မီး ပျက်နေတဲ့နိုင်ငံ ။ဘာလုပ်ကြမလဲ ။

မီး ပျက်နေတဲ့နိုင်ငံ ။
ဘာလုပ်ကြမလဲ ။

ဌာနမှာတုန်းက လုပ်ဖေါ် ကိုင်ဖက် ဖြစ်သူ ၊
ရန်ကုန်မြို့တော်ကြီး မှာနေတဲ့ မိတ်ဆွေ ကြီး တစ်ဦးက
လူမှုကွန်ယက် ဖေ့စ်ဘွတ်ပေါ်မှာ အများနည်းတူ ရင်ဖွင့်တာ တွေ့လိုက်ရတယ် ။

လျှပ်စစ်ကတော့ အဆင်ပြေသလိုလေး ဖြစ်နေပြီ၊ ဒီနေ့ ၉ နာရီဖြတ် ၁ နာရီပြန်လာ ၊ ၃ နာရီပျက်၊ ၄ ပြန်လာ၊ ဒီနေ့က ၅ နာရီကနေ ည၉ အထိ မီးဖြတ်နေ့၊ ၅ နာရီ ဖြတ်မလားဘဲ၊ ဖြတ်တော့လည်း ၆ခွဲကနေ ၉အထိ မီးစက်သံလေး တညံညံနဲ့ ဖြတ်သန်းရမှာဘဲ၊ဘယ်လောက်အဆင်ပြေသလဲ၊ဒီဇယ်ဘိုးတော့ ကုန်တာပေါ့ဗျာ၊ ကိုယ့် တအိမ်ထဲမှမဟုတ်ဘဲ၊အဖေါ်တွေနဲ့ပါ။ တဲ့ ။

ကျွန် တော်က အားကျမခံ ပြန် ရေးခဲ့ တယ် ။
၂၁ ရာစု အဖိုးအို ရဲ့ အတွေးနဲ့အရေး ။

ကျွန်တော့် လူမှုဘဝ ပတ်ဝန်းကျင် ။

ယခင်ကတည်းက တစ်ခါတစ်ရံမှသာ မီးပျက်ခဲ့တဲ့အချိန် ကာလတွေက ၊ မီးပျက်ရင် အိမ်ပတ်ခြာလည်မှာမီးစက်သံတွေ အပြိုင်ဆူညံနေချိန် မှာ
ကျွန်တော့်အိမ်မှာတော့ ၊ အိမ်တွင်းအိမ်ပြင် မီးတွေလင်းထိန်နေပြီး ၊ ဘာစက်သံမှမကြားရပါဘူး ။
မိမိအိမ်မှာ တော့ တိတ်လို့ ၊ဆိတ် လို့ ၊ မီး က လဲ လင်းနေတယ် ။ ဒီဇယ် နံ့လဲ မထွက်ဘူး ။ အသံလဲမထွက်ဘူး ။ ပတ်ဝန်းကျင်ကိုလဲ မထိခိုက်ဘူး ။
မီးပျက်တာ ကိုယ်နဲ့ဘာမှ မဆိုင်သလိုပါဘဲ ။ဂရုစိုက်စရာလဲ မလိုဘူး။
နိုင်ငံတော်မီး လာ ချင်လာ၊မလာချင်နေ ၊ယခင်ကတည်းက
ပုံမှန် စာရေးစာဖတ် လုပ် နေနိုင်ခဲ့ပါတယ် ။
ဘာ ကွာလို့လဲ။
ဘာပါလိမ့် ။

သူရိယ နေမင်းကပေးတဲ့ သဘာဝအလင်းအား ဆိုလာမီးတွေကို ကျွန်တော် သုံးနေတာ ကြာပြီ ။
ပင်စင်ယူ ပြီးချိန်ကတည်းက ဝါသနာပါလို့ ဆို လာမီးတွေ ဆက်ခါ ဆက်ခါ ဝယ် သုံး လာ နေခဲ့တာ
၁၀ နှစ်ကျော် ခဲ့ပါ ပြီ .။

