Health Matters 2 လူ့ခန္ဓာတစ်ခုလုံးအတွက် အရေးအကြီးဆုံးနေရာ သွားနှင့်ခံတွင်း

လူ့ခန္ဓာတစ်ခုလုံးအတွက် အရေးအကြီးဆုံးနေရာ သွားနှင့်ခံတွင်း

ကျန်းမာရေး အစာအဟာရအတွက် ပထမဆုံးသွားနဲ့ကိုက်ဖြတ်ပြီးမှ ဝမ်းထဲအစာအိမ်ထဲ့ရောက်ရသည်။ပထမအဆင့် အစာတွေကိုကြိတ်ဝါးပေးပါသည် .အစာအိမ်က ဒုတိယအဆင့် ချေဖျက်ပါတယ် ။

ခံတွင်းထဲက သွားတွေက လူ့ခန္ဓာအတွက် အလွန်အသံုးဝင်အရေးပါတဲ့ အစိတ်အပိုင်းပါ.

အစာချေဖျက်ပုံအဆင့်ဆင့် ။

အစာ ထဲပါလာတဲ့ အရည်မျိုးစုံကို ပါးစပ်က ရျေး ဦးစွာ ဝါးမျို ပြီးတဲ့အခါ ၊ လည်ချောင်းကတစ်ဆင့် အစာအိမ်ထဲရောက်လာပါ တယ် ။ ရောက်လာတဲ့ အစာနဲ့အရည်တွေကို အစာအိမ်က ပထမအဆင့် ချေဖျက် ခါ လိုတဲ့အစာအဟာရတွေ ကို

အစာအိမ်ကစပထမအဆင့် အနေနဲ့ စုပ်ယူထားလိုက် ပြီးနောက် .၊ အူထဲဆက် ဆင်းသွားတယ် ။

ကြားမှာ အဆုတ်က အောက်စီဂျင် အငွေ့ ထုတ်ယူ လည်ပတ်စေတယ် ။ အသဲက အစာထဲပါလာ တဲ့ မလိုလားတဲ့အဆီ တွေစစ်ထုတ်ပေးတယ် ။ အဆုတ်တွေ ၊အသဲတွေ ၊ နဲ့အတူ ပန်ကရိယခေါ် မုန့်ချို ရည် စစ်တဲ့ ကလီစာက အချိုတွေစစ်တယ် ။ ဆိုင်ရာ အလုပ်တွေလုပ်နေကြတဲ့ ကလီစာ အသီးသီးကို ဖြတ်သန်းပြီး နောက်မှာ အစာဖတ်တွေ အရည်တွေက အူထဲရောက်သွားကြတယ် ။ပထမ အူသိမ် အသေး ကျ ဉ်းတယ် ။ ။ပြီးတော့ နောက်ဆံုး အူမ ကြီး။ ကျယ်တယ် ။

အလုပ်ကိုယ် စီ လုပ်နေ ကြ တဲ့ ကိုယ် တွင်း ကလီစာတွေ ။

ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကိုယ် တွင်းကလီစာတွေက ပြင်ပကမ္ဘာ လောက ကြီးမှာရှိနေတဲ့စက်ရုံကြီးတွေအတိုင်း ပါဘဲ ။

သူ့. အခန်းကန္ထ အလိုက် အလုပ်ကိုယ်စီ နံ့ သူ့အလုပ်သူ လုပ်နေခဲ့ ကြပါ တယ် ။. မိခင်ဝမ်း က ထွက် လာချိန် လူဖြစ်လာချိန်ကစလို့ ၊ အသက် ဝင်လာတဲ့မွေး လာရာကနေ ၊ မွေး ကတည်းက နောက်ဆုံး အသက်ဝိညာဉ် ချုပ်ငြိမ်းခါ အသက် ရှူ ရပ်သွားတဲ့အချိန်အထိ ၊ ကိုယ် တွင်းကလီစာတွေက ကိုယ့်အလုပ် ကိုယ် လုပ်နေခဲ့ကြပါတယ် ။ နှစ်ပေါင်း ၇၀ကျော် ၈၀ ကျော် ၉၀ကျော် ၁၀၀ နှးပါးခန့်အထိ ပင် ကလီစာတွေအလြပ်လြပ်နေနိုင်ကြတယ် ။ မပြင်ပကမ္ဘာက စက်ရဲုတွေလို အလျိန်ကြာနှစ်ကြာလာထဲ့အထါ အလြပ်လြပ်ရတာ မျာူလာတဲ့အခါ ယိုယွင်းလာ ခါ ပျက်လာတော့ောပေါ့ အင်ဂျင်နီယာစကားနဲ့ပြေရရင် Wear and Tear ဘိကြာလာလို့ ပထမ ယိုယွင်းလာခါ ၊ နောက်တော့ ကျိုး မပြ ုမပြင်ဘဲထားတဲ့အခါ ကျိုးပဲ့ပျက်စီးတော့တာပေါ့ ။

