလူး သွားးလာနေတဲ့ ရေချိုငါးတွေ လျော့နည်းခဲ့တယ် ။
မူလ ရှေးအခါက ချောင်းမြောင်းတွေထဲ မှာ ပိုက်ကွန်ပစ်ပြီးငါးဖမ်းတဲ့ ငါးဖမ်း လုပ် ငန်း ဓလေ့ Catch Culture ပျောက်သလောက်ဖြစ်သွားတယ် ။ချောင်းမြောင်းတွေပိတ် ငါး ဖမ်းတဲ့ စနစ်တွေလဲ မရှိသလောက် နည်းသွားတယ် ။
ဒါပေမဲ့တဖက်က ကန်နဲ့ ငါး မွေးမြူရေး လုပ်ငန်း Aquaculture ဓလေ့ က အစားထိုးဝင် ရောက်လာခဲ့ပါတယ် ။
ညောင်တုန်းကျွန်းထဲမှာ အဓီက စီးပွါးရေး လုပ်ငန်းကြီးတစ်ခု ဖြစ်လာခဲ့ပါတယ် ။
ဒေသအတွက် ၊မိမိဇာတိမြေအတွက် ရော ကိုယ်တိုင်က ဘာတွေ လုပ်ပေးခဲ့သလဲလို့ ပြန် တွေးမိရာက လုပ်ခဲ့တဲ့အလုပ်တွေများစွာထဲက အဓီက အလုပ်ကြီး တစ်ခု ပြန် ပေါ်လာတာပါ။
ဆရာတွေ တပည့်တွေအားနဲ့ အောက်မြန်မာ ပြ ည် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ မြေနိမ့်ပိုင်း ရေနက်ကွင်းဒေ သမှာ မှတ်မှတ်ထင်ထင် စုပေါင်းလုပ်ခဲ့ကြတဲ့
အဓီက အထင်ကရ ဆည် မြောင်းအလုပ်ကြီးပါ။
ဦးဆောင် လမ်းပြပေးခဲ့သူ ကွယ်လွန်သူဆရာသမား ကြီး ဦးထွေး မြင့်ကို အထူးကျေးဇူးတင်နေရပါတယ် ။ တပည့်တွေကို ကွင်းထဲ မကြာမကြာ ခေါ်သွားပြီး ရေနက်ကွင်းလယ်ယာမြေဖေါ် ထုတ်ရေးအလုပ်တွေ ၊ ရေ တံခါး ကြီးတွေ တည်ဆောက်ရေးအလုပ်တွေ ကို သင်ရင်းလုပ် ၊လုပ်ရင်းသင်နဲ့ နည်းပေးလမ်းပြ လုပ်ခဲ့သူ ၊ရှာမှရှား ဝါရင့် မြစ်ဝကျွန်းပေါ် အင်ဂျင်နီယာကြီး တစ်ယောက် ပါ။
အတိတ်က လုပ်ခဲ့တဲ့အလုပ်တွေပြန်သတိရလို့ပါ။
မိမိတို့အဘို့ လူ့ပြည်လောက လူ့ဘဝမှာ
ချန်ထားခဲ့ မဲ့ ဒေသကောင်းကျိုးတွေ လုပ်ခဲ့တဲ့
ဒေသဖွံံံ ဖြိုးရေးအလုပ်တွေ ဖြစ် ပါတယ် ။
မိမိအဘို့မှာ တော့ ၊
သဲသရာကိုယူသွားဘို့ တော့
ကောင်းကောင်းမလုပ်ရသေးဘူး။
အချိန်တွေက တော့ နည်း လာနေပါ ပြီ။
လူ့လောကရဲ့
လူ့ဘဝသံသရာ။
အေးမြင့် ( ညောင်တုန်း )
၃၀/၄/၂၀၂၂