ပြန်လ ည်ပြည့် ဖြိုးမြဲ စွမ်အ င် ။
နေစွမ်းအင် ။
Solar Power
The Renewable Energy
အမှောင်ခွင်း၍ အလင်းဆောင်အံ့ ။
တစ်ကိုယ်ရေ၊ အလွယ်တကူ တပ်ဆင်အသံုးပြုနိုင်တဲ့ ၊
အိမ်သုံး ဆိုလာ လျှပ်စစ် မီးများ ။
ဒီဇယ် ဆီမလို၊ အနံ့ မထွက် ၊ အသံမထွက်။
ရန်ကုန်မှာလဲ ဝယ်ယူ အသုံးပြုနိုင်ကြပါ ပြီ ။
အသုံး ပြုပုံ များသိရှိလိုပါက ayemyint.blog တွင် လေ့လာ ဖတ်ရှု နိုင်ကြပါသည် ။
New item
7 APR 2022
UAMYINT
မီး ပျက်နေတဲ့နိုင်ငံ ။ဘာလုပ်ကြမလဲ ။
မီး ပျက်နေတဲ့နိုင်ငံ ။�ဘာလုပ်ကြမလဲ ။
ဌာနမှာတုန်းက လုပ်ဖေါ် ကိုင်ဖက် ဖြစ်သူ ၊ရန်ကုန်မြို့တော်ကြီး မှာနေတဲ့ မိတ်ဆွေ ကြီး တစ်ဦးကလူမှုကွန်ယက် ဖေ့စ်ဘွတ်ပေါ်မှာ အများနည်းတူ ရင်ဖွင့်တာ တွေ့လိုက်ရတယ် ။
လျှပ်စစ်ကတော့ အဆင်ပြေသလိုလေး ဖြစ်နေပြီ၊ ဒီနေ့ ၉ နာရီဖြတ် ၁ နာရီပြန်လာ ၊ ၃ နာရီပျက်၊ ၄ ပြန်လာ၊ ဒီနေ့က ၅ နာရီကနေ ည၉ အထိ မီးဖြတ်နေ့၊ ၅ နာရီ ဖြတ်မလားဘဲ၊ ဖြတ်တော့လည်း ၆ခွဲကနေ ၉အထိ မီးစက်သံလေး တညံညံနဲ့ ဖြတ်သန်းရမှာဘဲ၊ဘယ်လောက်အဆင်ပြေသလဲ၊ဒီဇယ်ဘိုးတော့ ကုန်တာပေါ့ဗျာ၊ ကိုယ့် တအိမ်ထဲမှမဟုတ်ဘဲ၊အဖေါ်တွေနဲ့ပါ။ တဲ့ ။
ကျွန် တော်က အားကျမခံ ပြန် ရေးခဲ့ တယ် ။�၂၁ ရာစု အဖိုးအို ရဲ့ အတွေးနဲ့အရေး ။
ကျွန်တော့် လူမှုဘဝ ပတ်ဝန်းကျင် ။
ယခင်ကတည်းက တစ်ခါတစ်ရံမှသာ မီးပျက်ခဲ့တဲ့အချိန် ကာလတွေက ၊ မီးပျက်ရင် အိမ်ပတ်ခြာလည်မှာမီးစက်သံတွေ အပြိုင်ဆူညံနေချိန် မှာ�ကျွန်တော့်အိမ်မှာတော့ ၊ အိမ်တွင်းအိမ်ပြင် မီးတွေလင်းထိန်နေပြီး ၊ ဘာစက်သံမှမကြားရပါဘူး ။�မိမိအိမ်မှာ တော့ တိတ်လို့ ၊ဆိတ် လို့ ၊ မီး က လဲ လင်းနေတယ် ။ ဒီဇယ် နံ့လဲ မထွက်ဘူး ။ အသံလဲမထွက်ဘူး ။ ပတ်ဝန်းကျင်ကိုလဲ မထိခိုက်ဘူး ။�မီးပျက်တာ ကိုယ်နဲ့ဘာမှ မဆိုင်သလိုပါဘဲ ။ဂရုစိုက်စရာလဲ မလိုဘူး။�နိုင်ငံတော်မီး လာ ချင်လာ၊မလာချင်နေ ၊ယခင်ကတည်းက�ပုံမှန် စာရေးစာဖတ် လုပ် နေနိုင်ခဲ့ပါတယ် ။�ဘာ ကွာလို့လဲ။�ဘာပါလိမ့် ။
