တယော နဲ့ ဘဝ ခွဲခြားလို့မရတဲ့ တယော ပညာရှင် တယော ဆရာကြီး ဦးတင်ရီ Greatest Violinist in Myanmar , His Life ,His Art

www.facebook.com/573223149/posts/10159723507698150/

တယောပညာရှင် ကြီး ဦးတင်ရီ ရဲ့ သူ့ဘဝ နောက်ကြောင်း။

Seven Day TV Media Group ၏ တင်ပြချက် ။

တယော ပညာရှင်

တယော ဆရာကြီးဦးတင်ရီ

ဘဝကို နှစ်ပေါင်း ၆၀ ကျော် တယော နှင့် ရှင်သန်ခဲ့သူ တယော ပညာရှင်ကြီး။

( တယော ပညာရှင် ကြီး ဦးတင်ရီ ယခု မရှိတော့ပါ.။ )

တယေ ာ ပညာရှင်ကြီးရဲ့ တယော သံတွေ နဲ့အတူ တယော တီးဝိုင်းကြီးတွေကို ကျွန်တော်က နှစ်သက်လို့ ၂၀၀၀ ခုနှစ်တွေဝန်းကျင် ကာလတွေမှာ မိခင် ဆည်မြောင်းဌာနအတွက်,၊နိုင်ငံတော်အတွက် ဒေသအလိုက် ဖွံ့ဖြိုးရေး အလုပ်တွေလုပ်ရင်း ၊အများပည်သူတွေကို လုပ်ခဲ့တဲ့အလုပ်တွေအကြောင်းသိစေလိုတဲ့ဆန္ဒနဲ့ ပညာပေးဘို့ ဆည်မြောင်း ရေတံခါးသီချင်း တွေ လုပ် ခဲ့ ရာ မှာ အကြိုက် ဆုံး သီချင်း တစ်ပုဒ် ဖြစ်တဲ့ “ ဥဿာတိုင်းရဲ့ ရွှေရှမ်းကိုင်း “ သီချင်းထဲမှာ ကျွန်တော် ကိုယ်တိုင် ဆရာ ကြီး ရဲ့ တယောအဖွဲ့တွေ ပါဝင်တီးခတ် တာ တွေ နဲ့ အတူ သီချင်းကို စိတ်တိုင်းကျ ဖန်တီးခဲ့ပါတယ် ။

ဆည်မြောင်းကအနုပညာဝါသနာရှင် တွေဖြစ်ကြတဲ့ တေးရေးဆရာ အင်ဂျင်နီယာ ကိုစံသွင် ( နမ္ပတူ ) နဲ့ အတူ

ရုံးအုပ် ကြီးကိုဇော်မင်းအောင် တို့ရဲ့အားတွေကို ပါ ယူပြီး၊

မြန်မာလို နဲ့ အားမရ သေး လို့ ၊အင်္ဂ လိပ်လိုသီချင်းပါ မြန်မာ့အသံ MRTV မှ စီစဉ် ဖန်တီး ထုတ်လွှင့်ခဲ့ ကြပါသေးတယ် ။

ဆရာ ဦး တင်ရီရဲ့ တပည့် လူငယ် တယော ဝါသနာရှင်တွေ ကလဲ အားတက်သရော နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ် ပေးခဲ့ကြပါတယ် ။

တယောဆရာကြီးဦးတင်ရီက နောက်နေ့မှာ သူ့အဖို့ ချိန်းဆိုထားတာ ရှိလို့ဆိုတာနဲ့ ကျွန်တော်တို့ဆည်မြောင်းအဖွဲ့သားတွေနဲ့အတူ အဆိုတော်တင်ဇာမော်။ သရုပ် ဆောင် အေးဝတ်ရည်သောင်း ၊ တယောဦးတင်ရီရဲ့ တယောတီးတိုင်း အဖွဲ့သားတွေ ၊ ဆို ကြ တီးကြတာတွေကို သီချင်းရုပ်သံဒါရိုက်တာ ကိုစိန် လင်းက အကောင်းဆုံးဗီဒီယိုရိုက်ကွက်တွေရအောင် သန်းခေါင် ေကျာ် တဲ့အထိ တစ်ညလုံး ဖန်တီး အားထုတ်ခဲ့ကြရတာဖြစ်တယ် ။ အနားက ရှမ်းကိုင်းရွာသားတွေကလဲ တစ်ညလုံး လာရောက်အားပေး စောင့်ကြည့်ခဲ့ကြတယ် ။

သက္ကရာဇ် ၂၀၀၀ ဝန်းကျင် ကာလတွေမှာ လုပ် ခဲ့တဲ့ ဆည်မြောင်းရေတံခါးသီချင်းတွေထဲမှာ အကြိုက်ဆုံး သီ ချင်းတစ်ပုဒ်လဲ ဖြစ်ခဲ့တယ် ။

ayemyint.blog တွင် ဆည်မြောင်းရေတံခါးသီချင်းများ ခေါင်းစဉ်အောက်တွင် ရှာဖွေ ကြည့်ရှု ခံစား နိုင်ကြပါတယ် ။

အေးမြင့် ( ညောင်တုန်း )

၂၈/၄/၂၀၂၂