မှတ်ဖွယ်မှတ်ရာ
စာပဒေသာ ( ၄၆ )
Marina Barrage of SINGAPORE



စင်ကာပူရဲ့ မရီနာရေတံခါးကြီးမှာ
ဆည်မြောင်း ဝန်ထမ်း ထမ်းဟောင်းများ၊
အသက် တွေက ၈၀ ကျော်၊၇၀ ကျော် ၊၆၀ ကျော်
ဆည်မြောင်းမျိုး ဆက် ၃ ဆက် ဆုံတွေ့ ကြတဲ့နေ့တစ်နေ့။
မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ။
ထူးခြားတဲ့နေ့ ။

ငယ်သူ အသက် ၆၀ တန်း တစ်ဦးက ဆည်မြောင်းမှာ ၁၉၈၀ ဝန်းကျင်ကာ လ တွေက
အောက်မြန်မာပြည်စပါးစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ရုံး ( စပါးစီမံကိန်း ၁ ရုံး ) ပုံထုတ် ရေးရုံး ၊တိုင်းတာရေး ဌာနစိတ်မှာ တစ်ရုံးထဲ မှာ ကျွန်တော်နဲ့ အထက်အောက် အလုပ် အတူလက် တွဲ လုပ်ခဲ့သူ ကိုအောင်စိန် ။
၁၉၇၇ မှာ စတွေ့ကြစဉ်က သူက AGTI SAE နဲ့ ၊ကျွန်တော် က AE လက်ထောက်အင်ဂျင်နီယာ ဆည်မြောင်းမျိုးဆက်သစ်တွေ ဖြစ်ကြပါတယ်။

နောင်မှာသူက အလုပ်ထွက် သွားတယ် ကြားပြီး
စင်ကာပူမှာအလုပ်သွားလုပ်နေတာသိခဲ့ရတယ် ။
မြန်မာ့ သင်္ကြန် နှစ်ဆန်းတစ်ရက်နေ့မှာ သူနဲ့ချိန်းဆိုပြီး
ခေတ္တအလည်ရောက် ၊ ဆေးလာစစ်သူ ဆည် မြောင်းဝန်ထမ်းဟောင်း ဝါရင့်ဆရာသမားကြီးနဲ့ တစ်ဦး နဲ့ တွေ့ဘို့စီစဉ်ကြ
တယ် ။

တိုက် တိုက်ဆိုင်ဆိုင် ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့က ကိုအောင်စိန်ကို စင်က ပူမှာ ၂၀၁၆ ခုနှစ်မှာတုန်းက နှစ်ဆန်းတစ်ရက်နေ့ မှာဘဲ ၊ နှစ်သစ်ကူးတရားပွဲမှာ မမျော်လင့်ဘဲ သူ့ကို သွားတွေ့ခဲ့ရတယ် ။

သူနဲ့က ဆည်မြောင်း စပါးစီမံကိန်း (၁) ခေတ်တွေက ဝါးခယ်မက ရွှေလောင်းကျွန်း ကွင်းထဲမှာ ကွင်းရေထုတ်ဘို့ ရေနုတ် မြောင်းကြီးတွေအတွက် စူးစမ်းလေ့လာ နေရာရှာဖွေ ကြတဲ့အခါ ၊ ရေနက်ကွင်း ထဲက ရွှံ့ထဲဗွက်ထဲ မှာ မြွေမကြောက်ကင်းမကြောက် နေပူထဲမှာ အတူ တူ ခြုံတော တိုးခါ တိုင်းတာရေးအလုပ် တွေ လုပ်နေခဲ့ကြတယ် ။ . နောင်မှာ အညာက မြစ်သား ကင်းတာစီမံကိန်း အတွက် ရေပေးမြောင်း ပင်မမြောင်းမကြီး မတည်ဆောက်ခင် စူးစမ်းလေ့လာ တိုင်းတာရေးလုပ်ကြရာမှာလဲသူပါခဲ့တယ် ။