သူရိယ နေမင်းကပေးတဲ့ သဘာဝအလင်းအား ဆိုလာမီးတွေကို ကျွန်တော် သုံးနေတာ ကြာပြီ ။�ပင်စင်ယူ ပြီးချိန်ကတည်းက ဝါသနာပါလို့ ဆို လာမီးတွေ ဆက်ခါ ဆက်ခါ ဝယ် သုံး လာ နေခဲ့တာ၁၀ နှစ်ကျော် ခဲ့ပါ ပြီ .။
အများစုတွေက စိတ်မဝင်စား ကြဘူး ။ ။ .အချို့ကမသိကြ. ။ ဝါသနာမပါ တာလဲ ရှိပါမယ် ။�အိမ် မှာ အိမ်တွင်း အခန်းတွေ နဲ့ ၊အိမ်ပြင် အိမ်ပတ်ပတ်လည်မှာဆိုလာမီးတွေ သုံးနေခဲ့တာကြာပြီ .။
�ခုတော့ တစ်နိုင်ငံလုံး မီးတွေပျက်ကုန်လို့ ဆိုလာမီးတွေ စျေးတွေကလဲ အခြားလူသုံး ကုန်တွေ ၊စားသောက်ကုန်တွေ နဲ့အပြိုင် စျေးတွေ ၂ဆ ခန့်တက်ကုန်ပါပြီ ။
သိကျွမ်းတဲ့ ဘုန်းကြီးကျောင်းတွေကိုလဲ ကျွန်တော် ဒါနပြု ခါ လှူထား ပါသေးတယ် ။
မူလအရင်းအနှီးက ကြီးတယ် များတယ် ပြောနိုင်ပေမဲ့ ကျွန်တော့်အတွက် ကတော့ တန်ပါတယ် ။�အလုပ်မရှုတ်ဘူး ။ ဆိုလာမီးတွေကို အလုပ်ရှုတ်ခံပြီး နေ့တစ်ဓူဝ ၊ နေ့စဉ် ဖွင့်ပိတ် လု ပ်နေစရာလဲမလိုဘူး ။
�ညမှောင်ရင် သူ့အလိုလို လင်း တယ် ။ မိုးလင်းလို့ အလင်းရောင် ပေါ်လာရင် သူ့အလိုလို ပိတ် တယ် ။ Auto ခလုတ်ကိုနှိပ်ထားလိုက်ရုံပါဘဲ။ တစ်ညလုံး ၁၂ နာရီကြာအောင် မီး အား အပြည့်လင်းတယ်။�မီးအားက နွေရာသီ၊မိုးရာသီ နေ ရောင် အား ရရှိမှုပေါ်မှာတော့မူတည်ပါတယ် ။ မိုး ရာသီမှာလဲ အဆင်ပြေပါတယ် ။ တစ်နေကုန် မိုး အုံ့ ၊ မိုးဆက်တိုက် ရွာတဲ့ရက်က ၊ တစ်နှစ် လုံး မှာ နေရောင် လုံး လုံး မရတဲ့ ရက်က မရှိသလောက် နည်းပါတယ် ၊ ဘာ လို သေးလဲ ။
ဆိုလာအားသွင်းထားတဲ့ ဘက်ထရီ ချွှေတာချင်ရင် တော့ ၊ တွဲပါလာတဲ့ Remote control အဝေးထိန်း ခလုတ် နဲ့ ကြိုက် သလိုဖွင့်ပိတ်လုပ် ။ဘာလိုသေးလဲ.။
အိမ် ဘေးက မြက်ခင်းပြင်ကို အိမ်ပေါ်ကဆိုလာမီး ဆလိုက်နဲ့ ညမှောင်မှောင်မှာ မီးထိုးပေးနေခဲ့တာ၁၀ နှစ် ၁၀ မိုး ကျော် ခဲ့ ၊ ကြာ ခဲ့ ပါ ပြီ ။�ခုချိန်ထီ ဆက်သုံးလို့ရ နေတုန်း .။
လူတွေဘာကြောင့်စိတ်မဝင်စားကြတာကိုနားမလည်ခဲ့ ။
�အင်ဂျင်နီယာသဘောအရ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ပါ ။�တစ်ကိုယ် ရေ အိမ်သုံး ဆိုလာစွမ်းအင်နဲ့ ဆိုလာမီး ။�ကာဘွန် ဓာတ်ငွေ့ ထုတ်လုပ်မှု လျော့ ချ ရေး ကိုလဲ�တစ်ဘက်တလမ်း က တစ်ဦးချင်း နိုင်သလောက် ကူပေးနေပါ တယ် ။�ဘာလိုသေးလဲ .။
