ပြည်တွင်း / ပြည်ပ မြန်မာပြည်သူများ အားလုံး
စိတ်ကျန်းမာ ကိုယ် ကျမ်းမာစွာ၊
စိတ်ချမ်းသာ ကိုယ် ချမ်းသာ စွာဖြင့်၊
လူတိုင်း လူတိုင်း ရဲ့ အနာဂတ် မှာ
ပျော်ရွှင်စရာ ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ၊
ဆု တောင်းမေတ္တာ ပို့သလိုက်ပါသည် ။
မြန်မာ့ရိုးရာ သင်္ကြန် အခါ သမယ
နှစ်သစ် မင်္ဂလာ ဆုတောင်း ။




လွမ်းစရာ
မောစရာ
ဆွေးစရာလေးတွေ
ရှေးရှေးတုန်းက မြန်မာပြည်
နဲ့
ရန်ကုန် မြို့ ရဲ့ရှေးရှေးတုန်းက သက်ြန်
၁၉၆၀-၁၉၇၀ ဝန်းကျင် က
ရန်ကုန်မြို့ရဲ့ သင်္ကြန် မြင်ကွင်းတွေကို သွားသတိရမိပါတယ် ။
ကြည့်မြင်တိုင်က ထွက်တဲ့မောင်မောင်တို့အဖွဲ့
ရန်ကုန် တလွှား လိုက်ဖျော်ဖြေခဲ့ ကြပုံတွေ
နေရာတိုင်းမှာ ပရိတ်သသတ်တွေ အုံးအုံးထခဲ့ ကြတာတွေ
နိုင်ငံတွင်းမှာ အမြီးအမောက်မတည့်တာတွေကို
ခေတ်ကို လှောင်ပြောင်တဲ့ သံချပ်နဲ့ ခနဲ့ ကြပုံတွေ
သံချပ်တွေကကောင်းလွန်း မှန်လွန်းလို့
ပရိသတ်ဘဝင် စွဲငြိခဲ့ ရပုံတွေ
မမေ့ နိုင်စရာတွေပါ
“ကမ္ဘာကျော် ဟာသစင်တော်ကြီး ‘ဆိုတဲ့ အဖွဲ့ တစ်ဖွဲ့ ကို လဲ မှတ်မိနေသေးတယ် ။
ရန်ကုန်မြို့ တွင်းမြောင်းတွေထဲ စည်ပင်ဝန်ထမ်းတွေ က ခြင်ဆေး လိုက်ဖြန်းပုံ သရုပ်ဖော် တော့
ခြင်ပုံ သရုပ်ဆောင်လုပ်ထားသူက “ရီတာပေါ့ ရီတာပေါ့” ဆိုပြီး
ရေသာသာ ခြင်ဆေးလောက်တော့ မဖြံ ုပါ ဆိုတဲ့ ပုံနဲ့ ကခုံ မြူးတူးနေခဲ့ တဲ့ ပြကွက်တွေ ကို မျက်စေ့ ထဲ မြင်ယောင်နေမိပါတယ် ။
နှစ်စဉ်သင်္ကြန်ရောက်တိုင်း
အက အလှ တွေနဲ့့ သင်္ကြန်ကားတွေ မြို့ထဲ ခြိမ့်ခြိမ့် သဲ လှည့် လည်နေကြသလို
ပြည်သူတွေက သင်္ကြန်သံချပ်တွေကို
မက်မက်မောမော စောင့် ပြီး ကြည့်ကြ နားထောင်ကြတယ် ။
မိုးလင်းပေါက်နီးနီးထိတိုင်အောင်ပါဘဲ
မြန်မာ နိုင် ငံရဲံ ပျော် စရာ ကောင်းတဲ့ ကာလတွေ အချိန် က သင်္ကြန်
ပျော်ပျော်နေတတ်ကြတဲ့ မြန်မာတွေ