“ဆည်မြောင်းဌာနကြီးရဲ့ အဓိက လုပ်ငန်းကြီး ၂ ခု”
ဆည်မြောင်းရဲ့ အဓိကအလုပ်တွေဖြစ်တဲ့ ရေထုတ် ရေနုတ်စနစ်နဲ့ ဆည်ရေ ပေးဝေရေးစနစ် ၂ မျိုးဖြစ်တယ် ။
။
ရေနုတ် စနစ်မှာ ရေထုတ် မြောင်းမကြီး မှတစ်ဆင့် ရေထွက်တဲ့ ရေမြောင်း အဆုံး မြောင်းထိပ်မှာ ရေထုတ် ရေထိန်း နိုင်ပြီး ၊ တစ်ခါတစ်ရံမှာ ဒေသအလိုက် ရေချို ပြန် သွင်းနိုင်တဲ့ပင်လယ်ပိုင်းေ ဒသတွေမှာ ရေနုတ် ရေထိန်းရေတံခါးကြီးတွေ ဆောက်ကြရတယ် ။
ရေပေး ရေးစနစ်ကတော့ ရေနုတ်စနစ်နဲ့မတူ ဘဲ ဦးတည် ရာရေလမ်းကြောင်းက ဆန့ကျင်ဘက် ပြောင်းပြန်။
လယ်ယာမြေတွေကိုစိုက်ပျိုးရေပေးဝေနိုင်ဘို့ ပင်မရေပေးမောင်းကြီးတွေ ဖေါက်လုပ်ကြရာမှာ ရေပေးမြောင်းအစမှာရှိတဲ့ ရေလှောင်တမံ ကနေ မြောင်းထဲကို ရေတွေထုတ််လွှတ် ပေးဝေရတာဖြစ်တယ် ။
Drainage ရေနုတ် တာ နဲ့ Irrigation ရေသွင်းတာ ဆန့်ကျင်ဘက် ၂ ခုရဲ့အဓိကခြားနားချက်က အကျိုး ပြုတဲ့လယ်ယာမြေတွေရဲ့ တည်နေရာပါ။
ရေကြီးကွင်းတွေထဲက ရေပိုရေလျံတွေကို ရေနုတ် မြောင်းတွေက တစ်ဆင့် လယ်ကွင်းအပြင် ချောင်းထဲမြောင်းထဲမြစ်ထဲပင်လဲထဲကို ကို ဆွဲထုတ်ရတယ် ။ေ
ရေပေး စနစ်မှာတော့ လယ်ကွင်းတွေ အတွက် လိုတဲ့ရေကို ရေပေးမြောင်းတွေကတစ်ဆင့် လယ်ကွက်တွေထဲ ပြန်ထည့်ပေး ရတယ် ။ အလေအလွင့်မရှိရဘူး ။အပြင်ကို မရောက်စေရဘူး ။
ဆည်မြောင်းဌာနကြီးရဲ့ အဓိက လုပ်ငန်းကြီး၂ ခုပါ ။
နိုင်ငံတော် ပြည်အရေး ။၊ စားနပ်ရိက္ခာ ဆန်ရေစပါးဖူလှုံရေးတွေအတွက် ၊ခေတ်ဟောင်းက ခေတ် တစ်ခေတ်မှာ ဆည်မြောင်း မှာ မိမိတို့နိုင်ရာ အလုပ်တွေ လုပ်ခဲ့ ခဲ့ကြ၊ နိုင်ရာဝန် နဲ့ တာ ဝန်တွေထမ်းခဲ့ကြပါတယ် ။
ဒီ နေ့မှာတော့ သက်ဆိုင် ရာ ဒေသ အသီးသီးက ပြည်သူတွေ အကျိုးခံစားနေကြရတာ မျက်မြင်ပါ။
၂၀၁၆မှာ မြန်မာ့ နှစ်ဆန်း၁ ရက်နေ့မှာ ကိုအောင်စိန်နဲ့ မမျာ်လင့်ဘဲ ဆုံတွေ့ ခဲ့ရပြီး နောက် ၊တိုက်တိုက် ဆိုင်ဆိုင် ဒီနေ့ နှစ်ဆန်း၁ ရက်နေ့မှာ ထပ်ဆုံတယ် ။