အများစုတွေက စိတ်မဝင်စား ကြဘူး ။ ။ .အချို့ကမသိကြ. ။ ဝါသနာမပါ တာလဲ ရှိပါမယ် ။
အိမ် မှာ အိမ်တွင်း အခန်းတွေ နဲ့ ၊
အိမ်ပြင် အိမ်ပတ်ပတ်လည်မှာ
ဆိုလာမီးတွေ သုံးနေခဲ့တာကြာပြီ .။
ခုတော့ တစ်နိုင်ငံလုံး မီးတွေပျက်ကုန်လို့ ဆိုလာမီးတွေ စျေးတွေကလဲ အခြားလူသုံး ကုန်တွေ ၊စားသောက်ကုန်တွေ နဲ့အပြိုင် စျေးတွေ ၂ဆ ခန့်တက်ကုန်ပါပြီ ။

သိကျွမ်းတဲ့ ဘုန်းကြီးကျောင်းတွေကိုလဲ ကျွန်တော် ဒါနပြု ခါ လှူထား ပါသေးတယ် ။

မူလအရင်းအနှီးက ကြီးတယ် များတယ် ပြောနိုင်ပေမဲ့ ကျွန်တော့်အတွက် ကတော့ တန်ပါတယ် ။
အလုပ်မရှုတ်ဘူး ။ ဆိုလာမီးတွေကို အလုပ်ရှုတ်ခံပြီး နေ့တစ်ဓူဝ ၊ နေ့စဉ် ဖွင့်ပိတ် လု ပ်နေစရာလဲ
မလိုဘူး ။
ညမှောင်ရင် သူ့အလိုလို လင်း တယ် ။ မိုးလင်းလို့ အလင်းရောင် ပေါ်လာရင် သူ့အလိုလို ပိတ် တယ် ။ Auto ခလုတ်ကိုနှိပ်ထားလိုက်ရုံပါဘဲ။ တစ်ညလုံး ၁၂ နာရီကြာအောင် မီး အား အပြည့်လင်းတယ်။
မီးအားက နွေရာသီ၊မိုးရာသီ နေ ရောင် အား ရရှိမှုပေါ်မှာတော့မူတည်ပါတယ် ။ မိုး ရာသီမှာလဲ အဆင်ပြေပါတယ် ။ တစ်နေကုန် မိုး အုံ့ ၊ မိုးဆက်တိုက် ရွာတဲ့ရက်က ၊ တစ်နှစ် လုံး မှာ နေရောင် လုံး လုံး မရတဲ့ ရက်က မရှိသလောက် နည်းပါတယ် ၊ ဘာ လို သေးလဲ ။

ဆိုလာအားသွင်းထားတဲ့ ဘက်ထရီ ချွှေတာချင်ရင် တော့ ၊ တွဲပါလာတဲ့ Remote control အဝေးထိန်း ခလုတ် နဲ့ ကြိုက် သလိုဖွင့်ပိတ်လုပ် ။ဘာလိုသေးလဲ.။

အိမ် ဘေးက မြက်ခင်းပြင်ကို အိမ်ပေါ်ကဆိုလာမီး ဆလိုက်နဲ့ ညမှောင်မှောင်မှာ မီးထိုးပေးနေခဲ့တာ
၁၀ နှစ် ၁၀ မိုး ကျော် ခဲ့ ၊ ကြာ ခဲ့ ပါ ပြီ ။
ခုချိန်ထီ ဆက်သုံးလို့ရ နေတုန်း .။

လူတွေဘာကြောင့်စိတ်မဝင်စားကြတာကိုနားမလည်ခဲ့ ။
အင်ဂျင်နီယာသဘောအရ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ပါ ။
တစ်ကိုယ် ရေ အိမ်သုံး ဆိုလာစွမ်းအင်နဲ့ ဆိုလာမီး ။
ကာဘွန် ဓာတ်ငွေ့ ထုတ်လုပ်မှု လျော့ ချ ရေး ကိုလဲ
တစ်ဘက်တလမ်း က တစ်ဦးချင်း နိုင်သလောက် ကူပေးနေပါ တယ် ။
ဘာလိုသေးလဲ .။

အေးမြင့် ( ညောင်တုန်း )
၆/၄/၂၀၂၂