ကျန်းမာရေးအတွက် သဘာဝက ပေးထားတဲ့ လူ့ ခန္ဓာကိုယ်ထဲက ၊ ကလီစာတွေနဲ့ ကျွန်တော်တို့တစ်တွေရဲ့ လူ့ဘဝပါ။

ဆီးသန်ုစင်ရေးလုပ်တဲ့ကလီစာတွေ။

အစာတွေ အဖတ်တွေ အရည်တွေ အူကတစ်ဆင့် ဖြတ် သန်းစီးဆင်းသွားတဲ့ အခါ ၊

အူသိမ်၊ အူမ၊ ထဲမှာ ၊ အူ တွေရဲ့ နဲရံ တွေကတစ်ဆင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အဟာရဓာတ် တွေကို ထပ်မံ စုတ်ယူကြ ပြီး နောက် မှာ ၊ ကျန်နေသေးတဲ့ အနည်း ငယ်သော အဖတ်တွေ ( ကျင် ကြီး) နဲ့ အရည်တွေ ( ကျင်ငယ် ရေ) က အောက်ပိုင်း မှာဆက်စပ်နေတဲ့ ဆီးကျောက် ကို ရောက်တဲ့အခါ နောက်ဆုံးတစ်ခါ ထပ်စစ်ပြီး ထုတ်ပေးလိုက်တဲ့ ခန္ဓာအတွက်မလိုအပ်အသုံမဝင်တော့တဲ့အရည် တွေကို စွန့်ထုတ်ပစ်နိုင်ဘို့ ဆီးအိမ်၊ ဆီးအိတ် ရေလှောင်ကန်ထဲမှာခေတ္တခန သိမ်းပေးထားတယ် ။

ဆီးအောင့်တယ် ဆို တာ ဆီးအိမ် ဖြစ်တဲ့ ဆီးရေလှောင်ကန်ပြည့်နေလို့ ရေလွှဲ ပေါ်က် ရေလျှံ ေ ပေါက် ဆီးပြွန် ကနေထုတ်ဘို့ အချက်ပြတာပါ ။ ဆီးအောင့်နေပြီ။

အချိန်မှီ အချိန်မှန်မထုတ်ရင် ကောင်းနေတဲ့ဆီးအိမ် ဆက်နေတဲ့ကျောက်ကပ် တစ်စုံတရာ ထိခိုက် မှာဘဲ။ ထိ နိုင်ပြီ ။

ကျွန်တော်ဆရာဝန်မဟုတ် ။

တွေးကြည့်တာပါ။

အင်ဂျင်နီယာပြီပြီဆည်တမံရေလှောင်ကန်လိုမျိုး ဆက်စပ်ပြီး စဉ်းစား တွေးကြည့်မိတာပါ။

အမှားအမှန် ကို မိတ်ဆွေ ဆရာဦဝန် များနဲ့ အတူ သိရှိကြတဲ့ မိတ်ဆွေများ ထောက်ပြ အမှား ပြင်ပေးကြပါ။

ရည်ညွှန်း

ဒေါက်တာခမောင်လွင်ရဲ့ Facebook post 28/3/2022

လူတို့၏ ခံတွင်း၌ အဏုဇီဝပိုးပေါင်းများစွာရှိရာ အဓိကအားဖြင့် ရောဂါဖြစ်စေသော ပိုးများ (Pathobiotics)၊ ခံတွင်းကျန်းမာရေးနှင့် ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက် အထောက်အကူပြုသော ပရိုဘိုင်အိုတစ်များ (Probiotics) နှင့် လောလောဆယ်အားဖြင့် ဒုက္ခလည်းမပေး မည်သည့်တာဝန်မှလည်း မထမ်းဆောင်သေးဘဲ တွယ်ကပ်နေသော အဏုဇီဝပိုးများ (Commensal organisms) ဟူ၍ အုပ်စု (၃) ခု ခွဲခြားနိုင်ပါသည်။