အေးမြင့် ( ညောင်တုန်း )�၆/၄/၂၀၂၂
ရည် ညွှန်း ၊
တွေးမိတွေးရာ ရေးမိရေးရာ. ( ၈၇ )
အမှောင်ခွင်း၍ အလင်းဆောင်အံ့ ။
(Revised : 11/2/2022)
ငယ်စဉ် အခါ ပညာရှာခဲ့ စဉ် ကတည်းက စတင် သိခဲ့ရတဲ့ ဒီမိုကရေစီနိုင်ငံ သစ် စတင်တည်ထောင်ခဲ့သူ ၊
ဝန်ကြီးချုပ် ဦးနုကဘဲ စတင် ပျိုးထောင်ပေးခဲ့တဲ့ ၊ယနေ့ စာပေဗိမာန် အဖွဲ့အစည်းကြီးရဲ့ ဦးတည်ချက် ဆောင်ပုင်္ဒပါ။
ငယ်စဉ်ပညာရှာခဲ့စဉ်ကာလက စာပေဗိမာန်ကထုတ်ဝေခဲ့တဲ့ ဗဟုသုတရစရာစာအုပ်တွေ အတော်များများနဲ့ ရင်းနှီး ကျွမ်းဝင် လေ့လာမှတ်သား ခါဘဝကိုရုန်းကန် လှုပ်ရှားလာခဲ့ရာကဒီနေ့ဒီဘဝ ဒီအခြေအနေကို ရောက်ခဲ့တာလို့ မိမိကိုယ်ကို မိမိ ခံယူ ထားပါတယ် ။
အမှောင်ခွင်း၍ အလင်းဆောင်အံ့ ။
မာန်ပါပါ ကျုံးဝါး ခဲ့တဲ့ ဆောင်ပုဒ် ပါ။
အမိုက်မှောင်တွေ ဖယ်ရှား ပြီး ၊ပညာအလင်းတွေ ရအောင် ဖန်တီးပေးခဲ့ တဲ့ ဝန်ကြီးချုပ် ဦးနု နဲ့ သူ့ရဲ့ စာပေဗိမာန်အဖွဲ့ကြီးကို အထူးကျေးဇူးတင်ရပါတယ် ။
လူငယ်တွေ ၊စာဖတ်ဝါသနာပါသူတွေ ၊ပညာလိုလားရှာဖွေနေကြသူတွေအတွက် ပညာပေး စာ အုပ်တွေ အများအ ပြား စာပေဗိမာန် ကြီး က ထုတ်ဝေဖြန့်ချီခဲ့ပါတယ်။
မြန်မာ့စွယ်စုံကျမ်း ၁၅ တွဲ ၊
လူထုသိပ္ပံကျမ်း အတွဲတွေ ၁၀ တွဲခန့် ။၊
မြန်မာ့ ယဉ်ကျေးမှု ဆိုင်ရာစာအုပ်အတွဲတွေ၊
အခြားဗဟုသုရစရာ စာအုပ်မျိုးစုံတွေ ၊
ငယ်စဉ်ကျောင်းသားဘဝမှာ ကျွန်တော်ကိုယ်တိုင် အားလုံး နီးပါး ကို ဝယ်ယူ စုဆောင်းလေ့လာ ဘတ်ရှ ု ခဲ့ပါတယ် ။စာဖတ်ဝါသနာစတင်ရရှိခဲ့ တယ်လို့ ပြောရင် မမှားပါဘူး ။
၂၅ ကျပ်တန် မြန်မာ့စွယ် စုံကျမ်း အတွဲ ၁၅ တွဲ အားလုံးကို လေ့လာ ဖတ် ရှု လိုတာနဲ့ ကျောင်းသား လူငယ်ဘဝမှာ စာပေဗိမာန်ကနေ လပေး စနစ်နဲ့ အရစ်ကျ ဝယ် ယူစုဆောင်း နိုင်ခဲ့ပါတယ် ။ စာရေးဆရာကြီး ဦးထင်ကြီး စာပေဗိမ န်မှာ အုပ်ချုပ်နေစဉ်ကာလ ပါ။( ကျောင်းသားလူငယ်ဘဝမှာ သူ့ကိုကိုယ်တိုင်သွားတွေ့ ဆုံခဲ့ဘူးပါတယ် ။ )
