နှစ်ပေါင်း၁၀၀ အတွင်း အပြောင်းလဲကြီးပြောင်းလဲ သွား ခဲ့ တဲ့ နိုင်ငံ ။

www.facebook.com/573223149/posts/10159687334443150/

မှတ်ဖွယ် မှတ်ရာ

စာပဒေသာ ( ၄၃ )

( တွေးမိတွေးရာ ၊ ရေးမိရေး ရာ )

နှစ်ပေါင်း၁၀၀ အတွင်း

အပြောင်းလဲကြီးပြောင်းလဲ သွား ခဲ့ တဲ့ နိုင်ငံ ။

သူများနိုင်ငံ ။

ပညာကိုတန်ဘိုးထားတဲ့ ၊

ပညာတတ် လူတန်းစာတွေ အများစု နေထိုင်ကြပြီး၊

ပညာတတ် ခေါင်းဆောင်တွေက သာ

နိုင်ငံကို ပဲ့ကိုင် ထိန်းကြောင်း ၊အုပ်ချုပ်နေတဲ့နိုင်ငံ.။

ကမ္ဘာ့အလယ်မှာ လက်မထောင် ဝင့်ကြွားနေ တဲ့ နိုင်ငံ။

တကမ္ဘာလုံးက ချစ်ခင်လေးစားနေရတဲ့နိုင်ငံ။ စင်ကာပူ။

ဒီလိုပါဘဲ ။

ကျွန်တော်တို့ ငယ်စဉ်ခလေးဘဝ။

နိုင်ငံ လွတ်လပ်ရေး ရပြီးချိန်

ပါလီမန်ဒီမိုကရေစီ ခေတ် ကာလမှာ

အိမ်နီးချင်းထိုင်းနိုင်ငံပုံရီပ်တွေက လဲ

လွန်ခဲ့သော နှစ်၁၀၀ အတွင်းက စင်ကာပူနိုင်ငံလိုပါဘဲ။

အတူတူပါဘဲ။

၁၉၅၀ တန်းကျင် ကာလတွေမှာ တော့

မြန်မာက ထိုင်းနိုင်ငံထက် သာနေခဲ့ဘူးပါတယ် ။

မကြာသေးသောကာလတွေက

မိမိနိုင်ငံလဲ စင်ကာပူလို ၊ သူ့လိုဖြစ်အောင်

အားကျ အတုယူ ခါ ၊အားယူနေခဲ့ဘူးတယ်။

ခေတ်ပြောင်းဘို့ ကြီုးစာနေရင်း ၊

ခေတ်ဆန်းချိန်ကို စတင် ကူးပြောင်း ရောက်ခဲ့ဘူးတယ်။

အများစုသော တိုင်းသူပြည်သားတွေ ကလဲ ၊

ပျော်တစ်ပြုံးပြုံး မော်မဆုံးရှိနေခဲ့ကြ တယ် ။

ဒါပေမဲ့ ၂၀၂၁ မှာ ၊

တိုင်းပြည် ရဲ့ ကံကြမ္မာ အလှည့်အပြောင်းကြောင့် ၊

မျော်လင့်ချက်တွေ ဆိတ်သုဉ်းပျောက်ကွယ် သွားခဲ့ရတယ် ။

မိမိနိုင်ငံက

ရေပေါ မြေပေါ သယံဇာတတွေပေါကြွယ် ဝတဲ့နိုင်ငံ.။

သမိုင်းခေတ်ဦး ၁ရာစု ပျူခေတ်ကစလို့

သမိုင်းကြောင်း ရှည်လျားခဲ့တဲ့နိုင်ငံ ။

မြန်မာ တွေက ညံ့တဲ့ မျိုရိုးမဟုတ် ။

ခေတ်အဆက်ဆက် နယ် ပယ် စုံ မှာ လူတော်တွေထွက်ခဲ့တယ်

လူစွမ်းကောင်းတွေပေါ်ထွက်ခဲ့တယ် ။

အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ရေခဲတောင်ရှိတဲ့ နိုင်ငံ ။

နယ်မြေကကျယ် တယ် ။

တိုင်းရင်းသားပေါင်းစုံ လူမျိုးစုံနေကြတယ် ။

နှစ်လိုစဘွယ် မတူကွဲပြားတဲ့ ယဉ်ကျေးမှု မျိုးစုံရှိကြတယ် ။

နှစ်ပေါင်းရာထောင်ချီပြီး သက်တန်းရှည် လျားတဲ့

သမိုင်းတွေ၊ ရာဇဝင် တွေနဲ့အတူ

ယဉ်ကျေးမှု အမွေအနှစ်တွေကလဲ ပေါကြွယ် ဝတဲ့နိုင်ငံ ။

ဘုရားကျောင်းကန် စေတီပုထိုးတွေလဲ ပေါများတဲ့နိုင်ငံ ။

နေချင်စရာ အမိမြေ -ပြည်မြန်မာပါ။

သူများနိုင်ငံတွေလိုဖြစ်ချင်ရင် ၊

သူများနိုင်ငံတွေလို ကမ္ဘာနဲ့ ရင်ဘောင်တန်း ချင်ရင် ၊

နိုင်ငံ တိုးတက်ထွန်းကားစည်ပင်သာယာဝပြောဘို့

အရေးအတွက်

ကျွမ်းကျင်ရာ လိမ္မာ ။

ကိုယ်တတ်သိနား လည် ၊တတ်ကြွမ်း ထားတဲ့

ပညာတွေကို အသုံးချပြီး ၊

ကိုယ့် အလုပ် ကိုယ် လုပ် ကြ၊

ကိုယ့်တာဝန် ကိုယ် ကျေ ပြွန် စွာ တာဝန်ထမ်းဆောင်နိုင်ကြခါ ၊

စဉ်းစား တွေးခေါ် ကြံဆ လုပ်ဆောင်နိုင် ကြ မဲ့ ၊

ပညာတတ် လူတန်းစားတွေ

နိုင်ငံတွင်းမှာ ပေါများဘို့ ဘဲ လိုနေပါတယ် ။

ပြောရလွယ် လိုက်တာ လို့ ဝေဖန်နိုင်ကြပါတယ် ။

ရည် ညွှန်း ။

“ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ခန့်က စင်ကာပူ “

Facebook ပေါ်က “ စလုံး “ ရဲ့ ၊ သတင်းဗီဒီယို ။( 5 April 2017 )