အခြေအနေနှင့် အချိန်အခါပေါ် မူတည်၍ ဘက်တီးရီးယားများ (Bacteria)၊ မှိုပိုးများ (Fungi) နှင့် ဗိုင်းရပ်စ်ပိုးများ (Viruses) ရှိနေတတ်ပါသည်။ ဘက်တီးရီးယားမှာ အများဆုံးဖြစ်ပြီး လူအားလုံး၏ ခံတွင်း၌ တွေ့နိုင်သော မျိုးစိတ်စုစုပေါင်း ၅၀၀ မှ ၁၀၀၀ ခန့် အထိ ရှိပါသည်။ သာမန်လူတစ်ယောက်ကို ကြိုက်သည့် အချိန်တွင် ခံတွင်းရှိ ဘက်တီးရီးယားအမျိုးအစား အရေအတွက်ကို တိုင်းကြည့်လျှင် ၁၀၀ မှ ၂၀၀ အတွင်း ရှိနေလေ့ရှိသည်။ သွားနှင့်ခံတွင်း ကျန်းမာရေးကို ဂရုစိုက်သူများ၏ သွားတစ်ချောင်းစီရှိ မျက်နှာပြင်တွင် ဘက်တီးရီးယား အရေအတွက်မှာ ၁,၀၀၀ မှ ၁၀၀,၀၀၀ (တစ်သိန်း) ခန့်သာ ရှိသော်လည်း သွားနှင့်ခံတွင်း ကျန်းမာရေးကို ဂရုမပြုသူတို့၏ သွားတစ်ချောင်းစီပေါ်ရှိ ဘက်တီးရီးယား (အထူးသဖြင့် ရောဂါပိုးများ) အရေအတွက်မှာ သန်း ၁၀၀ မှ သန်း ၁၀၀၀ (တစ်ဘီလီယံ) အထိ တွေ့ရလေ့ရှိသည်။

ကျန်းမာသန်စွမ်းသူ၏ ခံတွင်း၌ အကျိုးပြု ဘက်တီးရီးယား အရေအတွက်က ရောဂါပိုး အရေအတွက်ထက် များစွာပိုမိုကာ ရောဂါပိုးများကို ကောင်းစွာ ထိန်းချုပ်ထားလေ့ရှိသည်။ ယင်းတို့၏ လုပ်ငန်းဆောင်တာများလည်း ကွဲပြားလျက် ရှိပါသည်။ မကျန်းမာသောသူ အထူးသဖြင့် ခံတွင်းကျန်းမာရေး ချို့တဲ့သူအနေနှင့် ရောဂါဖြစ်စေသော ဘက်တီးရီးယား အရေအတွက်က ပိုမိုများပြားလေ့ရှိကြောင်း တွေ့ရသည်။ သွားပွတ်တံဖြင့် သွားကို သေချာစွာ တိုက်ပြီးပါက ဘက်တီးရီးယား အရေအတွက်မှာ များစွာ လျော့ကျသွားလေ့ရှိပြီး သိန်းဂဏန်းခန့်သာ ကျန်တော့ကြောင်း တွေ့ရပါသည်။ ထို့ကြောင့် သွားပွတ်တံဖြင့် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပုံမှန် သွားတိုက်ပေးခြင်းဖြင့် သွားနှင့်သွားဖုံး ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပါသည်။

သွားနှင့်ခံတွင်း ကျန်းမာရေးသည် သွားနှင့်ခံတွင်း သီးသန့်အတွက်သာ မဟုတ်ဘဲ ကျွနု်ပ်တို့ ခန္ဓာကိုယ် တစ်ခုလုံး ကျန်းမာရေးအတွက် လွန်စွာမှ အရေးပါလှပါသည်။ အကယ်၍ သွားနှင့်ခံတွင်း ကျန်းမာရေးကို ဂရုမစိုက် ပါက သွားများ တစ်ချောင်းပြီး တစ်ချောင်း ဆုံးရှုံးရ မှာဖြစ်သလို ခန္ဓာကိုယ် အနှံ့အပြား၌လည်း ရောဂါမျိုးစုံ ရရှိနိုင်ကြောင်း ယနေ့ သိလာရပြီး ဖြစ်သည်။ အဆိုပါ ရောဂါပိုးများသည် သွားနှင့်ခံတွင်းမှတစ်ဆင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့ရောက်ရှိကာ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ဦးနှောက်နှင့် အာရုံကြောရောဂါ၊ ကျောက်ကပ်ရောဂါ အစရှိသည် တို့ကို ဖြစ်စေနိုင်ပေသည်။ မှတ်ဉာဏ်ချို့ယွင်းသည့်ရောဂါ (Dementia) နှင့် အော်ဇိုင်းမား ခေါ် သတိနှင့် မှတ်ဉာဏ် ချို့ယွင်းသောရောဂါ (Alzheimer’s disease) တို့ပါ မကျန်အောင် ဒုက္ခပေးနိုင်ပါသည်။ နောက်ဆုံး သက်တမ်း တိုတိုသာ နေရမည်ဖြစ်ကြောင်းလည်း သိလာရပါပြီ။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် – “ဘဝလက်တွဲဖော်အစစ် ပရိုဘိုင်အိုတစ်” စာအုပ်၊ အခန်း (၁၁) သွားနှင့်ခံတွင်း ကျန်းမာရေးနှင့် ပရိုဘိုင်အိုတစ်မှ ထုတ်နုတ်ဖော်ပြသည်။

👉https://t.me/drkhinmaunglwin

👉https://t.me/u