စာတွေမျိုးစုံဖတ်ခဲ့ရာက ကိုယ့်နိုင်ငံအကြောင်း ကမ္ဘာ့နိုင်ငံတွေအကြောင်း ခေတ်သမိုင်းတွေကို ငယ်စဉ်ခလေးဘဝကျောင်းသားလူငယ်ဘဝကတည်းကကျောင်းစာအပြင် ၊ သမိုင်း ဗဟုသုတ မျိုးစုံကို စာပေဗိမာန်ကျေးဇူးနဲ့ စတင် သိကျွမ်းခဲ့ရတယ် ။
ဖက်ဆစ် လူဆိုးလူယုတ်မာတွေကို တော်လှန်ဘို့၊တိုင်းပြည်သယံဇာတတွေကို ထုတ် ယူပြီး ၊သူ့လူမျိုး သူ့အမျိုးတွေ ကိုယ်ကျိုး အတွက် သာလုပ်နေကြတဲ့ နယ်ချဲ့သွေးစုတ် နေတဲ့အင်္ဂလိပ် လုမျိုးတွေကို တိုင်းပြည်ထဲက အပြီးအပိုင် မောင်းထုတ်ခါ အမြစိပြတ် ချေ မှုန်းဘို့ အတွက် တစ်တိုင်းတစ်ပြည်လုံး လုပ်ခဲ့ကြတယ် ။
တို့ဗမာအစည်းအရုံးကြီး ပေါ်လာတယ် ။ကြွေးကော်သံဆောင်ပုဒ်တွေရေးပြီး ရေးတဲ့အတိုင်းဆက်လုပ်ခဲ့ကြတယ် ။အပြော သက်သက် မဟုတ် ။အလုပ်နဲ့သက်သေပြခဲ့ကြတယ် ။
တစ်နိုင်ငံလုံး ပြည်သူတွေရဲ့အား .လူထုအားနဲ့ နယ်ချဲ့ မသမာသူတွေကို တက်ညီလက်ညီ နဲ့ တစ်တိုင်းတစ်ပြည်လုံးစုပေါင်းတော်လှန်ခဲ့ကြပါတယ် ။ အောင်မြင်ခဲ့တယ် ။
သင် န်းစာတွေပါတဲ့ သမိုင်းတွေပါ။
တခေတ်တစ်ခါက တို့ဗမာအစည်းအရုံးကြီး ရဲ့ ကျယ်လော င်သောရဲရဲတောက် ကြွေးကြော် သံ ပေါ်ခဲ့တယ် ။
“ တို့ဗမာ”
“ ဗမာပြည်သည် –တို့ပြည် ၊
ဗမာစာသည် –တို့စာ၊
ဗမာစကားသည် —တို့စကား ၊
တို့ပြည်ကို —ချစ်ပါ၊
တို့စာကို —ချီးမြှင့်ပါ၊
တို့စကားကို—လေးစားပါ ။ “
မြန်မာပြည် လွတ်လပ်ရေးရဘို့အရေးမှာ တစ်နိုင်ငံလုံးက လူငယ်တွေလူကြီးတွေ စုပေါင်းညီညာ ဝိုင်းဝန်း လုပ်ခဲ့ကြရတယ် ။လွတ်လပ်ရေးရခဲ့ပါတယ် ။မြန်မာ့သမိုင်းတွေပါ။
လွတိလပ်ရေးရ ပြီး နောက်မှာနိုင်ငံအုပ်ချုပ်ခဲ့သူ လူတော် ပညာရှိကြီ.းတွေရဲ့ ကျေးဇူးနဲ့ စာပေဗိမာန် အဖွဲ့ကြီးပေါပေါာက်လာခဲ့တယ် ။
“အမှောင်ခွင်း၍အလင်းဆောင်အံ့”ကြွေးကြော်သံဆောင်ပုတ်ရေးပြီး ၊အပြောမဟုတ် တကယ် လုပ်ခဲ့တယ် ။
ကျွန်တော်တို့လူငယ်တွေ စာပေဗိမာန် ပေါ်ပေါက်ခဲ့တဲ့ခေတ်ကောင်းမှာ လူလားမြောက် ကြီးပြင်းခဲ့ကြရတယ် .။စာတွေဖတ်ဖြစ်တယ် ။ သမိုင်းတွေသိလာတယ် ။ ပတ်ဝန်းကျင် ရဲ့ အကောင်းအဆိုးအကြောင်းအကျိုး တွေဝေဖန်သုံသပ်နိုင်ခဲ့ကြတယ် ။ေ ခတ်မျိုးစုံ လူမျုးစုံ တွေ့ခဲ့ရတယ် .။သမိုင်းထဲက လူတစ်ဦးအနေနဲ့ ၊ခေတ်အဆက်ဆက် ဖြတ်သန်း ခဲ့ရ၊ရုန်းကန်ခဲ့ရ၊ကြိုးစားခဲ့ရပါတယ် ။