ဆည်မြောင်းက ဝါရင့် ဆရာသမားကြီးက မကြသေးခင် က ရောက်လာသူဖြစ်ပြီး ဆည်မြောင်း ဝန်ထမ်း ဟောင်း အသက် ၈၅ နှစ် ခန့်ရှိတဲ့ ဝါရင့်ဆရာသမားကြီး ပင်စင်စား ညွှန်ကြားရေးမှူး SE ဦးဘအေးဖြစ်ပါတယ် ။ ကျန်းမာရေးကောင်းတယ် ။ လွတ်လပ်ရေး ရပြီး ဆည်မြောင်းဌာနကြီးရဲ့ ပထမဆုံးမျိုးဆက် ဆည်မြောင်း ဆရာကြီးများထဲက နည်းပါးစွာသာ ကျန်ရှိနေကြတော့တဲ့ ဆရာသမားကြီး များအနက် တစ်ဦး ဖြစ်ပါတယ် ။
လွတ်လပ်ရေရးရပြီးနောက် ခေတ်သစ် ဆည်မြောင်းသမိုင်းမှာ ဆည်မြောင်းလုပ်ငန်းတွေအားလုံးအတွက် အရေးကြီးတဲ့ ဇလဗေဒ ဌာ နစိတ်ကို သီးခြား ဆည်မြောင်း ဇလဗေရုံးအဖြစ် EE လက်ထောက် ညွှန် ကြား ရေးမှူး ရာထူးနဲ့ စတင် ပျိုးထောင် ရုံး ဖွင့်ခဲ့သူ ဆရာသမားကြီ းလဲ ဖြစ်တယ် ။ ဘပထမဆုံးဆည်မြောင်း ဘူမိဗေဒရုံးကို စတင်ဖွင့်လှစ်ခဲ့သူကတော့ မကာသေးမီက အသက် ၉၀ ကျော် မှာ ကွန်လွန်သွား ခဲ့တဲ့ ဘူမိဗေဒ ဆရာသမားကြီး ဦးစန်းလွင် ဖြစ်ပါတယ် ။
“စင်ကာပူ ကမရီနာရေတံခါး ကြီး နဲ့ မြန်မာ့ ဆည်မြောင်းက
ရေတံခါးကြီး တွေ ဘာကွာ ကြသလဲ “

ဒီနေ့မှာ ဆရာသမားကြီး SE ဦးဘအေး ကို ဖိတ်ပြီး ၊ စင်ကာပူ မြစ်ထဲက ရေကို လိုသလို ရေနုတ် /ရေ ထုတ် ခါ ရေချို ပါထိန်းသိမ်း သိုလှောင်ပေးထားတဲ့ ပင်လယ်ဝက စင်ကာပူ ရဲ့ တစ် ခုတည်း သော အကြီးဆုံး ရေတံခါး ကြီး ရှိရာ ကို သွားလည်ပတ် ကြပြီး လေ့လာ ကြည့်ရှုကြပါတယ် ။

ကျွန်တော်တို့ အောက်မြန်မာပြည်က မြန်မာ ဆည်မြောင်းအင်ဂျင်နီယာတွေအဘို့ ကတော့ မိမိနိုင်ငံမှာ တစ်ပိုင် တစ်နိုင် အလားတူ အလုပ်တွေလုပ်နိုင်တဲ့ ရေတံခါးတွေ များစွာ တည်ဆောက်ခဲ့ကြ ပြီး သူများဖြစ်ကြ ပါတယ် . ။
ဖွံ့ ဖြိုးတိုးတက်နေတဲ့နိုင်ငံတွေကတော့ ငွေကြေးများစွာသုံးစွဲ လုပ်နိုင်တဲ့ ပေ ၅၀ ခန့်အကျယ် ဖွင့်နိုင် ပိတ် နိုင်တဲ့ ရေတံခါးကြီးတွေ Radial Gates ကြီးတွေ ကိုတတ်ဆင် အသံုး ပြု တည်ဆောက်နိုင်ကြတယ် ။