ပျော်ပျော် နေချင်ကြတဲ့ မြန်မာတွေပါ
မြို့နယ်အလိုက် သင်္ကြန်ဆုပေး မန္ဏပ်တွေမှာဆို ရင် ပြိုင်ပွဲ ဝင်ကြမဲ့ အလှပြကားတွေ များလို့ တန်းစီစောင့် ရတဲ့ အထိ များပြားခဲ့ ပါတယ် ။
သင်္ကြန်ပြီးလို့ ညဘက် မှာ ဆုပေးပွဲတွေ မန္ဏပ်တိုင်းမှာ တစ်ညလုံးလုပ်ကြတယ် ။
ပြိုင်ပွဲဝင် အဖွဲတွေကလဲ အကယ်ဒမီပေးပွဲလားအောက်မေ့ ရတယ် ရင်ခုံစွာနဲ့ မျော်လင့် စွာနဲ့ ဆုရအဖွဲ့ အဖြေ လာစောင့်ကြတယ် ။
ဆုရအဖွဲတွေက ဆုပေးတဲ့ စင်တွေ မှာ တစ်ညလုံးလိုက် ပြီးပြန်ဖျော်ဖြေပေးကြပြန်တယ် ။
နှစ်သစ်ကူးကာလမှာ
ပြည်သူတွေ အားလုံး
ပျော်တစ်ပြုံပြုံးနဲ့ ရှိ နေခဲ့ ကြတဲ့ အချိန်တွေပေါ့ ။
နောင်တော့ ခေတ်တစ်ခေတ်မှာ
ဖေါ်ပြပါ မြန်မာ့ ရိုးရာ သင်္ကြန် ပွဲတွေ
လုံးလုံ းပျောက်ကွယ်သွားခဲ့ ရတယ် ။
အဲဒီခေတ် အဲဒီကာလ က သင်္ကြန်ပွဲတွေလိုမျိုး
ပြန်ရောက် ဘို့ လာနေပြီမို့
ခေတ်တွေ စနစ်တွေ ပြောင်းဘို့ ကြိုးစားနေတဲ့
နိုင်ငံတော်သစ်ရဲ့
ပြည်သူတွေရဲ့
အစိုးရသစ်ကို ကျေးဇူးတင်နေမိရပါတယ်
ရည် ညွှန်း RFA BURMESE media news
13 April 2016
ရန်ကုန်မြို့ ဗိုလ်ချူပ်အောင်ဆန်းလမ်းမပေါ်နဲ့ ၄၆ လမ်းထိပ်မှာ ဗမာသစ်အဖွဲ့က ဦးဆောင်ပြီးကျင်းပတဲ့ သင်္ကြန်သံချပ်ပြိုင်ပွဲကိုကျင်းပနေပါတယ်။
အဲဒီ သင်္ကြန်သံချပ်ပြိုင်ပွဲမှာ သာကီနွယ်သံချပ်အဖွဲ့ သံချပ်ပြိုင်နေပုံများဖြစ်ပါတယ်။
Photo : Htet Arkar, Aung Thain Kha/ RFA





🌿သင်္ကြန်ပွဲတော်ဆိုသည်မှာ🌿
မြန်မာလူမျိုးတိုင်း သိထားသင့်သော သင်္ကြန်ပွဲတော်အကြောင်းကို Knowledge Sharing ပြုလုပ်ခြင်းသာ ဖြစ်ပါတယ်ဗျာ၊
သင်္ကြန်ဆိုသည်မှာ “ကူးပြောင်းခြင်း”လို့ အဓိပ္ပါယ်ရပါတယ်၊ နှစ်သစ်ကူးအထိန်းအမှတ်ပွဲတော်လို့လဲ ဆိုကြပါတယ်၊ နှစ်ဟောင်းရဲ့စိတ်အညစ်အကြေးတွေ အကုသိုလ်တွေကို တရားဘာဝနာပွားများခြင်း၊ ငါးပါးသီလ စောင့်တည်ခြင်း၊ သင်္ကန်းစည်းခြင်း၊ အကျွေးအမွေးများဖြင့် ကုသိုလ်ပြုခြင်း၊ သက်ကြီးရွယ်အိုများအား ကန်တော့ခြင်း လက်သဲခြေသဲညှပ်ပေးခြင်း ခေါင်းလျော်ပေးခြင်း ရေချိုးပေးခြင်း စသည့် ကောင်းမှု့ကုသိုလ်များ ပြုလုပ်ခါ ပူပြင်းလှတဲ့ နွေရာသီအခါသမယမှာ မေတ္တာဓာတ်ဖြင့် အေးချမ်းစေအောင် ရေ(အမွှေးနံ့သာ)ဖြင့် ဖျန်းပတ်သည့် ချစ်စရာကောင်းသော ပွဲတော်တစ်ခုဖြစ်ပါသည်
မှတ်ချက်-နှစ်ဟောင်းရဲ့ စိတ်အညစ်အကြေးတွေ၊ အကုသိုလ်တွေကို သင်္ကြန်ရေဖြင့် ရေပတ်ဖျန်းခံခြင်းအားဖြင့် ကင်းစင်သွားသည်ဟု ဗုဒ္ဓဘါသာဝင်မှန်လျှင် မမှတ်ယူသင့်ပေ၊ ဒါဟာ ကျနော့်တစ်ဦးတည်း အမြင်သာ ဖြစ်ပါသည်၊ ဘယ်လိုမှတ်ယူကြသလဲ ကျနော်လဲ မပြောတတ်ပါ၊ (ဘာသာရေးနှောသွားလို့ နားလည်စေချင်ပါတယ်)
မြန်မာလ (၁၂)လ ရှိပါတယ်၊
တန်ခူးလဟာ မြန်မာလတွေရဲ့ ပထမဦးဆုံးလဖြစ်ပါတယ်၊
မြန်မာလ တစ်လချင်းစီတိုင်းမှာ ကိုယ်စားပြုသော
ရာသီပွဲတော်များနှင့်ရာသီပန်းအမည်များ ရှိပါသည်
တန်ခူးလရဲ့ရာသီပွဲတော်ဟာ သင်္ကြန်ပွဲတော်ဖြစ်ပြီး
တန်ခူးလရဲ့ရာသီပန်းကတော့ ကံ့ကော်ပန်းပဲ ဖြစ်ပါတယ်
တန်ခူးလမှာ ပန်တောက်ပန်း၊ ငုရင်ပန်း၊ ခတ္တာပန်း၊ပျဥ်းမပန်းတွေလဲ ပွင့်ကြပြီး နှစ်သစ်ကို အလှဆင်ကြတာပဲဖြစ်ပါတယ်ဗျ
သင်္ကြန်ပွဲတော်သည် ဘယ်ခေတ်က စခဲ့သလဲ?
သင်္ကြန်ပွဲတော်ဟာ ပုဂံခေတ် နရသီဟပတေ့မင်းလက်ထက်က (အင်္ဂလိပ်ခုနှစ်1256-1286ခုနှစ်)အစပြုခဲ့တယ်လို့ ဆိုကြပါတယ်၊ နရသီဟပတေ့မင်းနဲ့ပတ်သက်ပြီး သင်္ကြန်ဇာတ်ကြောင်းလေးရှိခဲ့တယ်၊ နရသီဟပတေ့မင်းဟာ သူ၏မိဖုရားစောလုံကို ကျီစားလိုသောကြောင့် ရေများရွှဲစိုအောင် ဖျန်းပတ်ရန် မောင်းမ မိဿံတွေကို တိုးတိုးစေခိုင်းခဲ့တယ်၊ မိဖုရားစောလုံဟာ သူ့ကို အိန္ဒြေပျက်ပြားအောင် အရှက်ရအောင်ပြုလုပ်တယ်ဆိုပြီး အရှင်မင်းကြီးကို ရန်ငြိုးဖွဲ့ကာ မင်းကြီးစားမဲ့ ပွဲတော်အုပ်ထဲ အဆိပ်ခပ်ခဲ့တယ်၊ မင်းကြီးမစားမှီမှာ နန်းတော်ထဲမွေးထားတဲ့ ခွေးကြောင့် သင်္ကာမကင်းဖြစ်ပြီး ပွဲတော်အား ခွေးကိုကျွေးစေခဲ့တယ်၊ ခွေးလဲ စားပြီးပြီးချင်း သေသွားခဲ့လေသည်၊ မင်းကြီးလည်း အမြတ်ဒေါသထွက်ကာ စုံစမ်းစစ်ဆေးလေတော့ မိဖုရားစောလုံကြောင့်ဆိုတာ သိသွားခဲ့တယ်၊ ဘယ်လောက်ချစ်သော်ညားလည်း မိဖုရားစောလုံအား မီးရှို့ပြီးသတ်စေခဲ့တယ်၊ ဒါကြောင့် သင်္ကြန်ပွဲတော်ဟာ ဝမ်းနည်းစရာကောင်းသလို ပျော်စရာလည်းကောင်းပါတယ်၊
အတာပန်းအိုး
အတာပန်းအိုးဆိုတာကတော့ မြန်မာ့ဓလေ့အစဥ်အလာအရ သင်္ကြန်အခါသမယမှာ သိကြားမင်းဟာ လူ့ပြည်ကို ဆင်းသက်လာတယ်လို့ယူဆပြီး သိကြားမင်းအား ကြိုဆိုသောအနေဖြင့် ပန်းအိုးထဲမှာ ၇ရက်သားသမီးကို ရည်ရွယ်ပြီး ပန်း၇မျိုး (သို့) အညွှန့်၇မျိုးကို ရေအပြည့်ထဲ့ပြီး သင်္ကြန်မကျမှီမှာ ပြင်ဆင်ထားကြတာပဲဖြစ်ပါတယ်
မှတ်ချက်-ကျနော်တစ်ဦးထဲအမြင်ကို ပြောရရင်
လူ့ပြည်မှာနှစ်50ဟာ စတုမဟာရာဇ်နတ်ပြည်မှာ 1ရက်လို့ဆိုကြပါတယ်၊ လူ့ပြည်မှာနှစ်100ဟာ တာဝတိံသာနတ်ပြည်မှာ 1ရက်ဖြစ်ပါတယ်၊ သိကြားမင်းဟာ တာဝတိံသာနတ်ပြည်မှာ ဖြစ်တည်ပါတယ်၊ ဒါကြောင့် သိကြားမင်း လူ့ပြည်ကို သင်္ကြန်ကျတိုင်းဆင်းနေမယ်ဆိုရင် သူ့ရဲ့တစ်နေ့တာမှာ အခါ100လောက်ဆင်းနေရမှာဖြစ်လို့ ဒါဟာလုံးဝမဖြစ်နိုင်ပါဘူး၊
မှတ်ချက်-ကျနော်တို့ မြန်မာလူမျိုးဆိုတာထက် ဗုဒ္ဓဘါသာဝင်တွေ လက်မခံသင့်တဲ့အရာပါ၊ ဗြဟ္မဏဝါဒရဲ့ အယူအဆတွေပါဗျာ၊ ကံ ကံ၏အကျိုးကိုသာ ယုံကြည်ခြင်းဟာ ဗုဒ္ဓဝါဒဖြစ်ပြီး ဖွတ်တက်လို့ ဠင်းတနားလို့ ဆင်းရဲတယ် ခိုက်တယ်လို့ ယုံကြည်လက်ခံရင် ဗြဟ္မဏဝါဒဖြစ်တယ်၊
စာဖတ်သူအပေါင်းတို့ ဘာသာရေးအနဲငယ်ပါသွားလို့ ခွှင့်လွှတ်စေချင်ပါတယ်၊
Reference : ရည် ညွှန်း Facebook post / Old Burma ရှေးရှေးတုန်းက ဗမာပြည် 14 April 2022
By Brave Human .

ခလေးတွေရေပက်တာကိုပျော်ရွှင်နေတဲ့
စနေသားငတေနိုင်ငံတော်၀န်ကြီးချုပ်ဦးနု