ကျွန်တော် ဘဝမှာ ခေတ်တွေအဆက်ဆက် ဖြတ်သန်းလာခဲ့ပြီးနောက် ၊ဒီနေ့မှာတော့
အမိ နိုင်ငံတော်မှာ၊စိတ်မချမ်းမြေ့ဘွယ်ရာ ၊အမိုက်မှောင်တွေ နဲ့ ဖုံး လွမ်း နေ၊ ပညာအလင်းတွေ အားနည်းပျောက်ဆုံး နေ တာတွေတွေ့မြင် ကြားသိနေရတာ ၊ စိတ်မချမ်းမြေ့ စရာပါ။
တိုင်း ပြည် က အ ပျ က်လမ်းေ ကြ ာ င် းပါ် ရောက်နေသလို ၊ အပျက်မျိုးစုံကြားထဲ့မှာ ၊တစ်နိုင်ငံလုံးနီးပါး အနှံ့အပြားမှာ အလင်းပေးတဲ့ မီးတွေလဲ ခနခန ပျက်နေတာ မှောင်နေတာ ကြားသိနေရပါတယ် ။အမိုက်မှောင်တွေ မျိုးစုံ လွမ်းနေတဲ့နမိတ်တွေပါဘဲ။
စိတ်မကောင်းစရာတွေပါ။
မိမိ နိုင်သရွေ့ ကူညီလှ ူဒါန်းလိုတာနဲ့စာပေမိတ်ဆွေ ကျခတ်ဝါယာဆရာတော် ကို ဆရာတော်သီတင်းသုံးရာ ကျောင်းမှာ အမှောင် ခွင်း၍ အလင်းဆောင်နိုင်ဘို့ အတွက် ရည်စူးပြီး ၊နိုင်ငံတော်ကပေးလာမဲ့လျှပ်စစ်မီးကို အားကိုးမျော်စောင့်နေစရာမလိုဘဲ၊ ကမ္ဘာကြီးစတင်ကတည်းက သဘာဝကပေးထားတဲ့ သူရိယနေမင်းရဲ့ အလင်း စွမ်းအားကိုအသုံချထားတဲ့ နေရောင်ခြည်သုံးဆိုလာလျှပ်စီး မီးတွေကို ဆရာတော်ဘုန်းကြီးကျောင်း မှာ သဘာဝအလင်းဆောင်နိုင်ဘို့ ဒီနေ့ပေးလှ ူခဲ့ပါတယ် ။
ဆိုလာမီးတွေကောင်းချက် ကောင်းကွက်က၊ဆိုလာပြားတစ်ချပ်အသေး လေး ကိုနေရောင် ကောင်းကောင်းရတဲ့နေရာမှာထား ပြီး ၊. နေ့ ဘက်မှာဆိုလာ ပြား က နေ နေစွမ်း အား ကို စုဆောင်းပါတယ်.။. ဆက်သွယ်ထားတဲ့ ဝပ် ၁၀၀ အား လျှပ်စစ် မီး လုံးက ညအခါ မှောင်လာတာနဲ့ အလိုအလျောက်လင်းပါတယ်။ညဘက် ၁၂ နာရီခန့် တစ်ညလုံးမီးလင်းနေ ပြီး နောက် ၊ နောက်နေ့မနက် မိုးလင်း လို့ နေထွက်လာ ၊ အလင်းရောင် ပေါ် လာတာ နဲ့ ၊ လျှပ်စစ်မီးလုံးက အလိုလို ပိတ်သွားပါတယ် ။
မီးလုံးကို နေ့စဉ်အဖွင့်အပိတ် လုပ်နေစရာမလိုပါဘူး။မီးအား စုထားချင် လို့ ပိတ်လိုလျင် တော့ ၊
ပူးတွဲပါလာတဲ့ Remote Control ခလုတ်နဲ့ အဖွင့်အပိတ် လိုသလို လုပ်နိုင်ပါတယ်။