ခြားနားချက်က ကျွန်တော်တို့က ၊ မြန်မာ တွေ အတွက် ၊လုပ်သာကိုင်သာ ပုံမှန် ထိန်းသိမ်းနိုင် ပြုပြင်ရလဲလွယ်ကူ ပြီး ၊ သူတို့ လောက် ငွေ ကုန် ကြေးကျလဲမများတဲ့ ရေတံခါး အပေါက်ကျဉ်းကျဉ်း ၈ ပေ မှ ၁၀ ပေ ခန့် အကျယ် ရေသွင်း/ရေထုတ် /ရေထိန်း နိုင်တဲ့ ရေတံခါးပေါက် တွေများစွာပါတဲ့ ရေတံခါး အဆောက်အဦ အကြီးစား တွေရော ၊အသေးစား တွေကို ပါ အလွယ် တကူ နဲ့ လုပ် ငန်း ရာ သီ ၂ ရာသီထဲနဲ့ တစ်ပိုင်တစ်နိုင် အပြီးတည်ဆောက် နိုင် ခဲ့ကြပါတယ် ။

ဆရာသမားကြီးနဲ့ ယဉ် လိုက်ရင် မျိုးဆက်သစ်လို့သာဆိုရတယ် မိမိကိုတိုင်ပင်လျင် ဆည်မြောင်းဝန်ထမ်းဟောင်းဖြစ်နေခဲ့တာ ( ၂၀၀၉- ၂၀၂၂ ) ၁၃ နှစ်တာမျှ ကြာရှိနေပါပြီ ။
ဆည်မြောင်းကဝါရင့် ဆရာသမားကြီးကို ဆုံတွေ့ကြရင်း ၊ သူများနိုင်ငံ က တည်ဆောက်ထားတဲ့ ရေတံခါး ကြီးကို ကျွန်တော်တို့ မျိုးဆက်သစ် အင်ဂျင်နီယာ ၂ဦးက ခေါ်ပြ ရှင်း ပြခဲ့ကြပါတယ် ။
ဆရာသမားကြီးက ဆည်မြောင်းမှ အနားယူခဲ့တာ နှစ်ပါင်း ၂၅ နှစ်ခန့်ပင်ရှိနေခဲ့ပါပြီ။
Marina Barrage ရေတံခါးကြီးရဲ့ လုပ်ငန်းအချက် အလက်များကို ပူးတွဲ ဖေါ်ပြလိုက်ပါတယ် ။
လုပ်ငန်းလုပ်ေဆာင်ပုံ တွေကတော့ ကျွန် တော်တို့ နိုင်ငံ ဧ ရာဝတီမြစ်ဝကျွန်းပေါ် ဒေသ ရဲ့ အနယ် နယ် အရပ်ရပ်မှာ မိ ခင် ဆည်မြောင်းဌာန က တည် ဆောက်ပေးထားခဲ့ တဲ့ ရေတံခါး /ကြီးငယ် မျိုးစုံ တွေနဲ့ function အလုပ်လုပ်ပုံ ကတော့ အတူတူပါဘဲ ခင်ဗျာ။


ပူးတွဲ
Marina Barrage ရေတံခါးကြီးရဲ့ လုပ်ငန်းအချက် အလက်များ နှင့်အတူ
Marina Barrage ရေတံခါး၏ တည်နေရာ Google Earth ကောင်းကင် ဂြိုလ် တု ပုံ များ ကို ပါ ပူးတွဲ ဖေါ်ပြလိုက်ပါတယ် ။



အေးမြင့် ( ညောင်တုန်း)
၁၇.၄/၂၀၂၂
မြန်မာ့ နှစ်သစ်ကူးကာလ။
မြန်မာ့နှစ်ဆန်း ၁ ရက်နေ့ ။












