အင်ဂျင်နီယာအတွေး နဲ့ အင်ဂျင်နီယာအလုပ်

www.facebook.com/573223149/posts/10158090366983150/

အင်ဂျင်နီယာအတွေး

နဲ့

အင်ဂျင်နီယာအလုပ်

မဖြစ် နိုင်တာမရှိနိုင်

မလုပ်နိုင်တာသာရှိ

ကိုဗစ်ကျေးဇူး

အိမ်ခြံဝင်းထဲ

အရိပ်ရအောင် စိုက်ထားခဲါတဲ့

သစ်ပင်ပန်းပင်စားပင်တွေ

ရေလောင်းဘို့ အပျင်းထူပြီး

လူလုပ်အားမသံုးချင်တာနဲ့

အချိန်မရွေး ရေရနိုင်တဲ့

မိုးတုတွေ ခြံဝင်း ထဲ ဖန်တီး ထားလိုက် တယ်

မိုးတုရွာလိုတဲ့နေရာ ရွာချလို့ရအောင်

ခလုတ်တွေ အလှည့်ကျ လိုက်ဖွင့်ပေးရံုဘဲ

CLIMATE CHANGE လား

ဂရုစိုက်စရာမလို

မိုးရွာချင်ရွာ မရွာချင်နေ

အချိန်မရွေး မိုးရွာအောင်

အိမ်မှာ လုပ်လို့ရနေတယ်

လုပ်ထားပြီးပြီ

ကိုဗစ်ရောဂါပိုးကာကွယ်ရေး

HOME STAY

အိမ်မှာနေရတာ

ရက်ရှည်လာ ကြာလာတော့

ရံုးအလုပ်တွေအိမ်မှာလုပ်ဘို့ ပျင်းလာရာက

နေ့တဓူဝ အိမ်အလုပ်တွေဘဲ လုပ်ဖြစ်လာတာ

ရေမလောင်းနိုင်လို့ ခြောက် သွေ့ပြီ း

သေမလိုဖြစ်နေတဲ့

မိုးကို မျောာ်နေ တဲ့ မြက်တွေ လဲ

ရှင်သန်ပြန်လည်နိုးထလာပြီ

အိမ်ဝင်းထဲ ရေငွေနဲ့ အပင်တွေကို

ဖြတ်တိုက်ဝင်လာတဲ့

အပြင် ကဝင်လာတဲ့ လေက လဲ မပူတော့ဘူး

ကိုဗစ် ရဲ့ အဆိုးထဲက

အကောင်းတွေ

အေးမြင့် ( ညောင်တုန်း )