စုဆောင်းနိုင်တဲ့ ဆိုလာနေအားက နေ့ဘက် နေပူတဲ့အချိန်ပေါ် မူတည်ပါတယ် နွေရာသီနဲ့ မိုးရာသီ နေအားရရှိမှ ုကွာခြားပါတယ် ။
ဆိုလာ ပြားနဲ့ ဆိုလာမီးက ဘယ်လောက်ကြာကြာ အသုံးပြုနိုင် ပါ သလဲ။
ကျွန်တော် ကိုယ်တိုင် က တော့ စိတ်ဝင်စားလို့ ၊ဝါသနာပါလို့ ၊ကျွန်တော် တောက် လျောက် ဝယ်သုံး လာနေခဲ့တာ ၊ ပထမဆုံးသုံးခဲ့တဲ့ ဆိုလာမီးက ၁၀ နှစ်ခန့် ကြာရှိနေပြီး ၊ယနေ့ အထိ တိုင် အိမ်မှာ အသုံးပြု လို့ရနေဆဲ ၊ သုံးနေတုန်း ပါ
စျေးဘယ်လောက်ရှိသလဲ ။
ဒီနေ့ ကာလ ပေါ က် စျေးက ဆရာတော့်ကို လှ ူဒါန်းခဲ့တဲ့ဝပ် ၁၀၀ ဆိုလာမီးအစုံလိုက်က တစ်စုံကို မြန်မာ. ငွေ ကျပ် ၆၅,၀၀၀/ ကျပါတယ် ။
ဘယ်မှာဝယ်လို့ရသလဲ။
ရန်ကုန်မြို့ ၂၈ လမ်း အလယ် ဘလောက်မှာ ရှိတဲ့ လျှပ်စစ်မီး ပစ္စည်းမျိုးစုံရောင်းတဲ့ဆိုင်တွေမှာ
စုံစမ်း မေး မြန်း ဝယ်ယူ အသုံးပြု နိုင်ကြပါတယ် ။မိတ်ဆွေ များ စဉ်းစားချင့်ချိန် သုံးသပ် နိုင် ကြ ပါတယ်။
မြန်မာ ပြည်ကြီးလဲ၊
အမှောင်ခွင်း၍ အလင်းဆောင်နိုင်ပါစေ ကြောင်း ၊ ဆု တောင်း လိုက်ရပါတယ် ခင်ဗျား ။
အေးမြင့်( ညောင်တုန်း)
၂၀/၁/၂၀၂၂
NEPS .
ရည်ညွှန်း(၁)
ရနကုန် မြို့ ကျခတ်ဝါယာ ဆရာတော်ရဲ့Facebook post 20/1/2022
စင်္ကာပူနိုင်ငံမှာရောက်ရှိနေတဲ့ စာပေမိတ်ဆွေကြီး ဒကာကြီးဦးအေးမြင့်(အေးမြင့်-ညောင်တုန်း)နှင့်ဇနီး၊သား သမီး မြေးမိသားတစုတို့က လျှပ်စစ်မီးမရရှိသေးတဲ့ မိမိတို့ကျောင်းအတွက် ဆိုလာမီးပွင့် နှစ်ပွင့်လှူဒါန်းကြပါတယ်။ဒကာကြီးဦးအေးမြင့်တို့မိသားစုကိုယ်စား ရုံးဝန်ထမ်းများက လာရောက်လှူဒါန်းပေးတာဖြစ်ပါတယ်။
ကောင်းမှုရှင် မိသားစုအားလုံး ဘေးရန်ကင်းပ၊အေးမြသာယာကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ဒကာကြီးဦးအေးမြင့်လည်း စာပေရေးသားခြင်းအလုပ်ကို စွမ်းအားရှိသလောက် ဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
ရည်ညွှန်း(၂)
ဆည်မြောင်းက ဆရာသမား ၊ဝါရင့်အင်ဂျင်နီယာကြီး ၊ဒု/ညွန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးဇော်ဝင်း(ဇလ) စုဆောင်းထားတဲ့ စာပေဗိမာန် သမိုင်းအကျဉ်း ၊စာအုပ် ။










